iMyanmarHouse.com - Best Property Website for Myanmar
×

ပူျပင္းတဲ့ ေနဒဏ္၊ ေလဒဏ္၊ ဖုန္မႈန္႔၊ အညစ္အေၾကးမ်ားအျပင္ ေခါင္းေလွ်ာ္ရည္၊ ဆံပင္ဆိုးေဆးတို႔ေၾကာင့္ ဆံေကသာမ်ား အတားအဆီးမဲ့ ပ်က္စီးေျခာက္ေသြ႔ေနလို႔ စိတ္ညစ္ေနပါသလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက ပ်ိဳေမေလးတို႔အတြက္ပဲျဖစ္ပါတယ္။

ဆံပင္ပ်က္စီးလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေလးေတြ မိမိႀကိဳက္ႏွစ္သက္တဲ့နည္းလမ္းကို ေရြးခ်ယ္အသံုးျပဳႏိုင္ဖို႔အတြက္ ဆံပင္ေပ်ာ့သြားေအာင္ ဘယ္လိုေပါင္းတင္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။

အုန္းဆီ

အုန္းဆီကေတာ့ သဘာဝက ေပးအပ္ထားတဲ့ ေဆးစြမ္းေကာင္းတစ္လက္ပဲျဖစ္ပါတယ္။ ဆံပင္အရင္းကေန အဖ်ားအထိ အားျဖည့္ေပးတာေၾကာင့္ ဆံေကသာပ်က္စီးတဲ့သူေတြအတြက္ေရာ ဆံပင္ပါးတဲ့သူေတြအတြက္ပါ အသံုးျပဳႏိုင္ပါတယ္။ အုန္းဆီကို တစ္ညလံုး လိမ္းၿပီး မနက္ေရာက္မွ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဆံပင္အဖ်ားေလးေတြကို အုန္းဆီမ်ားမ်ား လိမ္းေပးလိုက္ပါ။

ငွက္ေပ်ာသီးႏွင့္ သံလြင္ဆီ

ငွက္ေပ်ာသီးတစ္လံုးႏွင့္ သံလြင္ဆီ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ကို သမေအာင္ ႀကိတ္ေခ်လိုက္ပါ။ ၿပီးရင္ ဦးေခါင္းနဲ႔ ဆံေကသာေပၚ သုတ္လိမ္းေပးလိုက္ပါ။ ဦးေရျပားကို ႏွစ္မိနစ္ခန္႔ ႏွိပ္နယ္ေပးလိုက္ပါ။ မိနစ္ ၃၀ ၾကာမွ ေလွ်ာ္ေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးလိုက္ပါ။

ေရႊဖ႐ံုသီးႏွင့္ ပ်ားရည္

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းခန္႔နဲ႔ ေရႊဖ႐ုံသီး ပန္းကန္လံုး တစ္ခြက္စာတို႔ကို ေက်ညက္သြားေအာင္ ႀကိတ္ေခ်ေပးလိုက္ပါ။ ထို႔ေနာက္ ဦးေရျပားနဲ႔ ဆံေကသာေပၚ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ၾကာမွ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ ဒီေပါင္းတင္နည္းကေတာ့ ဆံေကသာအတြက္တင္မကဘဲ မ်က္ႏွာအသားအေရ အိစက္ႏူးညံ့ခ်င္သူေတြအတြက္ပါ အသံုးဝင္တဲ့ နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။

အခုေဖာ္ျပေပးသြားတဲ့ နည္းလမ္းသံုးမ်ိဳးက အင္မတန္အသံုးဝင္တဲ့ နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။ တစ္ပတ္ ႏွစ္ႀကိမ္ခန္႔ကို တစ္လေလာက္ စြဲစြဲၿမဲၿမဲ ျပဳလုပ္ေပးမယ္ဆိုရင္ ၾကမ္းတမ္းေျခာက္ေသြ႔ၿပီး ပ်က္စီးေနတဲ့ ဆံေကသာဘဝကေန ေရဓာတ္ျပည့္ဝၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ဆံေကသာပိုင္႐ွင္အျဖစ္သို႔ ေျပာင္းလဲသြားႏိုင္ပါတယ္။

Credit:MyStyle Myanmar
အလွအပ၊ အႏုပညာ၊ ဖက္ရွင္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပူပြင်းတဲ့ နေဒဏ်၊ လေဒဏ်၊ ဖုန်မှုန့်၊ အညစ်အကြေးများအပြင် ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေးတို့ကြောင့် ဆံကေသာများ အတားအဆီးမဲ့ ပျက်စီးခြောက်သွေ့နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ပျိုမေလေးတို့အတွက်ပဲဖြစ်ပါတယ်။

ဆံပင်ပျက်စီးလို့ စိတ်ညစ်နေတဲ့ ပျိုမေလေးတွေ မိမိကြိုက်နှစ်သက်တဲ့နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ဖို့အတွက် ဆံပင်ပျော့သွားအောင် ဘယ်လိုပေါင်းတင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အုန်းဆီ

အုန်းဆီကတော့ သဘာဝက ပေးအပ်ထားတဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ဆံပင်အရင်းကနေ အဖျားအထိ အားဖြည့်ပေးတာကြောင့် ဆံကေသာပျက်စီးတဲ့သူတွေအတွက်ရော ဆံပင်ပါးတဲ့သူတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။ အုန်းဆီကို တစ်ညလုံး လိမ်းပြီး မနက်ရောက်မှ ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်အဖျားလေးတွေကို အုန်းဆီများများ လိမ်းပေးလိုက်ပါ။

ငှက်ပျောသီးနှင့် သံလွင်ဆီ

ငှက်ပျောသီးတစ်လုံးနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ကြိတ်ချေလိုက်ပါ။ ပြီးရင် ဦးခေါင်းနဲ့ ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ဦးရေပြားကို နှစ်မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

ရွှေဖရုံသီးနှင့် ပျားရည်

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်နဲ့ ရွှေဖရုံသီး ပန်းကန်လုံး တစ်ခွက်စာတို့ကို ကျေညက်သွားအောင် ကြိတ်ချေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ ဆံကေသာအတွက်တင်မကဘဲ မျက်နှာအသားအရေ အိစက်နူးညံ့ချင်သူတွေအတွက်ပါ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်းသုံးမျိုးက အင်မတန်အသုံးဝင်တဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ တစ်ပတ် နှစ်ကြိမ်ခန့်ကို တစ်လလောက် စွဲစွဲမြဲမြဲ ပြုလုပ်ပေးမယ်ဆိုရင် ကြမ်းတမ်းခြောက်သွေ့ပြီး ပျက်စီးနေတဲ့ ဆံကေသာဘဝကနေ ရေဓာတ်ပြည့်ဝပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာပိုင်ရှင်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။

Credit:MyStyle Myanmar
အလှအပ၊ အနုပညာ၊ ဖက်ရှင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top