iMyanmarHouse.com - Best Property Website for Myanmar
×


အာရံုေၾကာ အားနည္းျခင္းဆိုတာ ဘာလဲ ေနာက္ဆက္တြဲဘာေတြ ျဖစ္လာႏိုင္လဲ

အာရံုေၾကာ အားနည္းေရာဂါ သည္ အာရံုေၾကာမ်ား ပ်က္စီးမႈ ေၾကာင့္ ျဖစ္ေသာ ေရာဂါျဖစ္ပါသည္ ။ အာရံုေၾကာမ်ား၏ တာဝန္မွာ ဦးေႏွာက္ႏွင့္ ပင္မ အာရံုေၾကာမၾကီးမွ သတင္းအခ်က္အလက္မ်ားကို ခႏၶာကုိယ္၏ က်န္ အစိတ္အပိုင္းမ်ားသုိ႔ ပို႔လႊတ္ေပးပါသည္ ။

ေရာဂါလကၡဏာမ်ားမွာ လက္မ်ား ၊ ေျခေထာက္မ်ား လႈပ္ရွားမႈ အားနည္းျခင္း ၊ ပင္အပ္ႏွင့္ ထုိးသကဲ့သုိ႔ စူးကနဲ ၊ ပူကနဲ ျဖစ္ျခင္း ၊ ထံုက်င္ျခင္း ၊ အထိမခံႏုိင္ ျဖစ္ျခင္းတုိ႔ ျဖစ္ပါသည္ ။ အခ်ိဳ႕လူနာမ်ားတြင္ ေခၽြးထြက္မမွန္ကန္ျခင္း ၊ အထုိင္အထ မိုက္ခနဲျဖစ္ျခင္း ၊ ဆီးဝမ္းႏွင့္ အစာေျခဆုိင္ရာ ျပႆနာမ်ား ၊ ေယာက်ာ္းမ်ား စြမ္းေဆာင္ရည္ အားနည္းျခင္းတုိ႔ ျဖစ္ႏုိင္ပါသည္ ။

ျဖစ္ေစေသာ အေၾကာင္းအရင္းမ်ားမွာ

ထိခိုက္ ဒဏ္ရာမ်ား ၊ ေရာဂါ ပိုးမ်ား ၊ ဇီဝျဖစ္စဥ္ ျပႆနာမ်ား ၊ ဆီးခ်ိဳေရာဂါ ၊ အရက္ေသာက္ျခင္း ၊ အာရံုေၾကာကို ဖိမိျခင္း ၊ Vitamin ခ်ိဳ႕တဲ့ျခင္း ၊ ရုိးတြင္းခ်ဥ္ဆီ ျပႆနာမ်ား ၊ အလုိအေလ်ာက္ ခုခံမႈအား ဆုိင္ရာေရာဂါမ်ား ၊ ေက်ာက္ကပ္ အသည္းေရာဂါမ်ား ၊ မ်ိဳးရုိးလုိက္ေသာ ေရာဂါမ်ား ၊ အဆိတ္အေတာက္မ်ား ထိေတြ႕မႈ တုိ႔ေၾကာင့္ ျဖစ္ႏုိင္ပါသည္ ။

ေနာက္ဆက္တြဲျပႆနာမ်ား

ထံုေနျခင္းေၾကာင့္ အေရျပားထိခိုက္ လြယ္ျခင္း ၊ အပူေလာင္လြယ္ျခင္း ၊ ထိခိုက္ရွနာျဖစ္လြယ္ျခင္း ၊ ပိုးဝင္လြယ္ျခင္း ၊ ဟန္ခ်က္မညီပဲ ေခ်ာ္လဲလြယ္ျခင္း ။

ေဆာင္ရန္ ေ႐ွာင္ရန္မ်ား

အာ႐ံုေၾကာအားေကာင္းေစေသာ ရဲယို ၊ ျမင္းခြာရြက္ ၊ ဒန္႔သလြန္ရြက္ ၊ ဆင္တုံးမႏြယ္တို႔ကုိ မၾကာခဏ စားေပးသင့္သည္ ။ ထုိ႔ျပင္ ငါးၾကင္း ၊ ငါးလူး ၊ ငါးသလဲထုိး တုိ႔ကုိ ကင္ပြန္းခ်ဥ္ရြက္ႏွင့္ ခ်က္စားျခင္း ၊ ေရွာက္သီးသုပ္ ၊ သံပရာသီးသုပ္တုိ႔ကုိ မၾကာခဏ စားေပးသင့္သည္ ။ မွ်တေသာ ၊ ေၾကညက္လြယ္ေသာ အာဟာရတုိ႔ကုိ စားေပးရမည္ ။ ေသြး အားေကာင္းေစေသာ အစားအစာ ၊ အသီးအႏွံမ်ားကုိလည္း စားသုံးေပးသင့္သည္ ။

အာ႐ံုေၾကာအားနည္း ေရာဂါတြင္ အေအးခံလြန္းျခင္း ၊ အေအးစာမ်ားကုိ လြန္စြာစားသုံးျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ၊ အစာကုိ အခ်ိန္မွန္ မစားျခင္း ၊ ကြမ္းစားျခင္း ၊ အတက္စာမ်ား အစားမ်ားျခင္း ၊ အိပ္ေရးပ်က္ခံျခင္း ၊ ပင္ပန္းေသာအလုပ္မ်ား လြန္စြာ လုပ္ကုိင္ျခင္းတုိ႔ကုိ ေရွာင္ၾကဥ္ရမည္ ။ အာ႐ံုေၾကာ အားနည္းေရာဂါကုိ သက္သာေစရန္အတြက္ သင့္ေလ်ာ္ေသာ ကုိယ္လက္လႈပ္ရွားမႈမ်ားကုိ ျပဳလုပ္ေပးသင့္သည္ ။

စားေသာက္ခ်ိန္ကုိ အခ်ိန္မွန္ေစျခင္း ၊ အခ်ိန္မွန္မွန္ အိပ္ျခင္း ၊ စိတ္ဖိစီးမႈ ေလ်ာ့နည္းေစရန္အတြက္ တရားထုိင္ျခင္း ၊ ေႏြးေႏြးေထြးေထြးႏွင့္ သန္႔ရွင္းလတ္ဆတ္ေသာ ေနရာတြင္ေနျခင္း ၊ နံနက္ေစာေစာတြင္ ေနပူဆာလႈံျခင္းတုိ႔ကုိ ျပဳလုပ္ေပးသင့္သည္ ။

Credit:မူရင္းေရးသားသူ

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အာရုံကြော အားနည်းခြင်းဆိုတာ ဘာလဲ နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်လဲ

အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည် ။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မ အာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန် အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည် ။

ရောဂါလက္ခဏာများမှာ လက်များ ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း ၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ ၊ ပူကနဲ ဖြစ်ခြင်း ၊ ထုံကျင်ခြင်း ၊ အထိမခံနိုင် ဖြစ်ခြင်းတို့ ဖြစ်ပါသည် ။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း ၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း ၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည် ။

ဖြစ်စေသော အကြောင်းအရင်းများမှာ

ထိခိုက် ဒဏ်ရာများ ၊ ရောဂါ ပိုးများ ၊ ဇီဝဖြစ်စဉ် ပြဿနာများ ၊ ဆီးချိုရောဂါ ၊ အရက်သောက်ခြင်း ၊ အာရုံကြောကို ဖိမိခြင်း ၊ Vitamin ချို့တဲ့ခြင်း ၊ ရိုးတွင်းချဉ်ဆီ ပြဿနာများ ၊ အလိုအလျောက် ခုခံမှုအား ဆိုင်ရာရောဂါများ ၊ ကျောက်ကပ် အသည်းရောဂါများ ၊ မျိုးရိုးလိုက်သော ရောဂါများ ၊ အဆိတ်အတောက်များ ထိတွေ့မှု တို့ကြောင့် ဖြစ်နိုင်ပါသည် ။

နောက်ဆက်တွဲပြဿနာများ

ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း ၊ အပူလောင်လွယ်ခြင်း ၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း ၊ ပိုးဝင်လွယ်ခြင်း ၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း ။

ဆောင်ရန် ရှောင်ရန်များ

အာရုံကြောအားကောင်းစေသော ရဲယို ၊ မြင်းခွာရွက် ၊ ဒန့်သလွန်ရွက် ၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည် ။ ထို့ပြင် ငါးကြင်း ၊ ငါးလူး ၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း ၊ ရှောက်သီးသုပ် ၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည် ။ မျှတသော ၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည် ။ သွေး အားကောင်းစေသော အစားအစာ ၊ အသီးအနှံများကိုလည်း စားသုံးပေးသင့်သည် ။

အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း ၊ အအေးစာများကို လွန်စွာစားသုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အစာကို အချိန်မှန် မစားခြင်း ၊ ကွမ်းစားခြင်း ၊ အတက်စာများ အစားများခြင်း ၊ အိပ်ရေးပျက်ခံခြင်း ၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည် ။ အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည် ။

စားသောက်ချိန်ကို အချိန်မှန်စေခြင်း ၊ အချိန်မှန်မှန် အိပ်ခြင်း ၊ စိတ်ဖိစီးမှု လျော့နည်းစေရန်အတွက် တရားထိုင်ခြင်း ၊ နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း ၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည် ။

Credit:မူရင်းရေးသားသူ

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top