iMyanmarHouse.com - Best Property Website for Myanmar
×
Credit:nanmalgyi
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
၁။ညနေ ၆ နာရီနောက်ပိုင်း အစားစားတာဟာကျန်းမာရေးအတွက်ဆိုးဝါးပါတယ်။
ဒီအယူသည်းမှုကြီးကတော့ အတော်ကြာကတည်းကရှိလာခဲ့တာဖြစ်ပါတယ်။ ဒါမဲ့ တကယ်လဲ ညနေ ၆ နာရီနောက်ပိုင်းမှာစားတာ ကျန်းမာရေးနဲ့မညီညွှတ်ပါဘူး။ ယနေ့ခေတ်လူတွေဟာရှေးလူတွေထက် အိပ်ယာဝင်တာနောက်ကျပါတယ်။ ဆာလောင်မှုကလဲသင့်ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ တကယ့်အမှန်ကတော့ ညအိပ်ယာမဝင်ခင် ၃ နာရီအလိုဘာမှမစားသင့်တော့တာပါ။ ပီးတော့ ညစာကိုလဲပေါ့ပေါ့ပါးပါးပဲစားသင့်ပါတယ်။
၂။အဆီတွေက အန္တရာယ်များတယ်
အဆီတွေဆိုတာ ခန္ဓာကိုယ်အတွက်အန္တရာယ်များတယ်ဆိုပီး သတ်မှတ်ထားကြပါတယ်။ ဒါမဲ့ အဲ့တာကလဲအတိအကျမှန်တာတော့မဟုတ်ပါဘူး။ အဆီမပါပဲနဲ့သင်အစာမချေနိုင်ပါဘူး။ ဗီတာမင် အေ နဲ့ အီး ကိုထုတ်ပေးပီးတော့ တကယ်လို့သင့်ခန္ဓာကိုယ်ထဲမှာလုံလောက်တဲ့အဆီသာမရှိဘူးဆိုရင် ဟော်မုန်းတွေထုတ်လုပ်တာကလဲရပ်တန့်သွားပါလိမ့်မယ်။ အဲ့အပြင် အဆီလုံလောက်မှုမရှိရင် သင့်အသားအရေကိုလဲအိုမင်းရင့်ရော်မှုမြန်ဆန်စေပီး အသည်းကိုလဲထိခိုက်စေပါတယ်။ ဒါကြောင့်လဲ သင်အသီးအရွက်အဆီစားသုံးတာကိုကန့်သတ်ထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အဆီတွေကိုလျှော့စားဖို့ပဲဖြစ်ပါတယ်။
၃။မုန့်တွေက ကျန်းမာရေးနဲ့မညီညွှတ်ဘူး
မုန့်တွေကိုစားသုံးပေးဖို့လိုအပ်ပါတယ်။ သင့်ကျန်းမာရေးကိုဂရုစိုက်တယ်ဆိုရင် သင့်အနေနဲ့ အချိန်တိုင်းမှာ အားဖြည့်ပေးနေဖို့လိုအပ်မှာပါ။ ဒါပေမဲ့လဲ အဲ့လိုစားတဲ့နေရာမှာ ဟန်ချက်တော့ညီမှဖြစ်မှာပါ။ ဥပမာအားဖြင့် အစေ့အဆန်တို့ သစ်သီးတို့စားတာမျိုးပေါ့။
၄။အော်ဂဲနစ်အစားအစာမှန်သမျှ ကျန်းမာရေးနဲ့ညီညွတ်တယ်
အော်ဂဲနစ်ဆိုပီး တံဆိပ်ကပ်ထားတဲ့အစားအစာတွေဟာ တစ်ခါတစ်ရံမှာ ဈေးကြီးတာကလွဲလို့ အခြားရိုးရိုးအစားအစာတွေနဲ့သိပ်မကွာခြားပါဘူး။
၅။ကာဗွန်ဟိုက်ဒရိတ်တွေကိုရှောင်ပါ။
ကာဗွန်ဟိုက်ဒရိတ်ဆိုတာ ချောကလက်၊ အအေး၊ ပျားရည်၊ အသီးချို၊ အာလူးနဲ့ ပေါင်မုန့်ဖြူတွေမှာပါဝင်ပါတယ်။ ဒါမဲ့ သင်ကျန်းမာချင်ရင်တော့ Complex ကာဗွန်ဟိုက်ဒရိတ်တွေပါဝင်တဲ့ အစေ့အဆန်တွေ၊ ဘယ်ရီတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲတွေကိုစားပေးသင့်ပါတယ်။
၆။အေးခဲပီးတဲ့နောက်မှာ အသီးအရွက်တွေကအသုံးမဝင်တော့ဘူး။
ဒါမဲ့လဲ ယနေ့ခေတ်အထူးအေးခဲတဲ့နည်းပညာကြောင့် အသီးအရွက်တွေကိုအေးခဲပီးထိန်းသိမ်းထားလဲဘာမှစိုးရိမ်စရာမရှိပါဘူး။
၇။ပေါင်မုန့်ညိုက ပေါင်မုန့်ဖြူထက်ပိုကျန်းမာရေးနဲ့ညီညွတ်တယ်
ပေါင်မုန့်အညိုရောင်ဟာအထဲမှာ ဖိုက်ဘာသိပ်မပါဝင်ပါဘူး။ တကယ့်ကျန်းမာရေးပေါင်မုန့်ညိုဆိုရင် ဂျုံနယ်တည်းက အညိုရောင်ဖြစ်နေရမှာပါ။ ပေါင်မုန့်ညိုထဲပါဝင်တဲ့ energy ဟာ ပေါင်မုန့်ဖြူနဲ့အတူတူပါပဲ။ ဘယ်ဟာပဲစားစားဝိတ်တက်မှာပါပဲ။ သင်တကယ်စားသုံးသင့်တာက အစေ့အဆန်ပေါင်မုန့်တို့၊ ပေါင်မုန့်ကြွပ်တို့ဖြစ်ပါတယ်……
Credit:nanmalgyi
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top