iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းရြက္သုပ္၊ ျပည္ႀကီးငါးသုပ္၊ ငါးခ်ဥ္သုပ္ စတဲ့ အသုပ္မ်ိဳးစံု သုပ္စားတဲ့အခါ ၾကက္သြန္ျဖဴက မပါမျဖစ္ပါ။ လက္ဖက္သုပ္ စားတဲ့အခါမွာလည္း ၾကက္သြန္ျဖဴနဲ႔ တို႔စားတဲ့အခါ အင္မတန္အရသာ႐ွိပါတယ္။ ဒါေပမဲ့ အားရပါးရစားၿပီးတဲ့အခါမွာေတာ့ ခံတြင္းအနံ႔ဆိုးတဲ့ ျပႆနာက အေတာ္စိတ္ညစ္ဖို႔ေကာင္းပါတယ္။

အစားအစာလည္း စိတ္လြတ္လက္လြတ္နဲ႔ အရသာ႐ွိ႐ွိ စားသံုးလို႔ရေအာင္ စားၿပီးတဲ့အခါမွာလည္း ခံတြင္းအနံ႔ဆိုးတဲ့ ျပႆနာနဲ႔ မႀကံဳေတြ႔ရေလေအာင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကို အသံုးျပဳေပးလိုက္ပါ။

မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ၂ ဇြန္းခန္႔နဲ႔ ေရေႏြးေႏြးေလး ၆၀ မီလီလီတာခန္႔တို႔ လိုအပ္ပါမယ္။ ေရေႏြးေႏြးထဲသုိ႔ မုန္႔ဖုန္ဆိုဒါ ထည့္လိုက္ၿပီး သမေအာင္ ေရာေမႊေပးလိုက္ပါ။ ထိုေရျဖင့္ ပလုပ္က်င္းေပးလိုက္ပါ။ အစား စားၿပီးတိုင္း မုန္႔ဖုတ္ဆိုဒါေရျဖင့္ ပလုပ္က်င္းေပးႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ ခံတြင္းအနံ႔ဆိုးေစတဲ့ ဘက္တီးရီးယားေတြကို ဖယ္ထုတ္ၿပီးသားျဖစ္သြားပါၿပီ။

သံပုယိုရည္

သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ေရေႏြး ၆၀ မီလီလီတာခန္႔တို႔ လိုအပ္ပါမယ္။ သံပုယိုရည္ကို ေရေႏြးထဲထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ စကၠန္႔အနည္းငယ္ခန္႔ ပလုတ္က်င္းေပးလိုက္ပါ။ ဒီနည္းလမ္းကိုလည္း အစား စားၿပီးတိုင္း ပလုတ္က်င္းေပးႏိုင္ပါတယ္။

ႏြားႏို႔ေသာက္ပါ

ႏြားႏို႔ေသာက္သံုးျခင္းက ပါးစပ္က အန႔ံအသက္ဆိုးမ်ားကို ယူပစ္သလို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ႏြားႏို႔ကို ဒီအတိုင္း ေသာက္သံုးမယ့္အစား ၾကက္သြန္ျဖဴပါ ေရာထည့္လိုက္ၿပီး ေသာက္သံုးေပးမယ္ဆိုရင္ ပိုၿပီး အာနိသင္ထူးျခားတာကို ေတြ႔ျမင္ရပါလိမ့္မယ္။

ပီေကဝါးပါ

တကယ္လို႔ ကိုယ္က အလုပ္ကိစၥနဲ႔ အျပင္ေရာက္ေနတဲ့အခါ အထက္က ေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြ အသံုးျပဳလို႔ မရႏိုင္ပါဘူး။ အဲ့ဒီအခါက်ရင္ ပူ႐ွိန္းပီေကေလး ဝါးေပးလိုက္ပါ။

လက္ဖက္စိမ္း ေသာက္ပါ

Green Tea လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ေရေႏြးပူ တစ္ဖန္ခြက္တို႔ လိုအပ္ပါမယ္။ လက္ဖက္စိမ္းကို ေရေႏြးပူထဲ ၅ မိနစ္ ၁၀ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။ အခ်ိန္ျပည့္တာနဲ႔ လက္ဖက္စိမ္း ေႏြးေႏြးေလးကို ေသာက္သံုးေပးႏိုင္ပါၿပီ။ လက္ဖက္စိမ္းကို တစ္ေန႔ ႏွစ္ႀကိမ္ခန္႔ ေသာက္သံုးေပးျခင္းက ခံတြင္းအနံ႔အသက္ကိုလည္း ေကာင္းမြန္ေစသလို က်န္းမာေရးအတြက္လည္း အထူးသင့္ေလ်ာ္ပါတယ္။

ပန္းသီး

ခံတြင္းနံ႔ နံေစတဲ့ အစားအစာေတြ စားၿပီးတဲ့အခါတိုင္း ပန္းသီးစိတ္ေလး ဝါးစားေပးျခင္းကလည္း အက်ိဳး႐ွိတဲ့ နည္းလမ္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

စာဖတ္သူတို႔ေရာ အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြထဲက ဘယ္နည္းလမ္းေတြကို စမ္းသပ္ၾကည့္ဖူးပါသလဲ။ ဘယ္နည္းလမ္းက အစြမ္းအထက္ဆံုးလဲဆိုတာကို ဗဟုသုတအေနနဲ႔ ေဝမွ်ေပးခဲ့ဖို႔ မေမ့နဲ႔ဦးေနာ္။

Credit: myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။..

ဟင်းရွက်သုပ်၊ ပြည်ကြီးငါးသုပ်၊ ငါးချဉ်သုပ် စတဲ့ အသုပ်မျိုးစုံ သုပ်စားတဲ့အခါ ကြက်သွန်ဖြူက မပါမဖြစ်ပါ။ လက်ဖက်သုပ် စားတဲ့အခါမှာလည်း ကြက်သွန်ဖြူနဲ့ တို့စားတဲ့အခါ အင်မတန်အရသာရှိပါတယ်။ ဒါပေမဲ့ အားရပါးရစားပြီးတဲ့အခါမှာတော့ ခံတွင်းအနံ့ဆိုးတဲ့ ပြဿနာက အတော်စိတ်ညစ်ဖို့ကောင်းပါတယ်။

အစားအစာလည်း စိတ်လွတ်လက်လွတ်နဲ့ အရသာရှိရှိ စားသုံးလို့ရအောင် စားပြီးတဲ့အခါမှာလည်း ခံတွင်းအနံ့ဆိုးတဲ့ ပြဿနာနဲ့ မကြုံတွေ့ရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်နဲ့ ရေနွေးနွေးလေး ၆၀ မီလီလီတာခန့်တို့ လိုအပ်ပါမယ်။ ရေနွေးနွေးထဲသို့ မုန့်ဖုန်ဆိုဒါ ထည့်လိုက်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထိုရေဖြင့် ပလုပ်ကျင်းပေးလိုက်ပါ။ အစား စားပြီးတိုင်း မုန့်ဖုတ်ဆိုဒါရေဖြင့် ပလုပ်ကျင်းပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ခံတွင်းအနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ထုတ်ပြီးသားဖြစ်သွားပါပြီ။

သံပုယိုရည်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေနွေး ၆၀ မီလီလီတာခန့်တို့ လိုအပ်ပါမယ်။ သံပုယိုရည်ကို ရေနွေးထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။ ဒီနည်းလမ်းကိုလည်း အစား စားပြီးတိုင်း ပလုတ်ကျင်းပေးနိုင်ပါတယ်။

နွားနို့သောက်ပါ

နွားနို့သောက်သုံးခြင်းက ပါးစပ်က အနံ့အသက်ဆိုးများကို ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ နွားနို့ကို ဒီအတိုင်း သောက်သုံးမယ့်အစား ကြက်သွန်ဖြူပါ ရောထည့်လိုက်ပြီး သောက်သုံးပေးမယ်ဆိုရင် ပိုပြီး အာနိသင်ထူးခြားတာကို တွေ့မြင်ရပါလိမ့်မယ်။

ပီကေဝါးပါ

တကယ်လို့ ကိုယ်က အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတဲ့အခါ အထက်က ဖော်ပြခဲ့တဲ့ နည်းလမ်းတွေ အသုံးပြုလို့ မရနိုင်ပါဘူး။ အဲ့ဒီအခါကျရင် ပူရှိန်းပီကေလေး ဝါးပေးလိုက်ပါ။

လက်ဖက်စိမ်း သောက်ပါ

Green Tea လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးပူ တစ်ဖန်ခွက်တို့ လိုအပ်ပါမယ်။ လက်ဖက်စိမ်းကို ရေနွေးပူထဲ ၅ မိနစ် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်တာနဲ့ လက်ဖက်စိမ်း နွေးနွေးလေးကို သောက်သုံးပေးနိုင်ပါပြီ။ လက်ဖက်စိမ်းကို တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးခြင်းက ခံတွင်းအနံ့အသက်ကိုလည်း ကောင်းမွန်စေသလို ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပါတယ်။

ပန်းသီး

ခံတွင်းနံ့ နံစေတဲ့ အစားအစာတွေ စားပြီးတဲ့အခါတိုင်း ပန်းသီးစိတ်လေး ဝါးစားပေးခြင်းကလည်း အကျိုးရှိတဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

စာဖတ်သူတို့ရော အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းတွေကို စမ်းသပ်ကြည့်ဖူးပါသလဲ။ ဘယ်နည်းလမ်းက အစွမ်းအထက်ဆုံးလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top