iMyanmarHouse.com - Best Property Website for Myanmar
×


တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးပါပဲ

လက်ထပ်မင်္ဂလာပြုလုပ်ခြင်းဟာ ချစ်သူနှစ်ဦး တစ်သက်တာ ပေါင်းဖက်ဖို့ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီလိုအခမ်းအနား လေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရအမြဲတမ်း ရှိနေမယ့် အထိမ်း အမှတ်လေးအဖြစ် လက်စွပ်ကလေးတွေ အပြန်အလှန်ဝတ်ဆင်ပေးကြလေ့ရှိပါတယ်။

ဒီလိုလက်စွပ်လေး တွေကိုတော့ သတို့သား သတို့သမီးတိုင်းဟာ လက်သန်းကြွယ်မှာ ၀တ်ဆင်ကြပါတယ်။ လက်ငါးချောင်းရှိတဲ့အထဲကမှဘာကြောင့်လက်သန်းကြွယ်မှာ ၀တ်ဆင်ကြတာလဲဆိုတာ စဉ်းစားစရာတစ်ခုပါပဲ။ အကြောင်းအရင်းကတော့ဒီလိုပါ။

သင့်ရဲ့လက်နှစ်ဖက်ကိုပူးလိုက်ပါ ပြီးရင် လက်ခလယ်နှစ်ဖက်ကို ကွေးချပြီး လက်ဆစ်ခြင်း ထိကပ်ထားလိုက်ပါ။ ဒီလိုလုပ်လိုက် မယ်ဆို ဘယ်ဖက်လက်မနဲ့ ညာဖက်လက်မဟာ လက်ထိပ်ချင်း ထိကပ်သွားမှာဖြစ်ပြီး ကျန်သုံးချောင်းကလည်း ထိုနည်းတူပဲ လက်ထိပ်ကလေးတွေ ထိကပ်သွားမှာဖြစ်ပါတယ်။

ပိုပြီးထင်သာ မြင်သာဖြစ်အောင် ပုံလေးနဲ့တကွပြပေးထားတယ်နော်။ ဒီလိုအနေအထားတစ်ခု ဖြစ်သွားပြီဆိုရင် လက်စွပ်လေးတွေကို ဘာကြောင့်လက်သန်းကြွယ်မှာဝတ်သလဲဆိုတာ စတင်ရှင်းပြ ပေးဖို့ အဆင်သင့်ဖြစ်ပါပြီ။

လက်ခလည်ကိုကွေးချထားလို့ ပူးကပ်နေတဲ့လက်ထိပ်ကလေး တွေကို ကပ်လိုက်ခွာ လိုက်လုပ်ကြည့်ပါ။ ဘယ်လက်မနဲ့ ညာလက်မဟာ အလွယ်တကူ ခွာလို့ကပ်လို့ရမှာဖြစ်ပါတယ်။ ထို့နောက် ဘယ်လက်ညိုးနဲ့ ညာလက်ညိုး၊ ဘယ်လက်သန်းနဲ့ ညာလက်သန်း စတဲ့လက်ကလေးတွေ ကလည်း အလွယ်တကူ ကပ်လို့ခွာလို့အဆင်ပြေမှာဖြစ်ပါတယ်။

သို့ပေမယ့် ဘယ်ဖက် လက်သန်းကြွယ်နဲ့ ညာလက်သန်းကြွယ်ကတော့ ကပ်ထားဖို့ အဆင်ပြေပေ မယ့် ခွာဖို့ရာမှာအဆင်မပြေပါဘူး သင်စမ်းပြီး လုပ်ကြည့်နိုင်ပါတယ်။ ဒီလိုကပ်လိုက်ခွာလိုက်လုပ် တဲ့အခါမှာ လည်း လက်ဆစ်ခြင်းထိကပ်ထားတဲ့ လက်ခလည်တွေဟာ မကွာရပါဘူး ကပ်မြဲအ တိုင်းကပ်နေရပါမယ်။

လက်သုံးချောင်းလုံး ကပ်လို့ခွာလို့အဆင်ပြေပြီး လက်သန်းကြွယ် က ဘာကြောင့်မရတာလဲ? သင့်ရဲ့လက်ငါးချောင်းဟာ သက်ဆိုင်ရာရည်ညွှန်းသူ တစ်ဦးစီရှိနေကြပါတယ်။ သင့်ရဲ့လက်မဟာ သင့်ရဲ့မိဘကိုရည်ညွှန်းပါတယ်။

ဘယ်လက်မနဲ့ညာလက်မဟာ အလွယ်တကူ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်ဆိုတဲ့သဘောဟာ မိဘဆိုတာလည်း အချိန်တန်ရင်ခွဲခွာရမှာပဲဖြစ်ပါတယ်။ သင့်ရဲ့လက်ညိုးဟာ သင့်ရဲ့မောင်နှမတွေကိုရည်ညွှန်းပါတယ် သူတို့ဟာလည်း အချိန်တန်ရင် ခွဲခွာကြမှာပါပဲ။

သင့်ရဲ့လက်သန်းဟာ သင့်ရဲ့သားသမီးတွေကိုရည်ညွှန်းပါတယ်။ သူတို့လည်း အချိန်တန်ရင် သင့်ကိုခွဲခွာပြီးထွက်သွားကြမှာပါပဲ။ လက်ခလည်ကတော့ သင့်ကိုယ်သင်ရည်ညွှန်းတာမို့ ထည့်မတွက်တာပဲဖြစ်ပါတယ်။ ကပ်လို့ပဲရပြီး ခွာလို့မရတဲ့ လက်သန်းကြွယ်လေးကတော့ သင့်ရဲ့ ဘ၀လက်တွဲဖော်လေးကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။

အတူတူရှိပြီးနောက်ပိုင်းမှာ သင်တို့ကို ဘယ်လိုအကြောင်းပြချက် နဲ့မှ ခွဲလို့မရတော့ဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ လက်ထပ်လက်စွပ်နဲ့စေ့စပ်လက်စွပ်တွေဟာ တစ်သက်လုံး မခွဲတော့ဘူးဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ လက်သန်းကြွယ်မှာ ၀တ်ပေးကြတာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ချစ်သူလေးကိုလည်း ဘယ်တော့မှမခွဲချင်တော့ဘူးဆိုရင် အခုချက်ချင်း လက်စွပ်လေး တစ်ကွင်းဝယ်ပြီး အမြန်သာချုပ်ထား လိုက်တော့နော်။

# Unicode Version # ဖြင့် ဖတ်ပါ #


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top