iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ဖိစီးမႈက စိတ္ပိုင္းဆိုင္ရာေရာ ၊ ရုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ႏိုင္တဲ့ ျပႆနာတစ္မ်ိဳးပါ။ စျဖစ္ျဖစ္ခ်င္းမွာ မသိတာေပမယ့္ ေနာက္ပိုင္းမွာ ကိုယ္ေရာ စိတ္ပါ အႏၱရာယ္ေပးႏုိင္တဲ့ ေရာဂါႀကီး ျဖစ္လာတတ္ၾကပါတယာ္။ စိတ္ဖိစီးမႈ နည္းေနခ်ိန္မွာ ေလ်ာ့ခ်ဖို႔ အေရးႀကီးပါတယ္။

ဒါေၾကာင့္ ကိုယ္စိတ္ဖိစီးမႈ မ်ားေနၿပီဆိုတာကိုျပသေနတဲ့ လကၡဏာရပ္မ်ားကို ေ၀မွ်ခ်င္ပါတယ္။

ဆံပင္ေတြ ကၽြတ္လာမယ္

ခ်ီကာကိုၿမိဳ႕ရဲ႕ အေရးျပားဆိုင္ရာ ခြဲစိတ္မႈ ေဆးခန္း တည္ေထာင္သူ ေဒါက္တာ ကာရိုလင္း ဂ်က္ေကာ့ က အမ်ားအားျဖင့္ တစ္ေန႔ကို ဆံပင္ေပါင္း အေခ်ာင္း ၁၀၀ ေလာက္ပံုမွန္ကၽြတ္ေလ့ရွိပါတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက သတိမထားမိၾကပါဘူး။

စိတ္ဖိစီးမႈက ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ေတြကို ေျပာင္းလဲေအာင္ လုပ္ေဆာင္ႏိုင္တာေၾကာင့္ ဆံပင္ေတြ ပိုကၽြတ္လာၾကပါတယ္။

ကိုယ္အေလးခ်ိန္ ပံုမွန္မရွိ

စိတ္ဖိစီးမႈေၾကာင့္ ကိုယ္အေလးခ်ိန္က ပံုမွန္မရွိဘဲ၊ ပိုပိန္လာတာ၊ ၀လာတာေတြျဖစ္တတ္ပါတယ္။ စားခ်င္ေသာက္ခ်င္စိတ္ေတြနည္းလာတာေၾကာင့္ ပိုပိန္လာတတ္ၿပီးဇီ၀ကမၼျဖစ္စဥ္ေတြ ပံုမွန္မဟုတ္ေတာ့တာေၾကာင့္ ကိုယ္ အေလးခ်ိန္ တက္လာ တတ္ပါတယ္။

စိတ္လႈပ္ရွားၿပီး ဂနာမၿငိမ္ ျဖစ္

စိတ္ထဲမွာေနရ ထိုင္ရသာ မသက္မသာျဖစ္ေန၊ စိတ္လႈပ္ရွား၊ ဂနာမၿငိမ္ျဖစ္ေနတာလည္း စိတ္ဖိစီးမႈရဲ႕ လကၡဏာေတြဘဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္စိတ္ဖိစီးမႈျဖစ္ေနတဲ့ ျပႆနာကို ေသခ်ာ ရင္ဆိုင္ ေျဖရွင္းသင့္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုဆိုးရြားႏိုင္ပါတယ္။

စိတ္မရွည္ျဖစ္လာ

ေန႔စဥ္နဲ႔ အမွ် ႀကံဳေတြ႔ေနရတဲ့ ျပသနာေတြမ်ားလာတဲ့အခါမွာ သည္းခံႏိုင္တဲ့စိတ္ေတြ ေလ်ာ့နည္းလာပါတယ္။ အဲ့ဒီအျပင္ ကိုယ့္ေဘးနားမွာရွိတဲ့သူေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို သည္းမခံႏိုင္၊ ေဒါသထြက္တာေတြ ျဖစ္လာႏိုင္ပါတယ္။

အိပ္တာနဲ႔ပတ္သက္ၿပီး ျပႆနာျဖစ္လာ

စိတ္ဖိစီးမႈ အရမ္းမ်ားေနရင္ ညအိပ္မေပ်ာ္တာတို႔၊ ညအိပ္ေပ်ာ္ရဲ႕သားနဲ႔ နာရီေတာ္ေတာ္မ်ားမ်ား အိပ္ထားရဲ႕သားနဲ႔ ပင္ပန္းေနတာေတြကို ခံစားရပါလိမ့္မယ္။ သင့္ခႏၶာကိုယ္က စိတ္ဖိစီးမႈနဲ႔ အၿမဲ တိုက္ခိုက္ေနရတာေၾကာင့္ ပင္ပန္းေနပါလိမ့္မယ္။

ဒါေၾကာင့္ စိတ္ဖိစီးမႈကို ဖယ္ရွားႏိုင္ေအာင္ တရားထိုင္ျခင္း၊ စိတ္ဖိစီးမႈ ေလ်ာ့နည္ေအာင္ ကူညီေပးတဲ့ အစားအစာမ်ား စားျခင္း၊ အားကစားစားျခင္း နဲဲ႔ ေယာဂ ကစားျခင္းတို႔ကိုလည္းလုပ္ေဆာင္လို႔ရပါတယ္။

အလုပ္အေၾကာင္းကို တခ်ိန္လံုးေတြးေနမယ္

စိတ္ဖိစီးမႈေတြ မ်ားေနရင္ အလုပ္အေၾကာင္းကို တစ္ခ်ိန္လံုး ေတြးျဖစ္ေနၿပီး ကိုယ့္ ဦးတည္ခ်က္ေတြနဲ႔ ေငြေၾကးဆိုင္ရာကို တစ္ခ်ိန္လံုးေတြးကာ ပူပန္ေနပါလိမ့္မယ္။ ဒီလို အေျခအေနမ်ိဳးကို စိတ္ကို သက္ေတာင့္သက္သာ ထားကာ စိတ္ဖိစီးမႈအတြက္ အေျဖရွာသင့္ပါတယ္။

ကိုယ္က ျပႆနာအေၾကာင္း တစ္ခ်ိန္လံုး ေတြးေနရင္ ကိုယ့္အေျခအေနကို ပိုဆုိးလာဖို႔ဘဲ ရွိပါတယ္။ ဒါက ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆုိင္ရာ ျပႆနာမ်ားျဖစ္ပြားဖို႔ကို ဦးတည္ေနပါတယ္။ ဒါေၾကာင့္ အေျပာင္းအလဲ ေတြျဖစ္လာရင္ စိတ္ေအးေအးထားၿပီး ရင္ဆိုင္ပါ။ အလုပ္ကိုလည္း သိပ္စိတ္မပူပါနဲ႔။ မိသားစုနဲ႔ သူငယ္ခ်င္းေတြနဲ႔ အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေပါ့ေပါ့ပါးပါး ျဖတ္သန္းပါ။

Credit:Myhealthymyanmar

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်မျိုးပါ။ စဖြစ်ဖြစ်ချင်းမှာ မသိတာပေမယ့် နောက်ပိုင်းမှာ ကိုယ်ရော စိတ်ပါ အန္တရာယ်ပေးနိုင်တဲ့ ရောဂါကြီး ဖြစ်လာတတ်ကြပါတယာ်။ စိတ်ဖိစီးမှု နည်းနေချိန်မှာ လျော့ချဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကိုယ်စိတ်ဖိစီးမှု များနေပြီဆိုတာကိုပြသနေတဲ့ လက္ခဏာရပ်များကို ဝေမျှချင်ပါတယ်။

ဆံပင်တွေ ကျွတ်လာမယ်

ချီကာကိုမြို့ရဲ့ အရေးပြားဆိုင်ရာ ခွဲစိတ်မှု ဆေးခန်း တည်ထောင်သူ ဒေါက်တာ ကာရိုလင်း ဂျက်ကော့ က အများအားဖြင့် တစ်နေ့ကို ဆံပင်ပေါင်း အချောင်း ၁၀၀ လောက်ပုံမှန်ကျွတ်လေ့ရှိပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လူတော်တော်များများက သတိမထားမိကြပါဘူး။

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်တာကြောင့် ဆံပင်တွေ ပိုကျွတ်လာကြပါတယ်။

ကိုယ်အလေးချိန် ပုံမှန်မရှိ

စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန်က ပုံမှန်မရှိဘဲ၊ ပိုပိန်လာတာ၊ ဝလာတာတွေဖြစ်တတ်ပါတယ်။ စားချင်သောက်ချင်စိတ်တွေနည်းလာတာကြောင့် ပိုပိန်လာတတ်ပြီးဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မဟုတ်တော့တာကြောင့် ကိုယ် အလေးချိန် တက်လာ တတ်ပါတယ်။

စိတ်လှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်

စိတ်ထဲမှာနေရ ထိုင်ရသာ မသက်မသာဖြစ်နေ၊ စိတ်လှုပ်ရှား၊ ဂနာမငြိမ်ဖြစ်နေတာလည်း စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဖိစီးမှုဖြစ်နေတဲ့ ပြဿနာကို သေချာ ရင်ဆိုင် ဖြေရှင်းသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးရွားနိုင်ပါတယ်။

စိတ်မရှည်ဖြစ်လာ

နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေရတဲ့ ပြသနာတွေများလာတဲ့အခါမှာ သည်းခံနိုင်တဲ့စိတ်တွေ လျော့နည်းလာပါတယ်။ အဲ့ဒီအပြင် ကိုယ့်ဘေးနားမှာရှိတဲ့သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို သည်းမခံနိုင်၊ ဒေါသထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်တာနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာ

စိတ်ဖိစီးမှု အရမ်းများနေရင် ညအိပ်မပျော်တာတို့၊ ညအိပ်ပျော်ရဲ့သားနဲ့ နာရီတော်တော်များများ အိပ်ထားရဲ့သားနဲ့ ပင်ပန်းနေတာတွေကို ခံစားရပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုနဲ့ အမြဲ တိုက်ခိုက်နေရတာကြောင့် ပင်ပန်းနေပါလိမ့်မယ်။

ဒါကြောင့် စိတ်ဖိစီးမှုကို ဖယ်ရှားနိုင်အောင် တရားထိုင်ခြင်း၊ စိတ်ဖိစီးမှု လျော့နည်အောင် ကူညီပေးတဲ့ အစားအစာများ စားခြင်း၊ အားကစားစားခြင်း နဲ့ ယောဂ ကစားခြင်းတို့ကိုလည်းလုပ်ဆောင်လို့ရပါတယ်။

အလုပ်အကြောင်းကို တချိန်လုံးတွေးနေမယ်

စိတ်ဖိစီးမှုတွေ များနေရင် အလုပ်အကြောင်းကို တစ်ချိန်လုံး တွေးဖြစ်နေပြီး ကိုယ့် ဦးတည်ချက်တွေနဲ့ ငွေကြေးဆိုင်ရာကို တစ်ချိန်လုံးတွေးကာ ပူပန်နေပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကို စိတ်ကို သက်တောင့်သက်သာ ထားကာ စိတ်ဖိစီးမှုအတွက် အဖြေရှာသင့်ပါတယ်။

ကိုယ်က ပြဿနာအကြောင်း တစ်ချိန်လုံး တွေးနေရင် ကိုယ့်အခြေအနေကို ပိုဆိုးလာဖို့ဘဲ ရှိပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပွားဖို့ကို ဦးတည်နေပါတယ်။ ဒါကြောင့် အပြောင်းအလဲ တွေဖြစ်လာရင် စိတ်အေးအေးထားပြီး ရင်ဆိုင်ပါ။ အလုပ်ကိုလည်း သိပ်စိတ်မပူပါနဲ့။ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။

Credit:Myhealthymyanmar

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top