iMyanmarHouse.com - Best Property Website for Myanmar
×


အမ်ားသံုး သန္႔စင္ခန္းေတြ အသံုးျပဳတဲ့အခါမွာ လူေတာ္ေတာ္မ်ားမ်ားက တစ္ရႈးသံုးတာထက္ လက္ကို အေျခာက္ခံၾကတာ ပိုမ်ားပါတယ္။ ဒီနည္းက စကၠဴေတြလည္း သိပ္မသံုးျဖစ္ေတာ့တဲ့အျပင္ ျမန္ျမန္ ေျခာက္ေစတာေၾကာင့္ ျဖစ္ပါတယ္။

ေရစိုေနတဲ့ လက္ကို တစ္ရႈးနဲ႔ သုတ္ျခင္း၊ လက္အေျခာက္ခံစက္ ေအာက္မွာထားၿပီး လက္အေျခာက္ခံျခင္းနဲ႔ လက္ကို Dyson စက္ၾကားထဲ ထည့္ၿပီး အေျခာက္ခံျခင္း – ဒီနည္း (၃) မ်ိဳးကို ႏႈိုင္းယွဥ္ ေလ့လာ ၾကည့္တဲ့အခါ တစ္ရႈးကို သံုးတာက လက္ အေျခာက္ခံစက္ သံုးတာထက္ အမ်ားႀကီး ပိုစိတ္ခ်ရတယ္္ဆိုၿပီး ေကာက္ခ်က္ ခ်ခဲ့ပါတယ္။

အေျခာက္ခံ စက္သံုးျခင္း

သန္႔စင္ခန္းက အထြက္မွာ ပိုးမႊားကင္းစင္ေအာင္ လက္ကို ဆပ္ျပာနဲ႔ ေဆးထားေပမယ့္ အေျခာက္ခံစက္နဲ႔ ေလမႈတ္လိုက္တဲ့ အခါမွာေတာ့ ဘက္တီးရီးယားနဲ႔ ပိုးမႊားေတြက ေလနဲ႔ အတူလြင့္ၿပီး ပါလာေတာ့မွာပါ။ ဘက္တီးရီးယား ေတြတင္ မဟုတ္ပါဘူး။ ေလက တစ္ဆင့္ ကူးစက္ႏိုင္တဲ့ အျခားကူးစက္ ေရာဂါပိုးေတြပါ ပ်ံ႕ႏွံ႔ေစမွာပါ။

ပိုးမႊားေတြက ပုံမွန္ထက္ အဆေပါင္း (၁၃၀၀) ဆ ပိုမိုလွ်င္ျမန္စြာနဲ႔ သင့္လက္မွာ လာကပ္ေစ ႏိုင္ပါတယ္။ အျခားလူမ်ားရဲ့ ပိုးမႊားေတြနဲ႔ မျမင္ႏုိင္တဲ့ ေရာဂါပိုးေတြလည္း ေရာေနာ ႏိုင္ၿပီး ဒီပိုးေတြက စက္ကေန (၁၀) ေပ အကြာအေဝး ပတ္လည္ ေလာက္ထိ ရွိေနမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မို႔လို႔ သန္႔စင္ခန္း ဝင္ၿပီးရင္ ဆပ္ျပာနဲ႔ ေဆးၿပီးသား ေရစိုေနတဲ့ လက္ကို ေလမႈတ္စက္မွာ အေျခာက္မခံ ပါနဲ႔ေတာ့။ ပိုးမႊားေတြ ကပ္ၿငိျခင္းမွ ကင္းေဝးေအာင္ တစ္ရႈးနဲ႔ သုတ္လိုက္ပါ။ တစ္ရႈး သံုးတာက အသန္႔ရွင္းဆံုး၊ ပိုးမႊား အကင္းစင္ဆံုးနဲ႔ အေကာင္းဆံုး ျဖစ္ပါတယ္။

Credit:original

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အများသုံး သန့်စင်ခန်းတွေ အသုံးပြုတဲ့အခါမှာ လူတော်တော်များများက တစ်ရှုးသုံးတာထက် လက်ကို အခြောက်ခံကြတာ ပိုများပါတယ်။ ဒီနည်းက စက္ကူတွေလည်း သိပ်မသုံးဖြစ်တော့တဲ့အပြင် မြန်မြန် ခြောက်စေတာကြောင့် ဖြစ်ပါတယ်။

ရေစိုနေတဲ့ လက်ကို တစ်ရှုးနဲ့ သုတ်ခြင်း၊ လက်အခြောက်ခံစက် အောက်မှာထားပြီး လက်အခြောက်ခံခြင်းနဲ့ လက်ကို Dyson စက်ကြားထဲ ထည့်ပြီး အခြောက်ခံခြင်း – ဒီနည်း (၃) မျိုးကို နှိုင်းယှဉ် လေ့လာ ကြည့်တဲ့အခါ တစ်ရှုးကို သုံးတာက လက် အခြောက်ခံစက် သုံးတာထက် အများကြီး ပိုစိတ်ချရတယ်ဆိုပြီး ကောက်ချက် ချခဲ့ပါတယ်။

အခြောက်ခံ စက်သုံးခြင်း

သန့်စင်ခန်းက အထွက်မှာ ပိုးမွှားကင်းစင်အောင် လက်ကို ဆပ်ပြာနဲ့ ဆေးထားပေမယ့် အခြောက်ခံစက်နဲ့ လေမှုတ်လိုက်တဲ့ အခါမှာတော့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေက လေနဲ့ အတူလွင့်ပြီး ပါလာတော့မှာပါ။ ဘက်တီးရီးယား တွေတင် မဟုတ်ပါဘူး။ လေက တစ်ဆင့် ကူးစက်နိုင်တဲ့ အခြားကူးစက် ရောဂါပိုးတွေပါ ပျံ့နှံ့စေမှာပါ။

ပိုးမွှားတွေက ပုံမှန်ထက် အဆပေါင်း (၁၃၀၀) ဆ ပိုမိုလျှင်မြန်စွာနဲ့ သင့်လက်မှာ လာကပ်စေ နိုင်ပါတယ်။ အခြားလူများရဲ့ ပိုးမွှားတွေနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေလည်း ရောနော နိုင်ပြီး ဒီပိုးတွေက စက်ကနေ (၁၀) ပေ အကွာအဝေး ပတ်လည် လောက်ထိ ရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မို့လို့ သန့်စင်ခန်း ဝင်ပြီးရင် ဆပ်ပြာနဲ့ ဆေးပြီးသား ရေစိုနေတဲ့ လက်ကို လေမှုတ်စက်မှာ အခြောက်မခံ ပါနဲ့တော့။ ပိုးမွှားတွေ ကပ်ငြိခြင်းမှ ကင်းဝေးအောင် တစ်ရှုးနဲ့ သုတ်လိုက်ပါ။ တစ်ရှုး သုံးတာက အသန့်ရှင်းဆုံး၊ ပိုးမွှား အကင်းစင်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။

Credit:original

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top