iMyanmarHouse.com - Best Property Website for Myanmar
×








Credit: MM
ဗဟုသုတ


#Unicode Version# ဖြင့်ဖတ်ပါ ။

အနီ- အနီက ကံကောင်းစေပြီး တက်ကြွစေတယ်ဆိုပေမယ့် သွေး တိုးနှုန်းတက်စေနိုင်သလို နှလုံးခုန်တာကို မြန်စေနိုင်တာမို့ တတ် နိုင်ရင်တော့ မရွေးချယ်တာအ ကောင်းဆုံးပါ။

အဝါ- ပျော်ရွှင်မှုနဲ့ လင်းလက် တောက်ပမှုကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်တာမို့ အိမ်ဧည့်ခန်း အလှဆင်မယ်ဆိုရင် သင့်တော် ပါတယ်။

အပြာ- စိတ်ကိုအေးချမ်းစေတဲ့ သဘောဆောင်တဲ့အတွက် အိပ် ခန်းမှာ အလှဆင်ဖို့ သင့်တော်ပါ တယ်။ အပြာရင့် (ဒါမှမဟုတ်)နက် ပြာရောင်တွေဆိုရင်တော့ စိတ်ဖိ စီးမှုဖြစ်စေနိုင်တာ သိထားဖို့လို ပြီး ကောင်းကင်ပြာတို့၊ ပြာလဲ့လဲ့ အရောင်မျိုးလေးတွေဆိုရင် အိပ် ခန်းတို့၊ မီးဖိုခန်းတို့အတွက် သင့် တော်ပါတယ်။

အစိမ်း-လန်းဆန်းအေးမြမှုကို ကိုယ်စားပြုတဲ့အတွက် ဘယ်အ ခန်းမှာမဆို အလှဆင်နိုင်တဲ့ အ ရောင်ပါ။ အစိမ်းရောင်ကိုမြင် တွေ့ရင် စိတ်ဖိစီးမှုကို လျော့ပါး သက်သာစေတဲ့အတွက် အိမ်မှာ ရှိတဲ့အခန်း တစ်ခန်းကိုတော့ အ စိမ်းနဲ့ အလှဆင်ထားဖို့ လိုအပ်ပါ တယ်။

ခရမ်း- ပေါ်လွင်ထင်ရှားတဲ့အ ရောင်ဖြစ်သလို ခေတ်ဆန်ခမ်း နားစေတာမို့ အရောင်ဖျော့လေး တွေဆို ဧည့်ခန်းတို့၊ ထမင်းစား ခန်းတို့မှာ အလှဆင်တာအသင့် တော်ဆုံးပါ။

လိမ္မော်-စွမ်းအားမြှင့်တင်တဲ့အ ရောင်ဖြစ်တာမို့ ကစားကွင်း(ဒါမှ မဟုတ်) အားကစားလေ့ကျင့်တဲ့ အခန်းအတွက် ရွေးချယ်တာ သင့် တော်ပါတယ်။

မနုမရင့်အရောင်- မှုန်ပြေပြေနဲ့ အေးဆေးတည်ငြိမ်တဲ့ အရောင် မျိုးတွေကတော့ ဘယ်အခန်းနဲ့ မဆို သင့်တော်သလို တခြားအ ရောင်ရင့်တွေနဲ့ တွဲဖက်ပြီးတော့ အလှဆင်လေ့ရှိပါတယ်။

Credit: MM
ဗဟုသုတ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top