iMyanmarHouse.com - Best Property Website for Myanmar
×


အရြယ္ေရာက္ျပီးသား အမ်ိဳးသမီးတစ္ေယာက္က လစဥ္ဓမၼတာလာတာနဲ႕ ဓမၼတာမလာမီမွာ အျဖဴဆင္းတာေတြက ပံုမွန္ျဖစ္စဥ္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့ဒီဓမၼတာလာတာပဲျဖစ္ျဖစ္၊ အျဖဴဆင္းတာပဲျဖစ္ျဖစ္ အေရာင္အဆင္းကိုၾကည့္ျပီး သားအိမ္က်န္းမာေရးအေျခအေနကို သတိထားနိုင္ပါတယ္၊ ဒီေတာ့မွ လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို ၾကိဳၾကိဳတင္တင္ လုပ္နိုင္ထားနိုင္မွာပါ။

(၁) အျဖဴေရာင္

အျဖဴေရာင္ ဒါမွမဟုတ္ ခရင္မ္ေရာင္ ဆိုရင္ေတာ့ ပံုမွန္က်န္းမာေရးေကာင္းတဲ့ အေျခအေနပါ။ ဒါေပမယ့္ အနံ႕အသက္ျပင္းတယ္ဆိုရင္ေတာ့ ပိုး၀င္တာျဖစ္နိုင္လို႕ ဆရာ၀န္နဲ႕ျပဖို႕လိုပါတယ္။ အနံ႕အသက္ မျပင္းထန္ရင္ေတာ့ ဆရာ၀န္နဲ႕ျပဖို႕မလိုပါဘူး။

(၂) အ၀ါေရာင္

အ၀ါေရာင္ေတြဆင္းရင္ မ်ားေသာအားျဖင့္ ယားယံတာ၊ နာက်င္တာေတြျဖစ္နိုင္ျပီး အနံ႕အသက္ကေတာ့ သိပ္မျပင္းတတ္ပါဘူး။ ပမာဏနည္းရင္ သိပ္မစိုးရိမ္ရေပမယ့္၊ ပမာဏအရမ္းမ်ားျပီး ေန႕တိုင္းလိုလိုဆင္းတတ္တယ္ဆိုရင္ေတာ့ သားအိမ္မွာ ပိုး၀င္တာ၊ ေရာင္ရမ္းတာေတြျဖစ္နိုင္လို႕ ဆရာ၀န္ျပျပီး စစ္ေဆးဖို႕လိုပါတယ္။

(၃) အစိမ္းေရာင္

အစိမ္းေရာင္ဆင္းတယ္ဆိုတာ ဆီးလမ္းေၾကာင္းပိုး၀င္ျခင္းေၾကာင့္ ျဖစ္နိုင္သလို၊ သားအိမ္ေရာင္ရမ္းျခင္းေၾကာင့္ျဖစ္နိုင္တာေၾကာင့္ ေဆးကုသမႈခံယူဖို႕ လိုပါတယ္။

(၄) ပန္းေရာင္

ဓမၼတာမလာခင္မွာ ပန္းေရာင္ေသြးဆင္းတာမ်ိဳးျဖစ္တတ္ျပီး ရက္အမ်ားၾကီးဆင္းတာမ်ိဳးေတာ့မရွိပါဘူး။ မမ်ိဳးဥေၾကြတဲ့ လကၡဏာတစ္ခုုျဖစ္ျပီး စိုးရိမ္စရာမရွိပါဘူး။

(၅) မီးခိုးေရာင္

မီးခိုးေရာင္ဆိုရင္ေတာ့ ဘက္တီးရီးယားပိုး၀င္တာျဖစ္ျပီး၊ အေျခအေနေတာ္ေတာ္ဆိုးတယ္လို႕ေျပာရမွာပါ။ ဒီလိုဆင္းတာက ေန႕စဥ္ရက္ဆက္ျဖစ္ေနတတ္ျပီး၊ မအဂၤါတ၀ိုက္ ယားယံတာ၊ နာက်င္တာနဲ႕ အနံ႕ဆိုးထြက္တာေတြျဖစ္တတ္ပါတယ္။ ဆရာ၀န္နဲ႕ျပသရမယ့္ အေျခအေနျဖစ္ပါတယ္။

(၆) နီညိဳေရာင္ရင့္ရင့္

ဓမၼတာလာစဥ္မွာ ဆင္းတဲ့ေသြးက အနီေရာင္၊ အနီရင့္ေရာင္၊ နီညိုေရာင္ေတြျဖစ္တတ္ျပီး အဲ့ဒီအေရာင္ေတြ ဆင္းရင္ ပံုမွန္ပါ။ အဲ့ဒီလိုမဟုတ္ဘဲ ေသြးက နီညိဳေရာင္ကိုမွ အနက္ေရာင္နီးပါးေလာက္ ရင့္ေနတယ္ဆိုရင္ေတာ့ သားအိမ္အတြင္းမွာ ေရာဂါတစ္ခုခုျဖစ္ေနနိုင္တာေၾကာင့္ OG နဲ႕ေသေသခ်ာခ်ာ စစ္ေဆးကုသဖို႕လိုပါတယ္။

Credit:MAY THAZINHTOO

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ်ဓမ္မတာလာတာနဲ့ ဓမ္မတာမလာမီမှာ အဖြူဆင်းတာတွေက ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ်၊ ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပါ။

(၁) အဖြူရောင်

အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး။

(၂) အဝါရောင်

အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး။ ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေဖြစ်နိုင်လို့ ဆရာဝန်ပြပြီး စစ်ဆေးဖို့လိုပါတယ်။

(၃) အစိမ်းရောင်

အစိမ်းရောင်ဆင်းတယ်ဆိုတာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊ သားအိမ်ရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်တာကြောင့် ဆေးကုသမှုခံယူဖို့ လိုပါတယ်။

(၄) ပန်းရောင်

ဓမ္မတာမလာခင်မှာ ပန်းရောင်သွေးဆင်းတာမျိုးဖြစ်တတ်ပြီး ရက်အများကြီးဆင်းတာမျိုးတော့မရှိပါဘူး။ မမျိုးဥကြွေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။

(၅) မီးခိုးရောင်

မီးခိုးရောင်ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာဖြစ်ပြီး၊ အခြေအနေတော်တော်ဆိုးတယ်လို့ပြောရမှာပါ။ ဒီလိုဆင်းတာက နေ့စဉ်ရက်ဆက်ဖြစ်နေတတ်ပြီး၊ မအင်္ဂါတဝိုက် ယားယံတာ၊ နာကျင်တာနဲ့ အနံ့ဆိုးထွက်တာတွေဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ပြသရမယ့် အခြေအနေဖြစ်ပါတယ်။

(၆) နီညိုရောင်ရင့်ရင့်

ဓမ္မတာလာစဉ်မှာ ဆင်းတဲ့သွေးက အနီရောင်၊ အနီရင့်ရောင်၊ နီညိုရောင်တွေဖြစ်တတ်ပြီး အဲ့ဒီအရောင်တွေ ဆင်းရင် ပုံမှန်ပါ။ အဲ့ဒီလိုမဟုတ်ဘဲ သွေးက နီညိုရောင်ကိုမှ အနက်ရောင်နီးပါးလောက် ရင့်နေတယ်ဆိုရင်တော့ သားအိမ်အတွင်းမှာ ရောဂါတစ်ခုခုဖြစ်နေနိုင်တာကြောင့် OG နဲ့သေသေချာချာ စစ်ဆေးကုသဖို့လိုပါတယ်။

Credit:MAY THAZINHTOO

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top