iMyanmarHouse.com - Best Property Website for Myanmar
×


လည္ပင္းေပၚမွာ ဇရာအေရးအေၾကာင္းေတြကို တင္းရင္းသြားေအာင္ ျပဳလုပ္ေပးမယ့္ တိပ္ကို ဖန္တီးသူကေတာ့ လင္ဒါ ဂိုမက္ဇ္ (Linda Gomez) ပါ။ သူမဟာ ႏႈတ္ခမ္းသားေတြကို ၁၅ စကၠန္႔အတြင္း ဖူးဖူးေလးျဖစ္သြားေစမယ့္ ႏႈစ္ခမ္းသားျပည့္ေဖာင္းေစတဲ့ကိရိယာကို တီထြင္ခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

ခုတစ္ခါေတာ့ သူမရဲ့ Nexsey တိပ္ဟာ ေမးေစ့ႏွစ္ထပ္ျဖစ္ေနတဲ့သူေတြ၊ လည္ပင္းအေရျပားတဲြက်ေနတဲ့ အမ်ိဳးသမီးေတြ အသည္းစဲြ အလွကုန္ပစၥည္းတစ္ခုအျဖစ္ အင္တာနက္ေပၚမွာ ေရပန္းစားေနပါတယ္။ ဒီတိပ္ကို ဂုတ္ပိုးေနရာမွာ ကပ္ေပးလိုက္ျခင္းျဖင့္ ေမးေစ့ေအာက္ကေန လည္ပင္းေပၚမွာရွိတဲ့ မညီညာတဲ့ အေရးအေၾကာင္းေတြကို ဆဲြဆန္႔လိုက္သလိုျဖစ္ေစၿပီး အေရျပားေခ်ာမြတ္တင္းရင္းကာ ေၾကာ့ရွင္းတဲ့လည္တိုင္ျဖစ္ေစပါတယ္။ လည္ပင္းအေရျပား တင္းရင္းေစတဲ့ Nexsey တိပ္ကို ဝယ္ခ်င္ရင္ေတာ့ ႀကိဳမွာရမွာျဖစ္ၿပီး သန္းေပါင္းမ်ားစြာေသာ အမ်ိဳးသမီးမ်ားနဲ႔အတူ ေစာင့္ဆိုင္းရမွာျဖစ္ပါတယ္။

ဆန္းသစ္တဲ့ ဒီ နည္းလမ္းက လည္ပင္းသားေတြကိုေခ်ာမြတ္ႏုပ်ိဳေစၿပီး ကန္႕လန္႕စင္းေၾကာင္းသာမက ေဒါင္လိုက္စင္းေၾကာင္းေတြပါ ေျပေလ်ာ့ေစပါတယ္။လွသထက္လွ ႏုပ်ိဳသထက္ႏုပ်ိဳေစဖို႕ဆိုတာအမ်ိဳးသမီးေတြအတြက္အိပ္မက္ပါပဲ။ အခုေတာ့ အလွျပင္ခြဲစိတ္ဆရာ၀န္ဆီ သြားစရာမလိုဘဲ Nexsey တိပ္သံုးၿပီး ဆယ္ႏွစ္စာေလာက္ ႏုပ်ိဳသြားေစႏိုင္ပါတယ္။

Credit:lwinpyin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

လည်ပင်းပေါ်မှာ ဇရာအရေးအကြောင်းတွေကို တင်းရင်းသွားအောင် ပြုလုပ်ပေးမယ့် တိပ်ကို ဖန်တီးသူကတော့ လင်ဒါ ဂိုမက်ဇ် (Linda Gomez) ပါ။ သူမဟာ နှုတ်ခမ်းသားတွေကို ၁၅ စက္ကန့်အတွင်း ဖူးဖူးလေးဖြစ်သွားစေမယ့် နှုစ်ခမ်းသားပြည့်ဖောင်းစေတဲ့ကိရိယာကို တီထွင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ခုတစ်ခါတော့ သူမရဲ့ Nexsey တိပ်ဟာ မေးစေ့နှစ်ထပ်ဖြစ်နေတဲ့သူတွေ၊ လည်ပင်းအရေပြားတွဲကျနေတဲ့ အမျိုးသမီးတွေ အသည်းစွဲ အလှကုန်ပစ္စည်းတစ်ခုအဖြစ် အင်တာနက်ပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီတိပ်ကို ဂုတ်ပိုးနေရာမှာ ကပ်ပေးလိုက်ခြင်းဖြင့် မေးစေ့အောက်ကနေ လည်ပင်းပေါ်မှာရှိတဲ့ မညီညာတဲ့ အရေးအကြောင်းတွေကို ဆွဲဆန့်လိုက်သလိုဖြစ်စေပြီး အရေပြားချောမွတ်တင်းရင်းကာ ကြော့ရှင်းတဲ့လည်တိုင်ဖြစ်စေပါတယ်။ လည်ပင်းအရေပြား တင်းရင်းစေတဲ့ Nexsey တိပ်ကို ဝယ်ချင်ရင်တော့ ကြိုမှာရမှာဖြစ်ပြီး သန်းပေါင်းများစွာသော အမျိုးသမီးများနဲ့အတူ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

ဆန်းသစ်တဲ့ ဒီ နည်းလမ်းက လည်ပင်းသားတွေကိုချောမွတ်နုပျိုစေပြီး ကန့်လန့်စင်းကြောင်းသာမက ဒေါင်လိုက်စင်းကြောင်းတွေပါ ပြေလျော့စေပါတယ်။လှသထက်လှ နုပျိုသထက်နုပျိုစေဖို့ဆိုတာအမျိုးသမီးတွေအတွက်အိပ်မက်ပါပဲ။ အခုတော့ အလှပြင်ခွဲစိတ်ဆရာဝန်ဆီ သွားစရာမလိုဘဲ Nexsey တိပ်သုံးပြီး ဆယ်နှစ်စာလောက် နုပျိုသွားစေနိုင်ပါတယ်။

Credit:lwinpyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top