iMyanmarHouse.com - Best Property Website for Myanmar
×


အလိုလိုေနရင္း ႏံုးခ်ိေနၿပီလား ။ အစားအေသာက္ ပ်က္ေနၿပီလား ။ အသည္း အားယုတ္ေလ်ာ့လာတဲ့လကၡဏာေတြ ျဖစ္ေနႏိုင္တယ္ေနာ္ ။ အသည္းမေကာင္းရင္ ဒါေလးေတြ ခံစားရတတ္ပါတယ္ ။ ႏံုးခ်ိတာ ၊ အစားအေသာက္ပ်က္တာ ၊ ဗိုက္ေရာင္တာ ၊ အသားဝါတာ ၊ ယားတာေတြ ျဖစ္လာတတ္ပါတယ္ ။ တန္ဖိုးထားရတဲ့ အသည္းေလး က်န္းမာေစဖို႔ မျဖစ္မေန လိုက္နာသင့္တဲ့အရာ (၅) ခ်က္က –

၁။ အရက္ လံုးဝျဖတ္ပါ ။ အရက္ဟာ အသည္းေျခာက္တာ အသည္း အဆီဖံုးေရာဂါနဲ႔ အသည္းကင္ဆာေတြထိ ျဖစ္သြားႏိုင္တဲ့ အဓိက အေၾကာင္းအရာပါ ၊ အသည္းေျခာက္ေရာဂါဆိုတာ အသည္းမွာ ဒဏ္ရာရၿပီး အမာရြတ္ႀကီးႀကီး က်န္တာကတစ္ဆင့္ အသည္းအလုပ္လုပ္ႏႈန္း တျဖည္းျဖည္း က်ဆင္းသြားတာ ျဖစ္ပါတယ္ ။ ေန႔စဥ္မေသာက္ပါနဲ႔ ၊ တစ္ပတ္ကို ႏွစ္ရက္ေလာက္အထိ ေ႐ွာင္ၾကည့္ပါဦး ။

၂။ အဝလြန္တာက ေနာက္အေၾကာင္းတစ္ခုပါ ။ ခါးပတ္လံုး တုတ္လာတာက အေရးႀကီးတဲ့ အသည္း အဆီဖံုးေရာဂါကို ဦးတည္ေနပါၿပီ ။ ခါးတုတ္ ဗိုက္ ထြက္ေနရင္ေတာ့ သတိသာထားေပေတာ့ ။

၃။ လူတိုင္းက ညီၫြတ္မွ်တတဲ့ အစားအစာေတာ့ စားရမွာပါပဲ ။ အသည္း အားေကာင္းေစတဲ့ အစားအစာေတြက – ပန္းေဂၚဖီစိမ္း ၊ ေဂၚဖီထုပ္ ၊ စပ်စ္သီး ၊ ဂရိတ္ဖ႐ုသီး တို႔ ျဖစ္ပါတယ္ ။ ဒါ့အျပင္ အမွ်င္ဓာတ္မ်ားတဲ့ သစ္သီးဝလံက အသည္း အဆီဖံုးတာကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္တယ္လို႔ ဆိုၾကပါတယ္ ။

၄။ အသည္းေရာင္ အသားဝါေရာဂါေတြက ကူးစက္တတ္တဲ့ ေရာဂါေတြပါ ။ ေသြးနဲ႔ ေသြးရည္ၾကည္မွတစ္ဆင့္ ကူးစက္ေသာ ဘီပိုးနဲ႔ စီပိုးဟာ နာတာ႐ွည္ အသည္းေျခာက္ေရာဂါနဲ႔ အသည္းကင္ဆာေတြကို ဦးတည္ေနပါတယ္ ။

၅။ စိတ္ဖိစီးမႈကို သိသိသာသာ ေလွ်ာ့ခ်ပါ ။ စိတ္ဖိစီးမႈေတြ ၊ ေသာကေတြ ၊ စိတ္ဓာတ္က်တာေတြက အသည္း အဆီဖံုးေစၿပီး အသည္းေရာဂါ အျပင္းေတြကိုပါ ျဖစ္ေစပါတယ္လို႔ ဆိုထားပါတယ္ ။ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ဖို႔ ေယာဂက်င့္ပါ ၊ တရားထိုင္ပါ ။

Credit:ဂ်ီပီငွက္ (ေဆး/မန္း)၊ DrMyanmar

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အလိုလိုနေရင်း နုံးချိနေပြီလား ။ အစားအသောက် ပျက်နေပြီလား ။ အသည်း အားယုတ်လျော့လာတဲ့လက္ခဏာတွေ ဖြစ်နေနိုင်တယ်နော် ။ အသည်းမကောင်းရင် ဒါလေးတွေ ခံစားရတတ်ပါတယ် ။ နုံးချိတာ ၊ အစားအသောက်ပျက်တာ ၊ ဗိုက်ရောင်တာ ၊ အသားဝါတာ ၊ ယားတာတွေ ဖြစ်လာတတ်ပါတယ် ။ တန်ဖိုးထားရတဲ့ အသည်းလေး ကျန်းမာစေဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့အရာ (၅) ချက်က –

၁။ အရက် လုံးဝဖြတ်ပါ ။ အရက်ဟာ အသည်းခြောက်တာ အသည်း အဆီဖုံးရောဂါနဲ့ အသည်းကင်ဆာတွေထိ ဖြစ်သွားနိုင်တဲ့ အဓိက အကြောင်းအရာပါ ၊ အသည်းခြောက်ရောဂါဆိုတာ အသည်းမှာ ဒဏ်ရာရပြီး အမာရွတ်ကြီးကြီး ကျန်တာကတစ်ဆင့် အသည်းအလုပ်လုပ်နှုန်း တဖြည်းဖြည်း ကျဆင်းသွားတာ ဖြစ်ပါတယ် ။ နေ့စဉ်မသောက်ပါနဲ့ ၊ တစ်ပတ်ကို နှစ်ရက်လောက်အထိ ရှောင်ကြည့်ပါဦး ။

၂။ အဝလွန်တာက နောက်အကြောင်းတစ်ခုပါ ။ ခါးပတ်လုံး တုတ်လာတာက အရေးကြီးတဲ့ အသည်း အဆီဖုံးရောဂါကို ဦးတည်နေပါပြီ ။ ခါးတုတ် ဗိုက် ထွက်နေရင်တော့ သတိသာထားပေတော့ ။

၃။ လူတိုင်းက ညီညွတ်မျှတတဲ့ အစားအစာတော့ စားရမှာပါပဲ ။ အသည်း အားကောင်းစေတဲ့ အစားအစာတွေက – ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ် ၊ စပျစ်သီး ၊ ဂရိတ်ဖရုသီး တို့ ဖြစ်ပါတယ် ။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့ သစ်သီးဝလံက အသည်း အဆီဖုံးတာကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ဆိုကြပါတယ် ။

၄။ အသည်းရောင် အသားဝါရောဂါတွေက ကူးစက်တတ်တဲ့ ရောဂါတွေပါ ။ သွေးနဲ့ သွေးရည်ကြည်မှတစ်ဆင့် ကူးစက်သော ဘီပိုးနဲ့ စီပိုးဟာ နာတာရှည် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေကို ဦးတည်နေပါတယ် ။

၅။ စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ချပါ ။ စိတ်ဖိစီးမှုတွေ ၊ သောကတွေ ၊ စိတ်ဓာတ်ကျတာတွေက အသည်း အဆီဖုံးစေပြီး အသည်းရောဂါ အပြင်းတွေကိုပါ ဖြစ်စေပါတယ်လို့ ဆိုထားပါတယ် ။ စိတ်ဖိစီးမှု လျှော့ချဖို့ ယောဂကျင့်ပါ ၊ တရားထိုင်ပါ ။

Credit:ဂျီပီငှက် (ဆေး/မန်း)၊ DrMyanmar

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top