iMyanmarHouse.com - Best Property Website for Myanmar
×


ကြၽန္မတုိ႔ေန႔စဥ္ ထမင္း ၿမိန္ေစတဲ့ ငါးပိရည္ ဟာ စားလု႔ိေတာ့ ေကာင္းပါရဲ႕။ ငါးပိရည္ ဘယ္လုိ ျဖစ္လာတာကို သိသူ နည္းပါးပါလိမ့္မယ္။ ဒါေၾကာင့္ ေဆးဖက္ဝင္ ငါးပိရည္ ေဖ်ာ္နည္း အေၾကာင္း မေျပာခင္ ဦးစြာပထမ ငါးပိလုပ္ နည္းကို ေျပာျပခ်င္ ပါတယ္။

ငါးပိ တစ္ပိႆာ အတြက္ ငါးတစ္ပိႆာ ႏွစ္ဆယ့္ငါး က်ပ္သားေလာက္ ဝယ္ရပါမယ္။ ငါးေျပမကေတာ့ ေျပာစမွတ္ ျဖစ္ရေအာင္ အခ်ဳိဓာတ္ ေလးေလးပင္ပင္ ရွိလွပါတယ္။ ေစ်းမွာ လြယ္လြယ္ဝယ္လုိ႔ ရတဲ့ ငါးရံ႕၊ ငါးခူ၊ ငါးက်ည္း၊ ငါးေျမြထုိး စတဲ့ ေရခ်ဳိငါးတုိ႔ကုိလည္း သံုးႏုိင္ပါတယ္။ ဦးစြာ ငါး ေတြကို ဗုိက္ခြဲအူထုတ္ၿပီး ေရေ ေျပာင္ေအာင္ ေဆးေပးပါ။ ငါး တစ္ေကာင္ခ်င္း စီကို တစ္ထြာေလာက္ ထက္ပုိ၍ မႀကီးသင့္ပါဘူး။

ငါး အေကာင္ ႀကီးရင္ေတာ့ ထက္ျခမ္းခြဲသင့္ ပါတယ္။ ဒါမွသာ ပထမေန႔မွာပဲ အေတာ္အသင့္ အစိုဓာတ္ နည္းသြားမွာပါ။ ဆားနယ္တဲ့ အခါမွာ ပံုမွန္ ဟင္းခ်က္တာထက္ ပုိၿပီး နယ္ရမွာပါ။ သို႔ေသာ္ ဆား  ထည့္မ်ားရင္ ငန္လြန္းေနၿပီး ဆားနည္းရင္ေတာ့ ငါးေတြ ပုပ္တတ္ပါတယ္။

သဘာဝနည္း ျဖစ္လုိ႔ အခ်ဳိ႕မႈန္႔နဲ႔ ယမ္းစိမ္း လံုးဝထည့္စရာမလုိပါ။ (သတိျပဳရန္။ ငါးေနလွန္းတဲ့ အခါ ယင္ေကာင္မ်ား နားပါက ဥခ်ခဲ့ရင္ ငါးပိထဲမွာ ေလာက္ေကာင္မ်ား ေတြ႕ရတတ္လုိ႔ ယင္မနား ပါေစႏွင့္)

ငါးေျခာက္ျဖစ္တဲ့ အထိ ေနမလွန္းဘဲ အစိုဓာတ္ ထက္ဝက္ေလာက္ ေလ်ာ့က်သြားခ်ိန္မွာ င႐ုတ္ဆံုထဲ ထည့္ၿပီး ေထာင္းေပးပါ။ သို႔ေသာ္ အထူး ညက္စရာ မလုိပါ။ ငါးပံုပ်က္ၿပီး အနည္းငယ္ ပဲ့ရြဲ႕၍ ဖိသိပ္ထည့္လုိ႔ ရတဲ့ အေနအထားထိ ေပ်ာ့ေပ်ာင္း လာရင္ေတာ့ ပလတ္စတစ္ဘူး၊ ဖန္ဘူးမ်ားထ သိပ္ထည့္ထားပါ။

ၿပီးရင္ အေပၚမွ ဆားမ်ားကို ျဖဴး၍ (အနည္းဆံုး လက္တစ္ဆုပ္ခန္႔) အဖံုးကို လံုေအာင္ ပိတ္ထားလုိက္႐ံု ပါပဲ။ အခုလို သဘာဝနည္းျဖင့္ ငါးငါးပိ လုပ္နည္းက ငါးကေလးဆုိရင္ ႏွစ္လခြဲခန္႔ ၾကာမွျဖစ္ၿပီး ငါးႀကီးဆုိလွ်င္ သံုးလခြဲခန္႔ ၾကာႏုိင္ပါတယ္။

ငါးပိ နပ္လုိ႔ အုိးစဖြင့္တယ္ ဆုိရင္ပဲ ငါးပိ အိုးတက္ရည္ မ်ားကို ေတြ႕ရပါလိမ့္မယ္။ အဲဒီ အုိးတက္ရည္ ေတြဟာ သဘာဝ ငါးပိမွထြက္တဲ့ ငံျပာရည္မ်ား ျဖစ္လုိ႔ ေဘးအႏၲရာယ္ ကင္းစြာ အသံုးျပဳ ႏုိင္ပါတယ္။

ဒီအတုိင္းသံုးရင္ အနံ႔အသက္ မေကာင္းတဲ့ အတြက္ အုိးထဲမွ ငံျပာရည္ (အိုးတက္ရည္) မ်ားကို ခပ္ယူၿပီး ပြက္ပြက္ဆူေအာင္ က်ဳိခ်က္ထား ရပါမယ္။ ငံျပာရည္ အခ်ဳိႀကိဳက္ ရင္ေတာ့ သၾကား ထည့္ေပးႏုိင္ ပါတယ္။ ၿပီးရင္ ပုလင္းအလြတ္ တစ္လံုးထဲမွာ သိမ္းၿပီး သဘာဝ ငါးငံျပာရည္ စစ္စစ္အျဖစ္ လုိသလုိ အသံုးျပဳ ႏုိင္ပါတယ္။ ဒါဆုိရင္ျဖင့္ အိမ္ရွင္မမ်ား မိမိအိမ္မွာ ငါးငါးပိ လုပ္ရင္း ငါးငံျပာရည္ စစ္စစ္ကိုပါ သံုးစြဲလို႔ရပါၿပီ။

ေဆးဖက္ဝင္ငါးပိရည္ေဖ်ာ္နည္း (2)

Image may contain: food
ငါးပိ ဆုိတာ ငါးကိုေရေဆး၊ ဗုိက္ခြဲကာ အူေတြထုတ္ၿပီး ဆား (အငန္ဓာတ္ေတြ) နဲ႔ အပုပ္ခံ လုပ္ထားတာ မို႔လည္း ငါးပိရည္က စားလုိ႔ေတာ့ ေကာင္းပါရဲ႕ အငန္ဓာတ္ ကဲေနပါတယ္။ ဒါေၾကာင့္လည္း ေသြးတုိးေရာဂါ သည္မ်ားႏွင့္ ဝက္ၿခံေပါက္ သူမ်ားက ထမင္းဝုိင္းမွာ ငါးပိရည္ ရန႔ံေမႊးေမႊး ေလးကို စိတ္ရွိတုိင္း မစားရဲၾကပါဘူး။

သို႔ေသာ္ အထက္မွာ ေဖာ္ျပထားသလုိ သဘာဝနည္းနဲ႔ ျပဳလုပ္ေဖာ္စပ္ ထားတဲ့ ငါးပိရည္ကို ေဆးဖက္ဝင္ေအာင္ ေဖ်ာ္၍ သင့္တင့္တဲ့ ပမာဏ စားျခင္းသည္ လူကုိ ေဘးထြက္ဆိုးက်ဳိး မျဖစ္ေစပါဘူး။

ငါးပိ ထဲမွာ ေရေငြ႕ဓာတ္၊ ထံုးဓာတ္ႏွင့္ အသားဓာတ္ တုိ႔ ပါရွိေနပါတယ္။ ဦးစြာ ငါးပိရည္က်ဳိတဲ့ အခါမွာ နႏြင္း (ဆႏြင္း)မႈန္႔ကို ထည့္၍ က်ဳိေပးရမွာပါ။ ဘာေၾကာင့္လဲ ဆုိရင္ နႏြင္းမႈန္႔က အညီႇအေဟာက္ မ်ားကို လြန္စြာ ေျပေပ်ာက္ေစတဲ့ အျပင္ အေရာင္လွ႐ံု သာမက ငါးပိရည္၏ အနံ႔ႏွင့္ အရသာကိုပါ ပိုေကာင္းေစႏုိင္ လုိ႔ပါပဲ။ နႏြင္း ႏွင့္ေရာက်ဳိၿပီး ပြက္ပြက္ဆူ လာတဲ့အခါ အုိးေပၚမွခ်၍ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ ႏုိင္ႏုိင္ ထည့္ေပးလုိက္ ျခင္းျဖင့္ စားခ်င္စဖြယ္ ေဆးဖက္ဝင္ ငါးပိေဖ်ာ္ရည္ ရပါၿပီ။

အစပ္ႀကိဳက္ သူမ်ားက င႐ုတ္သီးစိမ္း ကို ေလွာ္၍ ေထာင္းထည့္ စားႏုိင္ပါတယ္။ င႐ုတ္သီးစိမ္း ေလွာ္က ငါးပိရည္ရနံ႔ကို ပို၍ ဆြဲေဆာင္မႈ ျဖစ္ေစ႐ုံ သာမက င႐ုတ္သီးစိမ္း စားလုိ႔ ဗုိက္နာျခင္း မွလည္း ႀကိဳတင္ ကာကြယ္ရာ ေရာက္ပါတယ္။ (င႐ုတ္သီး အက်က္မႈန္႔ကိုမွ ႀကိဳက္သူ မ်ားကလည္း မိမိအလုိရွိသလုိ ထည့္လို႔ရပါတယ္) ေဆးဖက္ဝင္ ငါးပိရည္ေဖ်ာ္ အတြက္ အခ်ဳိမႈန္႔ မထည့္သင့္ ပါဘူး။

အခ်ဳိမႈန္႔ အစား ပုစြန္ေျခာက္မႈန္႔ အနည္းငယ္ ထည့္ေပး ႏုိင္ပါတယ္။ သို႔မဟုတ္ မိမိ အဆင္ေျပရာ ျပဳတ္ထားေသာ ငါးက်ည္း၊ ငါးၾကင္း၊ ငါးျမစ္ခ်င္း အသား အနည္းငယ္ကို အ႐ိုးႏႊင္၍ ငါးပိရည္ထဲ ခတ္ေပးႏုိင္ပါတယ္။

ထမင္းဝုိင္း ျပင္ခါနီးမွာ ငါးပိရည္ခြက္ ထဲကို သံပရာရည္ ညႇစ္ထည့္ေပး လုိက္ပါဦး၊ သံပရာရည္က ေသြးတုိးကို ထိန္းေပးႏုိင္သလို ျမန္မာ့အႀကိဳက္ ခ်ဥ္၊ ငန္၊ စပ္ အရသာ ၿပီးျပည့္စံုတဲ့ ငါးပိရည္ တစ္ခြက္ရပါၿပီ။

အတုိ႔အျမႇဳပ္အျဖစ္ မန္က်ည္းသီးျဖင့္ ျပဳတ္ထားေသာ ကန္စြန္း႐ိုးနီ၊ ဖန္ခါးသီး၊ ဆီးျဖဴသီး၊ သခြားသီး၊ ဖရဲသီးငယ္ သို႔မဟုတ္ ဘူးသီးျပဳတ္၊ ခရမ္းၾကြပ္သီး၊ ပူဒီနာရြက္၊ မုန္လာဥနီ၊ ခ်ဥ္ဖတ္ အမ်ဳိးမ်ဳိး၊ ေရေႏြးေျဖာ ထားတဲ့ပဲေစာင္းလ်ားသီး၊ ေဂၚဖီ၊ ပဲေတာင့္ရွည္၊ ကနေဖာ့၊ မႈိနားတုိ၊ စာကေလး ေျခေတာက္၊ ပဲပုစြန္ စတဲ့ သဘာဝ ဟင္းသီးဟင္းရြက္ မ်ားကို ငါးပိရည္ျဖင့္ တြဲဖက္ စားျခင္းျဖင့္ ခံတြင္းလုိက္ ေစသလုိ ေဆးဖက္လည္း ဝင္ေစမွာ အမွန္ပါ။

Credit:DATA Doctor

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကျွန်မတို့နေ့စဉ် ထမင်း မြိန်စေတဲ့ ငါးပိရည် ဟာ စားလု့ိတော့ ကောင်းပါရဲ့။ ငါးပိရည် ဘယ်လို ဖြစ်လာတာကို သိသူ နည်းပါးပါလိမ့်မယ်။ ဒါကြောင့် ဆေးဖက်ဝင် ငါးပိရည် ဖျော်နည်း အကြောင်း မပြောခင် ဦးစွာပထမ ငါးပိလုပ် နည်းကို ပြောပြချင် ပါတယ်။

ငါးပိ တစ်ပိဿာ အတွက် ငါးတစ်ပိဿာ နှစ်ဆယ့်ငါး ကျပ်သားလောက် ဝယ်ရပါမယ်။ ငါးပြေမကတော့ ပြောစမှတ် ဖြစ်ရအောင် အချိုဓာတ် လေးလေးပင်ပင် ရှိလှပါတယ်။ ဈေးမှာ လွယ်လွယ်ဝယ်လို့ ရတဲ့ ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊ ငါးမြွေထိုး စတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဦးစွာ ငါး တွေကို ဗိုက်ခွဲအူထုတ်ပြီး ရေေ ပြောင်အောင် ဆေးပေးပါ။ ငါး တစ်ကောင်ချင်း စီကို တစ်ထွာလောက် ထက်ပို၍ မကြီးသင့်ပါဘူး။

ငါး အကောင် ကြီးရင်တော့ ထက်ခြမ်းခွဲသင့် ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲ အတော်အသင့် အစိုဓာတ် နည်းသွားမှာပါ။ ဆားနယ်တဲ့ အခါမှာ ပုံမှန် ဟင်းချက်တာထက် ပိုပြီး နယ်ရမှာပါ။ သို့သော် ဆား  ထည့်များရင် ငန်လွန်းနေပြီး ဆားနည်းရင်တော့ ငါးတွေ ပုပ်တတ်ပါတယ်။

သဘာဝနည်း ဖြစ်လို့ အချို့မှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာမလိုပါ။ (သတိပြုရန်။ ငါးနေလှန်းတဲ့ အခါ ယင်ကောင်များ နားပါက ဥချခဲ့ရင် ငါးပိထဲမှာ လောက်ကောင်များ တွေ့ရတတ်လို့ ယင်မနား ပါစေနှင့်)

ငါးခြောက်ဖြစ်တဲ့ အထိ နေမလှန်းဘဲ အစိုဓာတ် ထက်ဝက်လောက် လျော့ကျသွားချိန်မှာ ငရုတ်ဆုံထဲ ထည့်ပြီး ထောင်းပေးပါ။ သို့သော် အထူး ညက်စရာ မလိုပါ။ ငါးပုံပျက်ပြီး အနည်းငယ် ပဲ့ရွဲ့၍ ဖိသိပ်ထည့်လို့ ရတဲ့ အနေအထားထိ ပျော့ပျောင်း လာရင်တော့ ပလတ်စတစ်ဘူး၊ ဖန်ဘူးများထ သိပ်ထည့်ထားပါ။

ပြီးရင် အပေါ်မှ ဆားများကို ဖြူး၍ (အနည်းဆုံး လက်တစ်ဆုပ်ခန့်) အဖုံးကို လုံအောင် ပိတ်ထားလိုက်ရုံ ပါပဲ။ အခုလို သဘာဝနည်းဖြင့် ငါးငါးပိ လုပ်နည်းက ငါးကလေးဆိုရင် နှစ်လခွဲခန့် ကြာမှဖြစ်ပြီး ငါးကြီးဆိုလျှင် သုံးလခွဲခန့် ကြာနိုင်ပါတယ်။

ငါးပိ နပ်လို့ အိုးစဖွင့်တယ် ဆိုရင်ပဲ ငါးပိ အိုးတက်ရည် များကို တွေ့ရပါလိမ့်မယ်။ အဲဒီ အိုးတက်ရည် တွေဟာ သဘာဝ ငါးပိမှထွက်တဲ့ ငံပြာရည်များ ဖြစ်လို့ ဘေးအန္တရာယ် ကင်းစွာ အသုံးပြု နိုင်ပါတယ်။

ဒီအတိုင်းသုံးရင် အနံ့အသက် မကောင်းတဲ့ အတွက် အိုးထဲမှ ငံပြာရည် (အိုးတက်ရည်) များကို ခပ်ယူပြီး ပွက်ပွက်ဆူအောင် ကျိုချက်ထား ရပါမယ်။ ငံပြာရည် အချိုကြိုက် ရင်တော့ သကြား ထည့်ပေးနိုင် ပါတယ်။ ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာ သိမ်းပြီး သဘာဝ ငါးငံပြာရည် စစ်စစ်အဖြစ် လိုသလို အသုံးပြု နိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ ငါးငါးပိ လုပ်ရင်း ငါးငံပြာရည် စစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။

ဆေးဖက်ဝင်ငါးပိရည်ဖျော်နည်း (2)

Image may contain: food
ငါးပိ ဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာ အူတွေထုတ်ပြီး ဆား (အငန်ဓာတ်တွေ) နဲ့ အပုပ်ခံ လုပ်ထားတာ မို့လည်း ငါးပိရည်က စားလို့တော့ ကောင်းပါရဲ့ အငန်ဓာတ် ကဲနေပါတယ်။ ဒါကြောင့်လည်း သွေးတိုးရောဂါ သည်များနှင့် ဝက်ခြံပေါက် သူများက ထမင်းဝိုင်းမှာ ငါးပိရည် ရနံ့မွှေးမွှေး လေးကို စိတ်ရှိတိုင်း မစားရဲကြပါဘူး။

သို့သော် အထက်မှာ ဖော်ပြထားသလို သဘာဝနည်းနဲ့ ပြုလုပ်ဖော်စပ် ထားတဲ့ ငါးပိရည်ကို ဆေးဖက်ဝင်အောင် ဖျော်၍ သင့်တင့်တဲ့ ပမာဏ စားခြင်းသည် လူကို ဘေးထွက်ဆိုးကျိုး မဖြစ်စေပါဘူး။

ငါးပိ ထဲမှာ ရေငွေ့ဓာတ်၊ ထုံးဓာတ်နှင့် အသားဓာတ် တို့ ပါရှိနေပါတယ်။ ဦးစွာ ငါးပိရည်ကျိုတဲ့ အခါမှာ နနွင်း (ဆနွင်း)မှုန့်ကို ထည့်၍ ကျိုပေးရမှာပါ။ ဘာကြောင့်လဲ ဆိုရင် နနွင်းမှုန့်က အညှီအဟောက် များကို လွန်စွာ ပြေပျောက်စေတဲ့ အပြင် အရောင်လှရုံ သာမက ငါးပိရည်၏ အနံ့နှင့် အရသာကိုပါ ပိုကောင်းစေနိုင် လို့ပါပဲ။ နနွင်း နှင့်ရောကျိုပြီး ပွက်ပွက်ဆူ လာတဲ့အခါ အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူ နိုင်နိုင် ထည့်ပေးလိုက် ခြင်းဖြင့် စားချင်စဖွယ် ဆေးဖက်ဝင် ငါးပိဖျော်ရည် ရပါပြီ။

အစပ်ကြိုက် သူများက ငရုတ်သီးစိမ်း ကို လှော်၍ ထောင်းထည့် စားနိုင်ပါတယ်။ ငရုတ်သီးစိမ်း လှော်က ငါးပိရည်ရနံ့ကို ပို၍ ဆွဲဆောင်မှု ဖြစ်စေရုံ သာမက ငရုတ်သီးစိမ်း စားလို့ ဗိုက်နာခြင်း မှလည်း ကြိုတင် ကာကွယ်ရာ ရောက်ပါတယ်။ (ငရုတ်သီး အကျက်မှုန့်ကိုမှ ကြိုက်သူ များကလည်း မိမိအလိုရှိသလို ထည့်လို့ရပါတယ်) ဆေးဖက်ဝင် ငါးပိရည်ဖျော် အတွက် အချိုမှုန့် မထည့်သင့် ပါဘူး။

အချိုမှုန့် အစား ပုစွန်ခြောက်မှုန့် အနည်းငယ် ထည့်ပေး နိုင်ပါတယ်။ သို့မဟုတ် မိမိ အဆင်ပြေရာ ပြုတ်ထားသော ငါးကျည်း၊ ငါးကြင်း၊ ငါးမြစ်ချင်း အသား အနည်းငယ်ကို အရိုးနွှင်၍ ငါးပိရည်ထဲ ခတ်ပေးနိုင်ပါတယ်။

ထမင်းဝိုင်း ပြင်ခါနီးမှာ ငါးပိရည်ခွက် ထဲကို သံပရာရည် ညှစ်ထည့်ပေး လိုက်ပါဦး၊ သံပရာရည်က သွေးတိုးကို ထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငန်၊ စပ် အရသာ ပြီးပြည့်စုံတဲ့ ငါးပိရည် တစ်ခွက်ရပါပြီ။

အတို့အမြှုပ်အဖြစ် မန်ကျည်းသီးဖြင့် ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွားသီး၊ ဖရဲသီးငယ် သို့မဟုတ် ဘူးသီးပြုတ်၊ ခရမ်းကြွပ်သီး၊ ပူဒီနာရွက်၊ မုန်လာဥနီ၊ ချဉ်ဖတ် အမျိုးမျိုး၊ ရေနွေးဖြော ထားတဲ့ပဲစောင်းလျားသီး၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကနဖော့၊ မှိုနားတို၊ စာကလေး ခြေတောက်၊ ပဲပုစွန် စတဲ့ သဘာဝ ဟင်းသီးဟင်းရွက် များကို ငါးပိရည်ဖြင့် တွဲဖက် စားခြင်းဖြင့် ခံတွင်းလိုက် စေသလို ဆေးဖက်လည်း ဝင်စေမှာ အမှန်ပါ။

Credit:DATA Doctor

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top