iMyanmarHouse.com - Best Property Website for Myanmar
×


ပဲရာဇာသည္ ေဆးဖက္ဝင္ေသာ ဓာတ္စာ ပဲမ်ိဳးျဖစ္သည္။ အခ်ိဳ႕က ပဲရာဇာကို ပဲနီေလးဟု ေခၚၾကသည္။ အရပ္ေဒသအလိုက္ အေခၚအေဝၚ ကြာျခားမႈမ်ားလည္း ရွိသည္။

ရန္ကုန္ႏွင့္ ေအာက္အရပ္မွ လူနာမိတ္ေဆြမ်ားကို ပဲရာဇာဓာတ္စာ စားရန္ ၫႊန္ေသာအခါ ပဲရာဇာကို မသိ၊ ရွာမေတြ႕ဟု ေျပာသည္။

မႏၲေလးမွ လူႀကဳံႏွင့္ ပို႔ေပးေသာအခါ ရန္ကုန္မွာ စားၾကေသာ ပဲျဖဴေလးႏွင့္ အတူတူပဲဟု သိရသည္။

စာေရးသူသည္ မုံညႇင္းဆီႏွင့္ ပဲရာဇာကို အၿမဲဝယ္ယူေနက် အိႏၵိယလူမ်ိဳး ဘာဘူႀကီးဆိုင္တြင္ ပဲရာဇာႏွင့္ ပဲျဖဴေလး ဘာမ်ားကြာျခားသလဲဟု ေမးၾကည့္ေသာအခါ ပဲရာဇာသည္ မူလက ပဲျဖဴေလးပင္ ျဖစ္ေၾကာင္း၊ အေရာင္လွေအာင္ အနီေရာင္ ဆိုးေပးလိုက္သျဖင့္ ပဲနီေလးဟု သိၾကေၾကာင္း ေျပာပါသည္။

အိႏၵိယမွလာေသာ အစားအစာမ်ားမွာ အနီေရာင္ဆိုးေလ့ရွိေၾကာင္း ေျပာပါသည္။ မွန္ပါသည္။ ေရွးယခင္က ခ်င္းတက္ကို အိႏၵိယမွ တင္သြင္းသည္။ ဗမာျပည္တြင္ ခ်င္းတက္ မစိုက္ၾကေသး။

အိႏၵိယမွလာေသာ ခ်င္းတက္မ်ားမွာ ျဖဴေဖြးေနသည္။ သေဘၤာခ်င္းဟု ပရေဆးဆိုင္မ်ားမွ ေခၚၾကသည္။ အမွန္မွာ ခ်င္းတက္ကို မပုပ္ေအာင္၊ မႈိမတက္ေအာင္ ထုံးရည္ ျဖန္းေပးလိုက္သျဖင့္ ျဖဴေဖြးေနျခင္း ျဖစ္သည္။

ခ်င္းတက္ကို ကိုယ့္တိုင္းျပည္တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ စိုက္ႏိုင္ေသာအခါတြင္ အိႏၵိယမွ မမွာေတာ့။

သို႔ေသာ္ ဘေဘၤာခ်င္း (အိႏၵိယမွလာေသာ ခ်င္းကို ဆိုလိုသည္) မ်ားမွာ ပရေဆးဆိုင္တြင္ ဝယ္ရေနဆဲ ျဖစ္သည္။

အိႏၵိယမွ သေဘၤာခ်င္းႏွင့္ ပုံစံတူေအာင္ ခ်င္းတက္ကို ႏွစ္ျခမ္းခြဲ၊ အေျခာက္လွန္းၿပီး ထုံးရည္မ်ားမ်ားျဖန္းကာ ေရွးမူမပ်က္ သေဘၤာခ်င္းျပဳလုပ္ၿပီး ေရာင္းေနၾကျခင္း ျဖစ္သည္။ ဗမာလူမ်ိဳးမ်ားတြင္ အစြဲအလန္းရွိသည္။

ဒါဆိုဒါမွ အသစ္အသစ္ကို ေတာ္႐ုံႏွင့္ ေျပာင္းလြဲ မသုံးၾကေသာ အက်င့္ရွိသည္။ ထို႔အတူပင္ ပဲျဖဴေလးကို ပဲနီေလးျဖစ္ေအာင္ ေဆးဆိုးေရာင္းၾကသည္ဟု သိရသည္။

ထိုေဆးမ်ားကို ေရစိမ္လိုက္သည္ႏွင့္ အနီေရာင္ေဆးမ်ား ကြၽတ္ထြက္လာေၾကာင္း ေတြ႕ရလွ်င္ သတိျပဳမိဖို႔လိုသည္။

စားေသာက္ကုန္ ဆိုးေဆးမဟုတ္ဘဲ ခ်ည္ဆိုးေဆး၊ ပိုးဆိုးေဆးမ်ားကို ေဈးေပါေပါျဖင့္ သုံးတတ္ၾကသျဖင့္ ေဘးထြက္ဆိုးက်ိဳး ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကို ပဲနီေလးစားရင္း ႀကဳံေတြ႕ရႏိုင္သည္။

ထိုသို႔ ေဆးေဘးအႏၲရာယ္ လြတ္ကင္းေအာင္ ပဲရာဇာ ေခၚ ပဲနီေလး (ေဆးဆိုး) ကို စားမည့္အစား ပဲျဖဴေလးကို စားျခင္းက အႏၲရာယ္ကင္းေဘးရွင္းမည္ ထင္ပါသည္။

တကယ္ေတာ့ ပဲရာဇာ (ပဲနီေလး၊ ပဲျဖဴေလး)သည္ အလြန္ေဆးဘက္ဝင္ၿပီး လူကို အက်ိဳးျပဳေသာ ပဲမ်ိဳးျဖစ္သည္။

ယခုေခတ္ အျဖစ္မ်ားေသာ အဆစ္အျမစ္ ကိုက္ခဲျခင္း မွန္သမွ်ႏွင့္ ေလးဘက္နာ ေရာဂါအတြက္ ထိေရာက္ေသာ အစြမ္းထက္ေသာ ဓာတ္စာ ျဖစ္သည္။

သို႔ေသာ္ တစ္ေန႔တစ္ရက္စား႐ုံမွ်ႏွင့္ေတာ့မရ။ ေရရွည္စြဲၿပီးစားသုံးဖို႔လိုပါသည္။ျမန္မာအမ်ိဳးသမီးႀကီးမ်ားတြင္ ေတြ႕ရေလ့ရွိေသာ ေသြးဆုံးကိုင္ ေရာဂါႏွင့္ အ႐ိုးပြက်ီးေပါင္းတက္ ေရာဂါမ်ား အတြက္လည္း အစြမ္းထက္ေသာ ဓာတ္စာျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသမီးမ်ားမွာ အသက္ ၄၆ ႏွစ္မွ ၄၈ ႏွစ္အတြင္း ေသြးဆုံးလွ်င္ အေကာင္းဆုံး ျဖစ္ေသာ္လည္း အခ်ိဳ႕မွာ အသက္ ၅၀ ေက်ာ္မွ ေသြးဆုံးၾကသည္။

အထူးသျဖင့္ ျမန္မာျပည္ အပူပိုင္းေဒသတြင္ ေနထိုင္ၾကသူ အမ်ိဳးသမီးႀကီးမ်ားမွာ ေသြးဆုံးေနာက္က်ေလ့ ရွိသည္။

ငါးဆယ္ေက်ာ္ၿပီးမွ ေသြးဆုံးၾကသည့္သူမ်ားတြင္ အေနာက္တိုင္း ေဆးပညာအယူအဆအရအ႐ိုးပြေရာဂါ၊ AO ေခၚ အ႐ိုးအဆစ္ကိုက္ေသာ ေရာဂါမ်ားျဖစ္ေၾကာင္း ဆရာဝန္ႀကီးမ်ားက ေျပာသည္။

႐ိုးရာေဆးပညာအယူအဆမွာ ေသြးဆုံးေသာအခါ အစာအိမ္တြင္ ေသြးအစား ေလဝင္ေရာက္လာၿပီး ဗိုက္ဆူလာသည္။

ထိုေလမ်ားသည္ အဂၤမဂၤႏုႆာရီဝါေယာအျဖစ္ ေျပာင္းလဲသြားၿပီး ကိုယ္ခႏၶာ အႏွံ႔အျပားသို႔ ေရာက္ရွိကာ ကိုက္ခဲျခင္းကို ျဖစ္ေစသည့္ ေလပူျဖစ္သည္။

ေရွးက ျမန္မာႀကီးမ်ားသည္ ထိုေလပူကို ႏွိမ္နင္းရန္အတြက္ ေလပူႏိုင္ေဆးအျဖစ္ တေဇာင္းလက္ပတ္(ရွားေစာင္းလက္ပတ္) အႏွစ္ကိုယူ၊ စမုံမ်ိဳးငါးပါး၊ ထန္းလ်က္တို႔ႏွင့္က်ိဳကာ ေတေဆးစားေလ့ရွိၾကသည္။

ေသြးဆုံးကိုင္ျခင္းႏွင့္ သားအိမ္ေသြးသြန္ျခင္းမ်ားကို ကာကြယ္ႏိုင္ေသာ ေဆးနည္းျဖစ္ပါသည္။

တေဇာင္းလက္ပတ္သည္ ျမန္မာျပည္အႏွံ႔ ေပါမ်ားၿပီး အိမ္တြင္ပန္းအိုးႏွင့္ စိုက္လွ်င္ပင္ ရွင္သန္ႏိုင္သည္။ မီးယပ္ေဆးအတြက္သာမက ေလးဘက္နာ အဆစ္နာမ်ားအတြက္ပါ ေဆးဘက္ဝင္သည္။

ပဲရာဇာအေၾကာင္း ျပန္ေျပာလိုပါသည္။ နာမည္က ပဲရာဇာဆိုသျဖင့္ ပဲတို႔၏ ဘုရင္ဟု ဆိုရမည္လား မသိပါ။ေရွးက ေဆးဖက္ဝင္ ေဆးစြမ္းထက္ေသာ အပင္အသီးမ်ားကို ရာဇာထည့္ေလ့ရွိသည္။

ဘုမၼရာဇာဆိုလွ်င္ ေျမႀကီးတြင္ေပါက္ေသာ အပင္တို႔တြင္ ဘုရင္ဟု ဆိုႏိုင္သည္။ ေသြးတိုးက်ေဆးကို ဘုမၼရာဇာပင္မွ ထုတ္ခဲ့ၾကဖူးပါသည္။

စာေရးသူ တိုင္းရင္းေဆးသိပၸံတြင္ ပညာသင္ၾကားစဥ္က သင္တန္းဆရာႀကီးတစ္ဦးကလူအမ်ားစားေလ့ရွိေသာပဲမ်ားထဲမွပဲႏွစ္မ်ိဳးအေၾကာင္း ႏႈိင္းယွဥ္သင္ၾကားပါသည္။

ထိုပဲႏွစ္မ်ိဳးမွာ ကုလားပဲႏွင့္ ပဲရာဇာတို႔၏ အက်ိဳး ေက်းဇူး အေၾကာင္း ျဖစ္ပါသည္။

အိႏၵိယမွလာေသာ ေဆးပညာအျမင္တြင္ ဂ႐ုဂုဏ္ႏွင့္ လဟုဂုဏ္ရွိေသာ အစာမ်ားကို ခြဲျခားရႈျမင္သည္။ ဂ႐ုဆိုသည္မွာ ေလးလံျခင္းျဖစ္၍ လဟုဆိုသည္မွာ ေပါ့ပါးျခင္းျဖစ္သည္ ဂ႐ုဂုဏ္ရွိေသာ အစာဆိုသည္မွာ ေၾကက်က္ခဲၿပီး အားျဖစ္ေစေသာ အစာျဖစ္သည္။

လူကို အားျဖစ္ေစေသာ္လည္း အေၾကာအဆစ္မ်ားကို ေတာင့္တင္းေစ၏။ ဂ႐ုႏွင့္ ဆန႔္က်င္ဘက္ လဟုဂုဏ္ရွိေသာ အစာမ်ားမွာ လူကို သိပ္အားမတိုး၊ အားမျဖစ္ေစေသာ္လည္း ေၾကက်က္လြယ္သည္။

အစာေခ်ခ်က္ရလြယ္သည္။ အစာေၾကလြယ္သည္။ အေၾကာအဆစ္မ်ားကို ေပါ့ပါး သြက္လက္ေစသည္။ ကုလားပဲသည္ ဂ႐ုဂုဏ္ရွိေသာ အစာျဖစ္သည္။

စားသူကို အားျဖစ္ေစသည္။ တပ္မေတာ္တြင္ စစ္သားမ်ားကို အားျဖစ္ေစရန္ ကုလားပဲ အၿမဲေကြၽးေလ့ရွိသည္။ အေၾကာအဆစ္မ်ားကို ေတာင့္တင္းခိုင္မာေစသည္။

အေနာက္တိုင္း အာဟာရ သုေတသနအရ ကုလားပဲတြင္ ပ႐ိုတင္းဓာတ္မ်ားစြာ ပါသည္။ အသားဓာတ္ပါေသာ ပဲမ်ိဳးျဖစ္သည္။ သတ္သတ္လြတ္စားသူပင္ ကုလားပဲစားလွ်င္ အသားဓာတ္ အျပည့္အဝ ရႏိုင္ေလသည္။

သို႔ေသာ္ အဆစ္ေရာင္၊ အဆစ္ၾကပ္ႏွင့္ ေလးဘက္နာေရာဂါ ရွိသူမ်ားအတြက္ ကုလားပဲမွာ မသင့္ေပ။ အဆစ္အျမစ္မ်ားကို ပိုၿပီး တင္းၾကပ္ေစႏိုင္သည္။ အေၾကာတက္ေရာဂါ ရွိသူမ်ား အထိုင္မ်ားသူမ်ားႏွင့္လည္း မသင့္ေပ။

ဂ႐ုဂုဏ္ရွိေသာ အစာမ်ားသည္ အိပ္ငိုက္တတ္ေသာသေဘာ ရွိသျဖင့္ အေဝးေျပးကားေမာင္းသမားမ်ားသည္ ကုလားပဲ မစားသင့္ေပ။ ထို႔အတူ စာက်က္မွတ္ရေသာ စာေမးပြဲနီးသူ ေက်ာင္းသားမ်ားလည္း ကုလားပဲကို မစားသင့္ေပ။

ပဲရာဇာ၊ ပဲနီေလး၊ ပဲျဖဴေလးတို႔မွာ အထက္ပါကုလားပဲႏွင့္ ဆန႔္က်င္ဘက္ျဖစ္သည္။ လဟုဂုဏ္ရွိေသာ၊ ေပါ့ပါးေသာဂုဏ္ရွိေသာ အစာျဖစ္သျဖင့္ စားၿပီးလွ်င္လည္း အစာေၾကလြယ္သည္။

အိပ္ခ်င္၊ ငိုက္ျမည္းျခင္းမရွိ၊ အေၾကာတက္ျခင္းမရွိ၊ ေနာက္ဆက္တြဲ အေနျဖင့္ ဝမ္းခ်ဳပ္ျခင္းလည္းမရွိေပ။

ေလးဘက္နာ၊ အဆစ္ေရာင္ေဝဒနာသည္မ်ားစြာကို စာေရးသူ ကုသေပးဖူးပါသည္။ ေလးဘက္နာ၊ အဆစ္ေရာင္ေရာဂါ၊ Gout ေရာဂါမ်ားသည္ အျမစ္ျပတ္ ေပ်ာက္ကင္းရန္ အလြန္ခက္ခဲသည္။

အစား အလြန္ေရွာင္ရသည္။ အစားေရွာင္ေနရင္းကပင္ ရာသီဥတုဆိုးလွ်င္ ေရာဂါျပန္ထသည္။ အခ်ိဳ႕က ေအးလွ်င္ အဆစ္အမ်က္ ကိုက္သည္။ အခ်ိဳ႕က ပူလွ်င္ အဆစ္ေရာင္သည္။ အိပ္ေရးပ်က္လွ်င္ ပင္ပန္းလွ်င္လည္း ေလးဘက္နာေရာဂါ ထျပန္သည္။

အေနာက္တိုင္းေဆးပညာတြင္ ေသြးစစ္ၿပီး ေလးဘက္နာကို A.S.O ျမင့္တက္မႈျဖင့္ တိုင္းတာၿပီး Gout ေခၚ ေျခမဆစ္၊ ေျခမ်က္စိ၊ ဒူးဆစ္ စသည့္ အဆစ္တစ္ဆစ္တြင္ ေရာင္ေသာ ေဂါက္ေရာဂါအတြက္ ယူရစ္အက္ဆစ္ (Uric acid) ျမင့္တက္မႈႏွင့္ တိုင္းတာေလ့ ရွိသည္။ သို႔ေသာ္လည္း တစ္ခါက စာေရးသူ၏ လူနာတစ္ဦးတြင္ ေျခမဆစ္ေရာင္ေသာ ေဂါက္ေရာဂါ ျပန္ထလာသျဖင့္ ေမးၾကည့္ရာ အစားေရွာင္ေနေၾကာင္း၊ ဝမ္းတြင္းသားသာမဟုတ္၊ မည္သည့္အသားမွမစား၊ ေရာင္ေစသည့္အစာ၊ ပဲပင္ေပါက္၊ ပဲတီခ်ဥ္၊ မွ်စ္၊ မွ်စ္ခ်ဥ္၊အားလုံးေရွာင္ၿပီး သတ္သတ္လြတ္စားေနရင္း ေရာင္လာသည္ဟု ေျပာသည္။

လိမ္းေနက် လိမ္းေဆး ၂ ရက္၊ ၃ ရက္လိမ္းေသာ္လည္း အေရာင္မက်။ သူစားေနေသာ အစာကို ေမးၾကည့္ေသာအခါ ေန႔စဥ္ ကုလားပဲဟင္းႏွင့္ သတ္သတ္လြတ္ စားေနသည္ဟု ဆိုပါသည္။

စာေရးသူကသူ႔ကိုပဲရာဇာပဲနီေလး ေျပာင္းစားၾကည့္ဖို႔ တိုက္တြန္းသျဖင့္ ေျပာင္းလဲစားရာ ေနာက္တစ္ပတ္ခန႔္ ၾကာေသာအခါ သက္သာလာေၾကာင္း ေျပာပါသည္။

ပိုးေၾကာင့္ျဖစ္ေသာ ေလးဘက္နာ ျဖစ္သျဖင့္ အေနာက္တိုင္းေဆး Pan V ကို ႏွစ္ရွည္စားေနရသူ တစ္ဦးကို ပဲရာဇာဟင္းခ်ိဳ တစ္လခန႔္ ေသာက္ၾကည့္စမ္းပါဟု တိုက္တြန္းရာ သက္သာေၾကာင္း၊ ေနပူလွ်င္ ေမာသည့္ ရင္ထဲမွမြန္းၾကပ္သည့္ ေဝဒနာပါ သက္သာလာေၾကာင္း ေျပာပါသည္။

ပဲရာဇာကို ႏွစ္ရွည္စြဲစားႏိုင္လွ်င္ ပို၍ သက္သာမည္ထင္သည္။ ေသြးေလးဘက္နာရွိသူမ်ားကို ပဲရာဇာဟင္း စားၾကည့္ရန္ မၫႊန္ရေသးပါ။

ထိုေလးဘက္နာမ်ိဳးမွာ ေသြးထဲမွာ ေဖာက္ျပန္ေသာ ေရာဂါျဖစ္သျဖင့္ အကုရခက္သည္။ သို႔ေသာ္ မိမိဆရာဝန္ေပးေသာ စားေနက်ေဆးကိုစားရင္း တစ္ဖက္တစ္လမ္းမွလည္း ဓာတ္စာအျဖစ္ ပဲရာဇာဟင္းခ်ိဳကို ေသာက္ေပးေစခ်င္ပါသည္။

ဓာတ္စာျဖင့္ ေပ်ာက္ကင္းေသာ ေရာဂါမ်ားစြာ ရွိပါသည္။ ေလးဘက္နာေရာဂါ အမ်ိဳးမ်ိဳး ရွိသည္။ကူးစက္ေရာဂါ မဟုတ္ပါ။

သို႔ေသာ္ ေပ်ာက္ကင္းရန္လည္း ခက္ခဲေသာ ေဝဒနာမ်ိဳး ျဖစ္ပါသည္။ ေရာဂါဆိုးလွ်င္ အလုပ္ပ်က္၊ အကိုင္ပ်က္ ျဖစ္တတ္သည္။ တိက်စြာ ေပ်ာက္ကင္းေသာ ေဆးနည္းလည္း မရွိပါ။

ကံ၊ စိတ္၊ ဥတု၊ အာဟာရမွ်တေအာင္ ေနထိုင္ႏိုင္မွ သာသက္သာမည္ ျဖစ္သည္။ ယခု စာေရးသူတင္ျပေသာ ပဲရာဇာ၊ ပဲနီေလး၊ ပဲျဖဴေလး ဓာတ္စာစားနည္းကို စမ္းစား ၾကည့္ေစခ်င္ပါသည္။ သက္သာသြားသည့္သူမ်ား ရွိမည္ဆိုလွ်င္ ကုသိုလ္ရသည္ဟုဝမ္းသာရပါသည္။

Credit: ၾကည္လြင္ျမင့္(မုျဒာ).. ေလးဖက္နာေရာဂါစာအုပ္မွ..။

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ပဲရာဇာသည် ဆေးဖက်ဝင်သော ဓာတ်စာ ပဲမျိုးဖြစ်သည်။ အချို့က ပဲရာဇာကို ပဲနီလေးဟု ခေါ်ကြသည်။ အရပ်ဒေသအလိုက် အခေါ်အဝေါ် ကွာခြားမှုများလည်း ရှိသည်။

ရန်ကုန်နှင့် အောက်အရပ်မှ လူနာမိတ်ဆွေများကို ပဲရာဇာဓာတ်စာ စားရန် ညွှန်သောအခါ ပဲရာဇာကို မသိ၊ ရှာမတွေ့ဟု ပြောသည်။

မန္တလေးမှ လူကြုံနှင့် ပို့ပေးသောအခါ ရန်ကုန်မှာ စားကြသော ပဲဖြူလေးနှင့် အတူတူပဲဟု သိရသည်။

စာရေးသူသည် မုံညှင်းဆီနှင့် ပဲရာဇာကို အမြဲဝယ်ယူနေကျ အိန္ဒိယလူမျိုး ဘာဘူကြီးဆိုင်တွင် ပဲရာဇာနှင့် ပဲဖြူလေး ဘာများကွာခြားသလဲဟု မေးကြည့်သောအခါ ပဲရာဇာသည် မူလက ပဲဖြူလေးပင် ဖြစ်ကြောင်း၊ အရောင်လှအောင် အနီရောင် ဆိုးပေးလိုက်သဖြင့် ပဲနီလေးဟု သိကြကြောင်း ပြောပါသည်။

အိန္ဒိယမှလာသော အစားအစာများမှာ အနီရောင်ဆိုးလေ့ရှိကြောင်း ပြောပါသည်။ မှန်ပါသည်။ ရှေးယခင်က ချင်းတက်ကို အိန္ဒိယမှ တင်သွင်းသည်။ ဗမာပြည်တွင် ချင်းတက် မစိုက်ကြသေး။

အိန္ဒိယမှလာသော ချင်းတက်များမှာ ဖြူဖွေးနေသည်။ သင်္ဘောချင်းဟု ပရဆေးဆိုင်များမှ ခေါ်ကြသည်။ အမှန်မှာ ချင်းတက်ကို မပုပ်အောင်၊ မှိုမတက်အောင် ထုံးရည် ဖြန်းပေးလိုက်သဖြင့် ဖြူဖွေးနေခြင်း ဖြစ်သည်။

ချင်းတက်ကို ကိုယ့်တိုင်းပြည်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်နိုင်သောအခါတွင် အိန္ဒိယမှ မမှာတော့။

သို့သော် ဘင်္ဘောချင်း (အိန္ဒိယမှလာသော ချင်းကို ဆိုလိုသည်) များမှာ ပရဆေးဆိုင်တွင် ဝယ်ရနေဆဲ ဖြစ်သည်။

အိန္ဒိယမှ သင်္ဘောချင်းနှင့် ပုံစံတူအောင် ချင်းတက်ကို နှစ်ခြမ်းခွဲ၊ အခြောက်လှန်းပြီး ထုံးရည်များများဖြန်းကာ ရှေးမူမပျက် သင်္ဘောချင်းပြုလုပ်ပြီး ရောင်းနေကြခြင်း ဖြစ်သည်။ ဗမာလူမျိုးများတွင် အစွဲအလန်းရှိသည်။

ဒါဆိုဒါမှ အသစ်အသစ်ကို တော်ရုံနှင့် ပြောင်းလွဲ မသုံးကြသော အကျင့်ရှိသည်။ ထို့အတူပင် ပဲဖြူလေးကို ပဲနီလေးဖြစ်အောင် ဆေးဆိုးရောင်းကြသည်ဟု သိရသည်။

ထိုဆေးများကို ရေစိမ်လိုက်သည်နှင့် အနီရောင်ဆေးများ ကျွတ်ထွက်လာကြောင်း တွေ့ရလျှင် သတိပြုမိဖို့လိုသည်။

စားသောက်ကုန် ဆိုးဆေးမဟုတ်ဘဲ ချည်ဆိုးဆေး၊ ပိုးဆိုးဆေးများကို ဈေးပေါပေါဖြင့် သုံးတတ်ကြသဖြင့် ဘေးထွက်ဆိုးကျိုး နောက်ဆက်တွဲ ဆိုးကျိုးများကို ပဲနီလေးစားရင်း ကြုံတွေ့ရနိုင်သည်။

ထိုသို့ ဆေးဘေးအန္တရာယ် လွတ်ကင်းအောင် ပဲရာဇာ ခေါ် ပဲနီလေး (ဆေးဆိုး) ကို စားမည့်အစား ပဲဖြူလေးကို စားခြင်းက အန္တရာယ်ကင်းဘေးရှင်းမည် ထင်ပါသည်။

တကယ်တော့ ပဲရာဇာ (ပဲနီလေး၊ ပဲဖြူလေး)သည် အလွန်ဆေးဘက်ဝင်ပြီး လူကို အကျိုးပြုသော ပဲမျိုးဖြစ်သည်။

ယခုခေတ် အဖြစ်များသော အဆစ်အမြစ် ကိုက်ခဲခြင်း မှန်သမျှနှင့် လေးဘက်နာ ရောဂါအတွက် ထိရောက်သော အစွမ်းထက်သော ဓာတ်စာ ဖြစ်သည်။

သို့သော် တစ်နေ့တစ်ရက်စားရုံမျှနှင့်တော့မရ။ ရေရှည်စွဲပြီးစားသုံးဖို့လိုပါသည်။မြန်မာအမျိုးသမီးကြီးများတွင် တွေ့ရလေ့ရှိသော သွေးဆုံးကိုင် ရောဂါနှင့် အရိုးပွကျီးပေါင်းတက် ရောဂါများ အတွက်လည်း အစွမ်းထက်သော ဓာတ်စာဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများမှာ အသက် ၄၆ နှစ်မှ ၄၈ နှစ်အတွင်း သွေးဆုံးလျှင် အကောင်းဆုံး ဖြစ်သော်လည်း အချို့မှာ အသက် ၅၀ ကျော်မှ သွေးဆုံးကြသည်။

အထူးသဖြင့် မြန်မာပြည် အပူပိုင်းဒေသတွင် နေထိုင်ကြသူ အမျိုးသမီးကြီးများမှာ သွေးဆုံးနောက်ကျလေ့ ရှိသည်။

ငါးဆယ်ကျော်ပြီးမှ သွေးဆုံးကြသည့်သူများတွင် အနောက်တိုင်း ဆေးပညာအယူအဆအရအရိုးပွရောဂါ၊ AO ခေါ် အရိုးအဆစ်ကိုက်သော ရောဂါများဖြစ်ကြောင်း ဆရာဝန်ကြီးများက ပြောသည်။

ရိုးရာဆေးပညာအယူအဆမှာ သွေးဆုံးသောအခါ အစာအိမ်တွင် သွေးအစား လေဝင်ရောက်လာပြီး ဗိုက်ဆူလာသည်။

ထိုလေများသည် အင်္ဂမင်္ဂနုဿာရီဝါယောအဖြစ် ပြောင်းလဲသွားပြီး ကိုယ်ခန္ဓာ အနှံ့အပြားသို့ ရောက်ရှိကာ ကိုက်ခဲခြင်းကို ဖြစ်စေသည့် လေပူဖြစ်သည်။

ရှေးက မြန်မာကြီးများသည် ထိုလေပူကို နှိမ်နင်းရန်အတွက် လေပူနိုင်ဆေးအဖြစ် တဇောင်းလက်ပတ်(ရှားစောင်းလက်ပတ်) အနှစ်ကိုယူ၊ စမုံမျိုးငါးပါး၊ ထန်းလျက်တို့နှင့်ကျိုကာ တေဆေးစားလေ့ရှိကြသည်။

သွေးဆုံးကိုင်ခြင်းနှင့် သားအိမ်သွေးသွန်ခြင်းများကို ကာကွယ်နိုင်သော ဆေးနည်းဖြစ်ပါသည်။

တဇောင်းလက်ပတ်သည် မြန်မာပြည်အနှံ့ ပေါများပြီး အိမ်တွင်ပန်းအိုးနှင့် စိုက်လျှင်ပင် ရှင်သန်နိုင်သည်။ မီးယပ်ဆေးအတွက်သာမက လေးဘက်နာ အဆစ်နာများအတွက်ပါ ဆေးဘက်ဝင်သည်။

ပဲရာဇာအကြောင်း ပြန်ပြောလိုပါသည်။ နာမည်က ပဲရာဇာဆိုသဖြင့် ပဲတို့၏ ဘုရင်ဟု ဆိုရမည်လား မသိပါ။ရှေးက ဆေးဖက်ဝင် ဆေးစွမ်းထက်သော အပင်အသီးများကို ရာဇာထည့်လေ့ရှိသည်။

ဘုမ္မရာဇာဆိုလျှင် မြေကြီးတွင်ပေါက်သော အပင်တို့တွင် ဘုရင်ဟု ဆိုနိုင်သည်။ သွေးတိုးကျဆေးကို ဘုမ္မရာဇာပင်မှ ထုတ်ခဲ့ကြဖူးပါသည်။

စာရေးသူ တိုင်းရင်းဆေးသိပ္ပံတွင် ပညာသင်ကြားစဉ်က သင်တန်းဆရာကြီးတစ်ဦးကလူအများစားလေ့ရှိသောပဲများထဲမှပဲနှစ်မျိုးအကြောင်း နှိုင်းယှဉ်သင်ကြားပါသည်။

ထိုပဲနှစ်မျိုးမှာ ကုလားပဲနှင့် ပဲရာဇာတို့၏ အကျိုး ကျေးဇူး အကြောင်း ဖြစ်ပါသည်။

အိန္ဒိယမှလာသော ဆေးပညာအမြင်တွင် ဂရုဂုဏ်နှင့် လဟုဂုဏ်ရှိသော အစာများကို ခွဲခြားရှုမြင်သည်။ ဂရုဆိုသည်မှာ လေးလံခြင်းဖြစ်၍ လဟုဆိုသည်မှာ ပေါ့ပါးခြင်းဖြစ်သည် ဂရုဂုဏ်ရှိသော အစာဆိုသည်မှာ ကြေကျက်ခဲပြီး အားဖြစ်စေသော အစာဖြစ်သည်။

လူကို အားဖြစ်စေသော်လည်း အကြောအဆစ်များကို တောင့်တင်းစေ၏။ ဂရုနှင့် ဆန့်ကျင်ဘက် လဟုဂုဏ်ရှိသော အစာများမှာ လူကို သိပ်အားမတိုး၊ အားမဖြစ်စေသော်လည်း ကြေကျက်လွယ်သည်။

အစာချေချက်ရလွယ်သည်။ အစာကြေလွယ်သည်။ အကြောအဆစ်များကို ပေါ့ပါး သွက်လက်စေသည်။ ကုလားပဲသည် ဂရုဂုဏ်ရှိသော အစာဖြစ်သည်။

စားသူကို အားဖြစ်စေသည်။ တပ်မတော်တွင် စစ်သားများကို အားဖြစ်စေရန် ကုလားပဲ အမြဲကျွေးလေ့ရှိသည်။ အကြောအဆစ်များကို တောင့်တင်းခိုင်မာစေသည်။

အနောက်တိုင်း အာဟာရ သုတေသနအရ ကုလားပဲတွင် ပရိုတင်းဓာတ်များစွာ ပါသည်။ အသားဓာတ်ပါသော ပဲမျိုးဖြစ်သည်။ သတ်သတ်လွတ်စားသူပင် ကုလားပဲစားလျှင် အသားဓာတ် အပြည့်အဝ ရနိုင်လေသည်။

သို့သော် အဆစ်ရောင်၊ အဆစ်ကြပ်နှင့် လေးဘက်နာရောဂါ ရှိသူများအတွက် ကုလားပဲမှာ မသင့်ပေ။ အဆစ်အမြစ်များကို ပိုပြီး တင်းကြပ်စေနိုင်သည်။ အကြောတက်ရောဂါ ရှိသူများ အထိုင်များသူများနှင့်လည်း မသင့်ပေ။

ဂရုဂုဏ်ရှိသော အစာများသည် အိပ်ငိုက်တတ်သောသဘော ရှိသဖြင့် အဝေးပြေးကားမောင်းသမားများသည် ကုလားပဲ မစားသင့်ပေ။ ထို့အတူ စာကျက်မှတ်ရသော စာမေးပွဲနီးသူ ကျောင်းသားများလည်း ကုလားပဲကို မစားသင့်ပေ။

ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေးတို့မှာ အထက်ပါကုလားပဲနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လဟုဂုဏ်ရှိသော၊ ပေါ့ပါးသောဂုဏ်ရှိသော အစာဖြစ်သဖြင့် စားပြီးလျှင်လည်း အစာကြေလွယ်သည်။

အိပ်ချင်၊ ငိုက်မြည်းခြင်းမရှိ၊ အကြောတက်ခြင်းမရှိ၊ နောက်ဆက်တွဲ အနေဖြင့် ဝမ်းချုပ်ခြင်းလည်းမရှိပေ။

လေးဘက်နာ၊ အဆစ်ရောင်ဝေဒနာသည်များစွာကို စာရေးသူ ကုသပေးဖူးပါသည်။ လေးဘက်နာ၊ အဆစ်ရောင်ရောဂါ၊ Gout ရောဂါများသည် အမြစ်ပြတ် ပျောက်ကင်းရန် အလွန်ခက်ခဲသည်။

အစား အလွန်ရှောင်ရသည်။ အစားရှောင်နေရင်းကပင် ရာသီဥတုဆိုးလျှင် ရောဂါပြန်ထသည်။ အချို့က အေးလျှင် အဆစ်အမျက် ကိုက်သည်။ အချို့က ပူလျှင် အဆစ်ရောင်သည်။ အိပ်ရေးပျက်လျှင် ပင်ပန်းလျှင်လည်း လေးဘက်နာရောဂါ ထပြန်သည်။

အနောက်တိုင်းဆေးပညာတွင် သွေးစစ်ပြီး လေးဘက်နာကို A.S.O မြင့်တက်မှုဖြင့် တိုင်းတာပြီး Gout ခေါ် ခြေမဆစ်၊ ခြေမျက်စိ၊ ဒူးဆစ် စသည့် အဆစ်တစ်ဆစ်တွင် ရောင်သော ဂေါက်ရောဂါအတွက် ယူရစ်အက်ဆစ် (Uric acid) မြင့်တက်မှုနှင့် တိုင်းတာလေ့ ရှိသည်။ သို့သော်လည်း တစ်ခါက စာရေးသူ၏ လူနာတစ်ဦးတွင် ခြေမဆစ်ရောင်သော ဂေါက်ရောဂါ ပြန်ထလာသဖြင့် မေးကြည့်ရာ အစားရှောင်နေကြောင်း၊ ဝမ်းတွင်းသားသာမဟုတ်၊ မည်သည့်အသားမှမစား၊ ရောင်စေသည့်အစာ၊ ပဲပင်ပေါက်၊ ပဲတီချဉ်၊ မျှစ်၊ မျှစ်ချဉ်၊အားလုံးရှောင်ပြီး သတ်သတ်လွတ်စားနေရင်း ရောင်လာသည်ဟု ပြောသည်။

လိမ်းနေကျ လိမ်းဆေး ၂ ရက်၊ ၃ ရက်လိမ်းသော်လည်း အရောင်မကျ။ သူစားနေသော အစာကို မေးကြည့်သောအခါ နေ့စဉ် ကုလားပဲဟင်းနှင့် သတ်သတ်လွတ် စားနေသည်ဟု ဆိုပါသည်။

စာရေးသူကသူ့ကိုပဲရာဇာပဲနီလေး ပြောင်းစားကြည့်ဖို့ တိုက်တွန်းသဖြင့် ပြောင်းလဲစားရာ နောက်တစ်ပတ်ခန့် ကြာသောအခါ သက်သာလာကြောင်း ပြောပါသည်။

ပိုးကြောင့်ဖြစ်သော လေးဘက်နာ ဖြစ်သဖြင့် အနောက်တိုင်းဆေး Pan V ကို နှစ်ရှည်စားနေရသူ တစ်ဦးကို ပဲရာဇာဟင်းချို တစ်လခန့် သောက်ကြည့်စမ်းပါဟု တိုက်တွန်းရာ သက်သာကြောင်း၊ နေပူလျှင် မောသည့် ရင်ထဲမှမွန်းကြပ်သည့် ဝေဒနာပါ သက်သာလာကြောင်း ပြောပါသည်။

ပဲရာဇာကို နှစ်ရှည်စွဲစားနိုင်လျှင် ပို၍ သက်သာမည်ထင်သည်။ သွေးလေးဘက်နာရှိသူများကို ပဲရာဇာဟင်း စားကြည့်ရန် မညွှန်ရသေးပါ။

ထိုလေးဘက်နာမျိုးမှာ သွေးထဲမှာ ဖောက်ပြန်သော ရောဂါဖြစ်သဖြင့် အကုရခက်သည်။ သို့သော် မိမိဆရာဝန်ပေးသော စားနေကျဆေးကိုစားရင်း တစ်ဖက်တစ်လမ်းမှလည်း ဓာတ်စာအဖြစ် ပဲရာဇာဟင်းချိုကို သောက်ပေးစေချင်ပါသည်။

ဓာတ်စာဖြင့် ပျောက်ကင်းသော ရောဂါများစွာ ရှိပါသည်။ လေးဘက်နာရောဂါ အမျိုးမျိုး ရှိသည်။ကူးစက်ရောဂါ မဟုတ်ပါ။

သို့သော် ပျောက်ကင်းရန်လည်း ခက်ခဲသော ဝေဒနာမျိုး ဖြစ်ပါသည်။ ရောဂါဆိုးလျှင် အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်တတ်သည်။ တိကျစွာ ပျောက်ကင်းသော ဆေးနည်းလည်း မရှိပါ။

ကံ၊ စိတ်၊ ဥတု၊ အာဟာရမျှတအောင် နေထိုင်နိုင်မှ သာသက်သာမည် ဖြစ်သည်။ ယခု စာရေးသူတင်ပြသော ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေး ဓာတ်စာစားနည်းကို စမ်းစား ကြည့်စေချင်ပါသည်။ သက်သာသွားသည့်သူများ ရှိမည်ဆိုလျှင် ကုသိုလ်ရသည်ဟုဝမ်းသာရပါသည်။

Credit: ကြည်လွင်မြင့်(မုဒြာ).. လေးဖက်နာရောဂါစာအုပ်မှ..။

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top