iMyanmarHouse.com - Best Property Website for Myanmar
×


မီးဖိုေခ်ာင္သံုးပစၥည္းေတြထဲက အလွအပေရးရာအတြက္ အသံုးတည့္တဲ့ အရာေတြအမ်ားႀကီးထဲကမွ ဆံပင္က်န္းမာသန္စြမ္းဖို႔အတြက္ ၾကက္သြန္နီရဲ႕ အံ့မခမ္းအစြမ္းမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။ ၾကက္သြန္နီနဲ႔ ဆံပင္ေပါင္းတင္တာဟာ ဆံသားႏွစ္ခြျဖစ္ျခင္း၊ ဆံပင္ကၽြတ္ျခင္းကို သက္သာေစတဲ့ အျပင္ ဆံပင္ပါးသူမ်ားနဲ႔ နဖူးေျပာင္၊ ထိပ္ေျပာင္သူမ်ားအတြက္လည္း ဆံပင္သန္ေစတဲ့ သဘာဝ နည္းလမ္း ေကာင္းေလးပါပဲ။ ဒါ့ေၾကာင့္ ၾကက္သြန္နီကို အသံုးျပဳၿပီး ဆံပင္ေပါင္းတင္နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ၾကက္သြန္နီအႏွစ္ရည္

ဆံပင္အရွည္ကို ႏွစ္သက္ျမတ္ႏုိးသူေတြအေနနဲ႔ အခ်ိန္ခဏအတြင္း ဆံပင္အရွည္ျမန္ခ်င္တယ္ ဆိုရင္ေတာ့ ၾကက္သြန္နီႀကိတ္ထားတဲ့ အရည္ကို ဝါဂြမ္းစနဲ႔ တို႔ယူၿပီး ဦးေရျပားတစ္ဝိုက္ သုတ္လိမ္း ေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္လိုက္ရံုပါပဲ။

(၂) ၾကက္သြန္နီအရည္ႏွင့္ အုန္းဆီ

ၾကက္သြန္နီအရည္နဲ႔ အုန္းဆီကို ဆတူေရာစပ္ၿပီး ဦးေရျပားနဲ႔ ဆံသားေတြေပၚ သုတ္လိမ္းေပး ႏုိင္ပါတယ္။ အုန္းဆီနဲ႔ ၾကက္သြန္နီက ဆံသားက်န္းမာေစဖို႔ ကူညီေပးပါလိမ့္မယ္။ တကယ္လု႔ိ သင္က ေဗာက္ထတယ္ဆိုရင္ေတာ့ tea tree oil အနည္းငယ္ေရာစပ္ႏုိင္ပါတယ္။ နာရီဝက္ေလာက္ထားၿပီး ေခါင္းေလွ်ာ္လိုက္ပါ။

(၃) သံလြင္ဆီႏွင့္ ၾကက္သြန္နီအရည္

တကယ္လို႔ အုန္းဆီနဲ႔ မလုပ္ခ်င္ဘူးဆုိရင္ေတာင္ သံလြင္ဆီကုိ အသံုးျပဳႏုိင္ပါေသးတယ္။ သံလြင္ဆီ ၃ဆနဲ႔ ၾကက္သြန္နီအရည္ တစ္ဆကို ေရာစပ္ၿပီး ဦးေရျပားနဲ႔ ဆံသားမ်ားအႏွံ႔ သုတ္လိမ္းေပးပါ။ ၂နာရီေလာက္ ဦးေရျပားထဲ စိမ့္ဝင္သြားေအာင္ ထားၿပီးမွ ေခါင္းေလွ်ာ္လုိက္ပါ။

(၄) ၾကက္ဆူဆီႏွင့္ ၾကက္သြန္နီအရည္

ၾကက္ဆူဆီကလည္း ဆံသားမ်ား က်န္းမာသန္စြမ္းဖို႔ အားျဖည့္ေပးႏုိင္တဲ့ အရာတစ္ခုပါပဲ။ ၾကက္ဆူဆီ နဲ႔ ၾကက္သြန္နီအရည္ကို ဆတူေရာစပ္ၿပီး ဦးေရျပားနဲ႔ ဆံသားတစ္ဝုိက္ ပြတ္လိမ္းေပးပါ။ ၿပီးရင္ေတာ့ တစ္နာရီအၾကာမွာ ေရေအးနဲ႔ ေခါင္းေလွ်ာ္လိုက္ရံုပါပဲ။

(၅) ၾကက္ဥႏွင့္ ၾကက္သြန္နီအရည္

ၾကက္ဥက ဆံပင္ကၽြတ္တာကို သက္သာေစတဲ့အျပင္ ဆံသားနက္ေမွာင္လွပဖို႔ကိုလည္း ေပးစြမ္း ႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ၾကက္ဥတစ္လံုးနဲ႔ ၾကက္သြန္နီအႏွစ္ရည္ စားပြဲတင္ဇြန္းတစ္ဇြန္း အခ်ိန္အဆ အတိုင္း ကိုယ္လိုသေလာက္ ခ်င့္ခ်ိန္ထည့္ပါ။ ၿပီးရင္ေတာ့ ရရွိလာတဲ့ အေရာအေႏွာကို လာဗင္ဒါပန္း အဆီအနည္းငယ္ေရာစပ္ၿပီး ဦးေရျပားအႏွံ႔သုတ္လိမ္းေပးပါ။ ၿပီးရင္ေတာ့ shower cap နဲ႔ မိနစ္ ၂၀၊ နာရီဝက္ေလာက္ အုပ္ထားၿပီးမွ ေခါင္းေလွ်ာ္လိုက္ပါ။

(၆) ဂ်င္းအႏွစ္ရည္ႏွင့္ ၾကက္သြန္အႏွစ္ရည္

ဂ်င္းနဲ႔ ၾကက္သြန္နီေပါင္းစပ္မႈေၾကာင့္ ဦးေရျပားတစ္ဝုိက္ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစၿပီး ဆံသား က်န္းမာသန္စြမ္းေစဖုိ႔ ကူညီေပးႏုိင္ပါတယ္။ ဂ်င္းကိုႀကိတ္ၿပီး ရရွိလာတဲ့ အရည္နဲ႔ ၾကက္သြန္နီကို ၾကိတ္ၿပီး ရရွိလာတဲ့ အႏွစ္ရည္ကို ေပါင္းစပ္လိုက္ပါ။ ၿပီးရင္္ေတာ့ ဦးေရျပားေပၚ စက္ဝိုင္းျခမ္း သ႑ာန္ပြတ္လိမ္းေပးပါ။ ၂မိနစ္ေလာက္ ညင္သာစြာ ႏွိပ္နယ္ၿပီး တစ္နာရီေလာက္ႏွပ္ထားပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္လိုက္ရံုပါပဲေနာ္။

အထက္ပါေဖာ္ျပေပးခဲ့တဲ့ နည္းလမ္းေတြကို ျပဳလုပ္ၿပီးလို႔ ဆံသားမွာ ၾကက္သြန္နီအနံ႔စြဲေနတယ္ ဆိုရင္ အလ်င္ျမန္ဆံုးေပ်ာက္ႏုိင္တဲ့ နည္းလမ္းေလးကို ေျပာျပခ်င္ပါတယ္။ ေခါင္းေလွ်ာ္မယ့္ ေရထဲကို ပန္းသီးရွာလကာရည္ႏွစ္ဇြန္းေလာက္ထည့္ၿပီး ေခါင္းေလွ်ာ္ရည္အေပ်ာ့စားေလးနဲ႔ ေလွ်ာ္ေပးမယ္ဆိုရင္ ၾကက္သြန္နီအနံ႔ ေပ်ာက္သြားပါလိမ့္မယ္။

Credit:lwinpyin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မီးဖိုချောင်သုံးပစ္စည်းတွေထဲက အလှအပရေးရာအတွက် အသုံးတည့်တဲ့ အရာတွေအများကြီးထဲကမှ ဆံပင်ကျန်းမာသန်စွမ်းဖို့အတွက် ကြက်သွန်နီရဲ့ အံ့မခမ်းအစွမ်းများကို ဖော်ပြပေးချင်ပါတယ်။ ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်တာဟာ ဆံသားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေတဲ့ အပြင် ဆံပင်ပါးသူများနဲ့ နဖူးပြောင်၊ ထိပ်ပြောင်သူများအတွက်လည်း ဆံပင်သန်စေတဲ့ သဘာဝ နည်းလမ်း ကောင်းလေးပါပဲ။ ဒါ့ကြောင့် ကြက်သွန်နီကို အသုံးပြုပြီး ဆံပင်ပေါင်းတင်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်နီအနှစ်ရည်

ဆံပင်အရှည်ကို နှစ်သက်မြတ်နိုးသူတွေအနေနဲ့ အချိန်ခဏအတွင်း ဆံပင်အရှည်မြန်ချင်တယ် ဆိုရင်တော့ ကြက်သွန်နီကြိတ်ထားတဲ့ အရည်ကို ဝါဂွမ်းစနဲ့ တို့ယူပြီး ဦးရေပြားတစ်ဝိုက် သုတ်လိမ်း ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။

(၂) ကြက်သွန်နီအရည်နှင့် အုန်းဆီ

ကြက်သွန်နီအရည်နဲ့ အုန်းဆီကို ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ် သုတ်လိမ်းပေး နိုင်ပါတယ်။ အုန်းဆီနဲ့ ကြက်သွန်နီက ဆံသားကျန်းမာစေဖို့ ကူညီပေးပါလိမ့်မယ်။ တကယ်လု့ိ သင်က ဗောက်ထတယ်ဆိုရင်တော့ tea tree oil အနည်းငယ်ရောစပ်နိုင်ပါတယ်။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်လိုက်ပါ။

(၃) သံလွင်ဆီနှင့် ကြက်သွန်နီအရည်

တကယ်လို့ အုန်းဆီနဲ့ မလုပ်ချင်ဘူးဆိုရင်တောင် သံလွင်ဆီကို အသုံးပြုနိုင်ပါသေးတယ်။ သံလွင်ဆီ ၃ဆနဲ့ ကြက်သွန်နီအရည် တစ်ဆကို ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားများအနှံ့ သုတ်လိမ်းပေးပါ။ ၂နာရီလောက် ဦးရေပြားထဲ စိမ့်ဝင်သွားအောင် ထားပြီးမှ ခေါင်းလျှော်လိုက်ပါ။

(၄) ကြက်ဆူဆီနှင့် ကြက်သွန်နီအရည်

ကြက်ဆူဆီကလည်း ဆံသားများ ကျန်းမာသန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ အရာတစ်ခုပါပဲ။ ကြက်ဆူဆီ နဲ့ ကြက်သွန်နီအရည်ကို ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားတစ်ဝိုက် ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ တစ်နာရီအကြာမှာ ရေအေးနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။

(၅) ကြက်ဥနှင့် ကြက်သွန်နီအရည်

ကြက်ဥက ဆံပင်ကျွတ်တာကို သက်သာစေတဲ့အပြင် ဆံသားနက်မှောင်လှပဖို့ကိုလည်း ပေးစွမ်း နိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥတစ်လုံးနဲ့ ကြက်သွန်နီအနှစ်ရည် စားပွဲတင်ဇွန်းတစ်ဇွန်း အချိန်အဆ အတိုင်း ကိုယ်လိုသလောက် ချင့်ချိန်ထည့်ပါ။ ပြီးရင်တော့ ရရှိလာတဲ့ အရောအနှောကို လာဗင်ဒါပန်း အဆီအနည်းငယ်ရောစပ်ပြီး ဦးရေပြားအနှံ့သုတ်လိမ်းပေးပါ။ ပြီးရင်တော့ shower cap နဲ့ မိနစ် ၂၀၊ နာရီဝက်လောက် အုပ်ထားပြီးမှ ခေါင်းလျှော်လိုက်ပါ။

(၆) ဂျင်းအနှစ်ရည်နှင့် ကြက်သွန်အနှစ်ရည်

ဂျင်းနဲ့ ကြက်သွန်နီပေါင်းစပ်မှုကြောင့် ဦးရေပြားတစ်ဝိုက် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံသား ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဂျင်းကိုကြိတ်ပြီး ရရှိလာတဲ့ အရည်နဲ့ ကြက်သွန်နီကို ကြိတ်ပြီး ရရှိလာတဲ့ အနှစ်ရည်ကို ပေါင်းစပ်လိုက်ပါ။ ပြီးရင်တော့ ဦးရေပြားပေါ် စက်ဝိုင်းခြမ်း သဏ္ဍာန်ပွတ်လိမ်းပေးပါ။ ၂မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပြီး တစ်နာရီလောက်နှပ်ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲနော်။

အထက်ပါဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေကို ပြုလုပ်ပြီးလို့ ဆံသားမှာ ကြက်သွန်နီအနံ့စွဲနေတယ် ဆိုရင် အလျင်မြန်ဆုံးပျောက်နိုင်တဲ့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ ခေါင်းလျှော်မယ့် ရေထဲကို ပန်းသီးရှာလကာရည်နှစ်ဇွန်းလောက်ထည့်ပြီး ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးမယ်ဆိုရင် ကြက်သွန်နီအနံ့ ပျောက်သွားပါလိမ့်မယ်။

Credit:lwinpyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top