iMyanmarHouse.com - Best Property Website for Myanmar
×


 ေရဆာတဲ့ အခ်ိန္ ေရေအးေအးေလးတစ္ခြက္ေသာက္ရတဲ့ အရသာက ဘာနဲ႔မွ မလဲႏိုင္ပါဘူး။ ေရတစ္ခြက္က ေကာ္ဖီတစ္ခြက္ ဒါမွမဟုတ္ အေအးဗူးတစ္ဗူးထက္ပိုၿပီး စိတ္ေက်နပ္ မႈေပးႏိုင္တယ္ဆိုတာ ျငင္းမယ့္ သူရွားပါတယ္။ဒါေပမယ့္လည္းကြၽန္ေတာ္တို႔ေတာ္ေတာ္မ်ား မ်ားကေန႔တိုင္း ေရကို လုံလုံေလာက္ေလာက္မေသာက္ၾကပါဘူး။

ကမာၻ႔ႀကီးရဲ႕ သဘာဝရင္းျမစ္ကို အလြယ္တကူေသာက္သုံးခြင့္ရတာေတာင္ ကိုယ့္ကိုယ္ကို ေရငတ္ခံေစတဲ့ ကြၽန္ေတာ္တို႔ေတြ ဟာ ခႏၶာကိုယ္ကို ဖ်က္ဆီးေနၾကတာပါ။ဒါေၾကာင့္ ေန႔စဥ္ေရမ်ားမ်ားေသာက္ေပးပါ။ေရမေသာက္ဘူးဆိုတာကိုျပသေနတဲ့လကၡဏာရပ္ေတြကိုလည္းေဖာ္ျပေပးလိုက္ပါတယ္။

၁။ အာေခါင္ေျခာက္မယ္။ ဒါကေတာ့သိသာပါတယ္။ေရဆာလာၿပီဆိုရင္ အာေခါင္ေတြေျခာက္ၿပီး အရည္တစ္မ်ိဳးမ်ိဳးေသာက္ရဖို႔ေတာင့္တလာတတ္ပါတယ္။ ဒါေပမယ့္ ေရဆာတယ္ ဆိုၿပီးသၾကားဓာတ္ပါတဲ့အခ်ိဳရည္ေတြဝယ္ေသာက္ေတာ့လည္း ခဏပဲအာသာေျပပါတယ္။ ေရကိုေသာက္သုံးေပးမွသာ တစ္ငုံေလးဝင္႐ုံနဲ႔ ခံတြင္းကို အၾကာႀကီး စိုစြတ္ေနေစတာပါ။

၂။ အသားအရည္ေျခာက္ေသြ႕မယ္။ အေရျပားက ခႏၶာကိုယ္ရဲ႕ အႀကီးဆုံးကိုယ္အဂၤါ ျဖစ္တဲ့အတြက္ ေရဓာတ္ျပည့္ေနဖို႔လိုပါတယ္။ အသားအရည္ေျခာက္ေသြ႕တယ္ဆိုတာ ေရဓာတ္ေလ်ာ့ေနတယ္ ဆိုတာျပသတဲ့ ေရွ႕ေျပးလကၡဏာျဖစ္ၿပီး ေနာက္ပိုင္းဆိုပိုဆိုး႐ြားတဲ့က်န္းမာေရးျပသနာေတြဦးတည္ လာႏိုင္ပါတယ္။ေရဓာတ္နည္းေတာ့ ေခြၽးထြက္နည္းပါတယ္။

 ေခြၽးထြက္နည္းတဲ့ အခါ ခႏၶာကိုယ္ကအညစ္အေၾကးႏွင့္အဆီေတြကိုဖယ္ရွားသန႔္စင္ျခင္း မရွိေတာ့ပါဘူး။ ဒါေၾကာင့္ ေရမ်ားမ်ားေသာက္သုံးမွ ေခြၽးေပါက္ပြင့္မွာပါ။

၃။ မ်က္လုံးေတြနီျမန္းမယ္။ ေရမေသာက္ဘူးဆိုရင္ ခံတြင္း ႏွင့္ လည္ေခ်ာင္း ကိုသာမက မ်က္စိမွာလည္း သက္ေရာက္မႈေတြရွိပါတယ္။ ေရဓာတ္မရွိတဲ့အခါ မ်က္လုံးအိမ္က အမႈိက္ေတြက ေျခာက္သြားပါတယ္။ဒါက အထူးသျဖင့္ မ်က္မွန္တပ္ရတဲ့သူေတြဆိုပိုၿပီးေတာ့ေတာင္ဆိုးက်ိဳးရွိႏိုင္ပါ တယ္။ဒါေၾကာင့္ ေရမ်ားမ်ားေသာက္ပါ။

၄။ အဖ်ားၾကာရွည္မယ္။ ေရက သင့္ ရဲ႕ ခႏၶာကိုယ္က အညစ္အေၾကးေတြကို သန႔္စင္ေပးပါတယ္။ ကိုယ္တြင္းအဂၤါေတြက စက္ပစၥည္းေတြလိုပဲ ခႏၶာကိုယ္အညစ္အေၾကးေတြကို သန႔္စင္ေပးေနရတာျဖစ္လို႔ ဒီစက္ေတြကို ေလာင္စာအေနနဲ႔ ေရမျဖည့္ေပးရင္ သူတို႔လည္းေကာင္းစြာ မလည္ပတ္ႏိုင္ပါဘူး။

အဲ့ဒီေတာ့ သူတို႔က ေသြးထဲမွာသိုေလွာင္ထားတဲ့ေရကိုရေအာင္ဆြဲထုတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေသြးလည္ပတ္မႈ ကေမာက္ကမျဖစ္ၿပီး အဖ်ားၾကာရွည္တတ္ပါတယ္။

၅။ ဗိုက္ဆာေနမယ္။ ေရဓာတ္လိုအပ္တဲ့အခါဗိုက္ဆာတာပါေရာပါလာတတ္ပါတယ္။တေရးႏိုးလည္း ဗိုက္ထဆာေနတတ္ပါတယ္။အစားမ်ားမ်ားစားေတာ့ သင့္ရဲ႕ ခႏၶာကိုယ္က အလုပ္ပိုလုပ္ရၿပီး ေရမ်ားမ်ားေသာက္ရင္ေတာ့ကိုယ္တြင္းအဂၤါေတြသန႔္စင္ၿပီးလုပ္ငန္းေဆာင္တာေတြျမန္ဆန္စြာေဆာင္႐ြက္ႏိုင္ပါတယ္။

၆။ အစာေခ်စနစ္မွာျပသနာရွိလာမယ္။ အစာေခ်စနစ္ကိုကူညီေနတဲ့ အူအေျမႇးပါးက အခြၽဲေတြကို ေကာင္းစြာလုပ္ေဆာင္ဖို႔ ေရဓာတ္လိုပါတယ္။ေရမေသာက္တဲ့အခါ အစာအိမ္ က အခြၽဲေတြ က်ဳံ႔လာၿပီး အခ်ဥ္ဓာတ္ေတြထုတ္ေပးတဲ့ အတြက္ အစာအိမ္အခ်ဥ္ေပါက္တတ္ပါတယ္။ဒါေၾကာင့္ ေရမေသာက္ေတာ့ ရင္ေတြပူၿပီးအစာမေၾကျဖစ္ႏိုင္ပါတယ္။

၇။ ဒီစာလည္းဖတ္ေနတယ္။ေျပာတာေတြလည္းလိုက္နာတယ္။ ကြၽန္ေတာ္ ၊ ကြၽန္မကေတာ့ ေရအၿမဲေသာက္တယ္။အိပ္ရာနားမွာေတာင္ေရခြက္ထားအိပ္ပါတယ္။ဘယ္သြားသြားလည္းေရဗူးေဆာင္သြားပါတယ္ဆိုတဲ့လူေတြကေတာ့ ေသခ်ာတယ္။

က်န္းမာေရးအတြက္စိတ္ခ်ရတယ္။အဲ့လိုမွမဟုတ္ဘဲ မေသာက္တဲ့လူေတြရွိတယ္ဆိုရင္လည္း ဒီစာေလးဖတ္ရင္း အခုပဲ ေရအိုးနားေျပးၿပီး ေရတစ္ခြက္ေသာက္လိုက္ပါလို႔ တိုက္တြန္းေဆာ္ၾသလိုက္ပါတယ္။

Credit:မူရင္းေရးသားသူ

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ရေဆာတဲ့ အချိန် ရေအေးအေးလေးတစ်ခွက်သောက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ရေတစ်ခွက်က ကော်ဖီတစ်ခွက် ဒါမှမဟုတ် အအေးဗူးတစ်ဗူးထက်ပိုပြီး စိတ်ကျေနပ် မှုပေးနိုင်တယ်ဆိုတာ ငြင်းမယ့် သူရှားပါတယ်။ဒါပေမယ့်လည်းကျွန်တော်တို့တော်တော်များ များကနေ့တိုင်း ရေကို လုံလုံလောက်လောက်မသောက်ကြပါဘူး။

ကမ္ဘာ့ကြီးရဲ့ သဘာဝရင်းမြစ်ကို အလွယ်တကူသောက်သုံးခွင့်ရတာတောင် ကိုယ့်ကိုယ်ကို ရေငတ်ခံစေတဲ့ ကျွန်တော်တို့တွေ ဟာ ခန္ဓာကိုယ်ကို ဖျက်ဆီးနေကြတာပါ။ဒါကြောင့် နေ့စဉ်ရေများများသောက်ပေးပါ။ရေမသောက်ဘူးဆိုတာကိုပြသနေတဲ့လက္ခဏာရပ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

၁။ အာခေါင်ခြောက်မယ်။ ဒါကတော့သိသာပါတယ်။ရေဆာလာပြီဆိုရင် အာခေါင်တွေခြောက်ပြီး အရည်တစ်မျိုးမျိုးသောက်ရဖို့တောင့်တလာတတ်ပါတယ်။ ဒါပေမယ့် ရေဆာတယ် ဆိုပြီးသကြားဓာတ်ပါတဲ့အချိုရည်တွေဝယ်သောက်တော့လည်း ခဏပဲအာသာပြေပါတယ်။ ရေကိုသောက်သုံးပေးမှသာ တစ်ငုံလေးဝင်ရုံနဲ့ ခံတွင်းကို အကြာကြီး စိုစွတ်နေစေတာပါ။

၂။ အသားအရည်ခြောက်သွေ့မယ်။ အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကိုယ်အင်္ဂါ ဖြစ်တဲ့အတွက် ရေဓာတ်ပြည့်နေဖို့လိုပါတယ်။ အသားအရည်ခြောက်သွေ့တယ်ဆိုတာ ရေဓာတ်လျော့နေတယ် ဆိုတာပြသတဲ့ ရှေ့ပြေးလက္ခဏာဖြစ်ပြီး နောက်ပိုင်းဆိုပိုဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေဦးတည် လာနိုင်ပါတယ်။ရေဓာတ်နည်းတော့ ချွေးထွက်နည်းပါတယ်။

 ချွေးထွက်နည်းတဲ့ အခါ ခန္ဓာကိုယ်ကအညစ်အကြေးနှင့်အဆီတွေကိုဖယ်ရှားသန့်စင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ရေများများသောက်သုံးမှ ချွေးပေါက်ပွင့်မှာပါ။

၃။ မျက်လုံးတွေနီမြန်းမယ်။ ရေမသောက်ဘူးဆိုရင် ခံတွင်း နှင့် လည်ချောင်း ကိုသာမက မျက်စိမှာလည်း သက်ရောက်မှုတွေရှိပါတယ်။ ရေဓာတ်မရှိတဲ့အခါ မျက်လုံးအိမ်က အမှိုက်တွေက ခြောက်သွားပါတယ်။ဒါက အထူးသဖြင့် မျက်မှန်တပ်ရတဲ့သူတွေဆိုပိုပြီးတော့တောင်ဆိုးကျိုးရှိနိုင်ပါ တယ်။ဒါကြောင့် ရေများများသောက်ပါ။

၄။ အဖျားကြာရှည်မယ်။ ရေက သင့် ရဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေက စက်ပစ္စည်းတွေလိုပဲ ခန္ဓာကိုယ်အညစ်အကြေးတွေကို သန့်စင်ပေးနေရတာဖြစ်လို့ ဒီစက်တွေကို လောင်စာအနေနဲ့ ရေမဖြည့်ပေးရင် သူတို့လည်းကောင်းစွာ မလည်ပတ်နိုင်ပါဘူး။

အဲ့ဒီတော့ သူတို့က သွေးထဲမှာသိုလှောင်ထားတဲ့ရေကိုရအောင်ဆွဲထုတ်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့သွေးလည်ပတ်မှု ကမောက်ကမဖြစ်ပြီး အဖျားကြာရှည်တတ်ပါတယ်။

၅။ ဗိုက်ဆာနေမယ်။ ရေဓာတ်လိုအပ်တဲ့အခါဗိုက်ဆာတာပါရောပါလာတတ်ပါတယ်။တရေးနိုးလည်း ဗိုက်ထဆာနေတတ်ပါတယ်။အစားများများစားတော့ သင့်ရဲ့ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရပြီး ရေများများသောက်ရင်တော့ကိုယ်တွင်းအင်္ဂါတွေသန့်စင်ပြီးလုပ်ငန်းဆောင်တာတွေမြန်ဆန်စွာဆောင်ရွက်နိုင်ပါတယ်။

၆။ အစာချေစနစ်မှာပြသနာရှိလာမယ်။ အစာချေစနစ်ကိုကူညီနေတဲ့ အူအမြှေးပါးက အချွဲတွေကို ကောင်းစွာလုပ်ဆောင်ဖို့ ရေဓာတ်လိုပါတယ်။ရေမသောက်တဲ့အခါ အစာအိမ် က အချွဲတွေ ကျုံ့လာပြီး အချဉ်ဓာတ်တွေထုတ်ပေးတဲ့ အတွက် အစာအိမ်အချဉ်ပေါက်တတ်ပါတယ်။ဒါကြောင့် ရေမသောက်တော့ ရင်တွေပူပြီးအစာမကြေဖြစ်နိုင်ပါတယ်။

၇။ ဒီစာလည်းဖတ်နေတယ်။ပြောတာတွေလည်းလိုက်နာတယ်။ ကျွန်တော် ၊ ကျွန်မကတော့ ရေအမြဲသောက်တယ်။အိပ်ရာနားမှာတောင်ရေခွက်ထားအိပ်ပါတယ်။ဘယ်သွားသွားလည်းရေဗူးဆောင်သွားပါတယ်ဆိုတဲ့လူတွေကတော့ သေချာတယ်။

ကျန်းမာရေးအတွက်စိတ်ချရတယ်။အဲ့လိုမှမဟုတ်ဘဲ မသောက်တဲ့လူတွေရှိတယ်ဆိုရင်လည်း ဒီစာလေးဖတ်ရင်း အခုပဲ ရေအိုးနားပြေးပြီး ရေတစ်ခွက်သောက်လိုက်ပါလို့ တိုက်တွန်းဆော်သြလိုက်ပါတယ်။

Credit:မူရင်းရေးသားသူ

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top