iMyanmarHouse.com - Best Property Website for Myanmar
×


ၾကည္လင္ေနတဲ့အသားအေရရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အစားအေသာက္ကို ဆင္ျခင္ေပးတာနဲ႔ ေနေရာင္ျခည္ကို တိုက္႐ိုက္မထိေတြ႔ေအာင္ ဆင္ျခင္ေပးတာပဲ ျဖစ္ပါတယ္။

ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ မထိေတြ႕ေအာင္ ေနပါ

မဂၤလာပြဲေလးမွာ သတို႔သမီးေလးဆိုတာကေတာ့ အလွဆံုုး မင္းသမီးေလးပဲ ျဖစ္ေနရမွာပါ။ လွပတဲ့ေနရာမွာလည္း ေခါင္းအစ ေျခအဆံုး ၿပီးျပည့္စံုတဲ့အလွမ်ိဳးကို ပိုင္ဆိုင္ႏိုင္ဖို႔ အတြက္ကေတာ့ Marry က ေျပာျပေပးခ်င္ပါတယ္။ မဂၤလာပြဲေလးမွာ သတို႔သမီးေလးရဲ႕ အသားအေရၾကည္လင္ဖို႔အတြက္ ျပဳလုပ္ေပးရမယ့္အခ်က္ေလးေတြကုိ ေျပာျပေပးခ်င္ပါတယ္။
အစားအေသာက္ကို ဆင္ျခင္ပါ

အသားအေရေလးအတြက္ကေတာ့ စားသံုးတဲ့အစားအစာကေတာ့ အဓိက က်ပါတယ္။ စားခ်င္တာ စားလိုက္မယ္ ဆိုရင္ေတာ့ အသားအေရက ၾကည္လင္လွပႏိုင္မွာ မဟုတ္ပါဘူးေနာ္။ အစားအေသာက္ကို စားသံုးတဲ့အခ်ိန္မွာ အရသာျပင္းလြန္းတာေတြကို ေ႐ွာင္႐ွားရမွာပဲ ျဖစ္ပါတယ္။ ခ်ိဳလြန္းတာ၊ ခ်ဥ္လြန္းတာ၊ စပ္လြန္းတာေတြကေတာ့ အသားအေရေလးကုိ ထိခိုက္ေစႏိုင္တဲ့အတြက္ သတိျပဳေ႐ွာင္႐ွားေပးပါ။ အရသာ မျပင္းလြန္းတဲ့အစားအစာကို ပိုစားေပးပါ။ အသီးအ႐ြက္ေတြ အသီးအႏွံေတြကို မ်ားမ်ား စားေပးတာကေတာ့ အသားအေရ ၾကည္လင္လွပဖို႔အတြက္ အေကာင္းဆံုး ေ႐ြးခ်ယ္မႈပါ။

ၾကည္လင္ေနတဲ့အသားအေရေလးကို ရယူလိုက္ပါ (Photo:Lee Garrett)
ေနေရာင္ျခည္ကို တိုက္႐ိုက္ မထိေတြ႔ပါေစနဲ႔

ေနေရာင္ျခည္ဆိုတာကေတာ့ မနက္ခင္းမွာ ရ႐ွိတဲ့ေနေရာင္ျခည္ႏုႏုကလြဲလို႔ က်န္တဲ့အခ်ိန္ ရ႐ွိတဲ့ေနေရာင္ကေတာ့ အသားအေရကို ပ်က္စီးေစႏိုင္တဲ့ UVA နဲ႔ UVB ပါဝင္မႈႏႈန္း ျမင့္မားလွပါတယ္။ ေနေရာင္ျခည္နဲ႔ အသားအေရကို တုိက္႐ိုက္ မထိေတြ႕ပါေစနဲ႔။

အျပင္သြားမယ္ဆိုရင္ ေနေရာင္ကာ Cream & Lotion ေလးေတြကို လိမ္းေပးဖို႔ မေမ့ပါနဲ႔ေနာ္။ ထီး ၊ ဦးထုတ္ေဆာင္းတာတို႔ကိုလည္း ျပဳလုပ္ေပးပါ။ အသားအေရနဲ႔ မထိေတြ႕မိေအာင္ ကာကြယ္ရမယ့္ ေနေရာင္ျခည္ ကို သတိျပဳေပးတာကေတာ့ ၾကည္လင္ေနတဲ့အသားအေရေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ပါပဲ။

ၾကည္လင္ေနတဲ့အသားအေရရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အစားအေသာက္ကို ဆင္ျခင္ေပးတာနဲ႔ ေနေရာင္ျခည္ကို တိုက္႐ိုက္မထိေတြ႔ေအာင္ ဆင္ျခင္ေပးတာပဲ ျဖစ္ပါတယ္။ Marry ရဲ႕ သတို႔သမီးေလးတို႔လည္း ဒီအခ်က္ေလး ႏွစ္ခ်က္ကို သိထားေပးၿပီး ၾကည္လင္ေနတဲ့အသားအေရေလးကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ေဝမၽွ်လိုက္ရပါတယ္။

Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...




# Unicode Version # ျဖင့္ ဖတ္ပါ #


ကြည်လင်နေတဲ့အသားအရေရဲ့ လျှို့ဝှက်ချက်ကတော့ အစားအသောက်ကို ဆင်ခြင်ပေးတာနဲ့ နေရောင်ခြည်ကို တိုက်ရိုက်မထိတွေ့အောင် ဆင်ခြင်ပေးတာပဲ ဖြစ်ပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့အောင် နေပါ

မင်္ဂလာပွဲလေးမှာ သတို့သမီးလေးဆိုတာကတော့ အလှဆုံး မင်းသမီးလေးပဲ ဖြစ်နေရမှာပါ။ လှပတဲ့နေရာမှာလည်း ခေါင်းအစ ခြေအဆုံး ပြီးပြည့်စုံတဲ့အလှမျိုးကို ပိုင်ဆိုင်နိုင်ဖို့ အတွက်ကတော့ Marry က ပြောပြပေးချင်ပါတယ်။ မင်္ဂလာပွဲလေးမှာ သတို့သမီးလေးရဲ့ အသားအရေကြည်လင်ဖို့အတွက် ပြုလုပ်ပေးရမယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
အစားအသောက်ကို ဆင်ခြင်ပါ

အသားအရေလေးအတွက်ကတော့ စားသုံးတဲ့အစားအစာကတော့ အဓိက ကျပါတယ်။ စားချင်တာ စားလိုက်မယ် ဆိုရင်တော့ အသားအရေက ကြည်လင်လှပနိုင်မှာ မဟုတ်ပါဘူးနော်။ အစားအသောက်ကို စားသုံးတဲ့အချိန်မှာ အရသာပြင်းလွန်းတာတွေကို ရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။ ချိုလွန်းတာ၊ ချဉ်လွန်းတာ၊ စပ်လွန်းတာတွေကတော့ အသားအရေလေးကို ထိခိုက်စေနိုင်တဲ့အတွက် သတိပြုရှောင်ရှားပေးပါ။ အရသာ မပြင်းလွန်းတဲ့အစားအစာကို ပိုစားပေးပါ။ အသီးအရွက်တွေ အသီးအနှံတွေကို များများ စားပေးတာကတော့ အသားအရေ ကြည်လင်လှပဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ။

ကြည်လင်နေတဲ့အသားအရေလေးကို ရယူလိုက်ပါ (Photo:Lee Garrett)
နေရောင်ခြည်ကို တိုက်ရိုက် မထိတွေ့ပါစေနဲ့

နေရောင်ခြည်ဆိုတာကတော့ မနက်ခင်းမှာ ရရှိတဲ့နေရောင်ခြည်နုနုကလွဲလို့ ကျန်တဲ့အချိန် ရရှိတဲ့နေရောင်ကတော့ အသားအရေကို ပျက်စီးစေနိုင်တဲ့ UVA နဲ့ UVB ပါဝင်မှုနှုန်း မြင့်မားလှပါတယ်။ နေရောင်ခြည်နဲ့ အသားအရေကို တိုက်ရိုက် မထိတွေ့ပါစေနဲ့။

အပြင်သွားမယ်ဆိုရင် နေရောင်ကာ Cream & Lotion လေးတွေကို လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ ထီး ၊ ဦးထုတ်ဆောင်းတာတို့ကိုလည်း ပြုလုပ်ပေးပါ။ အသားအရေနဲ့ မထိတွေ့မိအောင် ကာကွယ်ရမယ့် နေရောင်ခြည် ကို သတိပြုပေးတာကတော့ ကြည်လင်နေတဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ပါပဲ။

ကြည်လင်နေတဲ့အသားအရေရဲ့ လျှို့ဝှက်ချက်ကတော့ အစားအသောက်ကို ဆင်ခြင်ပေးတာနဲ့ နေရောင်ခြည်ကို တိုက်ရိုက်မထိတွေ့အောင် ဆင်ခြင်ပေးတာပဲ ဖြစ်ပါတယ်။ Marry ရဲ့ သတို့သမီးလေးတို့လည်း ဒီအချက်လေး နှစ်ချက်ကို သိထားပေးပြီး ကြည်လင်နေတဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဝေမျျှလိုက်ရပါတယ်။

Credit:marry
အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top