iMyanmarHouse.com - Best Property Website for Myanmar
×


ဆင္တူရိုးမွားခံစားခ်က္ေလးေတြက ေသခ်ာခြဲျခမ္းစိတ္ျဖာဖို႔ လိုအပ္ပါတယ္

အခ်စ္ဆိုတာ ဘယ္လိုအခ်ိန္ ဘယ္လိုေနရာမ်ိဳးမွာမဆို ေပၚလာ တတ္တဲ့ စိတၱဇနာမ္တစ္ခုပါပဲ။ တစ္ခ်ိဳ႕ အခ်စ္ေတြက အခ်ိန္ အၾကာၾကီးယူမွျဖစ္ေပၚလာတတ္ေပမယ့္ တစ္ခ်ိဳ႕ေမတၱာေတြ ကေတာ့ အခ်ိန္ခဏ ေလးမွာပဲ ျဖစ္ေပၚလာတတ္တာေတြလည္း ရွိပါတယ္။ ရင္ခုန္မိတာနဲ႔ ခ်စ္တယ္လို႔မဆိုႏိုင္ေပမယ့္ လူတစ္ေယာက္ကို ရင္ခုန္မိျပီဆိုတာနဲ႔ စတင္စြဲလမ္းသြားျပီဆို တာ ေသခ်ာပါတယ္။

ရင္ခုန္ရင္အခ်စ္ပဲဆိုတဲ့ သီခ်င္းေလးအတိုင္းပါပဲ သူ႕ေၾကာင့္ ကိုယ့္ရဲ႕စိတ္အာရံုေတြလႈပ္ရွားသြားရတဲ့ အထိ ျဖစ္သြားတဲ့ အေျခအေနတစ္ခုကို အခ်စ္လို႔ေခါင္းစဥ္တပ္ဖို႔ လံုေလာက္ပါ တယ္။ အထက္က ေျပာခဲ့သလိုပဲ တစ္ခ်ိဳ႕အခ်စ္ေတြက အခ်ိန္ေတြအမ်ားၾကီးယူစရာမလိုပဲ ခဏေလးအတြင္းမွာတင္ ေပါက္ဖြားတတ္ပါတယ္။ သံေယာဇဥ္ဆိုတာမ်ိဳးကေတာ့ အခ်စ္နဲ႔ အလားသ႑န္တူတဲ့ ခံစားခ်က္တစ္ခုပါပဲ။ အခ်ိန္ေတြၾကာလာ ေလေလ သူ႕ရဲ႕ထုထည္က ပိုျပီးၾကီးမားလာေလေလပါပဲ။ သူဟာ အခ်စ္ထက္ပိုျပီးျပင္းတဲ့ ဆြဲအားတစ္မ်ိဳးပါပဲ။

Relationship တစ္ခုမွာ သံေယာဇဥ္ခ်ည္းပဲရွိေနလို႔လည္း အဆင္မေျပပါဘူး ရင္ခုန္မႈနဲ႔သာယာမႈေတြလည္း လိုအပ္ပါ တယ္။ ရင္ခုန္မႈနဲ႔ သံေယာဇဥ္ယွဥ္ရမယ္ဆိုရင္ေတာ့ ႏွစ္ခုလံုး ဟာအခ်စ္နဲ႔တိုက္ရိုက္ သက္ဆိုင္ေနၾကပါတယ္။

ရင္ခုန္မႈကစျပီး အခ်စ္ျဖစ္ေ္ပၚလာႏိုင္သလို သံေယာဇဥ္ေတြအျမစ္တြယ္ရာ ကလည္း အခ်စ္ေတြေပါက္ဖြားႏိုင္ပါတယ္။ ဘယ္လုိပံုစံမ်ိဳးနဲ႔ ေပၚေပါက္လာတဲ့အခ်စ္ျဖစ္ပါေစ ရင္ထဲက သစၥာတရား တည္ျမဲ ရင္ ခိုင္ျမဲတဲ့ခ်စ္ျခင္းတစ္ခု ေသခ်ာေပါက္ျဖစ္လာႏိုင္မွာပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဆင်တူရိုးမှားခံစားချက်လေးတွေက သေချာခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်

အချစ်ဆိုတာ ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးမှာမဆို ပေါ်လာ တတ်တဲ့ စိတ္တဇနာမ်တစ်ခုပါပဲ။ တစ်ချို့ အချစ်တွေက အချိန် အကြာကြီးယူမှဖြစ်ပေါ်လာတတ်ပေမယ့် တစ်ချို့မေတ္တာတွေ ကတော့ အချိန်ခဏ လေးမှာပဲ ဖြစ်ပေါ်လာတတ်တာတွေလည်း ရှိပါတယ်။ ရင်ခုန်မိတာနဲ့ ချစ်တယ်လို့မဆိုနိုင်ပေမယ့် လူတစ်ယောက်ကို ရင်ခုန်မိပြီဆိုတာနဲ့ စတင်စွဲလမ်းသွားပြီဆို တာ သေချာပါတယ်။

ရင်ခုန်ရင်အချစ်ပဲဆိုတဲ့ သီချင်းလေးအတိုင်းပါပဲ သူ့ကြောင့် ကိုယ့်ရဲ့စိတ်အာရုံတွေလှုပ်ရှားသွားရတဲ့ အထိ ဖြစ်သွားတဲ့ အခြေအနေတစ်ခုကို အချစ်လို့ခေါင်းစဉ်တပ်ဖို့ လုံလောက်ပါ တယ်။ အထက်က ပြောခဲ့သလိုပဲ တစ်ချို့အချစ်တွေက အချိန်တွေအများကြီးယူစရာမလိုပဲ ခဏလေးအတွင်းမှာတင် ပေါက်ဖွားတတ်ပါတယ်။ သံယောဇဉ်ဆိုတာမျိုးကတော့ အချစ်နဲ့ အလားသဏ္ဍန်တူတဲ့ ခံစားချက်တစ်ခုပါပဲ။ အချိန်တွေကြာလာ လေလေ သူ့ရဲ့ထုထည်က ပိုပြီးကြီးမားလာလေလေပါပဲ။ သူဟာ အချစ်ထက်ပိုပြီးပြင်းတဲ့ ဆွဲအားတစ်မျိုးပါပဲ။

Relationship တစ်ခုမှာ သံယောဇဉ်ချည်းပဲရှိနေလို့လည်း အဆင်မပြေပါဘူး ရင်ခုန်မှုနဲ့သာယာမှုတွေလည်း လိုအပ်ပါ တယ်။ ရင်ခုန်မှုနဲ့ သံယောဇဉ်ယှဉ်ရမယ်ဆိုရင်တော့ နှစ်ခုလုံး ဟာအချစ်နဲ့တိုက်ရိုက် သက်ဆိုင်နေကြပါတယ်။

ရင်ခုန်မှုကစပြီး အချစ်ဖြစ်ေ်ပါ်လာနိုင်သလို သံယောဇဉ်တွေအမြစ်တွယ်ရာ ကလည်း အချစ်တွေပေါက်ဖွားနိုင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပေါ်ပေါက်လာတဲ့အချစ်ဖြစ်ပါစေ ရင်ထဲက သစ္စာတရား တည်မြဲ ရင် ခိုင်မြဲတဲ့ချစ်ခြင်းတစ်ခု သေချာပေါက်ဖြစ်လာနိုင်မှာပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top