iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္ကပ္က ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ အေရးႀကီးအဂၤါအစိတ္အပိုင္းေတြထဲမွာ တစ္ခုအပါအဝင္ပဲျဖစ္ပါတယ္။ ေသြးထဲမွာ႐ွိတဲ့ အဆိပ္အေတာက္မ်ား၊ ပိုလွ်ံေနေသာေရမ်ားကို စစ္ထုတ္ေပးဖို႔ရန္အတြက္ ကူညီေပးၿပီး ေသြးေပါင္ခ်ိန္ကို မွန္ကန္ေအာင္ ထိန္းညွိေပးတဲ့ ကိုယ္တြင္းအဂၤါတစ္ခုပဲျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ လူသားေတြက ထိုကိုယ္တြင္းအဂၤါအစိတ္အပိုင္းမ်ား အၿမဲတမ္းက်န္းမာေနမယ္လို႔ ယူဆေနၿပီး အစားအေသာက္ အေနအထိုင္ မဆင္ျခင္ၾကဘဲ မိမိစိတ္ကို အလိုလိုက္ၿပီး စားသံုးေနၾကတာပါပဲ။

ေလ့လာခ်က္မ်ားအရ လူသန္းေပါင္းမ်ားစြာက ေက်ာက္ကပ္ပ်က္စီးျခင္းနဲ႔ ေက်ာက္ကပ္နဲ႔သက္ဆိုင္တဲ့ေရာဂါေတြကို ႏွစ္စဥ္ႏွစ္တိုင္း ခံစားေနၾကရတာပါ။ ေက်ာက္ကပ္ပ်က္စီးသြားၿပီဆိုရင္ ကုသဖို႔အတြက္ စရိတ္စခေတြကလည္း ႀကီးလြန္းလွပါတယ္။ ဒါ့ေၾကာင့္ ေရာဂါျဖစ္မွ စိတ္ညစ္ခံရမယ့္အစား မျဖစ္ခင္ကတည္းက ႀကိဳတင္ကာကြယ္ၿပီး က်န္းမာတဲ့ေက်ာက္ကပ္ကို ပိုင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။

ေက်ာက္ကပ္က်န္းမာေနဖို႔အတြက္ ဘယ္လိုအစားအစာေတြ စားသံုးသင့္သလဲ

ေရ

ေရကေတာ့ သဘာဝကေပးအပ္ထားတဲ့ ရတနာတစ္ပါးပဲျဖစ္ပါတယ္။ အမ်ိဳးသမီိးတစ္ေယာက္အေနနဲ႔ တစ္ေန႔ကို ေရ ၈ ခြက္ ေသာက္သံုးသင့္ၿပီး အမ်ိဳးသားတစ္ဦးအေနနဲ႔ တစ္ေန႔ကို ေရ ၁၃ ခန္႔ ေသာက္သံုးသင့္ပါတယ္။

ေဂၚဖီထုပ္

Cabbage

ေဂၚဖီထုပ္ထဲမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္တို႔ ၾကြယ္ဝစြာပါဝင္တဲ့အျပင္ သူ႔ထဲမွာ ပါဝင္တဲ့ Antioxidants က ကင္ဆာေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါတို႔မွ ကာကြယ္ေပးၿပီး ေက်ာက္ကပ္ေကာင္းစြာ အလုပ္လုပ္ႏိုင္ဖို႔ ကူညီေပးပါတယ္။

င႐ုတ္ပြ အနီ

င႐ုတ္ပြ အနီမွာ ပိုတက္ဆီယမ္ဓာတ္ နည္းပါးတဲ့အတြက္ေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။ ဟင္းခ်က္တိုင္း င႐ုတ္ပြအနီထည့္ခ်က္ေပးမယ္ဆိုရင္ သင့္ရဲ႕ဟင္းလ်ာကို အျမင္လွေစမွာျဖစ္ၿပီး အရသာလည္း႐ွိပါတယ္။

ၾကက္သြန္နီ

ေက်ာက္ကပ္ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ဖို႔အတြက္ ၾကက္သြန္နီကလည္း ကူညီေပးႏိုင္ပါတယ္။ ေသြးေၾကာထဲမွာ အဆီေတြ ပိတ္ဆို႔ေနျခင္းမွ ကာကြယ္ေပးတဲ့ Flavonoids နဲ႔ Quercetin ဓာတ္တို႔လည္း ၾကက္သြန္နီထဲမွာ ပါဝင္ပါတယ္။ Quercetin ဆိုတာ Antioxidant တစ္မ်ိဳးျဖစ္ၿပီး ႏွလံုးေရာဂါနဲ႔ ကင္ဆာေရာဂါျဖစ္ပြားျခင္းတို႔မွလည္း ကာကြယ္ေပးပါေသးတယ္။

ကညႊတ္

ကယ္လိုရီဓာတ္နည္းပါးစြာ ပါဝင္ၿပီး ဗီတာမင္ ေအ၊ ဗီတာမင္ ေကနဲ႔ ဗီတာမင္ စီတို႔ ၾကြယ္ဝစြာပါဝင္တဲ့ အစားအစာကေတာ့ ကညႊတ္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔ထဲမွာ ပိုတက္ဆီယမ္၊ ကယ္လဆီယမ္နဲ႔ ေဖာ့စဖရပ္စတဲ့ သတၱဳဓာတ္ေတြ ျမင့္မားတာေၾကာင့္ ေက်ာက္ကပ္အားနည္းတဲ့သူအေနနဲ႔ ဆရာဝန္ထံမွ အႀကံျပဳခ်က္ရယူၿပီးမွ စားသံုးသင့္ပါတယ္။

ပန္းေဂၚဖီ

ပန္းေဂၚဖီက ဗီတာမင္ စီ၊ အမွ်င္ဓာတ္နဲ႔ Folate ဓာတ္တို႔ ၾကြယ္ဝစြာပါဝင္ၿပီး ေက်ာက္ကပ္အတြက္ အေထာက္အကူျပဳေစတဲ့ စူပါအစားအစာတစ္ခုပါပဲ။ သူ႔ထဲမွာ ပါဝင္တဲ့ ျဒပ္ေပါင္းေတြက ေက်ာက္ကပ္အတြက္လည္း အသံုးဝင္ၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဓာတ္ျပယ္ေစတ့ဲ ဂုဏ္သတၱိလည္း ပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ ပန္းေဂၚဖီကို ေၾကာ္ပဲစားစား၊ ခ်က္ပဲစားစား၊ ျပဳတ္တို႔ၿပီးပဲ စားစား စားသံုးႏိုင္တာေၾကာင့္ လူတိုင္း လူတိုင္း ႏွစ္သက္စြာ စားသံုးေနၾကတဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးပဲျဖစ္ပါတယ္။

Credit: MyStyelmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျောက်ကပ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ အဆိပ်အတောက်များ၊ ပိုလျှံနေသောရေများကို စစ်ထုတ်ပေးဖို့ရန်အတွက် ကူညီပေးပြီး သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းညှိပေးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ လူသားတွေက ထိုကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အမြဲတမ်းကျန်းမာနေမယ်လို့ ယူဆနေပြီး အစားအသောက် အနေအထိုင် မဆင်ခြင်ကြဘဲ မိမိစိတ်ကို အလိုလိုက်ပြီး စားသုံးနေကြတာပါပဲ။

လေ့လာချက်များအရ လူသန်းပေါင်းများစွာက ကျောက်ကပ်ပျက်စီးခြင်းနဲ့ ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ရောဂါတွေကို နှစ်စဉ်နှစ်တိုင်း ခံစားနေကြရတာပါ။ ကျောက်ကပ်ပျက်စီးသွားပြီဆိုရင် ကုသဖို့အတွက် စရိတ်စခတွေကလည်း ကြီးလွန်းလှပါတယ်။ ဒါ့ကြောင့် ရောဂါဖြစ်မှ စိတ်ညစ်ခံရမယ့်အစား မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီး ကျန်းမာတဲ့ကျောက်ကပ်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်။

ကျောက်ကပ်ကျန်းမာနေဖို့အတွက် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ

ရေ

ရေကတော့ သဘာဝကပေးအပ်ထားတဲ့ ရတနာတစ်ပါးပဲဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးသင့်ပြီး အမျိုးသားတစ်ဦးအနေနဲ့ တစ်နေ့ကို ရေ ၁၃ ခန့် သောက်သုံးသင့်ပါတယ်။

ဂေါ်ဖီထုပ်

Cabbage

ဂေါ်ဖီထုပ်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် သူ့ထဲမှာ ပါဝင်တဲ့ Antioxidants က ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့မှ ကာကွယ်ပေးပြီး ကျောက်ကပ်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

ငရုတ်ပွ အနီ

ငရုတ်ပွ အနီမှာ ပိုတက်ဆီယမ်ဓာတ် နည်းပါးတဲ့အတွက်ကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဟင်းချက်တိုင်း ငရုတ်ပွအနီထည့်ချက်ပေးမယ်ဆိုရင် သင့်ရဲ့ဟင်းလျာကို အမြင်လှစေမှာဖြစ်ပြီး အရသာလည်းရှိပါတယ်။

ကြက်သွန်နီ

ကျောက်ကပ် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ကြက်သွန်နီကလည်း ကူညီပေးနိုင်ပါတယ်။ သွေးကြောထဲမှာ အဆီတွေ ပိတ်ဆို့နေခြင်းမှ ကာကွယ်ပေးတဲ့ Flavonoids နဲ့ Quercetin ဓာတ်တို့လည်း ကြက်သွန်နီထဲမှာ ပါဝင်ပါတယ်။ Quercetin ဆိုတာ Antioxidant တစ်မျိုးဖြစ်ပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားခြင်းတို့မှလည်း ကာကွယ်ပေးပါသေးတယ်။

ကညွှတ်

ကယ်လိုရီဓာတ်နည်းပါးစွာ ပါဝင်ပြီး ဗီတာမင် အေ၊ ဗီတာမင် ကေနဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာကတော့ ကညွှတ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်နဲ့ ဖော့စဖရပ်စတဲ့ သတ္တုဓာတ်တွေ မြင့်မားတာကြောင့် ကျောက်ကပ်အားနည်းတဲ့သူအနေနဲ့ ဆရာဝန်ထံမှ အကြံပြုချက်ရယူပြီးမှ စားသုံးသင့်ပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီက ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ Folate ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကျောက်ကပ်အတွက် အထောက်အကူပြုစေတဲ့ စူပါအစားအစာတစ်ခုပါပဲ။ သူ့ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ကျောက်ကပ်အတွက်လည်း အသုံးဝင်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဓာတ်ပြယ်စေတဲ့ ဂုဏ်သတ္တိလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီကို ကြော်ပဲစားစား၊ ချက်ပဲစားစား၊ ပြုတ်တို့ပြီးပဲ စားစား စားသုံးနိုင်တာကြောင့် လူတိုင်း လူတိုင်း နှစ်သက်စွာ စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။

Credit: MyStyelmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top