iMyanmarHouse.com - Best Property Website for Myanmar
×



ျခံခုန္တဲ့သူေတြနဲ႔ စႏိႈက္ေၾကာ္ေတြ ေနာင္တရသြားေစမယ့္ နည္းလမ္းေလးေတြကို ေျပာျပေပးထားတယ္ေနာ္…

လတ္ေလာေရပန္းအစားဆံုးအေၾကာင္းအရာကေတာ့ ခ်စ္သူေတြ ဇနီးေမာင္ႏွံေတြၾကားထဲက သစၥာ ေဖာက္မႈအေၾကာင္းအရင္း ေတြပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္မေျပ မေျပလည္မႈ ေတြဟာ စႏိႈက္ေၾကာ္ေတြ ၾကာကူလီေတြအတြက္ေတာ့ အခြင့္ အေရးတစ္ခုပါပဲ။

ဒီအလိုအေျခအေနမွာ သူတို႔ဟာ ေဖးမသလို ႏွစ္သိမ့္သလိုနဲ႔ ၀င္ေရာက္အသားယူျပီး ကိုယ့္ဖက္ပါေအာင္ စည္းရုံးသိမ္းသြင္းတတ္ၾကပါတယ္။ ဒီလိုအက်င့္စရိုက္ရွိတဲ့ သူေတြဟာဘယ္ေတာ့မွေျပာင္းလဲမွာမဟုတ္ပါဘူး။

ဒီလူကိုရ လိုက္ ေပမယ့္လည္း ေနာက္လူေနာက္ထပ္သာတာေတြ႕ရင္ ထပ္ျပီးေျပာင္းလဲၾကဦးမွာပါပဲ။ ဒီလိုအေၾကာင္း အရာေတြကို ခ်စ္သူေတြ ဇနီးေမာင္ႏွံေတြအေနနဲ႕ အေသအခ်ာသိထား သင့္ပါတယ္။ ဒါကိုေသခ်ာ မသိရင္ ကိုယ့္ခ်စ္သူ၊ လက္တြဲေဖာ္နဲ႔ ကေတာက္ကဆျဖစ္ေနတုန္းအခ်ိန္မွာပဲ ကိုယ္ဟာ စႏိႈက္ေၾကာ္ ေတြ ၾကာကူလီေတြရဲ႕သားေကာင္ျဖစ္သြားတတ္ပါတယ္။

သစၥာေဖာက္ခံရတဲ့သူေတြ အေနနဲ႔လည္း ဒီလိုအျဖစ္အပ်က္မ်ိဳး ျဖစ္လာခဲ့ျပီဆိုရင္ လြမ္းဆြတ္ငိုေၾကြး ေနတာထက္ ပိုေကာင္းတဲ့ နည္းဗ်ဴဟာတစ္ခုကို လုပ္ေဆာင္သင့္ပါတယ္။ ကိုယ္နဲ႔လက္တြဲ ခဲ့ေပမယ့္ ကိုယ့္တန္ဖိုးကိုမသိပဲ တျခား တစ္ေယာက္စီကို ယိမ္းယိုင္သြားခဲ့တဲ့သူကို ကိုယ့္ရဲ႕တန္ဖိုးအစစ္အမွန္ကို သူသိ ေအာင္ လုပ္ေဆာင္ေပးရမယ့္အခ်ိန္ပါပဲ။ အမ်ားၾကီးလုပ္စရာ မလုိပါဘူး

1. သူ႕ကိုဖုန္းမဆက္ပါနဲ႔

သူ႕ကိုဖုန္းဆက္တယ္ဆိုရင္ သူကိုင္သည္ျဖစ္ေစ မကိုင္သည္ ျဖစ္ေစ ဒါဟာ ကိုယ့္ဖက္ကမျပတ္သား ႏိုင္ဘူးဆိုျပီး ထင္မွတ္ခံ ယူရႏိုင္ပါတယ္။ ဒါဟာစႏိႈက္ေၾကာ္ေတြကိုလည္း အားတက္ေစ တဲ့အခ်က္ပါပဲ။ သူ႕ကိုဖုန္းမဆက္ လံုး၀ဂရုမစိုက္ပဲ ေနလိုက္ျခင္း အားျဖင့္ သူ႕အေနနဲ႔ေတြးစရာေတြ ျဖစ္လာပါလိမ့္မယ္။

ဘယ္လို ပဲအသစ္နဲ႔ေပ်ာ္သည္ျဖစ္ေစ သင့္ကိုခ်က္ခ်င္းမေမ့ေသးတဲ့အတြက္ သင္ဘာေၾကာင့္သူ႕ကို ဘာတစ္ခုမွမတုန္႔ျပန္တာလဲလို႔ေတြးရင္း သင့္ကိုတသသ သတိရေနပါလိမ့္မယ္။



2. ခရီးထြက္ျပီး ေပ်ာ္ေနတဲ့ပံုရိပ္ေတြကို Facebook မွာတင္ပါ

ခရီးထြက္တယ္ဆိုတဲ့ေနရာမွာ သူငယ္ခ်င္းေတြနဲ႕ပဲျဖစ္ျဖစ္ တစ္ကိုယ္တည္းပဲျဖစ္ျဖစ္ ခရီးထြက္လိုက္ပါ။ သူနဲ႔မသြားဖူးေသး တဲ့ေနရာအသစ္တစ္ခုကိုသြားပါ။ ဒါဟာသူ႕စိတ္ကို မခံခ်င္ေအာင္ လွံဳ႕ေဆာ္ လိုက္ျခင္းတစ္မ်ိဳးပါပဲ။ သင္အရမ္းကိုေပါ့ပါးလြတ္လပ္ ေပ်ာ္ရႊင္ေနတယ္ဆိုတာ သူျမင္သာေအာင္ျပပါ။

သူ႕ကို Facebook မွာ Block / Unfri ဘာတစ္ခုမွမလုပ္ပါနဲ႔။ သူလုပ္ခဲ့တယ္ဆိုရင္ သင့္ရဲ႕ေပ်ာ္ရႊင္ေန တဲ့ပံုရိပ္ေတြကို Public နဲ႔တင္ျပီး ၾကြားပစ္လိုုက္ပါ။ သူ၀င္မၾကည့္ရင္ေတာင္ စႏိႈက္ေၾကာ္ ကေတာ့ ေသ ခ်ာေပါက္၀င္ၾကည့္ပါလိမ့္မယ္။

သူ႕ကိုဆံုးရံႈးလိုက္ ရလို႔လဲသင္ဘာမွျဖစ္မသြားဘူးဆိုတာ စႏိႈက္ေၾကာ္ သိေအာင္ လုပ္ပါ။ ဒါဟာ စႏိႈက္ေၾကာ္အတြက္စဥ္းစားစရာတစ္ခုျဖစ္လာျပီး သင့္လူကိုပိုင္ဆိုင္ေနေပ မယ့္ သူဟာ အျပည့္အ၀ေပ်ာ္ရႊင္ရမွာ မဟုတ္ပါဘူး။

3. အရင္ကထက္ ပိုလွေအာင္ေနပါ

ဒါကေတာ့ အထိေရာက္ဆံုးနည္းလမ္းလို႔ေျပာလို႕ရပါတယ္။ မိန္းမတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈမွာ လွပမႈဟာ နံပါတ္တစ္ပါ။ သင့္လူအေနနဲ႔လည္းေတြးစရာေတြအရမ္းကိုမ်ားလာျပီး သင့္ကို ေသခ်ာ ေပါက္စကားလာေျပာပါလိမ့္မယ္။ အလြန္ဆံုးအခ်ိန္ယူ ရင္ တစ္ပတ္ ဆယ္ရက္ပါပဲ။

သစၥာေဖာက္တဲ့သူကို ေဆြ႕ေဆြ႕ ခုန္ေဒါသထြက္ျပျပီး ငိုယိုေနတာထက္ ေသြးေအးေအးနဲ႔ လွစ္လ်ဴ ရႈထားတာက သူ႕ကိုပိုျပီး ေနရခက္ေစပါတယ္။ ဘာေၾကာင့္လဲ ဆိုတဲ့ေမးခြန္းေပါင္းမ်ားစြာနဲ႔အတူ သင့္ကိုျပန္လည္ဆက္သြယ္ လာပါလိမ့္မယ္။

အဓိကအေရးၾကီးတာ သူစႏိႈက္ေၾကာ္နဲ႔ ဘယ္လုိပဲၾကည္ႏူးေနပါေစ ကိုယ္အေရးမလုပ္မိဖို႔ပါပဲ။ ကြယ္ရာမွာသာငိုခ်င္ငိုခ်လိုက္ပါ သူတို႔ေရွ႕မွာေတာ့ ကိုယ့္ရဲ႕ ေပ်ာ္ရႊင္လြတ္လပ္ေန တဲ့ ပံုကိုပဲျမင္ေအာင္ေနပါ။

ဒီလိုအခ်က္ေတြကိုလုပ္လိုက္ျခင္းအားျဖင့္ သင့္ရဲလက္တြဲေဖာ္ ဟာ သူ႕ကိုယ္သူေရာသူ႔ရဲ႕စိတ္အေျခ အေနကိုေရာေသခ်ာ ရွင္းရွင္းလင္းလင္းသိျမင္သြားပါလိမ့္မယ္။ လက္တြဲတာၾကာျပီ ျဖစ္တဲ့ Relationship ေတြမွာဒီလိုအျဖစ္မ်ားတတ္ပါတယ္။

ခဏတာသာယာမိတာကို အထင္အျမင္မွားျပီးျဖစ္တတ္တာ ေၾကာင့္ သင့္ရဲ႕အျပဳအမူေတြဟာ သူ႕စိတ္အေျခအေနကို ေသခ်ာစြာရွင္းလင္းသိျမင္ ေစျပီး ေနာင္တေတြ တေပြ႕တပိုက္နဲ႕ သင့္ဆီကိုျပန္ေရာက္လာပါလိမ့္မယ္။ ဒီလိုအခ်ိန္မွသာ သင့္ သေဘာ က်ဆံုးျဖတ္ပါ။ ေခ်ခ်င္လဲေခ် မေခ်ခ်င္လဲခ်စ္လိုက္ပါလို႔ အၾကံျပဳေပးလိုက္တယ္ေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ခြံခုန်တဲ့သူတွေနဲ့ စနှိုက်ကြော်တွေ နောင်တရသွားစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးထားတယ်နော်…

လတ်လောရေပန်းအစားဆုံးအကြောင်းအရာကတော့ ချစ်သူတွေ ဇနီးမောင်နှံတွေကြားထဲက သစ္စာ ဖောက်မှုအကြောင်းအရင်း တွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေ မပြေလည်မှု တွေဟာ စနှိုက်ကြော်တွေ ကြာကူလီတွေအတွက်တော့ အခွင့် အရေးတစ်ခုပါပဲ။

ဒီအလိုအခြေအနေမှာ သူတို့ဟာ ဖေးမသလို နှစ်သိမ့်သလိုနဲ့ ဝင်ရောက်အသားယူပြီး ကိုယ့်ဖက်ပါအောင် စည်းရုံးသိမ်းသွင်းတတ်ကြပါတယ်။ ဒီလိုအကျင့်စရိုက်ရှိတဲ့ သူတွေဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး။

ဒီလူကိုရ လိုက် ပေမယ့်လည်း နောက်လူနောက်ထပ်သာတာတွေ့ရင် ထပ်ပြီးပြောင်းလဲကြဦးမှာပါပဲ။ ဒီလိုအကြောင်း အရာတွေကို ချစ်သူတွေ ဇနီးမောင်နှံတွေအနေနဲ့ အသေအချာသိထား သင့်ပါတယ်။ ဒါကိုသေချာ မသိရင် ကိုယ့်ချစ်သူ၊ လက်တွဲဖော်နဲ့ ကတောက်ကဆဖြစ်နေတုန်းအချိန်မှာပဲ ကိုယ်ဟာ စနှိုက်ကြော် တွေ ကြာကူလီတွေရဲ့သားကောင်ဖြစ်သွားတတ်ပါတယ်။

သစ္စာဖောက်ခံရတဲ့သူတွေ အနေနဲ့လည်း ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာခဲ့ပြီဆိုရင် လွမ်းဆွတ်ငိုကြွေး နေတာထက် ပိုကောင်းတဲ့ နည်းဗျူဟာတစ်ခုကို လုပ်ဆောင်သင့်ပါတယ်။ ကိုယ်နဲ့လက်တွဲ ခဲ့ပေမယ့် ကိုယ့်တန်ဖိုးကိုမသိပဲ တခြား တစ်ယောက်စီကို ယိမ်းယိုင်သွားခဲ့တဲ့သူကို ကိုယ့်ရဲ့တန်ဖိုးအစစ်အမှန်ကို သူသိ အောင် လုပ်ဆောင်ပေးရမယ့်အချိန်ပါပဲ။ အများကြီးလုပ်စရာ မလိုပါဘူး

1. သူ့ကိုဖုန်းမဆက်ပါနဲ့

သူ့ကိုဖုန်းဆက်တယ်ဆိုရင် သူကိုင်သည်ဖြစ်စေ မကိုင်သည် ဖြစ်စေ ဒါဟာ ကိုယ့်ဖက်ကမပြတ်သား နိုင်ဘူးဆိုပြီး ထင်မှတ်ခံ ယူရနိုင်ပါတယ်။ ဒါဟာစနှိုက်ကြော်တွေကိုလည်း အားတက်စေ တဲ့အချက်ပါပဲ။ သူ့ကိုဖုန်းမဆက် လုံးဝဂရုမစိုက်ပဲ နေလိုက်ခြင်း အားဖြင့် သူ့အနေနဲ့တွေးစရာတွေ ဖြစ်လာပါလိမ့်မယ်။

ဘယ်လို ပဲအသစ်နဲ့ပျော်သည်ဖြစ်စေ သင့်ကိုချက်ချင်းမမေ့သေးတဲ့အတွက် သင်ဘာကြောင့်သူ့ကို ဘာတစ်ခုမှမတုန့်ပြန်တာလဲလို့တွေးရင်း သင့်ကိုတသသ သတိရနေပါလိမ့်မယ်။

2. ခရီးထွက်ပြီး ပျော်နေတဲ့ပုံရိပ်တွေကို Facebook မှာတင်ပါ

ခရီးထွက်တယ်ဆိုတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ကိုယ်တည်းပဲဖြစ်ဖြစ် ခရီးထွက်လိုက်ပါ။ သူနဲ့မသွားဖူးသေး တဲ့နေရာအသစ်တစ်ခုကိုသွားပါ။ ဒါဟာသူ့စိတ်ကို မခံချင်အောင် လှုံ့ဆော် လိုက်ခြင်းတစ်မျိုးပါပဲ။ သင်အရမ်းကိုပေါ့ပါးလွတ်လပ် ပျော်ရွှင်နေတယ်ဆိုတာ သူမြင်သာအောင်ပြပါ။

သူ့ကို Facebook မှာ Block / Unfri ဘာတစ်ခုမှမလုပ်ပါနဲ့။ သူလုပ်ခဲ့တယ်ဆိုရင် သင့်ရဲ့ပျော်ရွှင်နေ တဲ့ပုံရိပ်တွေကို Public နဲ့တင်ပြီး ကြွားပစ်လိုက်ပါ။ သူဝင်မကြည့်ရင်တောင် စနှိုက်ကြော် ကတော့ သေ ချာပေါက်ဝင်ကြည့်ပါလိမ့်မယ်။

သူ့ကိုဆုံးရှုံးလိုက် ရလို့လဲသင်ဘာမှဖြစ်မသွားဘူးဆိုတာ စနှိုက်ကြော် သိအောင် လုပ်ပါ။ ဒါဟာ စနှိုက်ကြော်အတွက်စဉ်းစားစရာတစ်ခုဖြစ်လာပြီး သင့်လူကိုပိုင်ဆိုင်နေပေ မယ့် သူဟာ အပြည့်အဝပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

3. အရင်ကထက် ပိုလှအောင်နေပါ

ဒါကတော့ အထိရောက်ဆုံးနည်းလမ်းလို့ပြောလို့ရပါတယ်။ မိန်းမတစ်ယောက်ရဲ့ ဆွဲဆောင်မှုမှာ လှပမှုဟာ နံပါတ်တစ်ပါ။ သင့်လူအနေနဲ့လည်းတွေးစရာတွေအရမ်းကိုများလာပြီး သင့်ကို သေချာ ပေါက်စကားလာပြောပါလိမ့်မယ်။ အလွန်ဆုံးအချိန်ယူ ရင် တစ်ပတ် ဆယ်ရက်ပါပဲ။

သစ္စာဖောက်တဲ့သူကို ဆွေ့ဆွေ့ ခုန်ဒေါသထွက်ပြပြီး ငိုယိုနေတာထက် သွေးအေးအေးနဲ့ လှစ်လျူ ရှုထားတာက သူ့ကိုပိုပြီး နေရခက်စေပါတယ်။ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့အတူ သင့်ကိုပြန်လည်ဆက်သွယ် လာပါလိမ့်မယ်။

အဓိကအရေးကြီးတာ သူစနှိုက်ကြော်နဲ့ ဘယ်လိုပဲကြည်နူးနေပါစေ ကိုယ်အရေးမလုပ်မိဖို့ပါပဲ။ ကွယ်ရာမှာသာငိုချင်ငိုချလိုက်ပါ သူတို့ရှေ့မှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်လွတ်လပ်နေ တဲ့ ပုံကိုပဲမြင်အောင်နေပါ။

ဒီလိုအချက်တွေကိုလုပ်လိုက်ခြင်းအားဖြင့် သင့်ရဲလက်တွဲဖော် ဟာ သူ့ကိုယ်သူရောသူ့ရဲ့စိတ်အခြေ အနေကိုရောသေချာ ရှင်းရှင်းလင်းလင်းသိမြင်သွားပါလိမ့်မယ်။ လက်တွဲတာကြာပြီ ဖြစ်တဲ့ Relationship တွေမှာဒီလိုအဖြစ်များတတ်ပါတယ်။

ခဏတာသာယာမိတာကို အထင်အမြင်မှားပြီးဖြစ်တတ်တာ ကြောင့် သင့်ရဲ့အပြုအမူတွေဟာ သူ့စိတ်အခြေအနေကို သေချာစွာရှင်းလင်းသိမြင် စေပြီး နောင်တတွေ တပွေ့တပိုက်နဲ့ သင့်ဆီကိုပြန်ရောက်လာပါလိမ့်မယ်။ ဒီလိုအချိန်မှသာ သင့် သဘော ကျဆုံးဖြတ်ပါ။ ချေချင်လဲချေ မချေချင်လဲချစ်လိုက်ပါလို့ အကြံပြုပေးလိုက်တယ်နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top