iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ဝန္းေလးကို ၾကည့္လိုက္တာနဲ႔ မ်က္ေတာင္ေမႊးေလး ထူထဲ႐ွည္လ်ားေနတာမ်ိဳး မျဖစ္ခ်င္ၾကဘူးလား႐ွင့္။ သူမ်ားေတြ မ်က္ေတာင္ေမႊးေလး ထူထဲလွပေနတာျမင္ေတာ့ ကိုယ့္ဆီမွာလည္း အဲ့လို ထူထဲ႐ွည္လ်ားတဲ့ မ်က္ေတာင္ေမႊးေလးေတြ႐ွိရင္ ေကာင္းမွာပဲလို႔ စိတ္ကူးယဥ္တတ္ၾကတဲ့ ပ်ိဳပ်ိဳေမတို႔ရဲ႕ စိတ္ကူးအိပ္မက္ကို အမွန္တကယ္ အေကာင္အထည္ေဖာ္ဖို႔အခ်ိန္ က်ေရာက္လို႔လာပါၿပီ။

ဘယ္လိုနည္းလမ္းေလးေတြနဲ႔ အေကာင္အထည္ေဖာ္လို႔ရမလဲဆိုတာကို ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

အုန္းဆီ

အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ဝါဂြမ္းစေလးတို႔ပဲ လိုအပ္ပါတယ္။ အရင္ဦးဆံုး မ်က္ေတာင္ေမႊးကို သန္႔စင္ေအာင္ ေဆးေၾကာထားပါ။ ဝါဂြမ္းစေလးကို အုန္းဆီထဲထည့္ႏွစ္လိုက္ၿပီး အေပၚမ်က္ေတာင္ေမႊးနဲ႔ ေအာက္မ်က္ေတာင္ေမႊးေလးေတြကို သုတ္လိမ္းေပးလိုက္ပါ။ မ်က္လံုးထဲ အုန္းဆီမဝင္ဖို႔ကိုေတာ့ ေသခ်ာဂ႐ုစိုက္ေပးရပါမယ္။ တစ္ညသိပ္ထားၿပီး မနက္ေရာက္မွ မ်က္ႏွစ္သစ္လိုက္ပါ။ ဒီနည္းလမ္းကို ညအိပ္ရာဝင္ခါနီးတိုင္း ျပဳလုပ္ေပးရပါမယ္။

ၾကက္ဥ

Source: Brightside.me

ၾကက္ဥ ၁ လံုးႏွင့္ ဂလစ္စရင္းအလွဆီ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ကို သမေအာင္ ေရာေမႊလိုက္ပါ။ ထို႔ေနာက္ ထိုအေရာအေႏွာကို မ်က္ေတာင္ေမႊးေတြေပၚ သုတ္လိမ္းေပးလိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္ခန္႔ မွန္မွန္ျပဳလုပ္ေပးမယ္ဆိုရင္ မ်က္ေတာင္ေမႊးကြ်တ္ျခင္းတို႔ကို ရပ္တန္႔ေစၿပီး မ်က္ေတာင္ေမႊးေတြ ထူထဲလာပါလိမ့္မယ္။

ဗီတာမင္အီး ေဆးေတာင့္

ဗီတာမင္အီးေဆးေတာင့္ကို ေန႔စဥ္မွန္မွန္မွီဝဲျခင္းက မ်က္ေတာင္ေမႊးအတြက္တင္မကဘဲ ဆံေကသာက်န္းမာလွပဖို႔အတြက္ပါ အလြန္အသံုးတည့္ပါတယ္။

သံပု႐ိုခြံ

သံပု႐ိုသီး တစ္လံုး (သို႔) ႏွစ္လံုးကို အခြံခြာၿပီး ဖန္ပုလင္းေသးေသးေလးထဲ ထည့္ထားလိုက္ပါ။ ထိုဖန္ပုလင္းထဲသုိ႔ အုန္းဆီ (သို႔) သံလြင္ဆီ စားပြဲတင္ဇြန္း တစ္ဇြန္းထည့္ၿပီးေနာက္ ဇြန္းတစ္ေခ်ာင္းအသံုးျပဳၿပီး သံပု႐ိုခြံေလးမ်ားကို ဖိခ်လိုက္ပါ။ တစ္ညေလာက္ စိမ္ထားလိုက္ပါ။

ေနာက္တစ္ေန႔မနက္မွာေတာ့ ဝါဂြမ္းအသံုးျပဳၿပီး စိမ္ထားတဲ့အရည္မ်ားနဲ႔ မ်က္ေတာင္ေမႊးေလးေတြကို သုတ္လိမ္းေပးလိုက္ပါ (မ်က္လံုးထဲ မဝင္ေအာင္ ေသခ်ာဂ႐ုစိုက္ပါ)။ ႏွစ္နာရီေလာက္ၾကာမွ မ်က္ႏွာသစ္လိုက္ပါ။ အိပ္ခါနီးလုပ္ခ်င္တယ္ဆိုရင္ေတာ့ တစ္ညလံုးသိပ္ထားၿပီး မနက္မွ မ်က္ႏွာသစ္လိုက္လည္း ရပါတယ္။

Vaseline အလွဆီ

ဝါဂြမ္းစေလးေတြကို Vaseline အလွဆီျဖင့္ သုတ္လိမ္းၿပီးေနာက္ မ်က္ေတာင္ေမႊးမ်ားနဲ႔ အေပၚမ်က္ခြံ၊ ေအာက္မ်က္ခြံတို႔ကို သုတ္လိမ္းေပးလိုက္ပါ။ တစ္ညခန္႔ သိပ္ထားၿပီး မနက္ေရာက္မွ မ်က္ႏွာသစ္လိုက္ပါ။ ဒီနည္းလမ္းကို အိပ္ရာဝင္ခါနီးတိုင္း ျပဳလုပ္ေပးမယ္ဆိုရင္ မ်က္ေတာင္ေမႊးကြ်တ္တဲ့အျဖစ္မ်ိဳးနဲ႔ ကင္းေဝးၿပီး မ်က္ေတာင္ေမႊးေတြ ႐ွည္လ်ားထူထဲလာပါလိမ့္မယ္။

Credit:mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မျက်ဝန်းလေးကို ကြည့်လိုက်တာနဲ့ မျက်တောင်မွှေးလေး ထူထဲရှည်လျားနေတာမျိုး မဖြစ်ချင်ကြဘူးလားရှင့်။ သူများတွေ မျက်တောင်မွှေးလေး ထူထဲလှပနေတာမြင်တော့ ကိုယ့်ဆီမှာလည်း အဲ့လို ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေရှိရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်တတ်ကြတဲ့ ပျိုပျိုမေတို့ရဲ့ စိတ်ကူးအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့အချိန် ကျရောက်လို့လာပါပြီ။

ဘယ်လိုနည်းလမ်းလေးတွေနဲ့ အကောင်အထည်ဖော်လို့ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အုန်းဆီ

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဝါဂွမ်းစလေးတို့ပဲ လိုအပ်ပါတယ်။ အရင်ဦးဆုံး မျက်တောင်မွှေးကို သန့်စင်အောင် ဆေးကြောထားပါ။ ဝါဂွမ်းစလေးကို အုန်းဆီထဲထည့်နှစ်လိုက်ပြီး အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးလေးတွေကို သုတ်လိမ်းပေးလိုက်ပါ။ မျက်လုံးထဲ အုန်းဆီမဝင်ဖို့ကိုတော့ သေချာဂရုစိုက်ပေးရပါမယ်။ တစ်ညသိပ်ထားပြီး မနက်ရောက်မှ မျက်နှစ်သစ်လိုက်ပါ။ ဒီနည်းလမ်းကို ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရပါမယ်။

ကြက်ဥ

Source: Brightside.me

ကြက်ဥ ၁ လုံးနှင့် ဂလစ်စရင်းအလှဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ထိုအရောအနှောကို မျက်တောင်မွှေးတွေပေါ် သုတ်လိမ်းပေးလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးကျွတ်ခြင်းတို့ကို ရပ်တန့်စေပြီး မျက်တောင်မွှေးတွေ ထူထဲလာပါလိမ့်မယ်။

ဗီတာမင်အီး ဆေးတောင့်

ဗီတာမင်အီးဆေးတောင့်ကို နေ့စဉ်မှန်မှန်မှီဝဲခြင်းက မျက်တောင်မွှေးအတွက်တင်မကဘဲ ဆံကေသာကျန်းမာလှပဖို့အတွက်ပါ အလွန်အသုံးတည့်ပါတယ်။

သံပုရိုခွံ

သံပုရိုသီး တစ်လုံး (သို့) နှစ်လုံးကို အခွံခွာပြီး ဖန်ပုလင်းသေးသေးလေးထဲ ထည့်ထားလိုက်ပါ။ ထိုဖန်ပုလင်းထဲသို့ အုန်းဆီ (သို့) သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးနောက် ဇွန်းတစ်ချောင်းအသုံးပြုပြီး သံပုရိုခွံလေးများကို ဖိချလိုက်ပါ။ တစ်ညလောက် စိမ်ထားလိုက်ပါ။

နောက်တစ်နေ့မနက်မှာတော့ ဝါဂွမ်းအသုံးပြုပြီး စိမ်ထားတဲ့အရည်များနဲ့ မျက်တောင်မွှေးလေးတွေကို သုတ်လိမ်းပေးလိုက်ပါ (မျက်လုံးထဲ မဝင်အောင် သေချာဂရုစိုက်ပါ)။ နှစ်နာရီလောက်ကြာမှ မျက်နှာသစ်လိုက်ပါ။ အိပ်ခါနီးလုပ်ချင်တယ်ဆိုရင်တော့ တစ်ညလုံးသိပ်ထားပြီး မနက်မှ မျက်နှာသစ်လိုက်လည်း ရပါတယ်။

Vaseline အလှဆီ

ဝါဂွမ်းစလေးတွေကို Vaseline အလှဆီဖြင့် သုတ်လိမ်းပြီးနောက် မျက်တောင်မွှေးများနဲ့ အပေါ်မျက်ခွံ၊ အောက်မျက်ခွံတို့ကို သုတ်လိမ်းပေးလိုက်ပါ။ တစ်ညခန့် သိပ်ထားပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးကျွတ်တဲ့အဖြစ်မျိုးနဲ့ ကင်းဝေးပြီး မျက်တောင်မွှေးတွေ ရှည်လျားထူထဲလာပါလိမ့်မယ်။

Credit:mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top