iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ထက္အသက္ႀကီးၿပီး အရမး္ခ်စ္တတ္တဲ့ ကိုကိုေတြနဲ႔ ခ်စ္ေနတဲ့ ေကာင္မေလးေတြဟာ အရမး္ကံေကာင္းသူေတြပါ။ ကိုကိုေတြဟာ အရာရာကို နားလည္သညး္ခံေပးၿပီး၊ သဲသဲလႈပ္ခ်စ္တတ္ၾကပါတယ္။ စိတ္ဓာတ္ေရးရာတည္ျငိမ္ရင့္က်က္သေလာက္ အသည္းက်ေတာ့ အရမး္ကို ႏုရြႏိုင္သူေတြပါ။ သူတုိ႔ဟာ သူမ်ားေတြအားက်ေလာက္တဲ့အထိ ဘယ္လိုေတာင္ခ်စ္တတ္လဲဆိုတာကို ေျပာျပမယ္ေနာ္။

(၁) ေခ်ာ႔ေမာ့ၿပီးပဲေျပာတယ္

အရမး္ခ်စ္တတ္တဲ့ ကိုကိုေတြဟာ ခ်စ္သူကို ဘယ္ေတာ့မွ ေလသံမာနဲ႔ စကားမေျပာတတ္ၾကပါဘူး။ အရာရာကို ေခ်ာ႔ေခ်ာ႔ေမာ့ေမာ့ စိတ္ရွည္ရွည္ေလးနဲ႔ ေျပာတတ္တဲ့သူေတြပါ။ ဆံုးမစရာရွိရင္လညး္ ေလသံေအးေအးေလးနဲ႔ နားဝင္ေအာင္ဆံုးမတတ္ၾကပါတယ္။ တစ္ခါတေလ ကိုယ္က အျပစ္လုပ္ထားလို႔ အဆူခံရမယ္ထင္ၿပီးေၾကာက္ေနရင္ေတာင္ မဆူတဲ့အျပင္ ဝမ္းနညး္သြားေလာက္ေအာင္ကို ခြင့္လႊတ္ၿပီး ၾကင္နာေပးတတ္ၾကပါတယ္။

(၂) အရမး္ဂ႐ုစိုက္တယ္

ခ်စ္သူေနမေကာင္းျဖစ္တာနဲ႔ ထိုင္မရထမရ၊ စိတ္ပူေပးတတ္ၾကတာ အရမး္ကိုခ်စ္တတ္တဲ့ ကိုိကုိိေတြပါ။ ခ်စ္သူကို ေဆးတိုက္တာ၊ ေစာင္ၿခံဳေပးတာ၊ အေႏြးထည္ဝတ္ေပးတာ၊ ဆန္ျပဳတ္ျပဳတ္တိုက္တာကအစ ပန္းကန္သိမး္တာကအဆံုး အားလံုးကို သူတို႔ကိုယ္တိုင္ လုပ္ေပးၾကပါတယ္။ အနားမွာမေနေပးႏိုင္ေတာင္ ဖုန္းတဂြမ္ဂြမ္ဆက္ၿပီး တဖြဖြဂ႐ုစိုက္ေပးႏိုင္သူေတြပါ။ အၿမဲတမ္း ေနမေကာငး္ျဖစ္ခ်င္ေလာက္ေအာင္ အရမ္းခ်စ္တတ္တဲ့ ကိုကိုေတြပါ။

(၃) ႀကိဳက္သေလာက္ဂ်ီက်လို႔ရတယ္

ကိုိကုိေတြဟာ အရမး္ကိုစိတ္ရွည္ၿပီး ဂ်ီက်လို႔အေကာင္းဆံုး၊ ရစ္လို႔အေကာင္းဆံုး သူေတြျဖစ္ပါတယ္။ သူတို႔သြားစရာတစ္ခုခုရွိလို႔၊ ဒါမွမဟုတ္ အေရးတႀကီးအျပင္ထြက္စရာရွိလို႔ မသြားခိုင္းဘဲ ဂ်ီက်ေနရင္ေတာင္ စိတ္မဆိုးတတ္ၾကပါဘူး။ မၾကာပါဘူး၊ ခ်က္ခ်င္းျပန္ခဲ့မယ္၊ မုန္႔ဝယ္ခဲ့မယ္၊ စိတ္မေကာက္နဲ႔ေနာ္ ဆိုၿပီး ခ်စ္သူကို စိတ္ေျပေအာင္လုပ္ၿပီးမွ သြားတတ္ၾကတဲ့သူေတြပါ။ သူတုိ႔ကို ဂ်ီက်ေနရတဲ့အခ်ိန္ကေတာ့ ကိုယ့္ရဲ႕ငယ္ဘဝကို ျပန္ေရာက္သြားသလိုကို ခံစားရမွာပါ။

(၄) သဝန္တိုတဲ့အခ်ိန္ဆိုရင္ဒီလိုပါ
ကိုကိုေတြက သဝန္မတိုတတ္တဲ့ ေရခဲတံုးႀကီးစတိုင္ေတြ ဖမ္းထားတတ္ၾကေပမယ့္ တကယ္တမ္းက အရမး္သဝန္တိုတတ္တဲ့သူေတြပါ။ ခ်စ္သူကို လက္ဖ်ားနဲ႔မေျပာနဲ႔ မ်က္လံုးနဲ႔ၾကည့္တာေတာင္ မႀကိဳက္ၾကပါဘူး။ ဒါေပမယ့္ ဘာမွမျဖစ္သလို ဟန္ေဆာင္တတ္ၾကပါတယ္။ ခ်စ္သူကို ရစ္လညး္မရစ္ခ်င္၊ သဝန္ကလည္းတိုနဲ႔ သူတုိ႔ကိုၾကည္႔ရတာ ကေလးဆိုးႀကီးနဲ႔တူျပီး အဲ့ဒီ့အခ်ိန္မွာ သြားစလိုက္ရင္ ေပါက္ကြဲသြားပါေတာ့တယ္။ အရမး္ခ်စ္ဖို႔ေကာင္းတဲ့ ကိုကိုေတြပါ။

(၅) သူ႔လက္ရာကိုမၾကာခဏစားရမယ္

အရမး္ခ်စ္တတ္တဲ့ကိုကုိေတြဟာ ဟင္းလည္းေကာင္းေကာင္းခ်က္တတ္ၾကပါတယ္။ ခ်စ္သူကို မၾကာခဏ လက္စြမး္ျပၿပီး ခ်က္ေကၽြးတတ္ၾကပါတယ္။ သူတုိ႔လက္ရာေလးကို ေကာင္းတယ္လို႔ေျပာလိုက္ရင္ အရမး္ေတြ ေက်နပ္ၿပီး ေနာက္လည္း အမ်ိဳးမ်ိဳးခ်က္ေကၽြးတတ္ၾကပါတယ္။ ခ်စ္သူကို လုပ္ေပးရလို႔ ညည္းညဴတာေတြလညး္မရွိသလို ေယာက်္ားအလုပ္မိန္းမအလုပ္ေတြမခြဲဘဲ ခ်စ္သူကို သည္းသည္းလႈပ္ဂ႐ုစိုက္ျပတတ္တဲ့ ကိုကိုေတြရဲ႕ ခ်စ္တတ္ပံုကေတာ့ အံ့မခန္းပါပဲ။

Credit: Em Em
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ့်ထက်အသက်ကြီးပြီး အရမ်းချစ်တတ်တဲ့ ကိုကိုတွေနဲ့ ချစ်နေတဲ့ ကောင်မလေးတွေဟာ အရမ်းကံကောင်းသူတွေပါ။ ကိုကိုတွေဟာ အရာရာကို နားလည်သည်းခံပေးပြီး၊ သဲသဲလှုပ်ချစ်တတ်ကြပါတယ်။ စိတ်ဓာတ်ရေးရာတည်ငြိမ်ရင့်ကျက်သလောက် အသည်းကျတော့ အရမ်းကို နုရွနိုင်သူတွေပါ။ သူတို့ဟာ သူများတွေအားကျလောက်တဲ့အထိ ဘယ်လိုတောင်ချစ်တတ်လဲဆိုတာကို ပြောပြမယ်နော်။

(၁) ချော့မော့ပြီးပဲပြောတယ်

အရမ်းချစ်တတ်တဲ့ ကိုကိုတွေဟာ ချစ်သူကို ဘယ်တော့မှ လေသံမာနဲ့ စကားမပြောတတ်ကြပါဘူး။ အရာရာကို ချော့ချော့မော့မော့ စိတ်ရှည်ရှည်လေးနဲ့ ပြောတတ်တဲ့သူတွေပါ။ ဆုံးမစရာရှိရင်လည်း လေသံအေးအေးလေးနဲ့ နားဝင်အောင်ဆုံးမတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်က အပြစ်လုပ်ထားလို့ အဆူခံရမယ်ထင်ပြီးကြောက်နေရင်တောင် မဆူတဲ့အပြင် ဝမ်းနည်းသွားလောက်အောင်ကို ခွင့်လွှတ်ပြီး ကြင်နာပေးတတ်ကြပါတယ်။

(၂) အရမ်းဂရုစိုက်တယ်

ချစ်သူနေမကောင်းဖြစ်တာနဲ့ ထိုင်မရထမရ၊ စိတ်ပူပေးတတ်ကြတာ အရမ်းကိုချစ်တတ်တဲ့ ကိုကိုတွေပါ။ ချစ်သူကို ဆေးတိုက်တာ၊ စောင်ခြုံပေးတာ၊ အနွေးထည်ဝတ်ပေးတာ၊ ဆန်ပြုတ်ပြုတ်တိုက်တာကအစ ပန်းကန်သိမ်းတာကအဆုံး အားလုံးကို သူတို့ကိုယ်တိုင် လုပ်ပေးကြပါတယ်။ အနားမှာမနေပေးနိုင်တောင် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး တဖွဖွဂရုစိုက်ပေးနိုင်သူတွေပါ။ အမြဲတမ်း နေမကောင်းဖြစ်ချင်လောက်အောင် အရမ်းချစ်တတ်တဲ့ ကိုကိုတွေပါ။

(၃) ကြိုက်သလောက်ဂျီကျလို့ရတယ်

ကိုကိုတွေဟာ အရမ်းကိုစိတ်ရှည်ပြီး ဂျီကျလို့အကောင်းဆုံး၊ ရစ်လို့အကောင်းဆုံး သူတွေဖြစ်ပါတယ်။ သူတို့သွားစရာတစ်ခုခုရှိလို့၊ ဒါမှမဟုတ် အရေးတကြီးအပြင်ထွက်စရာရှိလို့ မသွားခိုင်းဘဲ ဂျီကျနေရင်တောင် စိတ်မဆိုးတတ်ကြပါဘူး။ မကြာပါဘူး၊ ချက်ချင်းပြန်ခဲ့မယ်၊ မုန့်ဝယ်ခဲ့မယ်၊ စိတ်မကောက်နဲ့နော် ဆိုပြီး ချစ်သူကို စိတ်ပြေအောင်လုပ်ပြီးမှ သွားတတ်ကြတဲ့သူတွေပါ။ သူတို့ကို ဂျီကျနေရတဲ့အချိန်ကတော့ ကိုယ့်ရဲ့ငယ်ဘဝကို ပြန်ရောက်သွားသလိုကို ခံစားရမှာပါ။

(၄) သဝန်တိုတဲ့အချိန်ဆိုရင်ဒီလိုပါ
ကိုကိုတွေက သဝန်မတိုတတ်တဲ့ ရေခဲတုံးကြီးစတိုင်တွေ ဖမ်းထားတတ်ကြပေမယ့် တကယ်တမ်းက အရမ်းသဝန်တိုတတ်တဲ့သူတွေပါ။ ချစ်သူကို လက်ဖျားနဲ့မပြောနဲ့ မျက်လုံးနဲ့ကြည့်တာတောင် မကြိုက်ကြပါဘူး။ ဒါပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်တတ်ကြပါတယ်။ ချစ်သူကို ရစ်လည်းမရစ်ချင်၊ သဝန်ကလည်းတိုနဲ့ သူတို့ကိုကြည့်ရတာ ကလေးဆိုးကြီးနဲ့တူပြီး အဲ့ဒီ့အချိန်မှာ သွားစလိုက်ရင် ပေါက်ကွဲသွားပါတော့တယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ကိုကိုတွေပါ။

(၅) သူ့လက်ရာကိုမကြာခဏစားရမယ်

အရမ်းချစ်တတ်တဲ့ကိုကိုတွေဟာ ဟင်းလည်းကောင်းကောင်းချက်တတ်ကြပါတယ်။ ချစ်သူကို မကြာခဏ လက်စွမ်းပြပြီး ချက်ကျွေးတတ်ကြပါတယ်။ သူတို့လက်ရာလေးကို ကောင်းတယ်လို့ပြောလိုက်ရင် အရမ်းတွေ ကျေနပ်ပြီး နောက်လည်း အမျိုးမျိုးချက်ကျွေးတတ်ကြပါတယ်။ ချစ်သူကို လုပ်ပေးရလို့ ညည်းညူတာတွေလည်းမရှိသလို ယောကျ်ားအလုပ်မိန်းမအလုပ်တွေမခွဲဘဲ ချစ်သူကို သည်းသည်းလှုပ်ဂရုစိုက်ပြတတ်တဲ့ ကိုကိုတွေရဲ့ ချစ်တတ်ပုံကတော့ အံ့မခန်းပါပဲ။

Credit: Em Em
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top