iMyanmarHouse.com - Best Property Website for Myanmar
×




ဒေါသထွက်လာတဲ့အခါ






Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

အရမ်း စိတ်ဆိုးလာပြီ ဆိုတာနဲ့ သူ့ကို အသားနာအောင်လုပ်လိုက်တာက ဘယ်သူ့အတွက်မှ ဘာကောင်းကျိုးမရှိနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို အရင်ဆုံး သတိပေးပါ

စိတ်ဆိုး စိတ်ကောက်ရတဲ့ ပြဿနာလေးတွေကနေ အော်ဟစ်ရန်ဖြစ်ရတဲ့ ပြဿနာကြီးတွေအထိ ဖြစ်ဖူးကြမှာပါ

ချစ်သူစုံတွဲတွေ ကြားမှာပဲ ဖြစ်ဖြစ်၊ သမီးရည်းစား လင်မယားတွေပဲ တစ်ယောက်ကို တစ်ယောက် လုံးဝ စိတ်မဆိုးဖူး၊ ဒေါသမဖြစ်ဖူးဘူး ဆိုတာတော့ ရှိမယ် မထင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုး စိတ်ကောက်ရတဲ့ ပြဿနာလေးတွေကနေ အော်ဟစ်ရန်ဖြစ်ရတဲ့ ပြဿနာကြီးတွေအထိ ဖြစ်ဖူးကြမှာပါ။  တစ်ခါ တစ်ရံမှာ ကိုယ်သိပ်ချစ်ရတဲ့ သူကိုပဲ သတ်ပစ်ချင်လောက်အောင် ဒေါသထွက်မိနိုင်ပါတယ်။အထူးသဖြင့် လင်မယား ဘဝရောက်သွားပြီ ဆိုရင် ရင်းနှီးမှု ပိုလာတာကြောင့်ရော၊ အိမ်ထောင်သည် ဘဝရဲ့ အခက်အခဲတွေကြောင့်ရော ရန်ပိုဖြစ်ရတတ်ပါတယ်။
ဒေါသထွက်လာတဲ့အခါ

ကိုယ်ချစ်ရသူအပေါ် အပြစ်မလုပ်မိဖို့ ဒေါသကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ လိုတယ်နော်

ရန်ဖြစ်ရပြီ ဆိုနဲ့ တဖြည်းဖြည်း ဒေါသထွက်လာတာကလည်း ဖြစ်နေကျ ကိစ္စတစ်ခုပါပဲ။ စိတ်ဆိုးဒေါသထွက်တာက လူသား သဘာဝ တစ်ခု ဆိုပေမယ့်လည်း ဒေါသကြီးရင် အမှားများတတ်ပါတယ်။ ဒါကြောင့် Marry ရဲ့ စုံတွဲလေးတွေအတွက် ဒေါသကြောင့် ကိုယ်ချစ်ရသူအပေါ် အပြစ်မလုပ်မိဖို့ ဒေါသကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ လိုတယ်နော်။

တစ်ယောက်ယောက်ကို ဒေါသထွက်တဲ့အခါ အဲ့လူကို ရိုက်ပစ်လိုက်ချင်တာ၊ နာကျင်အောင် တစ်ခုခု လုပ်ပစ်ချင်တဲ့ စိတ်က ဖြစ်တတ်ပါတယ်။ ပါးစပ်နဲ့ပြောဆို ရန်ဖြစ်နေရင်း ဒေါသထွက်လို့ လက်ပါလာတာမျိုးက အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် အရမ်း စိတ်ဆိုးလာပြီ ဆိုတာနဲ့ သူ့ကို အသားနာအောင်လုပ်လိုက်တာက ဘယ်သူ့အတွက်မှ ဘာကောင်းကျိုးမရှိနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို အရင်ဆုံး သတိပေးပါ။

အငြင်းအခုန် ပြောဆိုတာတွေ မလုပ်ဘဲ ဒေါသပြောလျော့သွားဖို့ အရင်ကြိုးစားရမှာပါ

ပြဿနာ ဖြစ်တဲ့အခါ ဒေါသနဲ့  ပြောဆိုတာမျိုးက အဲ့ဒိပြဿနာ ဖြေရှင်းလို့ မရလောက်တော့စေတဲ့အထိ ဆိုးဝါးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်တဲ့အခါ အငြင်းအခုန် ပြောဆိုတာတွေ မလုပ်ဘဲ ဒေါသပြောလျော့သွားဖို့ အရင်ကြိုးစားရမှာပါ။ အသက်ကို ပြင်းပြင်းရှူလိုက်တာ၊ ရေအေးအေးလေး သောက်လိုက်တာနဲ့ စိတ်ကို တည်ငြိမ်သွားအောင် တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်တာမျိုးတွေက ဒေါသတွေကို ပြေလျော့စေပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top