iMyanmarHouse.com - Best Property Website for Myanmar
×

 စံရတီမိုးျမင့္ဟာဆိုရင္ အနုပညာေလာကထဲမွာ နွစ္အတန္ၾကာေအာင္ျမင္ေက်ာ္ၾကားခဲ့ျပီးအခုအခ်ိန္အထိလည္း ေအာင္ျမင္ေနဆဲမင္းသမီးတစ္လက္ျဖစ္ပါတယ္။ စံရတီမိုးျမင့္က တစ္ေန႔တစ္ျခားအရင္ကထက္ပုိလွလာလို႔ ပရိသတ္ေတြပုိိတိုးလို႔ခ်စ္တာခံေနရတဲ့ မင္းသမီးေလးဆိုရင္လည္းမမွားပါဘူး။ မၾကာေသးမီက MC နဲ႔ အင္တာဗ်ဴးမွာ စံရတီမိုးျမင့္က ကုိယ့္ကုိယ္ကုိ္ယ္ပုိခ်စ္တတ္လာတဲ့အေၾကာင္းေတြနဲ႔ ပရိသတ္ေတြသိခ်င္ေနၾကတဲ့ မိုးယံဇြန္နဲ႔အခ်စ္ေရးအေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

မိုးယံဇြန္နဲ႔ခ်စ္သူေတြလို႔သတင္းထြက္ေနၾကတဲ့အေၾကာင္းကို စံရတီမုိးျမင့္က “အဲ့ဒါအရမ္းအေမးခံရတယ္။ မဟုတ္ပါဘူးလို႔။မထင္ၾကပါနဲ႔လို႔။ လူအရမ္းမွားေနပါတယ္္လုိ႔”ေျပာထားျပီး မိုးယံဇြန္ရဲ႕ခ်စ္သူနဲ႔ပံုစံတူေနတဲ့အေၾကာင္းလည္း “သဲသဲလည္းအရမ္းေျပာရတယ္။ အစ္ကုိေရလို႔ တူေနတယ္လို႔၊ တုိက္ဆိုင္ေနတာ။ အဲ့လုိမ်ိဳးေၾကာင့္ပါ။ မထင္ပါနဲ႔ မဟုတ္ပါဘူးလို႔”ေျပာထားပါတယ္။မိုးယံဇြန္နဲ႔အတူ Gym မွာရိုက္ထားတဲ့ဓာတ္ပံုေတြအေၾကာင္းကုိေတာ့ “အဲဒါက သူတို႔ကအခ်ိန္မွန္တယ္။ ကုိယ္က အခ်ိန္မမွန္တာ။ ကုိယ္သြားတဲ့အခ်ိန္ဆို သူတုိ႔ကရွိေနတယ္။ ဓာတ္ပံရိုက္ၾကမယ္ဆိုေတာ့ ကုိယ္ကလည္း ကုိထြန္းထြန္းတို႔က ရွိေနတာနဲ႔ ရိုက္လိုက္တာ။ သူ႔ေကာင္မေလးနဲ႔ပံုတင္ေတာ့လည္း လက္သည္းအေရာင္ကတူေနတယ္။ ဒါေပမယ့္ သဲသဲက ငါးေခ်ာင္းလံုး အျပာေနာ္။ ဟုိက ေငြေရာင္တစ္ေခ်ာင္းေဖာက္ထားေသးတယ္။ မတူဘူး။ အဲ့လိုထင္ေနတာေပါ့ေနာ္။ ရွင္းရတယ္။ အရမ္းရွင္းရတယ္။ မဟုတ္ပါဘူးလို႔။ ကုိမိုးယံဇြန္နဲ႔ဆို ရွစ္နွစ္ကုိးနွစ္ေလာက္ရွိျပီခင္ေနတာ။ လံုးဝမဟုတ္ပါဘူးလို႔”ေျပာျပထားပါတယ္။

သဲသဲက မိုးယံဇြန္ရဲ႕ေကာင္မေလးကုိသိေပမယ့္ ေျပာျပလို႔မရဘူးလို႔လည္း “သိတယ္ကုိယ္သိတယ္။ေျပာျပလို႔ေတာ့မရဘူး။ ကုိယ့္ကုိလုပ္လိမ့္မယ္”လို႔ ရယ္ေမာရင္းေျဖၾကားထားပါေသးတယ္။ ပရိသတ္ေတြကအရမ္းလွလာတယ္လို႔ေျပာၾကတဲ့အေပၚကုိလည္း “ေက်းဇူးတင္ပါတယ္လုိ႔ ဒါ သဲကုိခ်စ္လို႔ေျပာတာေလ။ မခ်စ္ရင္ေတာ့ဘယ္ေလာက္လွေနလွေနမလွဘူးပဲေျပာၾကမွာပဲ။ ခ်စ္လို႔ေျပာတယ္လို႔ခံယူပါတယ္။ ေက်းဇူးတင္ပါတယ္”လုိ႔ ေျဖၾကားထားပါတယ္။

စံရတီမိုးျမင့္က ေနာက္ပုိင္းလွလာတာက ကုိယ့္ကိုယ္ကုိယ္ပုိခ်စ္တတ္လာလုိ႔ျဖစ္ေၾကာင္း “ကိုယ့္ကုိယ္ကုိယ္ခ်စ္တတ္လာတာေလ။ အရင္က ကုိယ့္ကုိယ္ကုိယ္ခ်စ္တယ္လို႔ထင္တာ။ ဒါေပမယ့္ ကုိယ့္ကုိယ္ကုိယ္ခ်စ္နည္းမမွန္ေသးတာ။ အခုအခ်ိန္မွ ကုိယ့္ကုိယ္ကုိယ္ခ်စ္နည္းမွန္လာတာ။ ကုိယ့္ဟာကုိယ္လွေအာင္ေနတယ္။ ကုိယ့္ Life ကုိ ကုိယ္အေပ်ာ္ဆံုးျဖစ္ေအာင္ေနတယ္။ ဒါကုိယ့္ကုိယ္ကုိယ္ခ်စ္တာပဲ”လို႔ ေျပာထားျပီး အရင္တုန္းကျဖစ္ခဲ့တဲ့အမွတ္တရေတြကုိေတာ့ ရင္ထဲမွာအျမဲသိမ္းထားတယ္လို႔ “ဘဝမွာခ်စ္္ခဲ့တဲ့ အရာတိုင္းကုိအမွတ္တရအေနနဲ႔ ရင္ထဲမွာအျမဲတမ္းသိမ္းထားတယ္။ ကုိယ္ကုိယ္တုိင္ဆံုးျဖတ္ခဲ့တဲ့အရာေတြျဖစ္တဲ့အတြက္ ဒီ result က ေကာင္းတယ္ျဖစ္ေစဆိုးတယ္ျဖစ္ေစ ရင္ထဲမွာလက္ခံတယ္။ အရာရာတိုင္းကုိ ရင္ထဲမွာသိမ္းထားတယ္”လို႔ ေျဖထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ စံရတီမိုးျမင့္ကုိခ်စ္ၾကလား။ စံရတီရဲ႕ေနာက္ထပ္ထြက္မယ့္အနုပညာေတြကုိေရာ အားေပးမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

စံရတီမိုးမြင့်ဟာဆိုရင် အနုပညာလောကထဲမှာ နှစ်အတန်ကြာအောင်မြင်ကျော်ကြားခဲ့ပြီးအခုအချိန်အထိလည်း အောင်မြင်နေဆဲမင်းသမီးတစ်လက်ဖြစ်ပါတယ်။ စံရတီမိုးမြင့်က တစ်နေ့တစ်ခြားအရင်ကထက်ပိုလှလာလို့ ပရိသတ်တွေပိုတိုးလို့ချစ်တာခံနေရတဲ့ မင်းသမီးလေးဆိုရင်လည်းမမှားပါဘူး။ မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ စံရတီမိုးမြင့်က ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာတဲ့အကြောင်းတွေနဲ့ ပရိသတ်တွေသိချင်နေကြတဲ့ မိုးယံဇွန်နဲ့အချစ်ရေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။

မိုးယံဇွန်နဲ့ချစ်သူတွေလို့သတင်းထွက်နေကြတဲ့အကြောင်းကို စံရတီမိုးမြင့်က “အဲ့ဒါအရမ်းအမေးခံရတယ်။ မဟုတ်ပါဘူးလို့။မထင်ကြပါနဲ့လို့။ လူအရမ်းမှားနေပါတယ်လို့”ပြောထားပြီး မိုးယံဇွန်ရဲ့ချစ်သူနဲ့ပုံစံတူနေတဲ့အကြောင်းလည်း “သဲသဲလည်းအရမ်းပြောရတယ်။ အစ်ကိုရေလို့ တူနေတယ်လို့၊ တိုက်ဆိုင်နေတာ။ အဲ့လိုမျိုးကြောင့်ပါ။ မထင်ပါနဲ့ မဟုတ်ပါဘူးလို့”ပြောထားပါတယ်။မိုးယံဇွန်နဲ့အတူ Gym မှာရိုက်ထားတဲ့ဓာတ်ပုံတွေအကြောင်းကိုတော့ “အဲဒါက သူတို့ကအချိန်မှန်တယ်။ ကိုယ်က အချိန်မမှန်တာ။ ကိုယ်သွားတဲ့အချိန်ဆို သူတို့ကရှိနေတယ်။ ဓာတ်ပံရိုက်ကြမယ်ဆိုတော့ ကိုယ်ကလည်း ကိုထွန်းထွန်းတို့က ရှိနေတာနဲ့ ရိုက်လိုက်တာ။ သူ့ကောင်မလေးနဲ့ပုံတင်တော့လည်း လက်သည်းအရောင်ကတူနေတယ်။ ဒါပေမယ့် သဲသဲက ငါးချောင်းလုံး အပြာနော်။ ဟိုက ငွေရောင်တစ်ချောင်းဖောက်ထားသေးတယ်။ မတူဘူး။ အဲ့လိုထင်နေတာပေါ့နော်။ ရှင်းရတယ်။ အရမ်းရှင်းရတယ်။ မဟုတ်ပါဘူးလို့။ ကိုမိုးယံဇွန်နဲ့ဆို ရှစ်နှစ်ကိုးနှစ်လောက်ရှိပြီခင်နေတာ။ လုံးဝမဟုတ်ပါဘူးလို့”ပြောပြထားပါတယ်။

သဲသဲက မိုးယံဇွန်ရဲ့ကောင်မလေးကိုသိပေမယ့် ပြောပြလို့မရဘူးလို့လည်း “သိတယ်ကိုယ်သိတယ်။ပြောပြလို့တော့မရဘူး။ ကိုယ့်ကိုလုပ်လိမ့်မယ်”လို့ ရယ်မောရင်းဖြေကြားထားပါသေးတယ်။ ပရိသတ်တွေကအရမ်းလှလာတယ်လို့ပြောကြတဲ့အပေါ်ကိုလည်း “ကျေးဇူးတင်ပါတယ်လို့ ဒါ သဲကိုချစ်လို့ပြောတာလေ။ မချစ်ရင်တော့ဘယ်လောက်လှနေလှနေမလှဘူးပဲပြောကြမှာပဲ။ ချစ်လို့ပြောတယ်လို့ခံယူပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ ဖြေကြားထားပါတယ်။

စံရတီမိုးမြင့်က နောက်ပိုင်းလှလာတာက ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာလို့ဖြစ်ကြောင်း “ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတာလေ။ အရင်က ကိုယ့်ကိုယ်ကိုယ်ချစ်တယ်လို့ထင်တာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ချစ်နည်းမမှန်သေးတာ။ အခုအချိန်မှ ကိုယ့်ကိုယ်ကိုယ်ချစ်နည်းမှန်လာတာ။ ကိုယ့်ဟာကိုယ်လှအောင်နေတယ်။ ကိုယ့် Life ကို ကိုယ်အပျော်ဆုံးဖြစ်အောင်နေတယ်။ ဒါကိုယ့်ကိုယ်ကိုယ်ချစ်တာပဲ”လို့ ပြောထားပြီး အရင်တုန်းကဖြစ်ခဲ့တဲ့အမှတ်တရတွေကိုတော့ ရင်ထဲမှာအမြဲသိမ်းထားတယ်လို့ “ဘဝမှာချစ်ခဲ့တဲ့ အရာတိုင်းကိုအမှတ်တရအနေနဲ့ ရင်ထဲမှာအမြဲတမ်းသိမ်းထားတယ်။ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့အရာတွေဖြစ်တဲ့အတွက် ဒီ result က ကောင်းတယ်ဖြစ်စေဆိုးတယ်ဖြစ်စေ ရင်ထဲမှာလက်ခံတယ်။ အရာရာတိုင်းကို ရင်ထဲမှာသိမ်းထားတယ်”လို့ ဖြေထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စံရတီမိုးမြင့်ကိုချစ်ကြလား။ စံရတီရဲ့နောက်ထပ်ထွက်မယ့်အနုပညာတွေကိုရော အားပေးမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top