iMyanmarHouse.com - Best Property Website for Myanmar
×


၁။ လူ ေရွ႕ သူ ေရွ႕ မ ေရွာင္ အိမ္ ေထာက္ ဘက္ ကို အ ျပစ္ တင္ ျခင္း

လင္နဲ႔မယား လွ်ာနဲ႔သြားပါ။ အိမ္ေထာင္သက္ ရလာတာနဲ႔ အမွ် အထစ္အေငွာ့ေလးေတာ့ ရွိတတ္ၾကပါတယ္။ လူေရွ႕သူေရွ႕ မေရွာင္ တဖက္သားကို အျပစ္တင္ ရန္ေထာင္ရင္ေတာ့ ရန္ပြဲ ျဖစ္လာမွာပါ။ အဲလိုရန္ျဖစ္တာ ျပႆနာကို ေျပလည္ေအာင္ မေျဖရွင္း ႏိုင္တဲ့ အျပင္ မီးလွ်ံထဲကို ဓါတ္ဆီ ေလာင္းလိုက္သလို ျဖစ္သြားတတ္ပါတယ္။

ေနာက္ဆုံးက်ရင္ ဘယ္သူမွ အေလွ်ာ့ ေပးလို႔ မရတဲ့ အေနအထား ေရာက္သြားတတ္ၿပီး ပြဲသိမ္းဖို႔ ခက္ခဲသြားပါတယ္။ ဒါေၾကာင္မို႔လို႔ လင္မယား မွတ္ထားရမွာက မည္သူရဲ႕ ေရွ႕မွာမဆို အိမ္ေထာက္ဘက္ကို အျပစ္တင္မိတာမ်ိဳး လုံးဝေရွာင္ၾကဥ္ပါ။ လက္ဝါးတဘက္ထဲ ဘယ္ေတာ့မွ လက္ခုတ္တီးလို႔ မရပါဘူး။

၂။ သား သ မီး ေရွ႕ မွာ ရန္ ျဖစ္ ျခင္း

မိဘဆိုတာ သားသမီး ရဲ႕ အားကိုးရာ ျဖစ္သလို ခိုလႈံရာလည္း ျဖစ္ပါတယ္။ လင္မယားႏွစ္ေယာက္ ျပႆနာ တစ္ခုခု ရွိခဲ့ရင္ သားသမီးကို ေရွာင္ပါ။ လင္မယား ရန္ျဖစ္တယ္ဆိုတာ လူႀကီး ႏွစ္ဦးရဲ႕ ကိစၥပါ။

မိဘရန္ျဖစ္တာကို ကေလးေတြ ေတြ႕သြားရင္ ကေလးရဲ႕ အတြင္းစိတ္ကို ထိခိုက္သြားႏိုင္သလို သူတို႔ရဲ႕ အနာဂတ္ အိမ္ေထာင္ေရး အေပၚထားရွိတဲ့ စိတ္ထား ကိုပါ ထိခိုက္ႏိုင္ပါတယ္။ တကယ္လို႔ သားသမီးမ်ားဟာ အိမ္မွာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင္ ေနာင္မ်ိဳးဆက္တစ္ခုလုံးကို ထိခိုက္သြားေစႏိုင္ပါတယ္။

၃။ အိမ္ ေထာင္ ဘက္ ေန မ ေကာင္း တဲ့ အ ခါ ရန္ ျဖစ္ ျခင္း

အိမ္ေထာင္ဘက္ တစ္ဦးဦးက နာမက်န္းျဖစ္ေနရင္ စိတ္ဓါတ္က်ၿပီး စိတ္ဆိုးလြယ္တတ္ေလ့ ရွိပါတယ္။
အဲဒီအခ်ိန္မွာ ရန္ျဖစ္မိရင္ အိမ္ေထာင္ေရးကို လုံးဝထိခိုက္ သြားႏိုင္ပါတယ္။

၄။ အ နာ ေဟာင္း ျပန္ ေဖာ္ ျခင္း

ရန္ျဖစ္တိုင္း အနာေဟာင္းကို ျပန္ေဖာ္တာမ်ိဳး လုံးဝေရွာင္ၾကဥ္သင့္ပါတယ္။ မမွားတဲ့ေရွ႕ေန မေသတဲ့ေဆးသမား ဆိုသလို လူတိုင္းကိုယ္စီ တစ္ခုခု မွားဖူးတတ္ၾက စၿမဲပါ။ အနာေဟာင္းကို လက္ကိုင္တုတ္အျဖစ္ ခဏခဏ ထုတ္သုံးရင္ေတာ့ အဲဒီအိမ္ေထာင္ေရး ျပန္အဆင္ေျပဖို႔ ခက္ခဲသြားတတ္ပါတယ္။

၅။ အိမ္ ေထာင္ ဘက္ ၏ မိ ဘ နဲ႔ အိမ္ သား မ်ား ကို ထိ ခိုက္ ေစ ေသာ စ ကား မ်ား

ရန္ျဖစ္တယ္ဆိုတာ တစ္ခုခုအေပၚ မေက်နပ္လို႔ သေဘာမတူႏိုင္လို႔ ျဖစ္ပါတယ္။ အဲဒီကိစၥ အေပၚသာ အေခ်အတင္ ျငင္းခုန္သင့္ပါတယ္။ အိမ္ေထာင္ဘက္ရဲ႕ မိဘနဲ႔ မိသားစု ကို ေစာင္းေျပာတာမ်ိဳး၊ ထိခိုက္ေစတဲ့ စကားမ်ိဳး လုံးဝေရွာင္ၾကဥ္ရမွာပါ။

၆။ ပစၥည္း လြင့္ ပစ္ တတ္ တဲ့ အ က်င့္

ရန္ျဖစ္ၿပီဆိုမွ နဂိုကတည္းက အသံက က်ယ္ေလာင္ၿပီးသား၊ ပစၥည္းလြင့္ပစ္တဲ့ အသံ၊ ခုန္ထုတဲ့ အသံ၊ ပစၥည္းက်ကြဲသြားတဲ့ အသံေတြနဲ႔ ေရာသြားရင္ ပြဲအမ်ားႀကီး ပိုၾကမ္း သြားတတ္ပါတယ္။ ခ်စ္လို႔ ယူထားၾကတာပဲ၊ ပစၥည္းလြင့္ပစ္လို႔ က်ကြဲတယ္ဆိုတာ ႏွလုံးသားက် ကြဲတာနဲ႔ တူတတ္ပါတယ္။

ရ။ စိတ္ နာ ေစ တဲ့ စ ကား အ သုံး အ ႏႈန္း မ်ား

စိတ္ဆိုးေအာင္လုပ္လို႔ ရတယ္။ စိတ္နာေအာင္ မလုပ္ၾကပါနဲ႔၊ စိတ္နာေစတဲ့ စကားမ်ိဳး လုံးဝ ေရွာင္ၾကဥ္ သင့္ပါတယ္။ “ ရွင့္ကိုအားကိုးလို႔ေတာ့ သူေတာင္းစားပဲ ျဖစ္သြားမွာ၊ သူမ်ားေယာ့က်ၤားေတြၾကည့္ ပိုက္ဆံရွာ ဘယ္ေလာက္ေတာ္လဲ၊ ရွင္နဲ႔ တစ္စက္ကေလးမွ မတူဘူး ” စတဲ့စကားမ်ိဳး ကို မေျပာဆိုရပါ။

၈။ ေသ တာ နဲ႔ ခ်ိန္း ေျခာက္ ျခင္း

ငါအသက္ရွင္ေနတာ ဘာထူးေသးလဲ၊ ငါအသက္ မရွင္ခ်င္ေတာ့ဘူး ၊ ငါမင္းကို ေသျပမယ္ စသည္ျဖင့္ ေသတာနဲ႔ ခ်ိန္းေျခာက္ တာမ်ိဳး လုံးဝေရွာင္ၾကဥ္ သင့္ပါတယ္။

၉။ လက္ ပါ ျခင္း

ဘယ္ေလာက္ပဲ စိတ္ဆိုး စိတ္ဆိုး ကိုယ့္လက္ကို လုံး၀ ထိန္းထားရပါမယ္။ တစ္ခ်က္ ႐ိုက္မိသြားရင္ ခ်စ္ခဲ့သမွ် အတိုးေရာ အရင္းပါ ဆုံးရႈံး သြားႏိုင္ပါတယ္။ ျပင္ပ ဒဏ္ရာ ကုစားရ လြယ္သေလာက္ စိတ္တြင္းက ဒဏ္ရာကို ေဖ်ာက္ပစ္ဖို႔ မလြယ္လွပါ။

၁၀။ ကြဲ မယ္ ဆို တဲ့ စ ကား အ လြယ္ တ ကူ သုံး ျခင္း

ဘယ္သူပဲ ျဖစ္ျဖစ္ စိတ္ဆိုးတဲ့ အခါ ျဖစ္ခ်င္ရာျဖစ္ ဆိုတဲ့ စိတ္မ်ိဳး ဝင္တတ္ပါတယ္။ ကြဲမယ္ဆိုတဲ့ စကားဟာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတဲ့ နိမိတ္ ျဖစ္တတ္ပါတယ္။

ေနာက္ဆုံး ေျပာခ်င္တာကေတာ့ ရန္မျဖစ္တာ အေကာင္းဆုံးပါ။ အခ်စ္ဆိုတာဟာ အိမ္ေထာင္သက္ ၾကာလာတာနဲ႔ အမွ် ရင္ခုန္တာေတြ ဓါတ္လိုက္တာေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေပမဲ့ တစ္ဦးအေပၚတစ္ဦး ဆက္ၿပီး တန္ဖိုးထားေနေသးျခင္းကို ဆိုလိုပါေၾကာင္း တင္ျပလိုက္ရပါတယ္။

Credit:Sayar Aung Ko Latt

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

၁။ လူ ရှေ့ သူ ရှေ့ မ ရှောင် အိမ် ထောက် ဘက် ကို အ ပြစ် တင် ခြင်း

လင်နဲ့မယား လျှာနဲ့သွားပါ။ အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဖက်သားကို အပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင် မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။

နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရမှာက မည်သူရဲ့ ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြဉ်ပါ။ လက်ဝါးတဘက်ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။

၂။ သား သ မီး ရှေ့ မှာ ရန် ဖြစ် ခြင်း

မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို ခိုလှုံရာလည်း ဖြစ်ပါတယ်။ လင်မယားနှစ်ယောက် ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။

မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာ အိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင် နောင်မျိုးဆက်တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ်။

၃။ အိမ် ထောင် ဘက် နေ မ ကောင်း တဲ့ အ ခါ ရန် ဖြစ် ခြင်း

အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင် စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ ရှိပါတယ်။
အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို လုံးဝထိခိုက် သွားနိုင်ပါတယ်။

၄။ အ နာ ဟောင်း ပြန် ဖော် ခြင်း

ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး လုံးဝရှောင်ကြဉ်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမား ဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှားဖူးတတ်ကြ စမြဲပါ။ အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏ ထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။

၅။ အိမ် ထောင် ဘက် ၏ မိ ဘ နဲ့ အိမ် သား များ ကို ထိ ခိုက် စေ သော စ ကား များ

ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စ အပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြဉ်ရမှာပါ။

၆။ ပစ္စည်း လွင့် ပစ် တတ် တဲ့ အ ကျင့်

ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက ကျယ်လောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထုတဲ့ အသံ၊ ပစ္စည်းကျကွဲသွားတဲ့ အသံတွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်း သွားတတ်ပါတယ်။ ချစ်လို့ ယူထားကြတာပဲ၊ ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့ တူတတ်ပါတယ်။

ရ။ စိတ် နာ စေ တဲ့ စ ကား အ သုံး အ နှုန်း များ

စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင် မလုပ်ကြပါနဲ့၊ စိတ်နာစေတဲ့ စကားမျိုး လုံးဝ ရှောင်ကြဉ် သင့်ပါတယ်။ “ ရှင့်ကိုအားကိုးလို့တော့ သူတောင်းစားပဲ ဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့် ပိုက်ဆံရှာ ဘယ်လောက်တော်လဲ၊ ရှင်နဲ့ တစ်စက်ကလေးမှ မတူဘူး ” စတဲ့စကားမျိုး ကို မပြောဆိုရပါ။

၈။ သေ တာ နဲ့ ချိန်း ခြောက် ခြင်း

ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊ ငါအသက် မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ် စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး လုံးဝရှောင်ကြဉ် သင့်ပါတယ်။

၉။ လက် ပါ ခြင်း

ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး ကိုယ့်လက်ကို လုံး၀ ထိန်းထားရပါမယ်။ တစ်ချက် ရိုက်မိသွားရင် ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရှုံး သွားနိုင်ပါတယ်။ ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။

၁၀။ ကွဲ မယ် ဆို တဲ့ စ ကား အ လွယ် တ ကူ သုံး ခြင်း

ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ စိတ်မျိုး ဝင်တတ်ပါတယ်။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ ရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီး တန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit:Sayar Aung Ko Latt

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top