iMyanmarHouse.com - Best Property Website for Myanmar
×

ဘုရားပရဝဏ္အတြင္းမွာ စုံတြဲေတြဟာ ေနရာအႏွံ႔ ခ်ိန္းေတြ႕ေနၾကပါတယ္။ ဘုရားဆုိလုိ႔လည္း သတိမထား၊ ဘုန္းႀကီးရဟန္းေရွ႕မွာလည္း ရွက္ရမွန္းမသိ၊ လူႀကီးသူမေရွ႕ ဆုိလုိ႔လည္း အာရုံမစိုက္ဘဲ ေန႔ခင္းေၾကာင္ေတာင္မွာ ျဖစ္ခ်င္တုိင္းျဖစ္ေနၾကပါတယ္။

သမီးရည္းစားဆုိတာ မ်က္စိကြယ္ရာ နားကြယ္ရာ ခ်ိ္န္းေတြ႕တာ သဘာဝျဖစ္ေပမယ့္ ဘာသာေရး အေဆာက္အဦး အတြင္းမွာ ျဖစ္ပ်က္ေနတာ မသင့္ေတာ္လြန္းပါဘူး။ ဒီေနရာမွာ အဂါရဝတရား (၆) ပါး အေၾကာင္းကုိ နည္းနည္း ေျပာခ်င္ပါတယ္။ အဂါရဝဆုိတာ မေလးစားတာ၊ တန္ဖုိးမထားတာကုိ ေခၚပါတယ္။

(၁) ဘုရားေရွ႕မွာ မေလးမစားျပဳမိျခင္း၊
(၂) တရားေတာ္ကုိ မေလးမစားျပဳမိျခင္း
(၃) သံဃာေတာ္ကုိ မေလးမစားျပဳမိျခင္း
(၄) ကုိယ္က်င့္တရားကုိ တန္ဖုိးမထားျခင္း
(၅) ကုသုိလ္တရားကုိ မေမ့ရဘူးဆုိတဲ့ အပၸမာဒတရားေပၚမွာ မေလးမစားျပဳမိျခင္းနဲ႔
(၆) မိတ္ေဆြအခ်င္းခ်င္း မေလးမစားျပဳမိျခင္းကုိ ေခၚပါတယ္။

ေလးစားျမတ္ႏုိးထုိက္တဲ့ အရာေတြကုိ မေလးမစားျပဳမိရင္ လက္ရွိဘဝမွာလည္း ကံမေကာင္းတတ္သလုိ သံသရာအတြက္ လည္း အပယ္ငရဲက်ေရာက္တတ္ပါတယ္။

ဘုရားဝင္း၊ ေက်ာင္းဝင္းအတြင္းမွာ ခ်ိန္းေတြ႕တယ္ဆုိတာ အဂါရဝတရား (၆) ပါးထဲမွာ အႀကီးဆုံးျဖစ္တဲ့ ဗုဒၶဘုရားကုိ မေလးမစားျပဳမိတဲ့အက်ိဳးထဲမွာ ပါဝင္ပါတယ္။

ကုသုိလ္ကံနဲ႔ အကုသုိလ္ကံ (၂) မ်ိဳးထဲမွာ အကုသုိလ္ကံဆုိတာ လက္ရွိဘဝမွာ ခ်က္ခ်င္းအက်ိဳးေပးတတ္တဲ့ ဒိ႒ဓမၼေဝဒနိယကံ အမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။

ဘုရားဝင္း၊ ေက်ာင္းဝင္းအတြင္းမွာ မဖြယ္မရာျပဳလုပ္တဲ့ စုံတြဲေတြဟာ ယခုဘဝမွာတင္ ေသကြဲရွင္ကြဲ ကြဲတတ္သလုိ အိမ္ေထာင္က်သြားရင္လည္း အိမ္ေထာင္ေရးမခုိင္ျမဲတတ္ပါဘူးလုိ႔သာ ဆုိခ်င္ပါတယ္။ ဟီရိၾသတပၸ တရား ကင္းမဲ့တဲ့ အျပဳအမူျဖစ္တဲ့အတြက္ လူႀကီးသူမေတြအေနနဲ႔ ေျပာဆုိဆုံးမသင့္ပါတယ္။

ကုိးကား ။ ။ ဆရာေတာ္မ်ား၏ ၾသဝါဒေတာ္မ်ား ေပါင္းခ်ဳပ္

Credit:  ေက်ာ္စိုးေအာင္ (အကၡရာ)
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘုရားပရဝဏ်အတွင်းမှာ စုံတွဲတွေဟာ နေရာအနှံ့ ချိန်းတွေ့နေကြပါတယ်။ ဘုရားဆိုလို့လည်း သတိမထား၊ ဘုန်းကြီးရဟန်းရှေ့မှာလည်း ရှက်ရမှန်းမသိ၊ လူကြီးသူမရှေ့ ဆိုလို့လည်း အာရုံမစိုက်ဘဲ နေ့ခင်းကြောင်တောင်မှာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။

သမီးရည်းစားဆိုတာ မျက်စိကွယ်ရာ နားကွယ်ရာ ချိန်းတွေ့တာ သဘာဝဖြစ်ပေမယ့် ဘာသာရေး အဆောက်အဦး အတွင်းမှာ ဖြစ်ပျက်နေတာ မသင့်တော်လွန်းပါဘူး။ ဒီနေရာမှာ အဂါရဝတရား (၆) ပါး အကြောင်းကို နည်းနည်း ပြောချင်ပါတယ်။ အဂါရဝဆိုတာ မလေးစားတာ၊ တန်ဖိုးမထားတာကို ခေါ်ပါတယ်။

(၁) ဘုရားရှေ့မှာ မလေးမစားပြုမိခြင်း၊
(၂) တရားတော်ကို မလေးမစားပြုမိခြင်း
(၃) သံဃာတော်ကို မလေးမစားပြုမိခြင်း
(၄) ကိုယ်ကျင့်တရားကို တန်ဖိုးမထားခြင်း
(၅) ကုသိုလ်တရားကို မမေ့ရဘူးဆိုတဲ့ အပ္ပမာဒတရားပေါ်မှာ မလေးမစားပြုမိခြင်းနဲ့
(၆) မိတ်ဆွေအချင်းချင်း မလေးမစားပြုမိခြင်းကို ခေါ်ပါတယ်။

လေးစားမြတ်နိုးထိုက်တဲ့ အရာတွေကို မလေးမစားပြုမိရင် လက်ရှိဘဝမှာလည်း ကံမကောင်းတတ်သလို သံသရာအတွက် လည်း အပယ်ငရဲကျရောက်တတ်ပါတယ်။

ဘုရားဝင်း၊ ကျောင်းဝင်းအတွင်းမှာ ချိန်းတွေ့တယ်ဆိုတာ အဂါရဝတရား (၆) ပါးထဲမှာ အကြီးဆုံးဖြစ်တဲ့ ဗုဒ္ဓဘုရားကို မလေးမစားပြုမိတဲ့အကျိုးထဲမှာ ပါဝင်ပါတယ်။

ကုသိုလ်ကံနဲ့ အကုသိုလ်ကံ (၂) မျိုးထဲမှာ အကုသိုလ်ကံဆိုတာ လက်ရှိဘဝမှာ ချက်ချင်းအကျိုးပေးတတ်တဲ့ ဒိဋ္ဌဓမ္မဝေဒနိယကံ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

ဘုရားဝင်း၊ ကျောင်းဝင်းအတွင်းမှာ မဖွယ်မရာပြုလုပ်တဲ့ စုံတွဲတွေဟာ ယခုဘဝမှာတင် သေကွဲရှင်ကွဲ ကွဲတတ်သလို အိမ်ထောင်ကျသွားရင်လည်း အိမ်ထောင်ရေးမခိုင်မြဲတတ်ပါဘူးလို့သာ ဆိုချင်ပါတယ်။ ဟီရိသြတပ္ပ တရား ကင်းမဲ့တဲ့ အပြုအမူဖြစ်တဲ့အတွက် လူကြီးသူမတွေအနေနဲ့ ပြောဆိုဆုံးမသင့်ပါတယ်။

ကိုးကား ။ ။ ဆရာတော်များ၏ သြဝါဒတော်များ ပေါင်းချုပ်

Credit:  ကျော်စိုးအောင် (အက္ခရာ)
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top