iMyanmarHouse.com - Best Property Website for Myanmar
×


ပ်ိဳေမေလးတို႔ေရ ခ်စ္ရသူနဲ႔ ေရရွည္တည္ၿမဲတဲ့ relationship တစ္ခုပိုင္ဆိုင္ထားတယ္ဆိုရင္ ဒါက ဆုလာဒ္ႀကီတစ္ခုပဲေနာ္။ ဘယ္အခ်ိန္ပဲ ေတြးၾကည့္ၾကည့္ ႏွစ္သက္အားရစရာေကာင္းလြန္းပါတယ္။

ခ်စ္သူက ပ်ိဳေမကို ဂ႐ုစိုက္တယ္။ ပ်ိဳေမကလည္း ခ်စ္သူကို ဂ႐ုစိုက္တယ္။ ဂ႐ုစိုက္တာ တစ္ခုတည္းနဲ႔ေတာ့ ေရရွည္တည္ၿမဲတဲ့ relationship ကို မဖန္တီးႏိုင္ဘူးေနာ္။ ပ်ိဳေမတို႔ရဲ႕ တြဲလက္ေလးေတြ ေရရွည္ခိုင္ၿမဲေစဖို႔အတြက္ အေရးႀကီးတဲ့ အခ်က္အလက္ေလးေတြကို ေျပာျပေပးမယ္ေနာ္။

(၁) အခ်ိန္ေပးပါ

သူေရာကိုယ္ပါ ဝါသနာပါတဲ့ အလုပ္ေလးေတြကို အတူတူလုပ္ကိုင္ရင္း အခ်ိန္ကုန္ဆံုးႏိုင္ပါေစ။  ဝါသနာတူတဲ့ အလုပ္ေတြလုပ္ရင္း ရလာတဲ့ ေပ်ာ္႐ြင္မႈက ခ်စ္သူနဲ႔ ပ်ိဳေမတို႔ၾကားမွာရွိတဲ့ ဆက္ဆံေရးကို ေျပာင္းလဲသြားေစတယ္ေနာ္။ သာမန္ဆက္ဆံေရးကေန ငယ္ေပါင္းႀကီးေဖာ္လို၊ တစ္ေယာက္အေၾကာင္း တစ္ေယာက္ အေစာႀကီးကတည္းက သိလာတဲ့သူေတြလို႔ ခံစားရႏိုင္ပါတယ္။

(၂) ဂိ္မ္းအတူတူေဆာ့ပါ

ဗီဒီယိုဂိမ္းကစားရတာကို ပ်ိဳေမတို႔ ႀကိဳက္တယ္ဆိုရင္ ခ်စ္သူေလးနဲ႔ အတူတူေဆာ့ေပးလိုက္ေနာ္။

(၃) အေရးပါေၾကာင္း ျပပါ
ခ်စ္သူရဲ႕ ဂ႐ုစိုက္မႈေတြက ပ်ိဳေမတို႔အတြက္ အလြန္အေရးပါတယ္ဆိုတာ ျပသဖို႔ မေမ့ပါနဲ႔ေနာ္။ ခ်စ္သူပခံုးေပၚမွီတာ၊ ပင္ပန္းလာတဲ့အခါ ခ်စ္သူရင္ခြင္ထဲ ေခါင္းတိုးၿပီး ရင္ဖြင့္တာေတြကိုလည္း ျပဳလုပ္ေပးဖို႔ မေမ့ပါနဲ႔။ ခ်စ္သူရဲ႕ ပခံုးေပၚမွီရင္း ႏွစ္ေယာက္သားႀကိဳက္တဲ့ ဇာတ္ကားေတြ အတူတူၾကည့္ေပးပါေနာ္။

(၄) သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္
ခ်စ္သူႀကိဳက္တဲ့ အရာေလးေတြကို မၾကာခဏ ျပဳလုပ္ေပးေနာ္။ သူႀကိဳက္တဲ့ ေကာ္ဖီအမ်ိဳးအစားကို ေဖ်ာ္တိုက္တာမ်ိဳး၊ လမ္းၾကံဳဝယ္လာတာမ်ိဳး၊ သူႀကိဳက္တဲ့အသီးကို ဝယ္ေကၽြးတာမ်ိဳး ျပဳလုပ္ေပးပါေနာ္။ ခ်စ္သူအိတ္ထဲ လိုအပ္တဲ့ ပစၥည္းအေသးေလးေတြကို ဝယ္ထည့္တာကို မၾကာခဏ ျပဳလုပ္ေပးပါ။

(၅) ဟာသ

ခ်စ္သူနဲ႔ ဟာသေတြ အျပန္အလွန္ေျပာေပးပါ။ ရယ္စရာေတြေျပာၿပီး အားရပါးရ ရယ္ေမာပါ။ ေပ်ာ္႐ြင္ေစတဲ့ ေဆာ့ကစားနည္းေတြကို သံုးၿပီး ေပ်ာ္႐ြင္စရာေတြကို ဖန္တီးႏိုင္ပါတယ္။

ဒီအခ်က္ေတြကို မၾကာခဏ လုပ္ေဆာင္ေပးမယ္ဆိုရင္ ပ်ိဳေမတို႔နဲ႔ ခ်စ္သူေလးတို႔ ဘယ္အေၾကာင္းေၾကာင့္ လမ္းခြဲဖို႔ မျဖစ္ႏိုင္ေတာ့သလို အခ်စ္ေတြလည္း တျဖည္းျဖည္းနဲ႔ တိုးလာမွာ အေသအခ်ာပါပဲ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပျိုမေလေးတို့ရေ ချစ်ရသူနဲ့ ရေရှည်တည်မြဲတဲ့ relationship တစ်ခုပိုင်ဆိုင်ထားတယ်ဆိုရင် ဒါက ဆုလာဒ်ကြီတစ်ခုပဲနော်။ ဘယ်အချိန်ပဲ တွေးကြည့်ကြည့် နှစ်သက်အားရစရာကောင်းလွန်းပါတယ်။


ချစ်သူက ပျိုမေကို ဂရုစိုက်တယ်။ ပျိုမေကလည်း ချစ်သူကို ဂရုစိုက်တယ်။ ဂရုစိုက်တာ တစ်ခုတည်းနဲ့တော့ ရေရှည်တည်မြဲတဲ့ relationship ကို မဖန်တီးနိုင်ဘူးနော်။ ပျိုမေတို့ရဲ့ တွဲလက်လေးတွေ ရေရှည်ခိုင်မြဲစေဖို့အတွက် အရေးကြီးတဲ့ အချက်အလက်လေးတွေကို ပြောပြပေးမယ်နော်။

(၁) အချိန်ပေးပါ

သူရောကိုယ်ပါ ဝါသနာပါတဲ့ အလုပ်လေးတွေကို အတူတူလုပ်ကိုင်ရင်း အချိန်ကုန်ဆုံးနိုင်ပါစေ။  ဝါသနာတူတဲ့ အလုပ်တွေလုပ်ရင်း ရလာတဲ့ ပျော်ရွင်မှုက ချစ်သူနဲ့ ပျိုမေတို့ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပြောင်းလဲသွားစေတယ်နော်။ သာမန်ဆက်ဆံရေးကနေ ငယ်ပေါင်းကြီးဖော်လို၊ တစ်ယောက်အကြောင်း တစ်ယောက် အစောကြီးကတည်းက သိလာတဲ့သူတွေလို့ ခံစားရနိုင်ပါတယ်။

(၂) ဂိမ်းအတူတူဆော့ပါ

ဗီဒီယိုဂိမ်းကစားရတာကို ပျိုမေတို့ ကြိုက်တယ်ဆိုရင် ချစ်သူလေးနဲ့ အတူတူဆော့ပေးလိုက်နော်။

(၃) အရေးပါကြောင်း ပြပါ
ချစ်သူရဲ့ ဂရုစိုက်မှုတွေက ပျိုမေတို့အတွက် အလွန်အရေးပါတယ်ဆိုတာ ပြသဖို့ မမေ့ပါနဲ့နော်။ ချစ်သူပခုံးပေါ်မှီတာ၊ ပင်ပန်းလာတဲ့အခါ ချစ်သူရင်ခွင်ထဲ ခေါင်းတိုးပြီး ရင်ဖွင့်တာတွေကိုလည်း ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။ ချစ်သူရဲ့ ပခုံးပေါ်မှီရင်း နှစ်ယောက်သားကြိုက်တဲ့ ဇာတ်ကားတွေ အတူတူကြည့်ပေးပါနော်။

(၄) သူ့အကြိုက် ကိုယ့်အကြိုက်
ချစ်သူကြိုက်တဲ့ အရာလေးတွေကို မကြာခဏ ပြုလုပ်ပေးနော်။ သူကြိုက်တဲ့ ကော်ဖီအမျိုးအစားကို ဖျော်တိုက်တာမျိုး၊ လမ်းကြုံဝယ်လာတာမျိုး၊ သူကြိုက်တဲ့အသီးကို ဝယ်ကျွေးတာမျိုး ပြုလုပ်ပေးပါနော်။ ချစ်သူအိတ်ထဲ လိုအပ်တဲ့ ပစ္စည်းအသေးလေးတွေကို ဝယ်ထည့်တာကို မကြာခဏ ပြုလုပ်ပေးပါ။

(၅) ဟာသ

ချစ်သူနဲ့ ဟာသတွေ အပြန်အလှန်ပြောပေးပါ။ ရယ်စရာတွေပြောပြီး အားရပါးရ ရယ်မောပါ။ ပျော်ရွင်စေတဲ့ ဆော့ကစားနည်းတွေကို သုံးပြီး ပျော်ရွင်စရာတွေကို ဖန်တီးနိုင်ပါတယ်။

ဒီအချက်တွေကို မကြာခဏ လုပ်ဆောင်ပေးမယ်ဆိုရင် ပျိုမေတို့နဲ့ ချစ်သူလေးတို့ ဘယ်အကြောင်းကြောင့် လမ်းခွဲဖို့ မဖြစ်နိုင်တော့သလို အချစ်တွေလည်း တဖြည်းဖြည်းနဲ့ တိုးလာမှာ အသေအချာပါပဲ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top