iMyanmarHouse.com - Best Property Website for Myanmar
×


အလွတရားေတြ ျပည့္ေနရမယ့္ သတို႔သမီးေလးေတြ အတြက္ကေတာ့ ပန္ဒါ မ်က္ဝန္းေလးေတြဆိုတာ ရန္သူပဲ ျဖစ္ပါတယ္။ မိတ္ကပ္ျပင္တဲ့အခ်ိန္မွာ မ်က္ကြင္းေလးက ညိဳညိဳ ျဖစ္ေနမယ္ ဆိုရင္ေတာ့ အလွဆံုး သတို႔သမီးေလး ျဖစ္ရမွာ မဟုတ္ဘူးေနာ္။ Marry ရဲ႕ သတို႔သမီးေလးတို႔အတြက္ကေတာ့ Marry က မ်က္ကြင္းညိဳတာကို အျမန္ဆံုး ေပ်ာက္ေစမယ့္နည္းလမ္းေလးမ်ားကို ေျပာျပေပးခ်င္ပါတယ္။

အခု ေျပာျပေပးမယ့္နည္းေလးေတြကို သံုးၿပီး မ်က္တြင္းညိဳတာေတြကို အႏိုင္ယူလိုက္ပါေနာ္။ မဂၤလာပြဲမွာ အလွဆံုးျဖစ္ဖို႔ ကိုလည္း ေျပာျပထားပါတယ္။

Tea Bags ေလးမ်ား

အခုေနာက္ပိုင္း ေခတ္စားလာတာကေတာ့ Tea Bags ေလးေတြဆိုတဲ့ လက္ဖက္ရည္ အထုတ္ေလးေတြပဲ ျဖစ္ပါတယ္။ ပံုစံအစံု အရသာ အစံု႐ွိတဲ့လက္ဖက္ရည္ထုတ္ေလးေတြကို ေရေအးမွာ စိမ္ၿပီး ေအးေအးေလးေတြကို မ်က္လံုးေတြ အေပၚမွာ ကပ္ေပးပါ။ ဒီလို ျပဳလုပ္ေပးတာကေတာ့ မ်က္ကြင္းညိဳတာကို သက္သာ ေပ်ာက္ကင္းေစႏိုင္သလို မ်က္လံုးကိုက္တာေတြကိုလည္း သက္သာေစႏိုင္ပါေသးတယ္။

သခြါးသီး

သခြါးသီးကလည္း မ်က္ကြင္းညိဳတာေတြ အတြက္ အေကာင္းဆံုးအရာေတြထဲက တစ္ခုပါ။ သခြါးသီးကို ခပ္ထူထူေလး လွီးၿပီး မ်က္လံုးေတြ အေပၚမွာ ကပ္ေပးပါ။ မ်က္ကြင္းညိဳတာကုိ သက္သာေစႏိုင္သလို မ်က္လံုးေအာက္က အရစ္ေလးေတြ ျဖစ္ေပၚေနတာကိုလည္း သက္သာေစႏိုင္ပါတယ္။ မ်က္ကြင္းညိဳတာေတြကို ေပ်ာက္ကင္းဖို႔ အတြက္ကိုေတာ့ ညတိုင္း သခြါးသီးကို မွန္မွန္ ကပ္ေပးပါေနာ္။

ႏြားႏို႔

ႏြားႏို႔ အစိမ္းကို ေရခဲေသတၱာထဲ အေအးခံလိုက္ပါ။ ၿပီးရင္ ဝါဂြမ္းလံုးေလးနဲ႔ ႏြားႏို႔ေအးေလးေတြကို စြတ္ၿပီး မ်က္ကြင္း တစ္ဝိုက္ကို သုတ္လိမ္းေပးပါ။ မ်က္လံုးေလးေတြကို ပိတ္ထားပါ။ မိနစ္ (၁၀) – (၁၅ ) မိနစ္ေလာက္ ထားၿပီးရင္ေတာ့ မ်က္ႏွာျပန္သစ္ေပးလိုက္ပါ။ ဒီနည္းေလးကိုလညး္ ေန႔တိုင္း ျပဳလုပ္ေပးႏိုင္ပါတယ္။

အခု ေျပာျပေပးထားတဲ့နည္းေလးေတြထဲက အဆင္အေျပဆံုးနည္းကိုု ေ႐ြးခ်ယ္ၿပီး မ်က္ကြင္းညိဳတာေတြကို ႏႈတ္ဆက္လိုက္ပါေနာ္။

Credit:marry

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အလှတရားတွေ ပြည့်နေရမယ့် သတို့သမီးလေးတွေ အတွက်ကတော့ ပန်ဒါ မျက်ဝန်းလေးတွေဆိုတာ ရန်သူပဲ ဖြစ်ပါတယ်။ မိတ်ကပ်ပြင်တဲ့အချိန်မှာ မျက်ကွင်းလေးက ညိုညို ဖြစ်နေမယ် ဆိုရင်တော့ အလှဆုံး သတို့သမီးလေး ဖြစ်ရမှာ မဟုတ်ဘူးနော်။ Marry ရဲ့ သတို့သမီးလေးတို့အတွက်ကတော့ Marry က မျက်ကွင်းညိုတာကို အမြန်ဆုံး ပျောက်စေမယ့်နည်းလမ်းလေးများကို ပြောပြပေးချင်ပါတယ်။

အခု ပြောပြပေးမယ့်နည်းလေးတွေကို သုံးပြီး မျက်တွင်းညိုတာတွေကို အနိုင်ယူလိုက်ပါနော်။ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်ဖို့ ကိုလည်း ပြောပြထားပါတယ်။

Tea Bags လေးများ

အခုနောက်ပိုင်း ခေတ်စားလာတာကတော့ Tea Bags လေးတွေဆိုတဲ့ လက်ဖက်ရည် အထုတ်လေးတွေပဲ ဖြစ်ပါတယ်။ ပုံစံအစုံ အရသာ အစုံရှိတဲ့လက်ဖက်ရည်ထုတ်လေးတွေကို ရေအေးမှာ စိမ်ပြီး အေးအေးလေးတွေကို မျက်လုံးတွေ အပေါ်မှာ ကပ်ပေးပါ။ ဒီလို ပြုလုပ်ပေးတာကတော့ မျက်ကွင်းညိုတာကို သက်သာ ပျောက်ကင်းစေနိုင်သလို မျက်လုံးကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

သခွါးသီး

သခွါးသီးကလည်း မျက်ကွင်းညိုတာတွေ အတွက် အကောင်းဆုံးအရာတွေထဲက တစ်ခုပါ။ သခွါးသီးကို ခပ်ထူထူလေး လှီးပြီး မျက်လုံးတွေ အပေါ်မှာ ကပ်ပေးပါ။ မျက်ကွင်းညိုတာကို သက်သာစေနိုင်သလို မျက်လုံးအောက်က အရစ်လေးတွေ ဖြစ်ပေါ်နေတာကိုလည်း သက်သာစေနိုင်ပါတယ်။ မျက်ကွင်းညိုတာတွေကို ပျောက်ကင်းဖို့ အတွက်ကိုတော့ ညတိုင်း သခွါးသီးကို မှန်မှန် ကပ်ပေးပါနော်။

နွားနို့

နွားနို့ အစိမ်းကို ရေခဲသေတ္တာထဲ အအေးခံလိုက်ပါ။ ပြီးရင် ဝါဂွမ်းလုံးလေးနဲ့ နွားနို့အေးလေးတွေကို စွတ်ပြီး မျက်ကွင်း တစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ မျက်လုံးလေးတွေကို ပိတ်ထားပါ။ မိနစ် (၁၀) – (၁၅ ) မိနစ်လောက် ထားပြီးရင်တော့ မျက်နှာပြန်သစ်ပေးလိုက်ပါ။ ဒီနည်းလေးကိုလည်း နေ့တိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

အခု ပြောပြပေးထားတဲ့နည်းလေးတွေထဲက အဆင်အပြေဆုံးနည်းကို ရွေးချယ်ပြီး မျက်ကွင်းညိုတာတွေကို နှုတ်ဆက်လိုက်ပါနော်။

Credit:marry

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top