iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ေထာင္ျပဳတယ္ဆိုတာ သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ျပီး ဘ၀တစ္ခုကို စတင္ပံုေဖာ္ တည္ေဆာက္ျခင္းပါ။ တည္ေဆာက္တဲ႔အခ်ိန္မွာ သက္၀င္ခံစားမွ အဲဒီအိမ္ေထာင္ေရးက အႏုပညာေျမာက္မွာပါ။

ကၽြန္ေတာ္တို႔ လွလွပပ ပံုသြင္းခဲ႔ႀကတဲ႔အရာတိုင္းကို အႏုပညာေျမာက္တယ္လို႔ ေျပာေလ႔ရွိႀကပါတယ္။ ရင္ နဲ႔ရင္းႏွီး ခံစားခဲ႔ႀကတဲ႔အရာတိုင္းကလည္း အႏုပညာေျမာက္ပါတယ္။ အိမ္ေထာင္ျပဳတယ္ဆိုတာ သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ျပီး ဘ၀တစ္ခုကို စတင္ပံုေဖာ္ တည္ေဆာက္ျခင္းပါ။ တည္ေဆာက္တဲ႔အခ်ိန္မွာ သက္၀င္ခံစားမွ အဲဒီအိမ္ေထာင္ေရးက အႏုပညာေျမာက္မွာပါ။ ဒါဆို သက္၀င္လွပတဲ႔အိမ္ေထာင္ေရး အႏုပညာကို ဘယ္လိုပံုေဖာ္သင္႔တယ္ဆိုတာ ေျပာျပေပးခ်င္ပါတယ္။

၁. စိတ္ႏွစ္ပါ။

ဘယ္အလုပ္မဆို စိတ္ႏွစ္ျပီးလုပ္တာနဲ႔ ၊ စိတ္မႏွစ္ထားဘဲလုပ္တာ ကြာျခားပါတယ္။ အိမ္ေထာင္ျပဳျခင္းဆိုတဲ႔ ေခါင္းစဥ္ေအာက္ကို ၀င္လိုက္ျပီဆိုတာနဲ႔ ေပါင္းဖက္တဲ႔သူႏွစ္ဦးက လူခ်င္းသာမက စိတ္ခ်င္းပါ နီးစပ္ေနဖို႔လိုပါတယ္။ လူခ်င္းနီးေနေပမယ္႔ စိတ္ခ်င္းေ၀းေနလည္းအပိုသာျဖစ္တာမို႔ စိတ္ခ်င္းနီးေစဖို႔ ခ်စ္သူအိမ္ေထာင္ဖက္အခ်င္းခ်င္း စိတ္ႏွစ္ထားပါ။

၂. အေပးအယူ

စိတ္ခ်င္းနီးျပီးျပီဆိုရင္ေတာ့ အေပးအယူမွ်တဖို႔လည္း လိုပါေသးတယ္။ တစ္ဦးႏွင္႔တစ္ဦး အေပးအယူမွ်တမွ အိမ္ေထာင္ေရးတစ္ခ ုအတူတူတည္ေဆာက္ေနခ်ိန္မွာ ယိုင္နဲ႔ျခင္းမရွိမွာပါ။ အေပးအယူ မမွ်တတဲ႔ အိမ္ေထာင္ေရးက အလြယ္တကူ ယိုင္နဲ႔သြားႏိုင္ပါတယ္။

၃. နားလည္မႈ

စိတ္ခ်င္းလည္းနီးျပီ၊ အေပးအယူလဲမွ်တယ္၊ ဒါေပမယ္႕ နားလည္မႈေတာ့မရွိဘူးဆိုတဲ႔သူေတြ ရွိပါတယ္။ နားလည္မႈဆိုတာက လူႏွစ္ေယာက္ပါတ္သက္ေရးမွာ အခရာက်တဲ႔ အရာတစ္ခုပါ။ ဒါကိုသင္က သင္႔အိမ္ေထာင္ေရး အသက္သြင္းေနခ်ိန္မွာ ထည့္ေပးႏိုင္ရင္ေတာ့ တစ္ကယ္႔ကို လွပေနမွာပါ။

၄. အခ်စ္

“အိမ္ေထာင္ျပဳပါတယ္ဆိုမွ ခ်စ္ လို႔ေပါ႔လို႔ ေတြးႀကပါလိမ္႔မယ္” ခ်စ္တိုင္းလဲမညားႀကသလို ၊ ညားသူတိုင္းလဲမခ်စ္ႀကပါဘူး။ အိမ္ေထာင္ေရးကို အႏုပညာဆန္ခ်င္တယ္ဆိုရင္ေတာ့ အိမ္သူသက္ထားကို၊ ခ်စ္ခင္ပြန္းကို ေန့တိုင္း ခ်စ္ေနဖို႔ေတာ့လိုပါတယ္။

ဒီေလးခ်က္က သင္ အိမ္ေထာင္တစ္ခု တည္ေဆာက္ေတာ႔မယ္႔ အခ်ိန္မွာအသံုး၀င္လာမယ္လို႔ ေမွ်ာ္လင္႔မိပါတယ္။ အိမ္ေထာင္ျပဳတယ္ဆိုတာ ေႀကာက္စရာမေကာင္းပါဘူး။ လွပစြာ အသက္သြင္းတတ္ဖို႔ဘဲလိုပါတယ္။ ခ်စ္ရသူႏွစ္ဦး လွပေသာအိမ္ေထာင္တစ္ခုကို အႏုပညာဆန္စြာ တည္ေဆာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အိမ်ထောင်ပြုတယ်ဆိုတာ သူစိမ်းနှစ်ယောက် ပေါင်းဖက်ပြီး ဘဝတစ်ခုကို စတင်ပုံဖော် တည်ဆောက်ခြင်းပါ။ တည်ဆောက်တဲ့အချိန်မှာ သက်ဝင်ခံစားမှ အဲဒီအိမ်ထောင်ရေးက အနုပညာမြောက်မှာပါ။

ကျွန်တော်တို့ လှလှပပ ပုံသွင်းခဲ့ကြတဲ့အရာတိုင်းကို အနုပညာမြောက်တယ်လို့ ပြောလေ့ရှိကြပါတယ်။ ရင် နဲ့ရင်းနှီး ခံစားခဲ့ကြတဲ့အရာတိုင်းကလည်း အနုပညာမြောက်ပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ သူစိမ်းနှစ်ယောက် ပေါင်းဖက်ပြီး ဘဝတစ်ခုကို စတင်ပုံဖော် တည်ဆောက်ခြင်းပါ။ တည်ဆောက်တဲ့အချိန်မှာ သက်ဝင်ခံစားမှ အဲဒီအိမ်ထောင်ရေးက အနုပညာမြောက်မှာပါ။ ဒါဆို သက်ဝင်လှပတဲ့အိမ်ထောင်ရေး အနုပညာကို ဘယ်လိုပုံဖော်သင့်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁. စိတ်နှစ်ပါ။

ဘယ်အလုပ်မဆို စိတ်နှစ်ပြီးလုပ်တာနဲ့ ၊ စိတ်မနှစ်ထားဘဲလုပ်တာ ကွာခြားပါတယ်။ အိမ်ထောင်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်လိုက်ပြီဆိုတာနဲ့ ပေါင်းဖက်တဲ့သူနှစ်ဦးက လူချင်းသာမက စိတ်ချင်းပါ နီးစပ်နေဖို့လိုပါတယ်။ လူချင်းနီးနေပေမယ့် စိတ်ချင်းဝေးနေလည်းအပိုသာဖြစ်တာမို့ စိတ်ချင်းနီးစေဖို့ ချစ်သူအိမ်ထောင်ဖက်အချင်းချင်း စိတ်နှစ်ထားပါ။

၂. အပေးအယူ

စိတ်ချင်းနီးပြီးပြီဆိုရင်တော့ အပေးအယူမျှတဖို့လည်း လိုပါသေးတယ်။ တစ်ဦးနှင့်တစ်ဦး အပေးအယူမျှတမှ အိမ်ထောင်ရေးတစ်ခ ုအတူတူတည်ဆောက်နေချိန်မှာ ယိုင်နဲ့ခြင်းမရှိမှာပါ။ အပေးအယူ မမျှတတဲ့ အိမ်ထောင်ရေးက အလွယ်တကူ ယိုင်နဲ့သွားနိုင်ပါတယ်။

၃. နားလည်မှု

စိတ်ချင်းလည်းနီးပြီ၊ အပေးအယူလဲမျှတယ်၊ ဒါပေမယ့် နားလည်မှုတော့မရှိဘူးဆိုတဲ့သူတွေ ရှိပါတယ်။ နားလည်မှုဆိုတာက လူနှစ်ယောက်ပါတ်သက်ရေးမှာ အခရာကျတဲ့ အရာတစ်ခုပါ။ ဒါကိုသင်က သင့်အိမ်ထောင်ရေး အသက်သွင်းနေချိန်မှာ ထည့်ပေးနိုင်ရင်တော့ တစ်ကယ့်ကို လှပနေမှာပါ။

၄. အချစ်

“အိမ်ထောင်ပြုပါတယ်ဆိုမှ ချစ် လို့ပေါ့လို့ တွေးကြပါလိမ့်မယ်” ချစ်တိုင်းလဲမညားကြသလို ၊ ညားသူတိုင်းလဲမချစ်ကြပါဘူး။ အိမ်ထောင်ရေးကို အနုပညာဆန်ချင်တယ်ဆိုရင်တော့ အိမ်သူသက်ထားကို၊ ချစ်ခင်ပွန်းကို နေ့တိုင်း ချစ်နေဖို့တော့လိုပါတယ်။

ဒီလေးချက်က သင် အိမ်ထောင်တစ်ခု တည်ဆောက်တော့မယ့် အချိန်မှာအသုံးဝင်လာမယ်လို့ မျှော်လင့်မိပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ကြောက်စရာမကောင်းပါဘူး။ လှပစွာ အသက်သွင်းတတ်ဖို့ဘဲလိုပါတယ်။ ချစ်ရသူနှစ်ဦး လှပသောအိမ်ထောင်တစ်ခုကို အနုပညာဆန်စွာ တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top