iMyanmarHouse.com - Best Property Website for Myanmar
×


ဘယ္ေလာက္ပဲ ထက္ျမက္တဲ့ မိန္းမ ျဖစ္ေနပါေစ သူတို႔ ခ်စ္တဲ့သူ အနားက်ရင္ အလိုလုိ အားႏြဲ႔တတ္သြားတဲ့ သဘာဝ ရွိပါတယ္။ ဒီလို အခ်ိန္ ခ်စ္သူေလးကို မၿငိဳျငင္ရဘူးေနာ္။

Marry ရဲ႕ ခ်စ္သူစံုတြဲေလးတုိ႔ေရ ခ်စ္သူေတြရယ္လို႔ ျဖစ္လာရင္ အခ်င္းခ်င္းၾကားမွာ ေမွ်ာ္လင့္တဲ့အရာေလးေတြ ရွိတာကို သိထားေပးပါေနာ္။ ခ်စ္သူေတြၾကားမွာ ဘာမွ မေမွ်ာ္လင့္ဘူး။ ခ်စ္တာပဲ သိတာ ဆိုတာကေတာ့ လိမ္တာမို႔လို႔ပါ။ ကိုယ္ခ်စ္တဲ့ ခ်စ္သူေလး ဆီကေတာ့ အနည္းနဲ႔ အမ်ားေတာ့ အခ်စ္ခံရတယ္ ဆိုတဲ့ အျပဳအမူေလးေတြကို ေမွ်ာ္လင့္တတ္ၾကပါတယ္။
မိန္ကေလးဆိုတာ

အခ်စ္ခံခ်င္၊ ဂရုစိုက္တာ ခံခ်င္တဲ့ သဘာဝ ရွိပါတယ္။ အျပင္မွာ ဘယ္ေလာက္ပဲ ထက္ျမက္တဲ့ မိန္းမ ျဖစ္ေနပါေစ၊ သူတို႔ ခ်စ္တဲ့သူ အနားက်ရင္ အလိုလုိ အားႏြဲ႔တတ္သြားတဲ့ သဘာဝ ရွိပါတယ္။ ဒီလို အခ်ိန္ ခ်စ္သူေလးကို မၿငိဳျငင္ရဘူးေနာ္။ ခ်စ္သူေလး မပူဆာခင္ အလိုက္တသိ ျပဳလုပ္ေပးဖို႔ လိုတာေတြကိုု ျပဳလုပ္တတ္ပါေစ။ ခ်စ္သူေလးက ေရဆာတယ္ ေျပာရင္ ေရာ႔ ဆိုၿပီး ေရဗူးေပးလိုက္တာမ်ိဳးကို မလုပ္ပဲ ေရဗူးကို အဖံုးဖြင့္ၿပီးမွ ေပးတာမ်ိဳး ျပဳလုပ္ေပးပါေနာ္။ ေရဗူးကို ဒီအတိုင္းေပးလိုက္ရင္ ေကာင္မေလးက ကိုကို အဖံုးဖြင့္ေပးပါလို႔ ပူဆာမွ ဖြင့္ေပးတာမ်ိဳးကို ေရွာင္ပါ။ ေကာင္မေလး ေတာ္ေတာ္မ်ားမ်ားက တခုခုဆို လုပ္ေပးဖို႔ ေတာင္းဆိုရတာကို မႏွစ္သက္တဲ့အတြက္ သူတို႔ စိတ္တိုင္း မက်တာကို တုိက္ရိုက္ မေျပာတတ္တဲ့ အက်င့္ရွိတာကိုေတာ့ သိထားေပးပါေနာ္။

အလိုက္သိပါ

မိန္းကေလးေတြက သူတို႔ ခ်စ္ရင္ ခ်စ္သေလာက္ ေမွ်ာ္လင့္တတ္လာပါတယ္။ မခ်စ္တဲ့သူဆိုရင္ ဘယ္လိုေနေန ဆိုတဲ့စိတ္နဲ႔ တြဲေနတာကေတာ့ ခ်စ္တဲ့သူရဲ႕ အရာတိုင္းကို သိခ်င္ေနတတ္တာပါပဲ။ မနက္ခင္းေလးက စလို႔ ညအိပ္တဲ့အခ်ိန္ထိ ဘာလုပ္တယ္ ဘယ္သြားတယ္ ဘာစားတယ္ ဆိုတာေတြကိုလည္း မေမးရဘဲ ေျပာျပေပးတာကို လိုခ်င္ၾကပါတယ္။ အလိုက္တသိ ျပဳလုပ္ေစခ်င္တဲ့အရာေတြကေတာ့ ေရာက္ေလရာရာမွာ တိုက္ဆိုင္မႈ ရွိတာကို ေျပာျပရင္း သတိတရ ရွိေနတဲ့အေၾကာင္း ေျပာျပတတ္တာကိုပဲ ျဖစ္ပါတယ္။ မိန္းကေလးေတြက ေတာ္တန္ဆို စကားကို တည့္တည့္ မေျပာတတ္ပါဘူး။ ေကြ႕ဝိုက္ သြယ္တန္းၿပီး ေျပာတတ္တာကို ကိုကိုတို႔က ဘာေျပာခ်င္တာလဲ ဆိုတာကို သိကို သိထားေပးရမွာပါ။

ကိုကိုတို႔ အေနနဲ႔ ေကာင္မေလးေတြရဲ႕ သေဘာကို နားလည္ထားမယ္ ဆိုရင္ေတာ့ ခ်စ္သူ႔မ်က္ႏွာေလးက ပန္းကေလးလို အျမဲ လန္းဆန္းေနတဲ့ပံုရိပ္ေလးကို ျမင္ေတြ႔ရမွာပါ။ ကေလးဆန္တဲ႔ခ်စ္သူေကာင္ေလးေတြရဲ ႔အမူအက်င္႔ေလးမ်ား ကို သိထားေပးၿပီး ခ်စ္သူေတြၾကားမွာ ဘာလုပ္ေပးပါ ညာလုပ္ေပးပါ ပူဆာ စရာ မလိုေအာင္ အလိုက္တသိ ျပဳလုပ္ေပးတတ္တဲ့ ခ်စ္သူစံုတြဲေလးေတြ ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဘယ်လောက်ပဲ ထက်မြက်တဲ့ မိန်းမ ဖြစ်နေပါစေ သူတို့ ချစ်တဲ့သူ အနားကျရင် အလိုလို အားနွဲ့တတ်သွားတဲ့ သဘာဝ ရှိပါတယ်။ ဒီလို အချိန် ချစ်သူလေးကို မငြိုငြင်ရဘူးနော်။

Marry ရဲ့ ချစ်သူစုံတွဲလေးတို့ရေ ချစ်သူတွေရယ်လို့ ဖြစ်လာရင် အချင်းချင်းကြားမှာ မျှော်လင့်တဲ့အရာလေးတွေ ရှိတာကို သိထားပေးပါနော်။ ချစ်သူတွေကြားမှာ ဘာမှ မမျှော်လင့်ဘူး။ ချစ်တာပဲ သိတာ ဆိုတာကတော့ လိမ်တာမို့လို့ပါ။ ကိုယ်ချစ်တဲ့ ချစ်သူလေး ဆီကတော့ အနည်းနဲ့ အများတော့ အချစ်ခံရတယ် ဆိုတဲ့ အပြုအမူလေးတွေကို မျှော်လင့်တတ်ကြပါတယ်။
မိန်ကလေးဆိုတာ

အချစ်ခံချင်၊ ဂရုစိုက်တာ ခံချင်တဲ့ သဘာဝ ရှိပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ ထက်မြက်တဲ့ မိန်းမ ဖြစ်နေပါစေ၊ သူတို့ ချစ်တဲ့သူ အနားကျရင် အလိုလို အားနွဲ့တတ်သွားတဲ့ သဘာဝ ရှိပါတယ်။ ဒီလို အချိန် ချစ်သူလေးကို မငြိုငြင်ရဘူးနော်။ ချစ်သူလေး မပူဆာခင် အလိုက်တသိ ပြုလုပ်ပေးဖို့ လိုတာတွေကို ပြုလုပ်တတ်ပါစေ။ ချစ်သူလေးက ရေဆာတယ် ပြောရင် ရော့ ဆိုပြီး ရေဗူးပေးလိုက်တာမျိုးကို မလုပ်ပဲ ရေဗူးကို အဖုံးဖွင့်ပြီးမှ ပေးတာမျိုး ပြုလုပ်ပေးပါနော်။ ရေဗူးကို ဒီအတိုင်းပေးလိုက်ရင် ကောင်မလေးက ကိုကို အဖုံးဖွင့်ပေးပါလို့ ပူဆာမှ ဖွင့်ပေးတာမျိုးကို ရှောင်ပါ။ ကောင်မလေး တော်တော်များများက တခုခုဆို လုပ်ပေးဖို့ တောင်းဆိုရတာကို မနှစ်သက်တဲ့အတွက် သူတို့ စိတ်တိုင်း မကျတာကို တိုက်ရိုက် မပြောတတ်တဲ့ အကျင့်ရှိတာကိုတော့ သိထားပေးပါနော်။

အလိုက်သိပါ

မိန်းကလေးတွေက သူတို့ ချစ်ရင် ချစ်သလောက် မျှော်လင့်တတ်လာပါတယ်။ မချစ်တဲ့သူဆိုရင် ဘယ်လိုနေနေ ဆိုတဲ့စိတ်နဲ့ တွဲနေတာကတော့ ချစ်တဲ့သူရဲ့ အရာတိုင်းကို သိချင်နေတတ်တာပါပဲ။ မနက်ခင်းလေးက စလို့ ညအိပ်တဲ့အချိန်ထိ ဘာလုပ်တယ် ဘယ်သွားတယ် ဘာစားတယ် ဆိုတာတွေကိုလည်း မမေးရဘဲ ပြောပြပေးတာကို လိုချင်ကြပါတယ်။ အလိုက်တသိ ပြုလုပ်စေချင်တဲ့အရာတွေကတော့ ရောက်လေရာရာမှာ တိုက်ဆိုင်မှု ရှိတာကို ပြောပြရင်း သတိတရ ရှိနေတဲ့အကြောင်း ပြောပြတတ်တာကိုပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေက တော်တန်ဆို စကားကို တည့်တည့် မပြောတတ်ပါဘူး။ ကွေ့ဝိုက် သွယ်တန်းပြီး ပြောတတ်တာကို ကိုကိုတို့က ဘာပြောချင်တာလဲ ဆိုတာကို သိကို သိထားပေးရမှာပါ။

ကိုကိုတို့ အနေနဲ့ ကောင်မလေးတွေရဲ့ သဘောကို နားလည်ထားမယ် ဆိုရင်တော့ ချစ်သူ့မျက်နှာလေးက ပန်းကလေးလို အမြဲ လန်းဆန်းနေတဲ့ပုံရိပ်လေးကို မြင်တွေ့ရမှာပါ။ ကလေးဆန်တဲ့ချစ်သူကောင်လေးတွေရဲ့အမူအကျင့်လေးများ ကို သိထားပေးပြီး ချစ်သူတွေကြားမှာ ဘာလုပ်ပေးပါ ညာလုပ်ပေးပါ ပူဆာ စရာ မလိုအောင် အလိုက်တသိ ပြုလုပ်ပေးတတ်တဲ့ ချစ်သူစုံတွဲလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top