iMyanmarHouse.com - Best Property Website for Myanmar
×





အမှန်က မှားနေပါတယ်…..




“အိမ်ထောင်ရှင်”



“အိမ်ထောင်ရှင်မ”



ကိုယ်က ချစ်လို့ယူထားပြီးမှ ကိုလင်သား ကို မထီမဲ့မြင် မလေးမစား မလုပ်သင့်သလို ယောက်ျားလေးဆိုတာ မအေ နဲ့သာ အပြောအဆို တိုင်ပင်မှုတွေ များတတ်ကြတာမို့ သူ့အမေ လို ပြုစုဂရုစိုက် ထိန်းကျောင်း လမ်းညွှန်မှုတွေ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရပါမယ်………


“အိမ်ထောင်ပြုခြင်း”



Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

လက်ထပ်လိုက်ကျပြီဆိုတာနဲ့အိမ်ထောင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကဖြစ်ပေါ်လာတဲ့ အိမ်ထောင်ရှင်နဲ့ အိမ်ထောင်ရှင်မ ဆိုတာ ဘာလဲ…

အမည်နာမတွေသာတပ်ပြီးခေါ်ခံနေကြရတာခေါင်းစဉ်အောက်မှာဘာတာဝန်တွေယူပြီးဘာကြောင့်ခေါ်ဆိုနေကြရတာလဲဆိုတာလေးကိုပြောပြချင်ပါတယ်……

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့
ဟာ………သူတို့တော့ ထောင်ကျပြီ….
အိမ်ထောင်ကျတာပဲလို့သတ်မှတ်လိုက်ကြပါတယ်……..

အမှန်က မှားနေပါတယ်…..

တစ်ဦးနဲ့ တယောက် ချစ်လို့ လက်ထပ်လိုက်ကြပြီဆိုရင် တော့ အိမ်ထောင် တစ်ခုကို စတင်တည်ထောင်ရပါပြီ………

နှစ်ဦးသား တယောက်နဲ့ တယောက် အပြန်အလှန် အထင်ကြီး လေးစားမှုတွေ ရှိနေမှလဲ အိမ်ထောင်ရေး တည်ထောင်ဖို့ တည်တံ့နိုင်ဖို့ အဆင်ပြေချောမွေ့နိုင်မှာပါ…..

အောက်ခြေမခိုင်တဲ့ ဖောင်ဒေးရှင်း တစ်ခုက ကြာရှည်တည်တံ့ ခိုက်မြဲဖို့ မလွယ်ကူနိုင်ပါဘူး…..

“အိမ်ထောင်ရှင်”

“အိမ်ထောင်ရှင်” ဆိုတာ စတင်တည်ထောင်လိုက်တဲ့ အိမ်ထောင်ရေး တစ်ခုကို ရှင်သန်အောင် ရည်ရှည်တည်တဲ့ ခိုင်မြဲအောင် ကြိုးစားနေရမဲ့သူပါ… အိမ်ထောင်ဦးစီးဖြစ်တဲ့ အတွက် အရမ်းအရေးကြီးပါတယ်…

ကိုယ်က ချစ်လို့ ယူပြီး သူမိဘ လက်ထဲကနေ ဆွဲထုတ်နိုင်ခဲ့ပြီးမှ သူ့အဖေ အမေ တို့ရဲ့ တာဝန်တွေကို လွှဲပြောင်းယူလိုက်ရတာပါပဲ…
သူ့အမေလို လိုလေသေးမရှိ ပြုစု ဂရုစိုက်ပေးဖို့နဲ့ သူ့အဖေလို တံတိုင်းကြီးတစ်ခုအနေနဲ့ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးဖို့ ထက်ကို တာဝန်က  ပိုမိုကြီးမားပါတယ်………

“အိမ်ထောင်ရှင်မ”

“အိမ်ထောင်ရှင်မ” ဆိုတာ အိမ်တစ်အိမ်ရဲ့ ရေရှည်ရှင်သန်မှုကို နောက်ကွယ်က မတည် ထိန်းကျောင်းနေရသူပါ………

အိမ်ထောင်စု တစ်ခုရဲ့ အိမ်တစ်အိမ်မှာ ကိုးကွယ်ယုံကြည်ရာဘုရားစင်နဲ့ ရေအိမ်၊ခင်ပွန်းရဲ့ အနေအထိုင် အနေအထား၊ငွေကြေးလည်ပတ်မှုကို ကြည့်ခြင်း အားဖြင့် အိမ်ထောင်ရှင်မရဲ့ ဇနီးမယားပီသမှုကို ပုံဖော်နိုင်ပါတယ်……

ကိုယ်က ချစ်လို့ယူထားပြီးမှ ကိုလင်သား ကို မထီမဲ့မြင် မလေးမစား မလုပ်သင့်သလို ယောကျ်ားလေးဆိုတာ မအေ နဲ့သာ အပြောအဆို တိုင်ပင်မှုတွေ များတတ်ကြတာမို့ သူ့အမေ လို ပြုစုဂရုစိုက် ထိန်းကျောင်း လမ်းညွှန်မှုတွေ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရပါမယ်………
ဒုတိယ မေမေ ဆိုလဲ မမှားဘူးပေါ့………

အိမ်ထောင်ရေးတစ်ခုမှာ နှစ်ဦးသား တအိပ်ယာထဲ အိပ်ပါပြီဆိုမှတော့ ရှိသင့်တဲ့ ….အပြန်အလှန် ပေးဆပ်နိုင်တဲ့ လေးစားနားလည်မှုတွေ…အပြန် အလှန်ထားရှိသင့်တဲ့ ဂရုစိုက်ပြုစု ကြင်နာယုယမှုတွေကို ညှိယူကြရတော့မှာပါ………

“အိမ်ထောင်ပြုခြင်း”

တကယ်တော့ အိမ်ထောင်ပြုတယ် အိမ်ထောင်ကျတယ် ဆိုတာ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ မိသားစု အိမ်လေးတစ်ခုကို တည်ထောင်ဖို့ အတွက် လက်ထပ်လိုက်တဲ့ သူနှစ်ဦးအပေါ်မှာ တာဝန်ကျလာတာပါပဲ………

ရရှိလာတဲ့ တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်ပြီး သာယာလှပတဲ့ အိမ်ထောင်ရေးကို တည်ထောင်နိုင်ကြပါစေ…………

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top