iMyanmarHouse.com - Best Property Website for Myanmar
×





ရင်ဘတ်ကြီးနဲ့ချစ်ပါ














Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

ချစ်သူတွေရဲ့ ချစ်ခရီးလမ်းအစဟာ ချိုမြိန်ခြင်းတွေနဲ့သာ အစပြုပါတယ်…

ချစ်သူတွေရဲ့ ချစ်ခရီးလမ်းအစဟာ
အစဉ်အမြဲ ချိုမြိန်ခြင်းတွေနဲ့သာ အစပြုပါတယ်
ဒါဆိုရင် ခါးသီးခြင်းတွေကရော ဝင်လာနိုင်သေးတာလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်
ဟုတ်ကဲ့ ရှိလာနိုင်ပါတယ်
ဘယ်လို အချိန်မျိုးမှာလဲဆိုရင်တော့ နားလည်မှု နည်းလာချိန်နဲ့ သံသယတွေ တိုက်ဆိုင်လာချိန်မှာပါ

ချစ်ရသူနဲ့ ရိုးမြေကျပေါင်းဖက် အဆင်ပြေချင်တာက ချစ်သူတိုင်းရဲ့ ဆန္ဒပါ
နားလည်မှု တွေလဲ ချစ်သူနဲ့ ခိုင်မြဲချင်တယ်
သံသယတွေ ကင်းကင်းနဲ့ ချစ်ချင်ပါတယ်ဆိုတဲ့ ချစ်သူတွေကို အကြုံပြုချင်ပါတယ်

ရင်ဘတ်ကြီးနဲ့ချစ်ပါ


ဟုတ်ပါတယ် ချစ်သူကို ချစ်တာကို ဦးနှောက် နဲ့ မခံစားပါနဲ့…ရင်ဘတ်ကြီးထဲက နှလုံးသားနုနုလေးနဲ့ အပြည့်အဝ ချစ်ပါ
ဒီလိုချစ်လိုက်လို့ အသဲကွဲခံရမှာကြောက်နေလား
အချစ်စစ်ကို လက်လွှတ်ရမှာ လူသားတိုင်း စိုးထိတ် ပါတယ်..ရဲရဲသာချစ်လိုက်ပါ

သင့်အချစ်တွေကို သင့်ချစ်သူသိပါစေ


ကိုယ်ကဘဲ ချစ်နေမယ် သူမသိလဲရပါတယ်ဆိုတာ
တစ်ကယ်လက်တွေ့မှာ ခံစားမှု မကောင်းပါဘူး
သင် ဘယ်လောက်ချစ်တယ်ဆိုတာပြပါ
သူခံစားရတာကို သင်ပြန်ခံစားမိသည်ထိ ချစ်ပါ

လိုတိုးပိုလျော့ချစ်ပြပါ


တစိခါတစ်လေ လူတွေဟာ ကိုယ်က သိပ်ချစ်မှန်းသိရင် အနိုင်ယူတတ်ပါတယ်
ဒါကိုရှောင်ရှားဖို့ကတော့ လိုတိုးပိုလျော့ ချစ်ပြပါ
သူက ကိုယ့်အပေါ် ဆိုးချင်ပြီလို့ ခံစားရတယ် ဆိုရင်
မသိမသာလေးပါဘဲ လျော့ချစ်ပေးပါ
ဒါဆိုရင်သူလဲ သဘောပေါက်လာပါလိမ့်မယ်

ယုံကြည်မှု နဲ့ နားလည်မှု ညီမျှပါစေ


လူတစ်ယောက်ကို ပုံအပ်ပြီးယုံကြည်ဖို့ မဆိုလိုချင်တာမို့ ယုံကြည်မှု နဲ့ နားလည်မှု
ညီမျှရင်တော့ဖြင့် အရာရာ အဆင်ပြေနိုင်ပါတယ်…၉၀% သံသယကင်းတဲ့ အချစ်က ချစ်သူတွေကြားမှာ ရှိသင့်ပါတယ်

ပေးဆပ်သင့်သလောက်ပေးဆပ်ပါ

အချစ်မှာအမြဲရယူခြင်းသာ ရှိမနေသင့်ပါဘူး..ရယူုခြင်းနဲ့ပေးဆပ်ခြင်း မျှတသင့်ပါတယ်..

ချစ်ခြင်းမှာခါးသီးခြင်းတွေ လျော့နည်းနိုင်ပြီး ချစ်သူတိုင်းအချစ်တွေ တိုးပွားနိင်ပါစေ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top