iMyanmarHouse.com - Best Property Website for Myanmar
×

လူႀကီး လူငယ္မေရြး ႏွစ္ၿခိဳက္စြာ စားသံုးေနတဲ့ အစားအစာေတြထဲမွာ အာလူးကလည္း တစ္ခုအပါဝင္ပဲျဖစ္ပါတယ္။ ဒီလိုအရသာ႐ွိတ့ဲ အစားအစာက ပ်ိဳေမတို႔ရဲ႕ အသားအေရကို ႏူးညံ့ေခ်ာေမြ႔လာေအာင္လည္း ကူညီေပးႏိုင္သလို ၾကည္လင္ဝင္းပလာေအာင္လည္း ျပဳလုပ္ေပးႏိုင္တယ္ဆိုရင္ေရာ ပ်ိဳေမေလးတို႔ ယံုမွာလား။

မယံုဘူးဆိုရင္ေတာ့ လက္ေတြ႔စမ္းသပ္ၾကည့္လို႔ရေအာင္လို႔ အာလူးနဲ႔ ေပါင္းတင္လို႔ရမယ့္ နည္းလမ္းေလးေတြကို ေဝမွ်ေပးလိုက္တယ္ေနာ္။

အသားျဖဴခ်င္သူမ်ားအတြက္ အာလူးႏွင့္ ပ်ားရည္

အာလူးရည္ စားပြဲတင္ဇြန္း ၃ ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ လိုအပ္ပါမယ္။ ပါဝင္ပစၥည္းမ်ား အားလံုးကို သမေအာင္ ေရာေမႊၿပီးတဲ့ေနာက္မွာ မ်က္ႏွာနဲ႔ လည္ပင္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္၊ ၁၅ မိနစ္ခန္႔ ေျခာက္လာတဲ့အထိ ေစာင့္ေပးပါ။ ၿပီးမွ မ်က္ႏွာသစ္လိုက္ပါ။ အသားျဖဴခ်င္သူမ်ားအေနနဲ႔ ေန႔စဥ္မွန္မွန္ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

အသားအေရ ဝင္းလက္ေတာက္ေျပာင္ခ်င္သူမ်ားအတြက္ အာလူးႏွင့္ သံပု႐ိုရည္

အာလူးရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ သံပု႐ိုရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းတို႔ လိုအပ္ပါမယ္။ (ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္ခန္႔ ထပ္ထည့္လည္း ရပါတယ္) ပါဝင္ပစၥည္းမ်ား အားလံုးကို သမေအာင္ ေရာေမႊၿပီးတဲ့ေနာက္မွာ မ်က္ႏွာနဲ႔ လည္ပင္းေပၚမွာ သုတ္လိမ္းေပးပါ။ ၁၅ မိနစ္ခန္႔ ၾကာမွ ေရေဆးခ်လိုက္ပါ။ တစ္ရက္ျခား တစ္ခါ ျပဳလုပ္ေပးမယ္ဆိုရင္ ပ်ိဳေမေလးတို႔ရဲ႕ အသားအေရ Glow လာပါလိမ့္မယ္။

ဝက္ၿခံသမားေတြအတြက္ အာလူးႏွင့္ ခရမ္းခ်ဥ္သီး

အာလူးရည္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ခရမ္းခ်ဥ္သီး အရည္ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းတို႔ လိုအပ္ပါမယ္။ အာလူးနဲ႔ ခရမ္းခ်ဥ္သိးကို အရင္ေရာစပ္ၿပီးမွ ပ်ားရည္နဲ႔ ထပ္မံေရာစပ္ေပးလိုက္ပါ။ ထို႔ေနာက္ မ်က္ႏွာေပၚမွာ ညီညီညာညာသုတ္လိမ္းၿပီးေနာက္ ဝက္ၿခံေပါက္တဲ့ေနရာမွ ထူထူေလး လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ၾကာမွ မ်က္ႏွာသစ္လိုက္ပါ။ ဝက္ၿခံေပ်ာက္တဲ့အထိ တစ္ရက္တစ္ႀကိမ္ခန္႔ မွန္မွန္ျပဳလုပ္ေပးလိုက္ပါ။

Credit: mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူကြီး လူငယ်မရွေး နှစ်ခြိုက်စွာ စားသုံးနေတဲ့ အစားအစာတွေထဲမှာ အာလူးကလည်း တစ်ခုအပါဝင်ပဲဖြစ်ပါတယ်။ ဒီလိုအရသာရှိတဲ့ အစားအစာက ပျိုမေတို့ရဲ့ အသားအရေကို နူးညံ့ချောမွေ့လာအောင်လည်း ကူညီပေးနိုင်သလို ကြည်လင်ဝင်းပလာအောင်လည်း ပြုလုပ်ပေးနိုင်တယ်ဆိုရင်ရော ပျိုမေလေးတို့ ယုံမှာလား။

မယုံဘူးဆိုရင်တော့ လက်တွေ့စမ်းသပ်ကြည့်လို့ရအောင်လို့ အာလူးနဲ့ ပေါင်းတင်လို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်တယ်နော်။

အသားဖြူချင်သူများအတွက် အာလူးနှင့် ပျားရည်

အာလူးရည် စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပြီးတဲ့နောက်မှာ မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ခြောက်လာတဲ့အထိ စောင့်ပေးပါ။ ပြီးမှ မျက်နှာသစ်လိုက်ပါ။ အသားဖြူချင်သူများအနေနဲ့ နေ့စဉ်မှန်မှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အသားအရေ ဝင်းလက်တောက်ပြောင်ချင်သူများအတွက် အာလူးနှင့် သံပုရိုရည်

အာလူးရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သံပုရိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။ (ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ထပ်ထည့်လည်း ရပါတယ်) ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပြီးတဲ့နောက်မှာ မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ကြာမှ ရေဆေးချလိုက်ပါ။ တစ်ရက်ခြား တစ်ခါ ပြုလုပ်ပေးမယ်ဆိုရင် ပျိုမေလေးတို့ရဲ့ အသားအရေ Glow လာပါလိမ့်မယ်။

ဝက်ခြံသမားတွေအတွက် အာလူးနှင့် ခရမ်းချဉ်သီး

အာလူးရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ခရမ်းချဉ်သီး အရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါမယ်။ အာလူးနဲ့ ခရမ်းချဉ်သိးကို အရင်ရောစပ်ပြီးမှ ပျားရည်နဲ့ ထပ်မံရောစပ်ပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ညီညီညာညာသုတ်လိမ်းပြီးနောက် ဝက်ခြံပေါက်တဲ့နေရာမှ ထူထူလေး လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ကြာမှ မျက်နှာသစ်လိုက်ပါ။ ဝက်ခြံပျောက်တဲ့အထိ တစ်ရက်တစ်ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးလိုက်ပါ။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top