iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ့္ရဲ႕ ႏွလံုးသားကို အရည္ေပ်ာ္ဆင္းသြားေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ေယာက္်ားတစ္ေယာက္ကို ေမြးထုတ္ေပးထားတဲ့ သူမို႔ သူ႔မွာလည္း ေကာင္းကြက္ေတြ အမ်ားႀကီး ရွိေနပါတယ္

ေယာကၡမခ်စ္တဲ့ ေခၽြးမ ျဖစ္ဖို႔

မိန္းကေလး တစ္ေယာက္အေနနဲ႔ အိမ္ေထာင္က်ၿပီးသြားလို႔ ေခၽြးမတစ္ေယာက္ ျဖစ္သြားတဲ့ အခါ ေယာကၡမရဲ႕ အခ်စ္ခံရတယ္ဆိုရင္ အဲ့မိန္းကေလးက သိန္းဆုေပါက္တာထက္ ကံေကာင္းတယ္လို႔ ေျပာပါရေစ။

အိမ္ ေထာင္တစ္ခုမွာ ကိုယ့္ရဲ႕ ေယာကၡနဲ႔သာ ဆက္ဆံေရး ေကာင္းေနမယ္ ဆိုရင္ အိမ္ေထာင္ေရး သာယာေအးခ်မ္း တည္ၿမဲဖို႔ (၅၀) ရာခိုင္ႏႈန္းေလာက္ ေသခ်ာသြားၿပီမို႔ ေယာကၡမရဲ႕ အခ်စ္ကို ရဖို႔ကလည္း ႀကိဳးစားသင့္ပါတယ္။ Marry ရဲ႕ သတို႔သမီးေလးေတြကိုေတာ့ သိန္းထီေပါက္တာထက္ ကံေကာင္းတဲ့ ေယာကၡမရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ႏိုင္သူေလး ျဖစ္ေအာင္လို႔ နည္းလမ္းေကာင္းေလးေတြ ေျပာျပေပးမယ္။

ခ်ီးက်ဴးေပးပါ

ကိုယ္ အႀကိဳက္ဆံုး အဝတ္အစားကို ဝတ္ထားတဲ့အခါ လူေတြက သတိထားမိၿပီး ခ်ီးမြမ္းၾကရင္ သေဘာက်တယ္ေလ။ ေယာကၡမလည္း အဲဒီလုိပဲေပါ့။ ေယာကၡမက သူအႀကိဳက္ဆံုး ဝတ္စံုကို ဝတ္ဆင္တဲ့အခါ အမႈမဲ့အမႈတ္မဲ့၊ ဘာမွမထူးျခားသလုိ ပံုစံမ်ဳိး မေနပါနဲ႔။ အဲဒီလို အေသးအဖြဲေလးေတြကို ဂ႐ုတစိုက္ရွိမႈက သင့္ေယာကၡမရဲ႕စိတ္ကို ေပ်ာ္ရႊင္တက္ၾကြေစပါတယ္။ အဲ့ဒါေၾကာင့္ ခ်ီးမြမ္းေပးဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္  မခ်ီးမြမ္းခင္ သူ႔ရဲ႕ပံုစံကို ေသခ်ာေလ့လာပါ။   သူနဲ႔ မလုိက္ဖက္တဲ့ ပံုစံမ်ိဳးလုပ္လာရင္ေတာ့ မခ်ီးက်ဴးဘဲ အသာေလးၿငိမ္ေနလိုက္တာ ပိုေကာင္းပါလိမ့္မယ္။
အသိအမွတ္ျပဳေပးပါ

အသိအမွတ္ျပဳေပးပါ

ကိုယ့္ရဲ႕ ႏွလံုးသားကို အရည္ေပ်ာ္ဆင္းသြားေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ေယာက္်ားတစ္ေယာက္ကို ေမြးထုတ္ေပးထားတဲ့ သူပဲေလ။ သူ႔မွာလည္း ကိုယ္ပိုင္ အရည္အခ်င္းနဲ႔ ေကာင္းကြက္ေတြ အမ်ားႀကီး ရွိေနပါတယ္။ လူတုိင္းက အရည္အခ်င္းရွိခ်င္ ေကာင္းကြက္ေတြ မ်ားခ်င္ၾကၿပီး ေန႔စဥ္လုပ္ငန္းေတြမွာ မိသားစုအတြက္ အသံုးဝင္သူေတြျဖစ္ခ်င္ၾကပါတယ္။

အထူးသျဖင့္ လူႀကီးေတြေပါ့။ ကိုယ့္ရဲ႕ေယာကၡမ ကို သူက ဒီမိသားစုအတြက္ အေရးပါတဲ့သူတစ္ေယာက္ျဖစ္တယ္ဆုိတဲ့ ခံစားခ်က္မ်ဳိးကို ျဖစ္ေပၚေစဖို႔ သူ႔ရဲ႕ေကာင္းကြက္နဲ႔ အရည္အခ်င္းေတြကို ေဖာ္ထုတ္ အသိအမွတ္ျပဳေပးပါ။ ဥပမာ – ေမေမနဲ႔တူလို႔ ေမာင္က စည္းကမ္းရွိတဲ့ ေယာက္်ားတစ္ေယာက္ ျဖစ္ေနတာ။

သမီး သိပ္ကံေကာင္းတာပဲ ဆိုတာမ်ိဳးေပါ့။ အဲ့လို စကားမ်ိဳး ေျပာတဲ့အခါ စေနာက္သလို အေလးအနက္ မထားသလို မေျပာရဘူးေနာ္။  စိတ္ပါလက္ပါေျပာပါ။ တတ္ႏုိင္သေလာက္လည္း  အ႐ိုးသားဆံုး အမူအရာျဖစ္ေနရပါမယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ့်ရဲ့ နှလုံးသားကို အရည်ပျော်ဆင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို မွေးထုတ်ပေးထားတဲ့ သူမို့ သူ့မှာလည်း ကောင်းကွက်တွေ အများကြီး ရှိနေပါတယ်

ယောက္ခမချစ်တဲ့ ချွေးမ ဖြစ်ဖို့

မိန်းကလေး တစ်ယောက်အနေနဲ့ အိမ်ထောင်ကျပြီးသွားလို့ ချွေးမတစ်ယောက် ဖြစ်သွားတဲ့ အခါ ယောက္ခမရဲ့ အချစ်ခံရတယ်ဆိုရင် အဲ့မိန်းကလေးက သိန်းဆုပေါက်တာထက် ကံကောင်းတယ်လို့ ပြောပါရစေ။

အိမ် ထောင်တစ်ခုမှာ ကိုယ့်ရဲ့ ယောက္ခနဲ့သာ ဆက်ဆံရေး ကောင်းနေမယ် ဆိုရင် အိမ်ထောင်ရေး သာယာအေးချမ်း တည်မြဲဖို့ (၅၀) ရာခိုင်နှုန်းလောက် သေချာသွားပြီမို့ ယောက္ခမရဲ့ အချစ်ကို ရဖို့ကလည်း ကြိုးစားသင့်ပါတယ်။ Marry ရဲ့ သတို့သမီးလေးတွေကိုတော့ သိန်းထီပေါက်တာထက် ကံကောင်းတဲ့ ယောက္ခမရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်သူလေး ဖြစ်အောင်လို့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်။

ချီးကျူးပေးပါ

ကိုယ် အကြိုက်ဆုံး အဝတ်အစားကို ဝတ်ထားတဲ့အခါ လူတွေက သတိထားမိပြီး ချီးမွမ်းကြရင် သဘောကျတယ်လေ။ ယောက္ခမလည်း အဲဒီလိုပဲပေါ့။ ယောက္ခမက သူအကြိုက်ဆုံး ဝတ်စုံကို ဝတ်ဆင်တဲ့အခါ အမှုမဲ့အမှုတ်မဲ့၊ ဘာမှမထူးခြားသလို ပုံစံမျိုး မနေပါနဲ့။ အဲဒီလို အသေးအဖွဲလေးတွေကို ဂရုတစိုက်ရှိမှုက သင့်ယောက္ခမရဲ့စိတ်ကို ပျော်ရွှင်တက်ကြွစေပါတယ်။ အဲ့ဒါကြောင့် ချီးမွမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်  မချီးမွမ်းခင် သူ့ရဲ့ပုံစံကို သေချာလေ့လာပါ။   သူနဲ့ မလိုက်ဖက်တဲ့ ပုံစံမျိုးလုပ်လာရင်တော့ မချီးကျူးဘဲ အသာလေးငြိမ်နေလိုက်တာ ပိုကောင်းပါလိမ့်မယ်။
အသိအမှတ်ပြုပေးပါ

အသိအမှတ်ပြုပေးပါ

ကိုယ့်ရဲ့ နှလုံးသားကို အရည်ပျော်ဆင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို မွေးထုတ်ပေးထားတဲ့ သူပဲလေ။ သူ့မှာလည်း ကိုယ်ပိုင် အရည်အချင်းနဲ့ ကောင်းကွက်တွေ အများကြီး ရှိနေပါတယ်။ လူတိုင်းက အရည်အချင်းရှိချင် ကောင်းကွက်တွေ များချင်ကြပြီး နေ့စဉ်လုပ်ငန်းတွေမှာ မိသားစုအတွက် အသုံးဝင်သူတွေဖြစ်ချင်ကြပါတယ်။

အထူးသဖြင့် လူကြီးတွေပေါ့။ ကိုယ့်ရဲ့ယောက္ခမ ကို သူက ဒီမိသားစုအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေဖို့ သူ့ရဲ့ကောင်းကွက်နဲ့ အရည်အချင်းတွေကို ဖော်ထုတ် အသိအမှတ်ပြုပေးပါ။ ဥပမာ – မေမေနဲ့တူလို့ မောင်က စည်းကမ်းရှိတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတာ။

သမီး သိပ်ကံကောင်းတာပဲ ဆိုတာမျိုးပေါ့။ အဲ့လို စကားမျိုး ပြောတဲ့အခါ စနောက်သလို အလေးအနက် မထားသလို မပြောရဘူးနော်။  စိတ်ပါလက်ပါပြောပါ။ တတ်နိုင်သလောက်လည်း  အရိုးသားဆုံး အမူအရာဖြစ်နေရပါမယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top