iMyanmarHouse.com - Best Property Website for Myanmar
×






ကျန်းမာရေး

# Unicode Version # ဖြင့် ဖတ်ပါ #


အားကစားလေ့ကျင့်ခန်းမလုပ်မီ ရေ ၅၀၀ စီစီ ( ရေသန်ဘူးဝက် ) မျှကို၂-၃ နာရီ လောက် စောသောက်ရပါမယ် ။သွေးပူလေ့ကျင့်ခန်းလုပ်ချိန် ( လေ့ကျင့်ခန်း မစမီ နာရီဝက် ) မှာရေ ၂၄၀စီစီ ( အချိုရေဘူး ၁ဘူးစာ) သောက်နိုင်ပါတယ် ။

လေ့ကျင့်ခန်းခန်းလုပ်နေစဉ် ၁၀-၂၀ မိနစ်တိုင်းမှာ ရေ ၂၄၀ စီစီ သောက်နိုင်ပါတယ် ။လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်းမှာ ရေ ၂၄၀ စီစီ သောက်နိုင်ပါတယ် ။ ဒါက ရေသောက်နည်း လမ်းညွှန်ဖြစ်ပါတယ် ။

နေပူထဲကပြန်လာလျှင်ဖြစ်စေ ၊ လေ့ကျင့်ခန်းလုပ်နေစဉ်ဖြစ်စေရေပမာဏ များများကို မြန်မြန်ကြီး သောက်မိလျှင် အန္တရာယ်ရှိပါတယ် ။ရေဟာ သွေးတွင်းက ဆိုဒီယမ်ဆားဓါတ်ကို လျင်မြန်စွာ ကျဆင်းသွားစေပါတယ် ။ ဒါကို ဆားဓါတ်လျော့ကျခြင်း hyponatremia သို့မဟုတ် ရေယစ်မူးခြင်း Water intoxication လို့ ခေါ်ပါတယ် ။ ၎င်းအခြေအနေဟာ သေစေနိုင်သည်ထိ ဆိုးရွားတတ်ပါတယ် ။

Credit:ဒေါက်တာမြင့်သိန်း

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top