iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version# ဖြင့်ဖတ်ပါ ။
ကျေးလက် ဒေသများအတွက် ယခုတိုင် တန်ဖိုးထား ထိန်းသိမ်းကြသော အသက်ကယ် နည်းလမ်းလေးများ ဖြစ်ပါတယ်။ ယနေ့အခါတွင် ခေတ်မှီ ဆေးဝါးများဖြင့် မြွေဆိပ် ကို နိုင်နင်းနေပြီ ဖြစ်သော် လည်း ဝေးလံ ခေါင်ပါးသည့် အချို့ တောနယ်နေ ပြည်သူတို့ အတွက် လွန်စွာ အသုံးဝင် ပါလိမ့််မည်။
မြွေကိုက် ပိုးထိခြင်းသည် မြို့မှာထက် ကျေးလက် ဒေသများတွင် ပို၍ အဖြစ်များ တတ်ပါသည်။
အဆိပ်ရှိ မြွေဆိုးများ အကိုက်ခံရပြီ ဆိုပါလျှင် အစွယ်ရာ နှစ်ခု ထင်ကျန်ရစ်တတ်ပါသည်။ ထိုသို့ ဖြစ်ပါလျှင် ကိုယ်ငွေ့ရသော အိမ်ကြက်ဥ (၁) လုံးကို အစွယ်ရာ ထင်ကျန်သည့် အကွာအဝေးအတိုင်း ကြက်ဥကို အပေါက်နှစ်ပေါက် ထိပ်ကိုဖေါက်ပြိး မြွေကိုက် ဒဏ်ရာပေါ် အုပ်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကြက်ဥကို ကိုင်ထားရန် မလိုပဲ အဝတ် အကူအညီဖြင့် ဖေးထားပါက ကြက်ဥသည် အဆိပ်ကို စုပ်ယူနေသည့် အတွက် မလဲပါဟု ဆိုပါသည်။
(၁၀) မိနစ်လောက် အတွင်း ကြက်ဥကို ခွဲကြည့်လိုက်ပါက အထဲတွင် တစ်လုံးလုံး အဆိပ်များနှင့် မည်းနက် နေပါလိမ့်မည်။ ယင်းနည်းဖြင့် ကုသခဲ့သော ပိုးထိ လူနာတစ်ယောက်အား ဆေးရုံရောက်ရှိ စစ်ဆေးစဉ် ကိုယ်ထဲတွင် အဆိပ်မရှိတော့သည်ကို ကြုံဖူးခဲ့ပါသည်ဟု ဆိုပါသည်။
နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ ကြက်ဥဖြင့် မြွေဆိပ်စုပ် ယူနည်း (လေးလေး) ရေးထားခြင်းမှ ထုတ်နုတ် ဖေါ်ပြပါသည်။
လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေ…။
Credit: ရဲမျိုးသူ (ဗောဓိမြိုင်)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top