iMyanmarHouse.com - Best Property Website for Myanmar
×


ခႏၶာကိုယ္အတြက္ မီးေသြးရဲ႕ အသုံးဝင္ပုံမ်ား

မီးေသြးဟာ အဆိပ္အေတာက္နဲ႔ အစာအိမ္နာျခင္းကို ကုသေပးႏိုင္တဲ့ သဘာဝေဆး ျဖစ္ပါတယ္ ။ မီးေသြးက သြားေတြကို ျဖဴစင္ေစသလို ဆားဝက္ၿခံေၾကာင့္ျဖစ္တဲ့ အသားအေရ မညီညာမႈေတြကိုလည္း သက္သာေစပါတယ္ ။

၁။ သြားကို ျဖဴ စင္ေစတယ္

မီးေသြးမွာ လွ်ပ္စစ္အမဓာတ္ ရွိတာေၾကာင့္ အဆိပ္ေတြနဲ႔ လွ်ပ္စစ္အဖို ဓာတ္ေတြကို ဆြဲေဆာင္ပါတယ္ ။ မီးေသြးက သြားေခ်းေတြကို ေျပာင္ေစၿပီး သြားကို ျဖဴစင္ေစပါတယ္ ။ အခုဆိုရင္ မီးေသြးမႈန႔္ကို သြားတိုက္ေဆးထဲမွာလည္း ထည့္သုံးေနၾကပါၿပီ ။

မီးေသြးမႈန႔္ေတြကို ေရစိုေနတဲ့ သြားတိုက္တံေပၚ တင္ၿပီး 2 မိနစ္ခန႔္ တိုက္ေပး႐ုံပါပဲ ။ သြားတုတပ္ထားရင္ မီးေသြးက သြားတုေတြေပၚ စြန္းသြားႏိုင္ပါတယ္ ။ သြားဆရာဝန္ေတြကေတာ့ မီးေသြးမႈန႔္က ၾကမ္းတာေၾကာင့္ ခဏခဏ အသုံးမျပဳဖို႔ လမ္းၫႊန္ထားပါတယ္ ။

၂။ မီးေသြးက ဝက္ၿခံနဲ႔ ဆားဝက္ၿခံကို ေပ်ာက္ေစတယ္

မီးေသြးက ဝက္ၿခံနဲ႔ ဆားဝက္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယား ၊ ဖုန္ ၊ အဆိပ္အေတာက္ေတြကို ဖယ္ေပးပါတယ္ ။ အသားအေရ ထိန္းသိမ္းတဲ့ အခ်ိဳ႕ပစၥည္းေတြမွာ မီးေသြးကို ထည့္ၿပီး သုံးၾကပါတယ္ ။ မီးေသြးနဲ႔ မ်က္ႏွာကို ေပါင္းတင္လို႔ ရပါတယ္ ။

မီးေသြးမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ ေရလက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေရာၿပီး မ်က္ႏွာမွာ လိမ္းေပး႐ုံပါပဲ ။ လိမ္းထားတာေလး ေျခာက္သြားရင္ မ်က္ႏွာသစ္လိုက္လို႔ ရပါၿပီ ။ မီးေသြးမႈန႔္နဲ႔ ေရထဲကို ရွားေစာင္းလက္ပတ္ ဂ်ယ္လ္ 2 ဇြန္းထည့္ၿပီး အသုံးျပဳေပးလို႔ ရပါတယ္ ။

၃။ အင္းဆက္ပိုးမႊားေတြေၾကာင့္ ျဖစ္တဲ့ ယားနာ ၊ အဖုအပိမ့္ေတြကို သက္သာေစတယ္

ပ်ားကိုက္ခံရတဲ့အခါ ၊ ျခင္အကိုက္ ခံရတဲ့အခါ အနီးအနားမွာ လိမ္းေဆး မရွိရင္ စိတ္ပူစရာမလိုေတာ့ပါဘူး ။ မီးေသြးက အဆိပ္အေတာက္ေတြ ၊ ဓာတ္မတည့္တာေတြကို ေပ်ာက္ကင္းေစပါတယ္ ။ မီးေသြးမႈန႔္နဲ႔ အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဝက္ကို ေရာၿပီး အဖုအပိမ့္ထြက္ေနတဲ့ေနရာကို လိမ္းေပးပါ ။

အဖုအပိမ့္ေတြ မေပ်ာက္မခ်င္း မိနစ္30 တစ္ခါေလာက္ လိမ္းေပးရမွာပါ ။ အဆိပ္ရွ္တဲ့ အပင္ေတြေၾကာင့္ျဖစ္တဲ့ ယားနာေတြကို ကုသရာမွာ မီးေသြးကထိေရာက္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္ ။

၄။ မႈိေၾကာင့္ျဖစ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးတယ္

မႈိေတြက ေက်ာက္ကပ္ ၊ အသည္း ၊ ဦးေႏွာက္ခြၽတ္ယြင္းျခင္း ၊ ႏွလုံးေရာဂါ ၊ ေခါင္းကိုက္ျခင္း ၊ အန္ျခင္းနဲ႔ စိတ္က်ျခင္းတို႔ကို ျဖစ္ေစပါတယ္ ။ ဓာတု ပစၥည္းေတြက မႈိေတြကို ဖယ္ရွားေပးႏိုင္ပါတယ္ ။ ဒါေပမယ့္ မီးေသြးကလည္း မႈိေတြကို ဖယ္ရွားေပးႏိုင္တဲ့ သဘာဝေဆးပါ ။ လက္ဖက္ဆီ ၊ မုန႔္ဖုတ္ေဆာ္ဒါ ၊ ပန္းသီးရွာလကာရွည္ ၊ မီးေသြးမႈန႔္တို႔ကို ေရာေမႊၿပီး မႈိတက္ေနတဲ့ ေနရာေတြမွာ ထားေပးပါ ။ 10 မိနစ္ကေန မိနစ္ 20 ေလာက္အထိ ထားေပးရင္ ရပါၿပီ ။

၅။ အသည္းနဲ႔ေက်ာက္ကပ္ေတြကို အဆိပ္အေတာက္ျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္တယ္

အစားအစာ၊အိမ္ ၊ ပတ္ဝန္းက်င္ ၊ အလုပ္တို႔ကေန အဆိပ္အေတာက္ေတြ ေန႔တိုင္းရရွိေနပါတယ္ ။ အဆိပ္အေတာက္ေတြက ကိုယ္အဂၤါ အစိတ္အပိုင္းေတြကို လႊမ္းမိုးသြားႏိုင္ၿပီး အသက္အ႐ြယ္ အိုမင္းတာကို ျမန္ေစပါတယ္ ။ ဓာတုပစၥည္းေတြနဲ႔ စီမံထားတဲ့ အစားအေသာက္ေတြကို စားမိရင္ျဖစ္ေစ ၊ သတၳဳေတြ ၊ အဆိပ္အေတာက္မ်ားတဲ့ ေနရာမွာ အလုပ္လုပ္တာျဖစ္ေစ မီးေသြးေဆးေတာင့္ေလး 2 ေတာင့္ကို ေက်ာက္ကပ္နဲ႔ အသည္းအတြက္ အေရးေပၚ ေဆာင္ထားသင့္ပါတယ္ ။

၆။ ဆံပင္ကို ဖုန္အညစ္အေၾကးကင္းေစတယ္

အလွအပ ပစၥည္းေတြနဲ႔ ဖုန္မႈန႔္ေတြေၾကာင့္ ဆံပင္က အဆီထြက္ၿပီး မေတာက္ပေတာ့ပါဘူး ။ မီးေသြးမႈန႔္က ဆံပင္ရဲ႕ ဖုန္မႈန႔္ေတြနဲ႔ အဆိပ္အေတာက္ေတြကို စုပ္ယူေပးႏိုင္ပါတယ္ ။မီးေသြးမႈန႔္ လက္ဖက္ရည္ဇြန္း 2 ဇြန္း ၊ သဘာဝ အသီးအႏွံေတြနဲ႔ ျပဳလုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္တို႔ကို ေရာၿပီး ေခါင္းေလွ်ာ္ေပးႏိုင္ပါတယ္ ။ တစ္ခု သတိထားရမွာ ဆံပင္အေရာင္ဆိုးထားတဲ့သူက မီးေသြးမႈန႔္နဲ႔ ေခါင္းေလွ်ာ္ရင္ ဆံပင္အေရာင္ ေျပာင္းသြားႏိုင္ပါတယ္ ။

၇။ အစာေခ်လမ္းေၾကာင္းကို သန႔္စင္ေပးတယ္

လူေတြဟာ ဖုန္မႈန႔္ေတြကို ေန႔စဥ္ ရွဴမိေနၿပီး ဓာတုပစၥည္းေတြနဲ႔ စီမံထားတဲ့ အစားအစာေတြကို စားမိေနတာေၾကာင့္ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြ စုမိလာပါတယ္ ။ မီးေသြးမႈန႔္ 10 ဂရမ္ကို အစားမစားခင္ 90 မိနစ္အလိုမွာ ေသာက္ေပးဖို႔ ဆရာဝန္ေတြက လမ္းၫႊန္ထားပါတယ္ ။

2 ရက္ေလာက္ ေသာက္ေပးရင္ ရပါၿပီ ။ ဒါေပမယ့္ သန႔္စင္ၿပီး ေသခ်ာထုတ္လုပ္ထားတဲ့ မီးေသြးမႈန႔္ ျဖစ္ဖို႔ေတာ့ လိုပါတယ္ ။ မီးေသြးမႈန႔္ကို ေဖ်ာ္ရည္အျဖစ္ ေသာက္လို႔လည္း ရပါတယ္ ။ တစ္ခု သတိထားရမွာက မီးေသြးက ေသာက္ထားတဲ့ေဆးေတြရဲ႕ အာနိသင္ကို ေလ်ာ့ေစပါတယ္ ။

Credit:Zombie ( Love အတိုစေလးမ်ား )








က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ခန္ဓာကိုယ်အတွက် မီးသွေးရဲ့ အသုံးဝင်ပုံများ

မီးသွေးဟာ အဆိပ်အတောက်နဲ့ အစာအိမ်နာခြင်းကို ကုသပေးနိုင်တဲ့ သဘာဝဆေး ဖြစ်ပါတယ် ။ မီးသွေးက သွားတွေကို ဖြူစင်စေသလို ဆားဝက်ခြံကြောင့်ဖြစ်တဲ့ အသားအရေ မညီညာမှုတွေကိုလည်း သက်သာစေပါတယ် ။

၁။ သွားကို ဖြူ စင်စေတယ်

မီးသွေးမှာ လျှပ်စစ်အမဓာတ် ရှိတာကြောင့် အဆိပ်တွေနဲ့ လျှပ်စစ်အဖို ဓာတ်တွေကို ဆွဲဆောင်ပါတယ် ။ မီးသွေးက သွားချေးတွေကို ပြောင်စေပြီး သွားကို ဖြူစင်စေပါတယ် ။ အခုဆိုရင် မီးသွေးမှုန့်ကို သွားတိုက်ဆေးထဲမှာလည်း ထည့်သုံးနေကြပါပြီ ။

မီးသွေးမှုန့်တွေကို ရေစိုနေတဲ့ သွားတိုက်တံပေါ် တင်ပြီး 2 မိနစ်ခန့် တိုက်ပေးရုံပါပဲ ။ သွားတုတပ်ထားရင် မီးသွေးက သွားတုတွေပေါ် စွန်းသွားနိုင်ပါတယ် ။ သွားဆရာဝန်တွေကတော့ မီးသွေးမှုန့်က ကြမ်းတာကြောင့် ခဏခဏ အသုံးမပြုဖို့ လမ်းညွှန်ထားပါတယ် ။

၂။ မီးသွေးက ဝက်ခြံနဲ့ ဆားဝက်ခြံကို ပျောက်စေတယ်

မီးသွေးက ဝက်ခြံနဲ့ ဆားဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား ၊ ဖုန် ၊ အဆိပ်အတောက်တွေကို ဖယ်ပေးပါတယ် ။ အသားအရေ ထိန်းသိမ်းတဲ့ အချို့ပစ္စည်းတွေမှာ မီးသွေးကို ထည့်ပြီး သုံးကြပါတယ် ။ မီးသွေးနဲ့ မျက်နှာကို ပေါင်းတင်လို့ ရပါတယ် ။

မီးသွေးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေလက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောပြီး မျက်နှာမှာ လိမ်းပေးရုံပါပဲ ။ လိမ်းထားတာလေး ခြောက်သွားရင် မျက်နှာသစ်လိုက်လို့ ရပါပြီ ။ မီးသွေးမှုန့်နဲ့ ရေထဲကို ရှားစောင်းလက်ပတ် ဂျယ်လ် 2 ဇွန်းထည့်ပြီး အသုံးပြုပေးလို့ ရပါတယ် ။

၃။ အင်းဆက်ပိုးမွှားတွေကြောင့် ဖြစ်တဲ့ ယားနာ ၊ အဖုအပိမ့်တွေကို သက်သာစေတယ်

ပျားကိုက်ခံရတဲ့အခါ ၊ ခြင်အကိုက် ခံရတဲ့အခါ အနီးအနားမှာ လိမ်းဆေး မရှိရင် စိတ်ပူစရာမလိုတော့ပါဘူး ။ မီးသွေးက အဆိပ်အတောက်တွေ ၊ ဓာတ်မတည့်တာတွေကို ပျောက်ကင်းစေပါတယ် ။ မီးသွေးမှုန့်နဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောပြီး အဖုအပိမ့်ထွက်နေတဲ့နေရာကို လိမ်းပေးပါ ။

အဖုအပိမ့်တွေ မပျောက်မချင်း မိနစ်30 တစ်ခါလောက် လိမ်းပေးရမှာပါ ။ အဆိပ်ရှ်တဲ့ အပင်တွေကြောင့်ဖြစ်တဲ့ ယားနာတွေကို ကုသရာမှာ မီးသွေးကထိရောက်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ် ။

၄။ မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်

မှိုတွေက ကျောက်ကပ် ၊ အသည်း ၊ ဦးနှောက်ချွတ်ယွင်းခြင်း ၊ နှလုံးရောဂါ ၊ ခေါင်းကိုက်ခြင်း ၊ အန်ခြင်းနဲ့ စိတ်ကျခြင်းတို့ကို ဖြစ်စေပါတယ် ။ ဓာတု ပစ္စည်းတွေက မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။ ဒါပေမယ့် မီးသွေးကလည်း မှိုတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆေးပါ ။ လက်ဖက်ဆီ ၊ မုန့်ဖုတ်ဆော်ဒါ ၊ ပန်းသီးရှာလကာရှည် ၊ မီးသွေးမှုန့်တို့ကို ရောမွှေပြီး မှိုတက်နေတဲ့ နေရာတွေမှာ ထားပေးပါ ။ 10 မိနစ်ကနေ မိနစ် 20 လောက်အထိ ထားပေးရင် ရပါပြီ ။

၅။ အသည်းနဲ့ကျောက်ကပ်တွေကို အဆိပ်အတောက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်

အစားအစာ၊အိမ် ၊ ပတ်ဝန်းကျင် ၊ အလုပ်တို့ကနေ အဆိပ်အတောက်တွေ နေ့တိုင်းရရှိနေပါတယ် ။ အဆိပ်အတောက်တွေက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို လွှမ်းမိုးသွားနိုင်ပြီး အသက်အရွယ် အိုမင်းတာကို မြန်စေပါတယ် ။ ဓာတုပစ္စည်းတွေနဲ့ စီမံထားတဲ့ အစားအသောက်တွေကို စားမိရင်ဖြစ်စေ ၊ သတ္ထုတွေ ၊ အဆိပ်အတောက်များတဲ့ နေရာမှာ အလုပ်လုပ်တာဖြစ်စေ မီးသွေးဆေးတောင့်လေး 2 တောင့်ကို ကျောက်ကပ်နဲ့ အသည်းအတွက် အရေးပေါ် ဆောင်ထားသင့်ပါတယ် ။

၆။ ဆံပင်ကို ဖုန်အညစ်အကြေးကင်းစေတယ်

အလှအပ ပစ္စည်းတွေနဲ့ ဖုန်မှုန့်တွေကြောင့် ဆံပင်က အဆီထွက်ပြီး မတောက်ပတော့ပါဘူး ။ မီးသွေးမှုန့်က ဆံပင်ရဲ့ ဖုန်မှုန့်တွေနဲ့ အဆိပ်အတောက်တွေကို စုပ်ယူပေးနိုင်ပါတယ် ။မီးသွေးမှုန့် လက်ဖက်ရည်ဇွန်း 2 ဇွန်း ၊ သဘာဝ အသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တို့ကို ရောပြီး ခေါင်းလျှော်ပေးနိုင်ပါတယ် ။ တစ်ခု သတိထားရမှာ ဆံပင်အရောင်ဆိုးထားတဲ့သူက မီးသွေးမှုန့်နဲ့ ခေါင်းလျှော်ရင် ဆံပင်အရောင် ပြောင်းသွားနိုင်ပါတယ် ။

၇။ အစာချေလမ်းကြောင်းကို သန့်စင်ပေးတယ်

လူတွေဟာ ဖုန်မှုန့်တွေကို နေ့စဉ် ရှူမိနေပြီး ဓာတုပစ္စည်းတွေနဲ့ စီမံထားတဲ့ အစားအစာတွေကို စားမိနေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုမိလာပါတယ် ။ မီးသွေးမှုန့် 10 ဂရမ်ကို အစားမစားခင် 90 မိနစ်အလိုမှာ သောက်ပေးဖို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ် ။

2 ရက်လောက် သောက်ပေးရင် ရပါပြီ ။ ဒါပေမယ့် သန့်စင်ပြီး သေချာထုတ်လုပ်ထားတဲ့ မီးသွေးမှုန့် ဖြစ်ဖို့တော့ လိုပါတယ် ။ မီးသွေးမှုန့်ကို ဖျော်ရည်အဖြစ် သောက်လို့လည်း ရပါတယ် ။ တစ်ခု သတိထားရမှာက မီးသွေးက သောက်ထားတဲ့ဆေးတွေရဲ့ အာနိသင်ကို လျော့စေပါတယ် ။

Credit:Zombie ( Love အတိုစလေးများ )

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top