iMyanmarHouse.com - Best Property Website for Myanmar
×


သိပ္ခ်စ္ၾကတဲ့ ခ်စ္သူ စံုတြဲေတြက အခ်ိန္ၾကာရင္ ဝလာတတ္ၾကပါတယ္တဲ့ ။ အံ့ဩစရာႀကီးေနာ္ ေလ့လာမႈေတြအရ အၿမဲ ေပ်ာ္ရႊင္ေနတဲ့ စံုတြဲေတြ ၊ ဇနီးေမာင္ႏွံေတြဟာ အေလးခ်ိန္ တက္လာပါတယ္တဲ့ ။

လက္ထပ္ထားေသာစံုတြဲမ်ား

ေျမာက္ကယ္လီဖိုးလီးယား တကၠသိုလ္က လူေပါင္း ၈၀၀၀ ေက်ာ္ကို ေလ့လာမႈ အၿပီးမွာေတာ့ အိမ္ေထာင္သည္ အမ်ဴိးသမီးေတြက လက္ထပ္ၿပီး ၅ ႏွစ္ကေန ၆ ႏွစ္ အတြင္း ပ်မ္းမွ်အားျဖင့္ ကိုယ္အေလးခ်ိန္၂၄ ေပါင္ တက္လာပါတယ္ ။ လက္မထပ္ရေသးတဲ့ အမ်ဳိးသမီးေတြက ကိုယ္အေလးခ်ိန္၂၂ ေပါင္ တက္လာပါတယ္ ။ ျပီးေတာ့ ရည္းစားနဲ႔ အတူတူမေနတဲ့ အမ်ဳိးသမီးေတြက ကိုယ္အေလးခ်ိန္ ၁၃ ေပါင္တက္ပါတယ္ ။

အမ်ဳိးသားေတြလည္း အတူတူ တက္ပါပဲ ။ ခ်စ္သူနဲ႔ လက္မထပ္ဘဲ ၇ ႏွစ္ထက္ ပိုၿပီး အတူေနတဲ့ အမ်ဳိးသားေတြက ေပါင္ ၅၀ ထိ တက္ႏိုင္ၿပီး အတူမေနတဲ့ အမ်ဴိးသားေတြက ၂၅ ေပါင္အထိ တက္ႏိုင္ပါတယ္ ။ အဲဒါေျကာင့္ ၾကည္ႏူးစရာေကာင္းတဲ့ အခ်စ္ေရးနဲ႔ ဝလာမႈက အေတာ္ႀကီးကို ဆက္စပ္ေနပါတယ္ ။ ႏွစ္ေတြအၾကာႀကီး တြဲလာတဲ့ စံုတြဲေတြမွာ ေဆးလိပ္ ၊ အရက္ျပတ္သြားၿပီး ပိုက်န္းမာလာတာလည္း ေတြ႕ရပါတယ္ ။

အသစ္စက္စက္ လက္ထပ္ထားေသာ စံုတြဲမ်ား

အမ်ဳိးသား က်န္းမာေရး တကၠသိုလ္ကလည္း အသစ္စက္စက္ လက္ထပ္ထားတဲ့ စံုတြဲေတြမွာ ကိုယ္အေလးခ်ိန္ တက္လာျခင္းက ဘယ္လို အက်ဳိးသက္ေရာက္မွာ ရိွလဲဆိုတာ ေလ့လာခဲ့ၾကပါတယ္ ။ အသစ္စက္စက္ လက္ထပ္ထားၿပီး ေပ်ာ္ရႊင္ေနတဲ့ စံုတြဲေတြက အေလးခ်ိန္ တက္ႏိုင္ပါတယ္ ။ ဘာေျကာင့္လဲ ဆိုေတာ့ တစ္ေယာက္ကို တစ္ေယာက္ ဆြဲေဆာင္မႈရိွေအာင္ ျပင္ဆင္ေနစရာ မလိုေတာ့လို႔ ျဖစ္ပါတယ္ ။ ဒါေပမယ့္ စိတ္ဖိစီးမႈ မ်ားရင္ေတာ့ ကိုယ္အေလးခ်ိန္ မတက္လာႏိုင္ပါဘူး ။ ကိုယ္အေလးခ်ိန္ တက္တယ္ဆိုတာ တစ္ဦးမွတစ္ဦး အလြယ္တကူ ကူးစက္တဲ့ ေရာဂါပါ ။



စံုတြဲေတြမွာ တစ္ေယာက္က အေလးခ်ိန္ တက္လာရင္ ေနာက္တစ္ေယာက္ကလည္း အေလးခ်ိန္ တက္လာဖို႔ ၃၇% ရိွလာပါတယ္ ။ ဘာေျကာင့္လဲဆိုေတာ့ တစ္ေယာက္နဲ့တစ္ေယာက္ အက်င့္ေတြ ကူးစက္သြားလို႔ပါ ။ အဆင္မေျပတဲ့ စံုတြဲေတြဟာ အခ်ိန္ေတြကို အတူမကုန္ဆံုးတတ္ၾကလို႔ အစားစားတဲ့ အေလ့အက်င့္ေတြ ကူးစက္ဖို႔ ခက္ခဲပါတယ္ ။

ေပ်ာ္ရႊင္ေနတဲ့ စံုတြဲေတြလည္း ျဖစ္ေပမယ့္လည္း ကိုယ္အေလးခ်ိန္ မတက္လာတဲ့ သူလည္း ရိွပါတယ္ ။ ဒီေလ့လာမႈေတြက အဝလြန္မႈကို တိုက္ဖ်က္ဖို႔ ႐ည္႐ြယ္ပါတယ္ ။ စံုတြဲေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ အေကာင္းျမင္မႈ ၊ နားလည္မႈ ၊ က်န္းမာမႈေတြက အေရးႀကီးပါတယ္ ။ ျပီးေတာ့ က်န္းမာေရး ညီၫြတ္ေအာင္ စားေသာက္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ေနဖို႔သာ ပိုအေရးႀကီးပါတယ္ ။

Credit:Zombie(Loveshortnotes)

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

သိပ်ချစ်ကြတဲ့ ချစ်သူ စုံတွဲတွေက အချိန်ကြာရင် ဝလာတတ်ကြပါတယ်တဲ့ ။ အံ့ဩစရာကြီးနော် လေ့လာမှုတွေအရ အမြဲ ပျော်ရွှင်နေတဲ့ စုံတွဲတွေ ၊ ဇနီးမောင်နှံတွေဟာ အလေးချိန် တက်လာပါတယ်တဲ့ ။

လက်ထပ်ထားသောစုံတွဲများ

မြောက်ကယ်လီဖိုးလီးယား တက္ကသိုလ်က လူပေါင်း ၈၀၀၀ ကျော်ကို လေ့လာမှု အပြီးမှာတော့ အိမ်ထောင်သည် အမျိူးသမီးတွေက လက်ထပ်ပြီး ၅ နှစ်ကနေ ၆ နှစ် အတွင်း ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန်၂၄ ပေါင် တက်လာပါတယ် ။ လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေက ကိုယ်အလေးချိန်၂၂ ပေါင် တက်လာပါတယ် ။ ပြီးတော့ ရည်းစားနဲ့ အတူတူမနေတဲ့ အမျိုးသမီးတွေက ကိုယ်အလေးချိန် ၁၃ ပေါင်တက်ပါတယ် ။

အမျိုးသားတွေလည်း အတူတူ တက်ပါပဲ ။ ချစ်သူနဲ့ လက်မထပ်ဘဲ ၇ နှစ်ထက် ပိုပြီး အတူနေတဲ့ အမျိုးသားတွေက ပေါင် ၅၀ ထိ တက်နိုင်ပြီး အတူမနေတဲ့ အမျိူးသားတွေက ၂၅ ပေါင်အထိ တက်နိုင်ပါတယ် ။ အဲဒါကြောင့် ကြည်နူးစရာကောင်းတဲ့ အချစ်ရေးနဲ့ ဝလာမှုက အတော်ကြီးကို ဆက်စပ်နေပါတယ် ။ နှစ်တွေအကြာကြီး တွဲလာတဲ့ စုံတွဲတွေမှာ ဆေးလိပ် ၊ အရက်ပြတ်သွားပြီး ပိုကျန်းမာလာတာလည်း တွေ့ရပါတယ် ။

အသစ်စက်စက် လက်ထပ်ထားသော စုံတွဲများ

အမျိုးသား ကျန်းမာရေး တက္ကသိုလ်ကလည်း အသစ်စက်စက် လက်ထပ်ထားတဲ့ စုံတွဲတွေမှာ ကိုယ်အလေးချိန် တက်လာခြင်းက ဘယ်လို အကျိုးသက်ရောက်မှာ ရှိလဲဆိုတာ လေ့လာခဲ့ကြပါတယ် ။ အသစ်စက်စက် လက်ထပ်ထားပြီး ပျော်ရွှင်နေတဲ့ စုံတွဲတွေက အလေးချိန် တက်နိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်ကို တစ်ယောက် ဆွဲဆောင်မှုရှိအောင် ပြင်ဆင်နေစရာ မလိုတော့လို့ ဖြစ်ပါတယ် ။ ဒါပေမယ့် စိတ်ဖိစီးမှု များရင်တော့ ကိုယ်အလေးချိန် မတက်လာနိုင်ပါဘူး ။ ကိုယ်အလေးချိန် တက်တယ်ဆိုတာ တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်တဲ့ ရောဂါပါ ။

စုံတွဲတွေမှာ တစ်ယောက်က အလေးချိန် တက်လာရင် နောက်တစ်ယောက်ကလည်း အလေးချိန် တက်လာဖို့ ၃၇% ရှိလာပါတယ် ။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကျင့်တွေ ကူးစက်သွားလို့ပါ ။ အဆင်မပြေတဲ့ စုံတွဲတွေဟာ အချိန်တွေကို အတူမကုန်ဆုံးတတ်ကြလို့ အစားစားတဲ့ အလေ့အကျင့်တွေ ကူးစက်ဖို့ ခက်ခဲပါတယ် ။

ပျော်ရွှင်နေတဲ့ စုံတွဲတွေလည်း ဖြစ်ပေမယ့်လည်း ကိုယ်အလေးချိန် မတက်လာတဲ့ သူလည်း ရှိပါတယ် ။ ဒီလေ့လာမှုတွေက အဝလွန်မှုကို တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ် ။ စုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက် အကောင်းမြင်မှု ၊ နားလည်မှု ၊ ကျန်းမာမှုတွေက အရေးကြီးပါတယ် ။ ပြီးတော့ ကျန်းမာရေး ညီညွတ်အောင် စားသောက်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့သာ ပိုအရေးကြီးပါတယ် ။

Credit:Zombie(Loveshortnotes)

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top