iMyanmarHouse.com - Best Property Website for Myanmar
×

♦ ပူလြန္းျခင္း

ဒီအခ်ိန္မွာ ခႏၶာကိုယ္မွာပူေနတာက အျဖစ္မ်ားဆံုးပါ။ မ်က္ႏွာေတြလည္ပင္းေတြကေနစပူလာၿပီးေတာ့ ခႏၶာကိုယ္တစ္ေလွ်ာက္လံုးကို ပူလာတာေတြခံစားရပါတယ္။ တစ္ခ်ိဳ႕မွာက်ေတာ့ အရမ္းမခံမရပ္ႏိုင္ေအာင္ အပူကိုခံစားရၿပီးေတာ့ တစ္ခ်ိဳ႕မွာေတာ့ နည္းနည္းစိတ္အေႏွာင့္အယွက္ျဖစ္ရံုေလာက္ပဲ ခံစားရပါတယ္။ စျဖစ္ၿပီးေတာ့ ၅ ႏွစ္ေလာက္အတြင္းမွာ ျပန္ေပ်ာက္သြားေလ့ရွိပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ေသြးဆံုးၿပီးတဲ့အခ်ိန္အထိ အပူကိုဆက္ၿပီးခံစားရတာလည္းရွိပါတယ္။

ေရာဂါတစ္ခုခုေၾကာင့္ သားဥအိမ္ေတြကိုခြဲစိတ္ဖယ္ရွားထားတဲ့အမ်ိဳးသမီးေတြမွာ ဒီလိုအပူဒဏ္ခံစားရတာေတြက ပိုဆိုးၿပီးေတာ့မၾကာခဏျဖစ္တတ္ပါတယ္။ ဒီလကၡဏာကဆိ္ုးလြန္းလို႔ ေန႔စဥ္လုပ္ေနက်အလုပ္ေတြကိုေတာင္မွ အေႏွာင့္အယွက္ျဖစ္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသပါ။ ပြပြေခ်ာင္ေခ်ာင္ခ်ည္ထည္အက်ၤ ီေတြဝတ္ေနတာ၊ ညဘက္မွာ အဲကြန္း၊ ပန္ကာဖြင့္အိပ္တာေတြလုပ္နိုင္သလို ဆရာဝန္ညႊန္ၾကားတဲ့ေဆးေတြလည္းေသာက္ႏိုင္ပါတယ္။

♦ ေမြးလမ္းေၾကာင္းမွာျဖစ္တတ္တဲ့လကၡဏာေတြ

တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ေသြးဆံုးခါနီးရဲ႕ပထမဆံုးလကၡဏာအေနနဲ႔ မိန္းမကိုယ္၊ ေမြးလမ္းေၾကာင္းေျခာက္လာတာကို ခံစားၾကရပါတယ္။ ဒီအခါမွာ အမ်ိဳးသားနဲ႕အတူေနရင္ နာက်င္တာေတြကိုခံစားရမယ္။ ဒါ့အျပင္ ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ေခ်လည္း ပိုမ်ားလာပါတယ္။

ေသြးဆံုးကာနီးခံစားရတဲ့လကၡဏာအမ်ားစုက အခ်ိန္ၾကာလာတဲ့အမွ် သက္သာလာတာမ်ားေပမယ့္လည္း ေမြးလမ္းေၾကာင္းေျခာက္တာကေတာ့ အသက္ႀကီးလာတာနဲ႔အမွ်ပိုဆိုးလာပါတယ္။ ဒါေပမယ့္လည္း ဒီလကၡဏာကိုသက္သာေစဖို႔အတြက္ ေခ်ာဆီေတြ၊ အစိုဓာတ္ထိန္းခရင္ေတြရွိပါတယ္။

အမ်ိဳးသမီးေတြက ေသြးဆံုးခ်ိန္ကပ္လာၿပီးဆိုတာနဲ႔ လိင္စိတ္နည္းလာပါတယ္။ ဒီေတာ့ လိင္မႈဆိုင္ရာျပသနာေတြအတြက္ ဆရာဝန္နဲ႔၊ ကိုယ့္ရဲ႕ခင္ပြန္းနဲ႔တိုင္ပင္ပါ။

♦ စိတ္ပိုင္းဆိုင္ရာအေျပာင္းအလဲမ်ား

ေသြးဆံုးကာနီးအခ်ိန္ေတြမွာ စိတ္ေတြဂဏွာမၿငိမ္ေရာက္ရက္ခတ္တာ၊ စိတ္တိုလြယ္၊ ေဒါသထြက္လြယ္၊ စိတ္နဲ႔ကိုယ္နဲ႔မကပ္၊ ဝမ္းနည္းတာေတြခံစားၾကရပါတယ္။ ဒီလိုစိတ္ပိုင္းဆိုင္ရာျပသနာေတြေၾကာင့္ ေပါင္းသင္းဆက္ဆံေရး အိမ္တြင္းေရာအလုပ္မွာပါ လာထိခိုုက္တတ္ပါတယ္။

ကိုယ့္ရဲ႕စိတ္အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ျပႆနာေတြျဖစ္လာရင္၊ စိုးရိမ္တယ္ဆိုရင္ ဆရာဝန္နဲ႔ျပသၿပီးေတာ့ အႀကံဥာဏ္ရယူပါ။

♦ အိပ္စက္မႈပံုစံေတြလည္းေျပာင္းလာပါတယ္။

အိပ္ေရးမဝတာကေတာ့အဆိုးဆံုးပါ။ ဒီလိုမ်ိဳးအိပ္ေရးပ်က္ရတဲ့အေၾကာင္းအရင္းေတြ အမ်ားႀကီးရွိပါတယ္။ ဥပမာ- ညဘက္ေတြမွာ ပူေနတာေတြ၊ စိတ္တို၊စိတ္လႈပ္ရွားမႈေတါေၾကာင့္ ၊ အလုပ္ရဲ႕စိတ္ဖိစီးမႈေၾကာင့္ ညဘက္အိပ္မေပ်ာ္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ ညဘက္ေတြမွာ အိပ္ေနရင္းမၾကာခဏႏိုးလာတာမ်ိဳးေတြလည္းျဖစ္တတ္ပါတယ္။ ဒီျပႆနာေတြအတြက္ အမူအက်င့္ကုထံုးေတြအပါအဝင္ ေဆးဝါး ေတြစသည္ျဖင့္ ကုထံုးအမ်ိဳးမ်ိဳးရွိပါတယ္။

♦ ရုပ္ရည္သြင္ျပင္ေျပာင္းလဲလာျခင္း

ေသြးဆံုးကာနီးအခ်ိန္ေတြမွာ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ ေအာက္ပါအေျပာင္းအလဲေတြကိုလည္း ခံစားရနိုင္ပါတယ္။

• အေမြးေတြကၽြတ္လာမယ္။

• အသားအေရေတြအိုမင္းရင့္ေရာင္လာမယ္၊( အသားေတြေျခာက္လာ၊ တြန္႔လာမယ္)

• ခႏၶာကိုယ္ထဲမွာအဆီေတြျပန္ျပန္႔လာလို႔ ခါးေတြတုတ္လာမယ္

• ဝက္ၿခံထြက္လာမယ္

ေသြးဆံုးခ်ိန္ကိုျဖတ္သန္းရတဲ့လမ္းေၾကာင္းက အမ်ိဳးသမီးတိုင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူကြဲျပားၾကပါတယ္။ ဘယ္သူမွာဘာေတြျဖစ္မယ္ဆိုတာကို ႀကိဳခန္႔မွန္းဖို႔လည္းခက္ပါတယ္။ ဒီေတာ့ ဒါေတြႀကံဳလာရၿပီဆိုရင္ အားငယ္စိတ္ပ်က္မေနဘဲနဲ႔ ဆရာဝန္နဲ႔တိုင္ပင္ၿပီးေတာ့ သက္သာရာနည္းလမ္းေတြကိုရွာပါ။ ၿပီးေတာ့ မိသားစုဆီကအကူအညီကိုရယူပါ။

Credit: drmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

♦ ပူလွန်းခြင်း

ဒီအချိန်မှာ ခန္ဓာကိုယ်မှာပူနေတာက အဖြစ်များဆုံးပါ။ မျက်နှာတွေလည်ပင်းတွေကနေစပူလာပြီးတော့ ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပူလာတာတွေခံစားရပါတယ်။ တစ်ချို့မှာကျတော့ အရမ်းမခံမရပ်နိုင်အောင် အပူကိုခံစားရပြီးတော့ တစ်ချို့မှာတော့ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ရုံလောက်ပဲ ခံစားရပါတယ်။ စဖြစ်ပြီးတော့ ၅ နှစ်လောက်အတွင်းမှာ ပြန်ပျောက်သွားလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း သွေးဆုံးပြီးတဲ့အချိန်အထိ အပူကိုဆက်ပြီးခံစားရတာလည်းရှိပါတယ်။

ရောဂါတစ်ခုခုကြောင့် သားဥအိမ်တွေကိုခွဲစိတ်ဖယ်ရှားထားတဲ့အမျိုးသမီးတွေမှာ ဒီလိုအပူဒဏ်ခံစားရတာတွေက ပိုဆိုးပြီးတော့မကြာခဏဖြစ်တတ်ပါတယ်။ ဒီလက္ခဏာကဆိုးလွန်းလို့ နေ့စဉ်လုပ်နေကျအလုပ်တွေကိုတောင်မှ အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။ ပွပွချောင်ချောင်ချည်ထည်အင်္ကျ ီတွေဝတ်နေတာ၊ ညဘက်မှာ အဲကွန်း၊ ပန်ကာဖွင့်အိပ်တာတွေလုပ်နိုင်သလို ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေလည်းသောက်နိုင်ပါတယ်။

♦ မွေးလမ်းကြောင်းမှာဖြစ်တတ်တဲ့လက္ခဏာတွေ

တချို့အမျိုးသမီးတွေမှာ သွေးဆုံးခါနီးရဲ့ပထမဆုံးလက္ခဏာအနေနဲ့ မိန်းမကိုယ်၊ မွေးလမ်းကြောင်းခြောက်လာတာကို ခံစားကြရပါတယ်။ ဒီအခါမှာ အမျိုးသားနဲ့အတူနေရင် နာကျင်တာတွေကိုခံစားရမယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေလည်း ပိုများလာပါတယ်။

သွေးဆုံးကာနီးခံစားရတဲ့လက္ခဏာအများစုက အချိန်ကြာလာတဲ့အမျှ သက်သာလာတာများပေမယ့်လည်း မွေးလမ်းကြောင်းခြောက်တာကတော့ အသက်ကြီးလာတာနဲ့အမျှပိုဆိုးလာပါတယ်။ ဒါပေမယ့်လည်း ဒီလက္ခဏာကိုသက်သာစေဖို့အတွက် ချောဆီတွေ၊ အစိုဓာတ်ထိန်းခရင်တွေရှိပါတယ်။

အမျိုးသမီးတွေက သွေးဆုံးချိန်ကပ်လာပြီးဆိုတာနဲ့ လိင်စိတ်နည်းလာပါတယ်။ ဒီတော့ လိင်မှုဆိုင်ရာပြသနာတွေအတွက် ဆရာဝန်နဲ့၊ ကိုယ့်ရဲ့ခင်ပွန်းနဲ့တိုင်ပင်ပါ။

♦ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

သွေးဆုံးကာနီးအချိန်တွေမှာ စိတ်တွေဂဏှာမငြိမ်ရောက်ရက်ခတ်တာ၊ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်၊ စိတ်နဲ့ကိုယ်နဲ့မကပ်၊ ဝမ်းနည်းတာတွေခံစားကြရပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကြောင့် ပေါင်းသင်းဆက်ဆံရေး အိမ်တွင်းရောအလုပ်မှာပါ လာထိခိုက်တတ်ပါတယ်။

ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေဖြစ်လာရင်၊ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီးတော့ အကြံဉာဏ်ရယူပါ။

♦ အိပ်စက်မှုပုံစံတွေလည်းပြောင်းလာပါတယ်။

အိပ်ရေးမဝတာကတော့အဆိုးဆုံးပါ။ ဒီလိုမျိုးအိပ်ရေးပျက်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ- ညဘက်တွေမှာ ပူနေတာတွေ၊ စိတ်တို၊စိတ်လှုပ်ရှားမှုတေါကြောင့် ၊ အလုပ်ရဲ့စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်မပျော်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ညဘက်တွေမှာ အိပ်နေရင်းမကြာခဏနိုးလာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဒီပြဿနာတွေအတွက် အမူအကျင့်ကုထုံးတွေအပါအဝင် ဆေးဝါး တွေစသည်ဖြင့် ကုထုံးအမျိုးမျိုးရှိပါတယ်။

♦ ရုပ်ရည်သွင်ပြင်ပြောင်းလဲလာခြင်း

သွေးဆုံးကာနီးအချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အောက်ပါအပြောင်းအလဲတွေကိုလည်း ခံစားရနိုင်ပါတယ်။

• အမွေးတွေကျွတ်လာမယ်။

• အသားအရေတွေအိုမင်းရင့်ရောင်လာမယ်၊( အသားတွေခြောက်လာ၊ တွန့်လာမယ်)

• ခန္ဓာကိုယ်ထဲမှာအဆီတွေပြန်ပြန့်လာလို့ ခါးတွေတုတ်လာမယ်

• ဝက်ခြံထွက်လာမယ်

သွေးဆုံးချိန်ကိုဖြတ်သန်းရတဲ့လမ်းကြောင်းက အမျိုးသမီးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြပါတယ်။ ဘယ်သူမှာဘာတွေဖြစ်မယ်ဆိုတာကို ကြိုခန့်မှန်းဖို့လည်းခက်ပါတယ်။ ဒီတော့ ဒါတွေကြုံလာရပြီဆိုရင် အားငယ်စိတ်ပျက်မနေဘဲနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ သက်သာရာနည်းလမ်းတွေကိုရှာပါ။ ပြီးတော့ မိသားစုဆီကအကူအညီကိုရယူပါ။

Credit: drmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top