iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ေရ အိမ္ေထာင္က်ၿပီးေနာက္ (၆ ) လေလာက္ေနရင္ ႀကံဳရမယ့္ ျပႆနာေတြကို သိထားၿပီးၿပီဆိုရင္ေတာ့ ေသခ်ာေလး ညွိႏိႈင္းထားမယ္ဆိုရင္ အဆင္ေျပသြားမွာပါေနာ္။

အိမ္ေထာင္က်ခါစ စံုတြဲေလးတို႔ေရ အိမ္ေထာင္ေရးမွာ အဆင္ေျပတာေတြေရာ အဆင္မေျပတာေတြေရာ ရွိႏိုင္ပါတယ္ေနာ္။ အိမ္ေထာင္က်ၿပီးေနာက္ (၆) လေလာက္မွာေတာ့ စံုတြဲေလးတို႔ ႀကံဳရမယ့္ ကိစၥျပႆနာေတြ ရွိလာႏိုင္ပါတယ္။ ဘယ္အခ်က္ေတြ ျဖစ္မလဲဆိုတာ ဖတ္ၾကည့္ေပးပါဦးေနာ္။ ဒါမွ ႀကိဳတင္ျပင္ဆင္ ေရွာင္ရွားလို႔ ရတာေတြလည္း ေရွာင္မိမွာပါ။

(၁) မိသားစုဝင္ေတြနဲ႔ အိမ္ခြဲမေနရင္

စံုတြဲေလးတို႔ေရ အိမ္ေထာင္က်ၿပီးေနာက္ မိသားစုဝင္ေတြနဲ႔ ခြဲမေနဘူးဆိုရင္ မိသားစုဝင္ေတြနဲ႔ အဆင္ေျပျခင္း မေျပျခင္း ျပႆနာေတြ စလာပါၿပီ။ အိမ္ေထာင္က်ၿပီး (၆) လေလာက္ဆိုုရင္ ႀကံဳရတဲ့ ျပႆနာထဲမွာ ေယာကၡမနဲ႔ အဆင္မေျပတာ၊ ေယာင္းမနဲ႔ မတည့္တာ၊ ေယာက္ဖနဲ႔ ရန္ျဖစ္တာ စတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီျပႆနာေလးေတြ ႀကံဳလာႏိုင္တာမို႔ အတူေနတယ္ဆိုရင္ေတာ့ အဆင္ေျပေအာင္ ႀကိဳးစားဖို႔ လိုပါတယ္။

(၂) အိမ္ခြဲေနတယ္ဆိုရင္

စံုတြဲေလးတို႔ အိမ္ခြဲေနတဲ့အခါမွာ ႀကံဳရႏိုင္တဲ့ အခ်က္ကေတာ့ အားလံုး ကိုယ့္လက္ကိုယ့္ေျခ ျဖစ္တာပါပဲ။ အိမ္မႈကိစၥ အဝဝနဲ႔ အိမ္ေထာင္မႈကိစၥေတြကို ႏွစ္ေယာက္တည္း တာဝန္ယူ ေဆာင္ရြက္ရတာမို႔ အလုပ္ပိုမ်ားတာ၊ အရင္ကထက္ လုပ္စရာ ကိစၥေတြ ပိုလာတဲ့အခါ အသားမက်ေသးဘဲ စိတ္ရွဳပ္လာတတ္ပါတယ္။

(၃) အလုပ္တာဝန္ေတြ ပိုလာတာ

အိမ္ေထာင္သည္ဘဝေရာက္ၿပီဆုိရင္ေတာ့ အလုပ္တာဝန္ ပုိလာတာေတြ ရွိပါတယ္။ ဇနီးကလည္း အရင္ကလို အလုပ္ထက္ အိမ္ေထာင္မႈ ကိစၥေတြ တြဲၿပီး တာဝန္ယူရသလို ေယာက်္ားေလးဘက္ကလည္း အိမ္ေထာင္ဦးစီးဆိုတဲ့ ဝန္က ပိုၿပီးေတာ့ ပိလာပါၿပီ။ ဒီေတာ့ စံုတြဲေလးတို႔ၾကားမွာ အဆင္မေျပတာေတြ ညွိႏႈိင္းရတဲ့ ျပႆနာေတြ ရွိလာပါၿပီ။

(၄) အျပင္ထြက္တာ

အိမ္ေထာင္သည္ဘဝကို ျဖတ္သန္းတာ (၆) လေလာက္ ရွိလာၿပီဆိုရင္ေတာ့ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ရတာကို နည္းနည္း ျပန္ၿပီးေတာ့ ႏွစ္သက္လာပါၿပီ။ အရင္လို သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ၾကာၾကာ ျဖဳန္းလုိ႔မရတာ၊ အျပင္ထြက္မယ္ဆုိရင္ ခြင့္ေတာင္းရတာ၊ ေစာေစာျပန္ရတာေတြက ႀကံဳေတြ႔ရမယ့္ ျပႆနာ အေသးစားေလးေတြပါပဲ။ ဒီအခါမွာ စံုတြဲေလးတို႔ ေသခ်ာ ေဆြးေႏြးတိုင္ပင္ၿပီး နားလည္မႈ ယူဖို႔ လိုပါတယ္။

(၅) ေငြေၾကးကိစၥေတြ

အိမ္ေထာင္က်ၿပီး (၆) လေလာက္ဆိုရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ေငြေၾကးကိစၥေတြလည္း ပိုၿပီးေတာ့ တိုင္ပင္ေဆြးေႏြးရမွာပါ။ ထြက္ေငြ၊ ဝင္ေငြနဲ႔ ပတ္သက္ၿပီး စိစိစစ္စစ္ သံုးစြဲရမွာေတြလည္း ရွိလာတာမို႔ ေငြေၾကးအဆင္မေျပတာေတြ အရင္လိုမသံုးရေတာ့တာေတြ ျဖစ္လာတတ္ပါတယ္။ အဲဒီအခါ အဆင္မေျပတာေတြ ျဖစ္လာႏိုင္တာမုိ႔ မယူခင္ကတည္းက ႀကိဳတင္ တိုင္ပင္ထားဖို႔ လိုပါတယ္ေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးနောက် (၆ ) လလောက်နေရင် ကြုံရမယ့် ပြဿနာတွေကို သိထားပြီးပြီဆိုရင်တော့ သေချာလေး ညှိနှိုင်းထားမယ်ဆိုရင် အဆင်ပြေသွားမှာပါနော်။

အိမ်ထောင်ကျခါစ စုံတွဲလေးတို့ရေ အိမ်ထောင်ရေးမှာ အဆင်ပြေတာတွေရော အဆင်မပြေတာတွေရော ရှိနိုင်ပါတယ်နော်။ အိမ်ထောင်ကျပြီးနောက် (၆) လလောက်မှာတော့ စုံတွဲလေးတို့ ကြုံရမယ့် ကိစ္စပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပေးပါဦးနော်။ ဒါမှ ကြိုတင်ပြင်ဆင် ရှောင်ရှားလို့ ရတာတွေလည်း ရှောင်မိမှာပါ။

(၁) မိသားစုဝင်တွေနဲ့ အိမ်ခွဲမနေရင်

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးနောက် မိသားစုဝင်တွေနဲ့ ခွဲမနေဘူးဆိုရင် မိသားစုဝင်တွေနဲ့ အဆင်ပြေခြင်း မပြေခြင်း ပြဿနာတွေ စလာပါပြီ။ အိမ်ထောင်ကျပြီး (၆) လလောက်ဆိုရင် ကြုံရတဲ့ ပြဿနာထဲမှာ ယောက္ခမနဲ့ အဆင်မပြေတာ၊ ယောင်းမနဲ့ မတည့်တာ၊ ယောက်ဖနဲ့ ရန်ဖြစ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာလေးတွေ ကြုံလာနိုင်တာမို့ အတူနေတယ်ဆိုရင်တော့ အဆင်ပြေအောင် ကြိုးစားဖို့ လိုပါတယ်။

(၂) အိမ်ခွဲနေတယ်ဆိုရင်

စုံတွဲလေးတို့ အိမ်ခွဲနေတဲ့အခါမှာ ကြုံရနိုင်တဲ့ အချက်ကတော့ အားလုံး ကိုယ့်လက်ကိုယ့်ခြေ ဖြစ်တာပါပဲ။ အိမ်မှုကိစ္စ အဝဝနဲ့ အိမ်ထောင်မှုကိစ္စတွေကို နှစ်ယောက်တည်း တာဝန်ယူ ဆောင်ရွက်ရတာမို့ အလုပ်ပိုများတာ၊ အရင်ကထက် လုပ်စရာ ကိစ္စတွေ ပိုလာတဲ့အခါ အသားမကျသေးဘဲ စိတ်ရှုပ်လာတတ်ပါတယ်။

(၃) အလုပ်တာဝန်တွေ ပိုလာတာ

အိမ်ထောင်သည်ဘဝရောက်ပြီဆိုရင်တော့ အလုပ်တာဝန် ပိုလာတာတွေ ရှိပါတယ်။ ဇနီးကလည်း အရင်ကလို အလုပ်ထက် အိမ်ထောင်မှု ကိစ္စတွေ တွဲပြီး တာဝန်ယူရသလို ယောကျ်ားလေးဘက်ကလည်း အိမ်ထောင်ဦးစီးဆိုတဲ့ ဝန်က ပိုပြီးတော့ ပိလာပါပြီ။ ဒီတော့ စုံတွဲလေးတို့ကြားမှာ အဆင်မပြေတာတွေ ညှိနှိုင်းရတဲ့ ပြဿနာတွေ ရှိလာပါပြီ။

(၄) အပြင်ထွက်တာ

အိမ်ထောင်သည်ဘဝကို ဖြတ်သန်းတာ (၆) လလောက် ရှိလာပြီဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရတာကို နည်းနည်း ပြန်ပြီးတော့ နှစ်သက်လာပါပြီ။ အရင်လို သူငယ်ချင်းတွေနဲ့ အချိန်ကြာကြာ ဖြုန်းလို့မရတာ၊ အပြင်ထွက်မယ်ဆိုရင် ခွင့်တောင်းရတာ၊ စောစောပြန်ရတာတွေက ကြုံတွေ့ရမယ့် ပြဿနာ အသေးစားလေးတွေပါပဲ။ ဒီအခါမှာ စုံတွဲလေးတို့ သေချာ ဆွေးနွေးတိုင်ပင်ပြီး နားလည်မှု ယူဖို့ လိုပါတယ်။

(၅) ငွေကြေးကိစ္စတွေ

အိမ်ထောင်ကျပြီး (၆) လလောက်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ငွေကြေးကိစ္စတွေလည်း ပိုပြီးတော့ တိုင်ပင်ဆွေးနွေးရမှာပါ။ ထွက်ငွေ၊ ဝင်ငွေနဲ့ ပတ်သက်ပြီး စိစိစစ်စစ် သုံးစွဲရမှာတွေလည်း ရှိလာတာမို့ ငွေကြေးအဆင်မပြေတာတွေ အရင်လိုမသုံးရတော့တာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ အဆင်မပြေတာတွေ ဖြစ်လာနိုင်တာမို့ မယူခင်ကတည်းက ကြိုတင် တိုင်ပင်ထားဖို့ လိုပါတယ်နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top