iMyanmarHouse.com - Best Property Website for Myanmar
×










Credit:ဗဟုသုတ​ကျေးရွာ

ကျန်းမာရေး

# Unicode Version # ဖြင့် ဖတ်ပါ #

ဒန့်သလွန်ရွက်တို့ ဒန့်သလွန်သီးတို့ကို မြန်မာနိုင်ငံမှာတော့ ဟင်းအဖြစ် ချက်စားကြတာများပါတယ်။ အဲ့ဒါကြောင့် ဒန့်သလွန်ရွက်ရဲ့ အကျိုးကျေးဇူးတွေကို ပြောပြချင်ပါတယ်။

ဒန့်သလွန်ရွက်က သားအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာရောဂါနဲ့ တခြားကင်ဆာရောဂါ တွေကို သက်သာ ပျောက်ကင်းနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အဲ့ဒီအပြင် ပန်ကရိ ကင်ဆာရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကိုလည်း တိုက်ဖျက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။

ဒန့်သလွန်ရွက်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊ ဗီတာမင်စီ၊ ကယ်စီယမ်၊ Beta-Carotene နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။ ဒန့်သလွန် တစ်ပင်လုံးက ရောဂါပေါင်း ၃၀၀ ကျော်ကို ကုသပေးနိုင်ပါတယ်။

အဲ့ဒီအပြင် အစာခြေလမ်းကြောင်းကို ကောင်းမွန်စေပြီး၊ Fiber တွေ အများကြီးပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း နဲ့ အူလမ်းကြောင်းကိုလည်း သန့်ရှင်းစေပါတယ်။

ဒန့်သလွန်ရွက် ၆ ကျပ်သား (100 Gram) မှာ တင်

လိမ္မော်သီးတွေထက် ဗီတာမင် စီ ပါဝင်နှုန်း ၁၂ ဆပိုများ
နွားနို့မှာ ထက် ကယ်စီယမ် ပါဝင်မှုနှုန်း ၁၇ ဆ ပိုများ
မုန်လာဥနီ ထက် ဗီတာမင် A ပါဝင်မှုနှုန်း ၁၀ ဆ ပိုများ
ဟင်းနုနွယ်ရွက် ထက် သံဓာတ် ပါဝင်မှုနှုန်း ၂၅ ဆ ပိုများ
ငှက်ပျော်သီး ထက် ပိုတက်စီယမ် ပါဝင်မှုနှုန်း ၁၅ ဆ ပိုများ
ဒိန်ချဉ် ထက် ပရိုတင်း ဓာတ် ပါဝင်မှုနှုန်း ၉ ဆ ပိုများပါတယ်။

ဒန့်သလွန်ရွက်က ကမ္ဘာပေါ်မှာ လူမျိုးတွေရဲ့ တိုင်းရင်းဆေးတွေမှာ ပါဝင်နေတာတော့ ကြာလှပါပြီ။ ဒန့်သလွန်ပင်တွေကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရပြီး နောက်ပိုင်းမှာ အာဖရိက၊ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းမှာ စိုက်ပျိုးလာကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဟင်းတွေမှာလည်း ဒန့်သလွန်ရွက်ကို ထည့်သွင်းကြတာများပါတယ်။ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေး ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံမှာ ပန်ကရိယ ကင်ဆာဖြစ်ပွားပြီး သေဆုံးတဲ့ပမာဏက အမေရိကန်ပြည်ထောင်စုထက် ၈၄% လျော့နည်းနေပါတယ်။ ဒီလို လျော့နည်းမှုမှာ ဒန့်သလွန်ရွက်စားသုံးမှုက အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်နေပါလိမ့်မယ်။

Credit:ဗဟုသုတကျေးရွာ

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top