iMyanmarHouse.com - Best Property Website for Myanmar
×


ရန္ပိုျဖစ္တဲ့စံုတြဲေတြက ပိုခ်စ္တယ္ဆိုလား

ကဲ ဒီတစ္ခါေျပာျပခ်င္တာက ရန္ျဖစ္ၿပီးျပန္ခ်စ္တဲ့ ေပ်ာ္စရာေ ကာင္းတဲ့ Relationship ေလးေတြ အေၾကာင္းပါပဲ။ ပိုခ်စ္ရင္ ပိုရစ္တယ္ ပိုရစ္ရင္ ပိုရန္ျဖစ္တယ္တဲ့ တကယ္ေတာ့ ရန္ျဖစ္တဲ့ အတြဲေတြက ပိုခိုင္ၿမဲၾကတာမ်ားတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ရန္ျဖစ္ၿပီး ျပန္ခ်စ္တဲ့အခိုက္အတန႔္ေလးကို ၾကည္ႏူး ၾကလို႔ပါပဲ။ ကမာၻေပၚကၾကည္ႏူးစရာအေကာင္းဆုံးအခ်ိန္ေတြထဲမွာ ရန္ျဖစ္ၿပီးျပန္ခ်စ္တဲ့ အခိုက္ အတန႔္ေလးကလည္း တစ္ခုအပါအဝင္ပါပဲ။

ခ်စ္သူနဲ႔စိတ္ဆိုးေနတုန္းမွာ စိတ္ပူေလာင္ ရေပမယ့္ တကယ္တမ္းသူကျပန္ေခ်ာ့လိုက္တဲ့အခါမွာ ျဖစ္ေပၚ လာတဲ့ ၾကည္ႏူးမႈေလးက ဘာနဲ႔မွမလဲႏိုင္ေအာင္ပါပဲ။ ဒီလို အခိုက္အတန႔္ေလးေတြက ၾကည္ႏူးဖို႔ေကာင္းတယ္ဆိုေပမယ့္ အၿမဲလိုလိုရန္ျဖစ္ေနတာ လည္း သိပ္ေတာ့မေကာင္းပါဘူး။

ရန္ျဖစ္ၾကတယ္ဆိုတဲ့ေနရာမွာ အေၾကာင္းျပခ်က္ခိုင္ခိုင္ လုံလုံမရွိပဲ ရန္ျဖစ္တာမ်ိဳးက်ေတာ့ ႏွစ္ေယာက္လုံးအတြက္ အခ်ိန္ေတြပုပ္ပါတယ္။ အေၾကာင္းအရင္းတစ္ခုကို တိတိက်က် ေထာက္ျပၿပီးမွ အဆင္ေျပေျပအရင္ဆုံး ရွင္းလင္းညႇိႏႈိင္းသင့္ ပါတယ္။

ဒီလိုမဟုတ္ပဲ ဘာမဟုတ္တာေလးနဲ႔ စိတ္ေကာက္ ရန္ျဖစ္ေနမယ္ဆိုရင္ ေပ်ာ္စရာေကာင္းတဲ့ ခ်စ္ကမာၻေလးကို မဖန္တီးႏိုင္ေတာ့ပါဘူး။ ခ်စ္သူက စိတ္ေကာက္ ကိုယ္ကေခ်ာ့ ၾကည္ႏူးစရာေကာင္းတဲ့အခ်ိန္ေလးေတြက ခ်စ္သူသမီးရည္းစား ဘဝမွာပဲ ရႏိုင္တာေနာ္။ ရန္ျဖစ္ၿပီးတိုင္း ျပန္ခ်စ္ရမယ္လို႔လည္း တရားေသမတြက္သင့္ပါဘူး။

ကိုယ့္ခ်စ္သူရဲ႕အရိပ္အေျခကို ၾကည့္ၿပီး လႈပ္ရွားသင့္ပါတယ္။ ၾကည္ႏူးစရာအခ်ိန္ေကာင္း ေလးေတြဟာ ရန္ျဖစ္ၿပီး ျပန္ခ်စ္မွရတာမဟုတ္ပါဘူး။ ႏွစ္ေယာက္အတူတူ ဖန္တီးလို႔ရတဲ့ Romantic ဆန္မႈေလးေတြ ကလည္း စိတ္ၾကည္ႏူးမႈကို အျပည့္အဝေပးႏိုင္မွာ အေသအခ်ာ ပါပဲ။

ကိုယ့္ခ်စ္သူ ကိုယ့္ကိုသဝန္တိုလို႔ ခ်စ္လို႔ စိတ္မခ်လို႔ စတဲ့အေၾကာင္းျပခ်က္ေလးေတြဟာ ရန္ျဖစ္ဖို႔ အေကာင္းဆုံး အေၾကာင္းျပခ်က္ေတြပါပဲ။ ကိုယ့္အေပၚသစၥာမပ်က္ျပားသ၍ ဒီအခ်က္ေလးေတြဟာ တကယ့္ကိုခ်စ္စရာေကာင္းၿပီး အေသးစားရန္ပြဲေလးေတြကို ဖန္တီးႏိုင္ပါတယ္။ ဒီလိုစိတ္အခန္႔ မသင့္ၿပီးေနာက္ပိုင္းမွာ ႏွစ္ေယာက္သားျပန္အဆင္ေျပၾကတဲ့ ၾကည္ႏူးဖြယ္အခိုက္အတန္႔ေလးကို ခ်စ္သူတိုင္းႀကဳံဖူးၾကမယ္ ထင္ပါတယ္။

ဒီလိုအရမ္းကိုၾကည္ႏူးဖို႔ေကာင္းတဲ့ အခ်ိန္အခါ ေလးေတြဟာ ေခ်ာ့ခ်င္တဲ့ကိုကိုမ်ားနဲ႔ ေကာက္ခ်င္တဲ့မမမ်ား အတြက္ေတာ့ နိဗၺာန္ဘုံေလးတစ္ခုပါပဲ။ စာဖတ္ပရိတ္သတ္ႀကီး မွာေရာ ခဏခဏရန္ျဖစ္တတ္တဲ့ မတည့္အတူေန ေၾကာင္နဲ႔ႂကြက္ခ်စ္သူေလးေတြရွိလား။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ရန်ပိုဖြစ်တဲ့စုံတွဲတွေက ပိုချစ်တယ်ဆိုလား

ကဲ ဒီတစ်ခါပြောပြချင်တာက ရန်ဖြစ်ပြီးပြန်ချစ်တဲ့ ပျော်စရာေ ကာင်းတဲ့ Relationship လေးတွေ အကြောင်းပါပဲ။ ပိုချစ်ရင် ပိုရစ်တယ် ပိုရစ်ရင် ပိုရန်ဖြစ်တယ်တဲ့ တကယ်တော့ ရန်ဖြစ်တဲ့ အတွဲတွေက ပိုခိုင်မြဲကြတာများတယ်။

ဘာကြောင့်လဲဆိုတော့ ရန်ဖြစ်ပြီး ပြန်ချစ်တဲ့အခိုက်အတန့်လေးကို ကြည်နူး ကြလို့ပါပဲ။ ကမ္ဘာပေါ်ကကြည်နူးစရာအကောင်းဆုံးအချိန်တွေထဲမှာ ရန်ဖြစ်ပြီးပြန်ချစ်တဲ့ အခိုက် အတန့်လေးကလည်း တစ်ခုအပါအဝင်ပါပဲ။

ချစ်သူနဲ့စိတ်ဆိုးနေတုန်းမှာ စိတ်ပူလောင် ရပေမယ့် တကယ်တမ်းသူကပြန်ချော့လိုက်တဲ့အခါမှာ ဖြစ်ပေါ် လာတဲ့ ကြည်နူးမှုလေးက ဘာနဲ့မှမလဲနိုင်အောင်ပါပဲ။ ဒီလို အခိုက်အတန့်လေးတွေက ကြည်နူးဖို့ကောင်းတယ်ဆိုပေမယ့် အမြဲလိုလိုရန်ဖြစ်နေတာ လည်း သိပ်တော့မကောင်းပါဘူး။

ရန်ဖြစ်ကြတယ်ဆိုတဲ့နေရာမှာ အကြောင်းပြချက်ခိုင်ခိုင် လုံလုံမရှိပဲ ရန်ဖြစ်တာမျိုးကျတော့ နှစ်ယောက်လုံးအတွက် အချိန်တွေပုပ်ပါတယ်။ အကြောင်းအရင်းတစ်ခုကို တိတိကျကျ ထောက်ပြပြီးမှ အဆင်ပြေပြေအရင်ဆုံး ရှင်းလင်းညှိနှိုင်းသင့် ပါတယ်။

ဒီလိုမဟုတ်ပဲ ဘာမဟုတ်တာလေးနဲ့ စိတ်ကောက် ရန်ဖြစ်နေမယ်ဆိုရင် ပျော်စရာကောင်းတဲ့ ချစ်ကမ္ဘာလေးကို မဖန်တီးနိုင်တော့ပါဘူး။ ချစ်သူက စိတ်ကောက် ကိုယ်ကချော့ ကြည်နူးစရာကောင်းတဲ့အချိန်လေးတွေက ချစ်သူသမီးရည်းစား ဘဝမှာပဲ ရနိုင်တာနော်။ ရန်ဖြစ်ပြီးတိုင်း ပြန်ချစ်ရမယ်လို့လည်း တရားသေမတွက်သင့်ပါဘူး။

ကိုယ့်ချစ်သူရဲ့အရိပ်အခြေကို ကြည့်ပြီး လှုပ်ရှားသင့်ပါတယ်။ ကြည်နူးစရာအချိန်ကောင်း လေးတွေဟာ ရန်ဖြစ်ပြီး ပြန်ချစ်မှရတာမဟုတ်ပါဘူး။ နှစ်ယောက်အတူတူ ဖန်တီးလို့ရတဲ့ Romantic ဆန်မှုလေးတွေ ကလည်း စိတ်ကြည်နူးမှုကို အပြည့်အဝပေးနိုင်မှာ အသေအချာ ပါပဲ။

ကိုယ့်ချစ်သူ ကိုယ့်ကိုသဝန်တိုလို့ ချစ်လို့ စိတ်မချလို့ စတဲ့အကြောင်းပြချက်လေးတွေဟာ ရန်ဖြစ်ဖို့ အကောင်းဆုံး အကြောင်းပြချက်တွေပါပဲ။ ကိုယ့်အပေါ်သစ္စာမပျက်ပြားသ၍ ဒီအချက်လေးတွေဟာ တကယ့်ကိုချစ်စရာကောင်းပြီး အသေးစားရန်ပွဲလေးတွေကို ဖန်တီးနိုင်ပါတယ်။ ဒီလိုစိတ်အခန့် မသင့်ပြီးနောက်ပိုင်းမှာ နှစ်ယောက်သားပြန်အဆင်ပြေကြတဲ့ ကြည်နူးဖွယ်အခိုက်အတန့်လေးကို ချစ်သူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။

ဒီလိုအရမ်းကိုကြည်နူးဖို့ကောင်းတဲ့ အချိန်အခါ လေးတွေဟာ ချော့ချင်တဲ့ကိုကိုများနဲ့ ကောက်ချင်တဲ့မမများ အတွက်တော့ နိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။ စာဖတ်ပရိတ်သတ်ကြီး မှာရော ခဏခဏရန်ဖြစ်တတ်တဲ့ မတည့်အတူနေ ကြောင်နဲ့ကြွက်ချစ်သူလေးတွေရှိလား။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top