iMyanmarHouse.com - Best Property Website for Myanmar
×

ညေနစာ စားတဲ့အခ်ိန္မွာ အစာစားရင္း တစ္ေန႔တာ ေတြ႔ဆံု ႀကံဳလာသမွ်ကို အခ်င္းခ်င္း ျပန္လည္ မွ်ေဝရင္း အခ်ိန္ေလးေတြကုိ ၾကည္ႏူးျခင္းေတြ ျပည့္ႏွက္ေစဖို႔ပါ

Marry ရဲ႕ မဂၤလာေမာင္ႏွံေလးတို႔ေရ အိမ္ေထာင္ေရးေလး တစ္ခုကို အစ ျပဳလုိက္တာနဲ႔ လိုက္နာရမယ့္အရာေတြ ေစာင့္ထိန္းရမယ့္ စည္းကမ္းေတြ ဆိုတာကေတာ့ လိုအပ္လာပါတယ္။ အိမ္ေထာင္ေရးေလး တစ္ခု တည္တံ့ေနဖို႔အတြက္ လိုအပ္တဲ့အရာေလးေတြကို Marry က ေျပာျပထားပါတယ္။ အခုလည္း အိမ္ေထာင္ေရးကို အခ်ိန္ၾကာေလ ပိုခိုင္မာေလ ျဖစ္ေစမယ့္အခ်က္မ်ားကို ထပ္ ေျပာျပလိုက္ရပါတယ္။

ညေနစာတုိင္းကို အေလးထားပါ

အိမ္ေထာင္ေရးရယ္လုိ႔ ျဖစ္လာတဲ့အခ်ိန္မွာ ခ်စ္သူေတြတုန္းကလို ၾကည္ႏူးစရာ အခ်ိန္ေတြ အမ်ားႀကီး မဖန္တီးႏိုင္ေတာ့ဘူးလို႔ မေတြးလုိက္ပါနဲ႔ေနာ္။ ခ်စ္သူေတြတုန္းကထက္ကိုပိုၿပီး ၾကည္ႏူးခြင့္ေတြ ႐ွိတယ္ ဆိုတာကို ေျပာျပေပးမယ္ေနာ္။ မနက္ခင္းတိုင္းမွာေတာ့ သြားစရာ လာစရာေတြအတြက္ ျပင္ရ ဆင္ရတာနဲ႔ ေအးေအးေဆးေဆး အခ်ိန္မေပးႏိုင္ေပမယ့္ ညေနစာတိုင္းကိုေတာ့ အေလးထားေပးပါ။ အေလးထားဖို႔ ဆိုတာကေတာ့ ညေနစာ စားတဲ့အခ်ိန္မွာ အစာစားရင္း တစ္ေန႔တာ ေတြ႔ဆံု ႀကံဳလာသမွ်ကို အခ်င္းခ်င္း ျပန္လည္ မွ်ေဝရင္း အခ်ိန္ေလးေတြကုိ ၾကည္ႏူးျခင္းေတြ ျပည့္ႏွက္ေစဖို႔ပါ။ ဒီလုိ ျပဳလုပ္ေပးတာကေတာ့ အိမ္ေထာင္ေရးေလးမွာ တစ္ေယာက္ကို တစ္ေယာက္ ပိုၿပီး သံေယာဇဥ္တြယ္ေစတဲ့အခ်က္ပဲ ျဖစ္လို႔ပါ။

ဖုန္းသံုးခ်ိန္ ေလွ်ာ့ခ်ပါ

တစ္ေန႔တာလံုး ကိုယ္စီ အေရးကိစၥေတြေၾကာင့္ ႏွစ္ေယာက္ အတူတူ မ႐ွိေနႏိုင္တဲ့အခ်ိန္မွာ ည အိမ္ျပန္ေရာက္တဲ့အခ်ိန္ေတြမွာလည္း ဖုန္းခ်ည္း သံုးေနမိမယ္ ဆိုရင္ေတာ့ အိမ္ေထာင္ေရးေလးမွာ ေပ်ာ္႐ႊင္စရာ ေကာင္းေတာ့မွာ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္ပိုေပးႏိုင္မွသာ အိမ္ေထာင္ေရးေလးက ပိုမို ခိုင္မာလာမွာ ျဖစ္တဲ့အတြက္ ႏွစ္ေယာက္သားၾကားမွာ ဖုန္းက ေနရာအမ်ားႀကီး ဝင္မယူပါေစနဲ႔ေနာ္။ ဖုန္းဆိုတာကေတာ့ ေဝးေနတဲ့အရာေတြကို နီးကပ္ေစႏိုင္သလို နီးကပ္ေနတဲ့အရာေတြကုိလည္း ကြာေဝးေစႏိုင္တဲ့အစြမ္း႐ွိတာ မို႔လို႔ပါ။

ခ်စ္သူအဆင့္ကေန အိမ္ေထာင္ဖက္ အျဖစ္ အဆင့္တက္လိုက္တဲ့ အိမ္ေထာင္ေရးေလးမွာ အခ်ိန္ၾကာေလ ပိုခ်စ္ေလ ျဖစ္ဖို႔ အတြက္ကေတာ့ အခ်စ္တင္မကဘဲ သံေယာဇဥ္ေတြ နားလည္မႈေတြကိုပါ တည္ေဆာက္ထားဖို႔ လိုအပ္ေၾကာင္း Marry က ေျပာျပလိုက္ရပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Marry

#Unicode Version# ျဖင့္ဖတ္ပါ ။

ညနေစာ စားတဲ့အချိန်မှာ အစာစားရင်း တစ်နေ့တာ တွေ့ဆုံ ကြုံလာသမျှကို အချင်းချင်း ပြန်လည် မျှဝေရင်း အချိန်လေးတွေကို ကြည်နူးခြင်းတွေ ပြည့်နှက်စေဖို့ပါ

Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့ရေ အိမ်ထောင်ရေးလေး တစ်ခုကို အစ ပြုလိုက်တာနဲ့ လိုက်နာရမယ့်အရာတွေ စောင့်ထိန်းရမယ့် စည်းကမ်းတွေ ဆိုတာကတော့ လိုအပ်လာပါတယ်။ အိမ်ထောင်ရေးလေး တစ်ခု တည်တံ့နေဖို့အတွက် လိုအပ်တဲ့အရာလေးတွေကို Marry က ပြောပြထားပါတယ်။ အခုလည်း အိမ်ထောင်ရေးကို အချိန်ကြာလေ ပိုခိုင်မာလေ ဖြစ်စေမယ့်အချက်များကို ထပ် ပြောပြလိုက်ရပါတယ်။

ညနေစာတိုင်းကို အလေးထားပါ

အိမ်ထောင်ရေးရယ်လို့ ဖြစ်လာတဲ့အချိန်မှာ ချစ်သူတွေတုန်းကလို ကြည်နူးစရာ အချိန်တွေ အများကြီး မဖန်တီးနိုင်တော့ဘူးလို့ မတွေးလိုက်ပါနဲ့နော်။ ချစ်သူတွေတုန်းကထက်ကိုပိုပြီး ကြည်နူးခွင့်တွေ ရှိတယ် ဆိုတာကို ပြောပြပေးမယ်နော်။ မနက်ခင်းတိုင်းမှာတော့ သွားစရာ လာစရာတွေအတွက် ပြင်ရ ဆင်ရတာနဲ့ အေးအေးဆေးဆေး အချိန်မပေးနိုင်ပေမယ့် ညနေစာတိုင်းကိုတော့ အလေးထားပေးပါ။ အလေးထားဖို့ ဆိုတာကတော့ ညနေစာ စားတဲ့အချိန်မှာ အစာစားရင်း တစ်နေ့တာ တွေ့ဆုံ ကြုံလာသမျှကို အချင်းချင်း ပြန်လည် မျှဝေရင်း အချိန်လေးတွေကို ကြည်နူးခြင်းတွေ ပြည့်နှက်စေဖို့ပါ။ ဒီလို ပြုလုပ်ပေးတာကတော့ အိမ်ထောင်ရေးလေးမှာ တစ်ယောက်ကို တစ်ယောက် ပိုပြီး သံယောဇဉ်တွယ်စေတဲ့အချက်ပဲ ဖြစ်လို့ပါ။

ဖုန်းသုံးချိန် လျှော့ချပါ

တစ်နေ့တာလုံး ကိုယ်စီ အရေးကိစ္စတွေကြောင့် နှစ်ယောက် အတူတူ မရှိနေနိုင်တဲ့အချိန်မှာ ည အိမ်ပြန်ရောက်တဲ့အချိန်တွေမှာလည်း ဖုန်းချည်း သုံးနေမိမယ် ဆိုရင်တော့ အိမ်ထောင်ရေးလေးမှာ ပျော်ရွှင်စရာ ကောင်းတော့မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပိုပေးနိုင်မှသာ အိမ်ထောင်ရေးလေးက ပိုမို ခိုင်မာလာမှာ ဖြစ်တဲ့အတွက် နှစ်ယောက်သားကြားမှာ ဖုန်းက နေရာအများကြီး ဝင်မယူပါစေနဲ့နော်။ ဖုန်းဆိုတာကတော့ ဝေးနေတဲ့အရာတွေကို နီးကပ်စေနိုင်သလို နီးကပ်နေတဲ့အရာတွေကိုလည်း ကွာဝေးစေနိုင်တဲ့အစွမ်းရှိတာ မို့လို့ပါ။

ချစ်သူအဆင့်ကနေ အိမ်ထောင်ဖက် အဖြစ် အဆင့်တက်လိုက်တဲ့ အိမ်ထောင်ရေးလေးမှာ အချိန်ကြာလေ ပိုချစ်လေ ဖြစ်ဖို့ အတွက်ကတော့ အချစ်တင်မကဘဲ သံယောဇဉ်တွေ နားလည်မှုတွေကိုပါ တည်ဆောက်ထားဖို့ လိုအပ်ကြောင်း Marry က ပြောပြလိုက်ရပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Marry
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top