iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ့္ေယာက်ာ္း အိမ္ျမဲၿပီး ကိုယ့္အနားမွာပဲ အျမဲရွိေစခ်င္တဲ့ ဇနီးတို႔အေနနဲ႔ Marry က ေျပာျပထားတဲ့အခ်က္ေလးေတြ လုပ္ေဆာင္ေပးၾကည့္ေနာ္။

အိမ္ရွင္မေလးတို႔အေနနဲ႔ အိမ္ေထာင္သက္လာၾကာတဲ့အခါမွာ ကိုယ့္ေယာက်ာ္းက အိမ္မကပ္ဘူး၊ အျပင္မွာပဲ အျမဲေနခ်င္တယ္ဆိုတာမ်ိဳး ႀကံဳလာႏိုင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ ကိုယ့္ေယာက်္ားအိမ္မွာ ျမဲေစဖို႔အတြက္ အိမ္ရွင္မေလးတို႔ ေဆာင္ရ ေရွာင္ရမွာေလးေတြ ရွိပါတယ္။ ဒီတစ္ခါမွာေတာ့ Marry က အိမ္ရွင္မေလးတို႔ ေရွာင္ရမွာေတြကို ေျပာျပမယ္ေနာ္။
ကိစၥတိုင္းကို ျပႆနာလုိ႔ ျမင္တာ

မိန္းကေလးေတြရဲ႕ အဓိက ျပႆနာကလည္း စိတ္ပူတတ္တာ၊ စိုးရိမ္တတ္တာ၊ ပြစိပြစိလုပ္တာနဲ႔ ကိစၥတိုင္းကို ျပႆနာအႀကီးႀကီးတစ္ခု အျဖစ္ ေတြးျမင္တတ္တာပါ။ ဒီေတ့ာ အိမ္က ပူပင္တာေတြ ျဖစ္ၿပီး မေအးခ်မ္းတာေတြ ျဖစ္တာေၾကာင့္ ေယာက်္ားေတာ္ေတ္ာမ်ားမ်ားက အိမ္ကပ္တဲ့အခ်ိန္ နည္းလာတတ္ပါတယ္။ ဒါေၾကာင့္ ဘယ္ကိစၥကိုမဆို ေအးေအးခ်မ္းခ်မ္း ေျဖရွင္းၿပီး ပူညံပူညံ လုပ္တာေတြ ေလွ်ာ့ပါ။ အရမ္းညဥ္းတြားတတ္တာေတြ ေရွာင္ပါ။
အေသးစိတ္ ခ်ဳပ္ခ်ယ္တာ

ဘယ္သူမဆို ခ်စ္လို႔ ဂရုစိုက္တာကို လက္ခံႏိုင္ေပမယ့္ အေသးစိတ္ ခ်ဳပ္ခ်ယ္လြန္းတာကိုေတာ့ မႀကိဳက္ၾကပါဘူး။ ေယာက်ာ္းေလးေတြမွာလည္း အေပါင္းအသင္းေတြနဲ႔ အျပင္ထြက္ခ်င္တာ၊ ဘယ္သြားမွာလဲ၊ ဘာလုပ္မွာလဲ၊ ဘယ္အခ်ိန္ျပန္လာမွာလဲ အစရွိသလို မသြားရေသးဘူး ေမးခြန္းေပါင္းမ်ားစြာနဲ႔ စိတ္ညစ္ေအာင္ ေျပာတာက ေယာက်္ားကို စိတ္ညစ္ေစတဲ့ အေၾကင္းအရာပါ။

အေသးစိတ္ခ်ဳပ္ခ်ယ္တာေတြ ေလွ်ာ့ခ်ပါ။ အျပင္သြားတဲ့အခါမွာလည္း ဘယ္သူနဲ႔ ဘယ္ေနရာသြားတယ္ ဘယ္ေတာ့ေလာက္ ျပန္လာမယ္ဆိုတာေလာက္ပဲ ေမးပါ။ ဖုန္းဆက္ရင္ ကိုင္ဖို႔ေတာ့ ႀကိဳတင္ေျပာထားလိုက္ပါေနာ္။

အသံုးစရိတ္

ကိုယ့္ေယာက်ာ္းရဲ႕ အသံုးစရိတ္ကို အတိအက် အတင္းႀကီး ကန္႔သတ္တာ၊ ပိုက္ဆံ နည္းနည္းေလး သံုးမိတာနဲ႔ စိတ္ဆိုးမာန္ဆိုး ေျပာတာေတြက အိမ္ေထာင္ေရး မသာယာမႈေတြ ျဖစ္ေစၿပီး အိမ္မျမဲေစတာေတြ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ အထိုက္အေလ်ာက္ေတာ့ ေပးသံုးပါေနာ္။

ဖုန္းေတြ စစ္တာ

သဝန္တိုတာက ခ်စ္လို႔ဆိုေပမယ့္ အတိုင္းအတာတစ္ခုထိပဲ သဝန္တိုပါေနာ္။ ကိုယ္က ဖုန္းေတြ စစ္မယ္၊ စာေတြလည္း ေတာက္ေလွ်ာက္ စစ္ေနတာက ပူေလာင္မႈေတြ ျဖစ္ၿပီး သူ႔ကို အျမဲေစာင့္ၾကည့္ေနတယ္လုိ႔ ခံစားမိရင္ ေယာက်္ားက အိမ္ကို ျပန္လာခ်င္မွာ မဟုတ္ပါဘူးေနာ္။

အိမ္မႈကိစၥေတြ မပ်က္ကြက္ပါနဲ႔

အိမ္ရွင္မေလးေတြအေနနဲ႔ အလုပ္လည္း လုပ္ရတယ္ဆိုရင္ေတာင္ အိမ္မႈကိစၥေတြကို မေမ့ထားပါနဲ႔ေနာ္။ ပိတ္ရက္ေလးေတြမွာေတာ့ ထမင္းဟင္းခ်က္ေကၽြးတာမ်ိဳး လုပ္ေပးေန္ာ။
မျပင္မဆင္ ေနတာ

အလွအပကုိ မႀကိဳက္တဲ့သူဆိုတာ ရွိေတာင္ ရွိမွာ မဟုတ္ပါဘူး။ အိမ္ေထာင္သက္ၾကာသြားတဲ့အခါမွာ အလွျပင္စရာ မလုိေတာ့ဘူးလို႔ ေတြးတတ္ၾကပါတယ္။ တကယ္ေတာ့ လွလွပပေလး ေနသင့္ပါတယ္ေနာ္။ လွလွေလး ျပင္ဆင္ထားမွ ကိုယ့္ေယာက်ာ္းက ကိုယ့္အနားေနမွာပါ။

Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ့်ယောကျာ်း အိမ်မြဲပြီး ကိုယ့်အနားမှာပဲ အမြဲရှိစေချင်တဲ့ ဇနီးတို့အနေနဲ့ Marry က ပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်ပေးကြည့်နော်။

အိမ်ရှင်မလေးတို့အနေနဲ့ အိမ်ထောင်သက်လာကြာတဲ့အခါမှာ ကိုယ့်ယောကျာ်းက အိမ်မကပ်ဘူး၊ အပြင်မှာပဲ အမြဲနေချင်တယ်ဆိုတာမျိုး ကြုံလာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ယောကျ်ားအိမ်မှာ မြဲစေဖို့အတွက် အိမ်ရှင်မလေးတို့ ဆောင်ရ ရှောင်ရမှာလေးတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ Marry က အိမ်ရှင်မလေးတို့ ရှောင်ရမှာတွေကို ပြောပြမယ်နော်။
ကိစ္စတိုင်းကို ပြဿနာလို့ မြင်တာ

မိန်းကလေးတွေရဲ့ အဓိက ပြဿနာကလည်း စိတ်ပူတတ်တာ၊ စိုးရိမ်တတ်တာ၊ ပွစိပွစိလုပ်တာနဲ့ ကိစ္စတိုင်းကို ပြဿနာအကြီးကြီးတစ်ခု အဖြစ် တွေးမြင်တတ်တာပါ။ ဒီတေ့ာ အိမ်က ပူပင်တာတွေ ဖြစ်ပြီး မအေးချမ်းတာတွေ ဖြစ်တာကြောင့် ယောကျ်ားတော်တေ်ာများများက အိမ်ကပ်တဲ့အချိန် နည်းလာတတ်ပါတယ်။ ဒါကြောင့် ဘယ်ကိစ္စကိုမဆို အေးအေးချမ်းချမ်း ဖြေရှင်းပြီး ပူညံပူညံ လုပ်တာတွေ လျှော့ပါ။ အရမ်းညဉ်းတွားတတ်တာတွေ ရှောင်ပါ။
အသေးစိတ် ချုပ်ချယ်တာ

ဘယ်သူမဆို ချစ်လို့ ဂရုစိုက်တာကို လက်ခံနိုင်ပေမယ့် အသေးစိတ် ချုပ်ချယ်လွန်းတာကိုတော့ မကြိုက်ကြပါဘူး။ ယောကျာ်းလေးတွေမှာလည်း အပေါင်းအသင်းတွေနဲ့ အပြင်ထွက်ချင်တာ၊ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ အစရှိသလို မသွားရသေးဘူး မေးခွန်းပေါင်းများစွာနဲ့ စိတ်ညစ်အောင် ပြောတာက ယောကျ်ားကို စိတ်ညစ်စေတဲ့ အကြေင်းအရာပါ။

အသေးစိတ်ချုပ်ချယ်တာတွေ လျှော့ချပါ။ အပြင်သွားတဲ့အခါမှာလည်း ဘယ်သူနဲ့ ဘယ်နေရာသွားတယ် ဘယ်တော့လောက် ပြန်လာမယ်ဆိုတာလောက်ပဲ မေးပါ။ ဖုန်းဆက်ရင် ကိုင်ဖို့တော့ ကြိုတင်ပြောထားလိုက်ပါနော်။

အသုံးစရိတ်

ကိုယ့်ယောကျာ်းရဲ့ အသုံးစရိတ်ကို အတိအကျ အတင်းကြီး ကန့်သတ်တာ၊ ပိုက်ဆံ နည်းနည်းလေး သုံးမိတာနဲ့ စိတ်ဆိုးမာန်ဆိုး ပြောတာတွေက အိမ်ထောင်ရေး မသာယာမှုတွေ ဖြစ်စေပြီး အိမ်မမြဲစေတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အထိုက်အလျောက်တော့ ပေးသုံးပါနော်။

ဖုန်းတွေ စစ်တာ

သဝန်တိုတာက ချစ်လို့ဆိုပေမယ့် အတိုင်းအတာတစ်ခုထိပဲ သဝန်တိုပါနော်။ ကိုယ်က ဖုန်းတွေ စစ်မယ်၊ စာတွေလည်း တောက်လျှောက် စစ်နေတာက ပူလောင်မှုတွေ ဖြစ်ပြီး သူ့ကို အမြဲစောင့်ကြည့်နေတယ်လို့ ခံစားမိရင် ယောကျ်ားက အိမ်ကို ပြန်လာချင်မှာ မဟုတ်ပါဘူးနော်။

အိမ်မှုကိစ္စတွေ မပျက်ကွက်ပါနဲ့

အိမ်ရှင်မလေးတွေအနေနဲ့ အလုပ်လည်း လုပ်ရတယ်ဆိုရင်တောင် အိမ်မှုကိစ္စတွေကို မမေ့ထားပါနဲ့နော်။ ပိတ်ရက်လေးတွေမှာတော့ ထမင်းဟင်းချက်ကျွေးတာမျိုး လုပ်ပေးနေ်ာ။
မပြင်မဆင် နေတာ

အလှအပကို မကြိုက်တဲ့သူဆိုတာ ရှိတောင် ရှိမှာ မဟုတ်ပါဘူး။ အိမ်ထောင်သက်ကြာသွားတဲ့အခါမှာ အလှပြင်စရာ မလိုတော့ဘူးလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ လှလှပပလေး နေသင့်ပါတယ်နော်။ လှလှလေး ပြင်ဆင်ထားမှ ကိုယ့်ယောကျာ်းက ကိုယ့်အနားနေမှာပါ။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top