iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ့္ခ်စ္သူေလးက မ Ro တတ္လုိ႔ စိတ္ညစ္ေနရတယ္ဆိုရင္ေတာ့ Marry က ေျပာျပထားတဲ့ နည္းလမ္းေလးေတြနဲ႔ အရင္ဆံုး စည္းရံုးေရးဆင္းၾကည့္ေနာ္။

စံုတြဲတစ္တြဲမွာ ရိုတတ္တဲ့သူနဲ႔ မရိုတတ္တဲ့သူနဲ႔ အျမဲ ရွိတတ္ပါတယ္။ ဒါကလည္း စံုတြဲတိုင္း မွာပါပဲေနာ္။ မရိုတတ္တဲ့ ေကာင္ေလးနဲ႔ ရိုတာႀကိဳက္လြန္းတဲ့ ေကာင္မေလးကေတာ့ အျမဲတစ္တတြဲတြဲ ျဖစ္ေနတတ္ျပန္ပါတယ္။

အကယ္လုိ႔ ကိုယ္က Ro တာ ႀကိဳက္ၿပီး ကိုယ့္ခ်စ္သူေလးက Ro တာ မႀကိဳက္ဘူးဆိုရင္ေတာ့ Ro တတ္လာေအာင္ ဆြဲေဆာင္စည္းရံုးေရး ဆင္းရမွာ ျဖစ္ပါတယ္။ နည္းနည္းေတာ့ စိတ္ရွည္ရွည္ ႀကိဳးစားရမွာေပါ့ေနာ္။
ဘယ္လုိစည္းရံုးမလဲ

ပထမဆံုးအခ်က္အေနနဲ႔ ခ်စ္သူေတြ Surprise ေပးၿပီး Ro ေနၾကတဲ့ Video ေတြကို ကိုယ့္ခ်စ္သူေလးကို ျပပါ။ စိတ္ၾကည္ေနတဲ့အခ်ိန္မွာ ျပေနာ္။ ၿပီးရင္ ကိုယ္ကပါ Video ထဲက အတြဲေလးကို ၾကည့္ၿပီး အားက်ၾကည္ႏူးေနတဲ့ ပံုေလးျပပါ။ ကိုယ္ကပါ အဲဒီလို စိတ္လွဳပ္ရွားေပ်ာ္ေနမိတယ္ ဆိုတာေလး ကိုယ့္ခ်စ္သူ သိပါေစ။

ဒါဆိုရင္ သူ႔စိတ္ထဲမွာ ကိုယ့္ခ်စ္သူက ဒါမ်ိဳးေလးေတြ ႀကိဳက္တတ္ပါလားဆိုတာ သိသြားမယ္ေလ။ အဲဒီလို နည္းလမ္းနဲ႔မွ မသိဘူးဆိုရင္ေတာ့ ေနာက္ထပ္ ဗ်ဴဟာ တစ္ခုထပ္သံုးပါ။ စိတ္ဆိုးတာ၊ စိတ္ေကာက္တာေတြ လုပ္ပါ။ ကိုကိုကလည္း မရိုတတ္လိုက္တာ ဆိုၿပီး စိတ္နည္းနည္းေလး ေကာက္ျပလိုက္ပါ။ သူ႔အေနနဲ႔ အနည္းဆံုးေတာ့ ေခ်ာ့ရမွာေလေနာ္။ ဒီလို နည္းလမ္းေလးေတြနဲ႔ စည္းရံုးေရးဆင္းပါ။

ပြင့္ပြင့္လင္းလင္း ေျပာပါ

တခ်ိဳ႔ေတြက ထုတ္မခ်စ္တတ္ၾကသလို ရိုမတ္တစ္ဆန္ဆန္ေတြလည္း မႀကိဳက္ၾကပါဘူး။ လက္ေတြ႔ဆန္ဆန္ပဲ ခ်စ္တတ္ၾကပါတယ္။ ဒီအခ်က္ကိုလည္း ကိုယ္က နားလည္ လက္ခံထားဖို႔ လိုပါတယ္ေနာ္။ ကိုယ့္ခ်စ္သူနဲ႔ ပြင့္ပြင့္လင္းလင္း တိုင္ပင္ေဆြးေႏြးပါ။ ကိုယ္က ရိုတတ္တာေလးကို ႀကိဳက္တယ္ဆိုရင္လည္း အနည္းဆံုး တစ္ႀကိမ္ေလာက္ေတာ့ လိုခ်င္ေၾကာင္း ေျပာပါ။ ဒါဆိုရင္ အဆင္ေျပမွာပါ။

ကိုယ္က အရင္ Ro ျပပါ

ဒီလိုနည္းလမ္းေလးလည္း သံုးလို႔ ရပါတယ္ေနာ္။ ကိုယ္က အရင္ဆံုး Ro ျပလိုက္ပါ။ ဒါကလည္း သူ႔ဆီမွာ ကိုယ့္ခ်စ္သူေလးကို ျပန္ၿပီး Ro ေပးမယ္ဆိုတဲ့ အေတြးေလးေတြ ေပၚလာေစမွာ ေသခ်ာပါတယ္။ ကိုယ္ကေတာ့ နည္းနည္းဦးေဆာင္ပါ။


Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ့်ချစ်သူလေးက မ Ro တတ်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ နည်းလမ်းလေးတွေနဲ့ အရင်ဆုံး စည်းရုံးရေးဆင်းကြည့်နော်။

စုံတွဲတစ်တွဲမှာ ရိုတတ်တဲ့သူနဲ့ မရိုတတ်တဲ့သူနဲ့ အမြဲ ရှိတတ်ပါတယ်။ ဒါကလည်း စုံတွဲတိုင်း မှာပါပဲနော်။ မရိုတတ်တဲ့ ကောင်လေးနဲ့ ရိုတာကြိုက်လွန်းတဲ့ ကောင်မလေးကတော့ အမြဲတစ်တတွဲတွဲ ဖြစ်နေတတ်ပြန်ပါတယ်။

အကယ်လို့ ကိုယ်က Ro တာ ကြိုက်ပြီး ကိုယ့်ချစ်သူလေးက Ro တာ မကြိုက်ဘူးဆိုရင်တော့ Ro တတ်လာအောင် ဆွဲဆောင်စည်းရုံးရေး ဆင်းရမှာ ဖြစ်ပါတယ်။ နည်းနည်းတော့ စိတ်ရှည်ရှည် ကြိုးစားရမှာပေါ့နော်။
ဘယ်လိုစည်းရုံးမလဲ

ပထမဆုံးအချက်အနေနဲ့ ချစ်သူတွေ Surprise ပေးပြီး Ro နေကြတဲ့ Video တွေကို ကိုယ့်ချစ်သူလေးကို ပြပါ။ စိတ်ကြည်နေတဲ့အချိန်မှာ ပြနော်။ ပြီးရင် ကိုယ်ကပါ Video ထဲက အတွဲလေးကို ကြည့်ပြီး အားကျကြည်နူးနေတဲ့ ပုံလေးပြပါ။ ကိုယ်ကပါ အဲဒီလို စိတ်လှုပ်ရှားပျော်နေမိတယ် ဆိုတာလေး ကိုယ့်ချစ်သူ သိပါစေ။

ဒါဆိုရင် သူ့စိတ်ထဲမှာ ကိုယ့်ချစ်သူက ဒါမျိုးလေးတွေ ကြိုက်တတ်ပါလားဆိုတာ သိသွားမယ်လေ။ အဲဒီလို နည်းလမ်းနဲ့မှ မသိဘူးဆိုရင်တော့ နောက်ထပ် ဗျူဟာ တစ်ခုထပ်သုံးပါ။ စိတ်ဆိုးတာ၊ စိတ်ကောက်တာတွေ လုပ်ပါ။ ကိုကိုကလည်း မရိုတတ်လိုက်တာ ဆိုပြီး စိတ်နည်းနည်းလေး ကောက်ပြလိုက်ပါ။ သူ့အနေနဲ့ အနည်းဆုံးတော့ ချော့ရမှာလေနော်။ ဒီလို နည်းလမ်းလေးတွေနဲ့ စည်းရုံးရေးဆင်းပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ

တချို့တွေက ထုတ်မချစ်တတ်ကြသလို ရိုမတ်တစ်ဆန်ဆန်တွေလည်း မကြိုက်ကြပါဘူး။ လက်တွေ့ဆန်ဆန်ပဲ ချစ်တတ်ကြပါတယ်။ ဒီအချက်ကိုလည်း ကိုယ်က နားလည် လက်ခံထားဖို့ လိုပါတယ်နော်။ ကိုယ့်ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။ ကိုယ်က ရိုတတ်တာလေးကို ကြိုက်တယ်ဆိုရင်လည်း အနည်းဆုံး တစ်ကြိမ်လောက်တော့ လိုချင်ကြောင်း ပြောပါ။ ဒါဆိုရင် အဆင်ပြေမှာပါ။

ကိုယ်က အရင် Ro ပြပါ

ဒီလိုနည်းလမ်းလေးလည်း သုံးလို့ ရပါတယ်နော်။ ကိုယ်က အရင်ဆုံး Ro ပြလိုက်ပါ။ ဒါကလည်း သူ့ဆီမှာ ကိုယ့်ချစ်သူလေးကို ပြန်ပြီး Ro ပေးမယ်ဆိုတဲ့ အတွေးလေးတွေ ပေါ်လာစေမှာ သေချာပါတယ်။ ကိုယ်ကတော့ နည်းနည်းဦးဆောင်ပါ။


Credit:marry
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top