iMyanmarHouse.com - Best Property Website for Myanmar
×


တကယ္ခ်စ္တဲ့ ေယာက်္ားေလးဆိုတာကေတာ့ သူတို႔ ခ်စ္တဲ့ ေကာင္မေလး စိတ္ေကာက္ေနၿပီဆို သူတို႔ ကမာၻၿပိဳမတတ္ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနတတ္တ့ဲအတြက္ေၾကာင့္ပါ။

ခ်စ္ျခင္းရဲ႕ ေန႔ရက္ေလးေတြတိုင္းကို လွပေနပါေစ

မိန္းကေလးေတြ ဆိုတာကေတာ့ စိတ္ခ်ည္း ေကာက္တတ္တဲ့အမ်ိဳးလို႔ေတာင္ ဆိုလို႔ ရႏိုင္ေလာက္တဲ့ အထိ အခ်ိန္ျပည့္ စိတ္ေကာက္ေနတတ္ပါတယ္။ တခါတေလ အေၾကာင္း မရွိ အေၾကာင္းရွာ စိတ္ၾကံဖန္ ေကာက္တယ္လို႔ ဆိုရမယ့္ အထိေတာင္ စိတ္ေကာက္ႏို္င္လြန္းသူေတြ ျဖစ္ပါတယ္။ မိန္းကေလးေတြက ဘာလို႔ ခဏတိုင္း စိတ္ေကာက္ရတာလဲ ဆိုတာကို Marry ကေန ေျပာျပေပးခ်င္ပါတယ္။
အေခ်ာ့ခံခ်င္လို႔

စိတ္ေကာက္တယ္ ဆိုတာရဲ႕ အဓိက အခ်က္ကေတာ့ အေခ်ာ့ခံခ်င္လို႔ပါ။ မိန္းကေလးေတြက တခါတေလ စိတ္တကယ္ ေကာက္တာ ရွိသလို မ်ားေသာအားျဖင့္ေတာ့ စိတ္ေကာက္ ဟန္ေဆာင္ၾကတာပါ။ စိတ္ေကာက္လိုက္ရင္ ကိုကိုတို႔က နည္းစံုသံုး ေခ်ာ့တာေလးကို ခံခ်င္လို႔ပါ။ မိန္းကေလးေတြႏွယ္ သိပ္ အေခ်ာ့ခံခ်င္တာပဲလားလို႔ေတာ့ မျငဴစူလိုက္ပါနဲ႔ေနာ္။ မိန္းကေလး ဆိုတာ စိတ္ေကာက္တတ္မွ မိန္းမ ပီသတာမို႔လို႔ေတာင္ ဆိုရမွာ ျဖစ္လို႔ပါ။

ခ်စ္ မခ်စ္ စမ္းၾကည့္တာ

ေယာက်္ားေလးေတြက ခ်စ္ရင္ ေခ်ာ့တတ္တယ္။ ကိုယ္က မေခ်ာ့တတ္ဘူးေနာ္လို႔ ေျပာတတ္တဲ့ ေယာက်္ားေလးဆိုရင္ေတာ့ မိန္းကေလးတို႔ေရ သတိထားေပေတာ့ပဲ။ ဘာလို႔ဆို တကယ္ခ်စ္တဲ့ ေယာက်္ားေလးဆိုတာကေတာ့ သူတို႔ ခ်စ္တဲ့ ေကာင္မေလး စိတ္ေကာက္ေနၿပီဆို သူတို႔ ကမာၻၿပိဳမတတ္ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနတတ္တ့ဲအတြက္ေၾကာင့္ပါ။

ေကာင္မေလး စိတ္ေကာက္ၿပီး သူတို႔ကို မေခၚ မေျပာဘဲ ေနရင္ မေနႏိုင္တာမို႔လို႔ နည္းလမ္း အစံုသံုးၿပီး တတ္သေလာက္ မွတ္သေလာက္ ရွာၾကံ ေခ်ာ့ေနတတ္လို႔ပါ။ အဲတာေၾကာင့္ ေကာင္မေလးေတြက သူတို႔ကိုကိုေတြ သူတို႔ကို ခ်စ္ေသးလား မခ်စ္ေတာ့ဘူးလား စမ္းၾကည့္ခ်င္တဲ့အခ်ိန္မ်ိဳး၊ သူတို႔ကို ဘယ္ေလာက္ ခ်စ္သလဲ ဆိုတာကို သိခ်င္တဲ့ အခ်ိန္ေတြမွာ စိတ္ေကာက္ျပတတ္ပါတယ္။

Marry ရဲ႕ ခ်စ္သူေမာင္ႏွံေလးတို႔ေရ ကိုယ့္ခ်စ္သူေလး စိတ္ေကာက္ေနၿပီ ဆိုရင္ နားလည္ေပးၿပီး ေခ်ာ့ေပးပါေနာ္။ စိတ္ဆိုးစရာ မရွိ စိတ္ဆိုးရေကာင္းလား ဆိုၿပီးေတာ့ မေျပာလိုက္ရပါဘူးေနာ္။ ခ်စ္လို႔ အေခ်ာ့ခံခ်င္လို႔ ခ်စ္ မခ်စ္ စမ္းၾကည့္ခ်င္လို႔ စိတ္ေကာက္တာ ဆိုတာကို နားလည္ေပးပါေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တကယ်ချစ်တဲ့ ယောကျ်ားလေးဆိုတာကတော့ သူတို့ ချစ်တဲ့ ကောင်မလေး စိတ်ကောက်နေပြီဆို သူတို့ ကမ္ဘာပြိုမတတ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတတ်တဲ့အတွက်ကြောင့်ပါ။

ချစ်ခြင်းရဲ့ နေ့ရက်လေးတွေတိုင်းကို လှပနေပါစေ

မိန်းကလေးတွေ ဆိုတာကတော့ စိတ်ချည်း ကောက်တတ်တဲ့အမျိုးလို့တောင် ဆိုလို့ ရနိုင်လောက်တဲ့ အထိ အချိန်ပြည့် စိတ်ကောက်နေတတ်ပါတယ်။ တခါတလေ အကြောင်း မရှိ အကြောင်းရှာ စိတ်ကြံဖန် ကောက်တယ်လို့ ဆိုရမယ့် အထိတောင် စိတ်ကောက်နိုင်လွန်းသူတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေက ဘာလို့ ခဏတိုင်း စိတ်ကောက်ရတာလဲ ဆိုတာကို Marry ကနေ ပြောပြပေးချင်ပါတယ်။
အချော့ခံချင်လို့

စိတ်ကောက်တယ် ဆိုတာရဲ့ အဓိက အချက်ကတော့ အချော့ခံချင်လို့ပါ။ မိန်းကလေးတွေက တခါတလေ စိတ်တကယ် ကောက်တာ ရှိသလို များသောအားဖြင့်တော့ စိတ်ကောက် ဟန်ဆောင်ကြတာပါ။ စိတ်ကောက်လိုက်ရင် ကိုကိုတို့က နည်းစုံသုံး ချော့တာလေးကို ခံချင်လို့ပါ။ မိန်းကလေးတွေနှယ် သိပ် အချော့ခံချင်တာပဲလားလို့တော့ မငြူစူလိုက်ပါနဲ့နော်။ မိန်းကလေး ဆိုတာ စိတ်ကောက်တတ်မှ မိန်းမ ပီသတာမို့လို့တောင် ဆိုရမှာ ဖြစ်လို့ပါ။

ချစ် မချစ် စမ်းကြည့်တာ

ယောကျ်ားလေးတွေက ချစ်ရင် ချော့တတ်တယ်။ ကိုယ်က မချော့တတ်ဘူးနော်လို့ ပြောတတ်တဲ့ ယောကျ်ားလေးဆိုရင်တော့ မိန်းကလေးတို့ရေ သတိထားပေတော့ပဲ။ ဘာလို့ဆို တကယ်ချစ်တဲ့ ယောကျ်ားလေးဆိုတာကတော့ သူတို့ ချစ်တဲ့ ကောင်မလေး စိတ်ကောက်နေပြီဆို သူတို့ ကမ္ဘာပြိုမတတ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတတ်တဲ့အတွက်ကြောင့်ပါ။

ကောင်မလေး စိတ်ကောက်ပြီး သူတို့ကို မခေါ် မပြောဘဲ နေရင် မနေနိုင်တာမို့လို့ နည်းလမ်း အစုံသုံးပြီး တတ်သလောက် မှတ်သလောက် ရှာကြံ ချော့နေတတ်လို့ပါ။ အဲတာကြောင့် ကောင်မလေးတွေက သူတို့ကိုကိုတွေ သူတို့ကို ချစ်သေးလား မချစ်တော့ဘူးလား စမ်းကြည့်ချင်တဲ့အချိန်မျိုး၊ သူတို့ကို ဘယ်လောက် ချစ်သလဲ ဆိုတာကို သိချင်တဲ့ အချိန်တွေမှာ စိတ်ကောက်ပြတတ်ပါတယ်။

Marry ရဲ့ ချစ်သူမောင်နှံလေးတို့ရေ ကိုယ့်ချစ်သူလေး စိတ်ကောက်နေပြီ ဆိုရင် နားလည်ပေးပြီး ချော့ပေးပါနော်။ စိတ်ဆိုးစရာ မရှိ စိတ်ဆိုးရကောင်းလား ဆိုပြီးတော့ မပြောလိုက်ရပါဘူးနော်။ ချစ်လို့ အချော့ခံချင်လို့ ချစ် မချစ် စမ်းကြည့်ချင်လို့ စိတ်ကောက်တာ ဆိုတာကို နားလည်ပေးပါနော်။

Credit:marry
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top