iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ေထာင္ေရးမွာ ခ်စ္ျခင္းေမတၱာေတြအျပင္ တစ္ဦးအေပၚ တစ္ဦး နားလည္မႈ၊ ယံုၾကည္မႈေတြ ပိုတိုးလာၿပီး တစ္ေယာက္ကို တစ္ေယာက္ ပိုခ်စ္လာမွာ အေသအခ်ာပါပဲေနာ္

အိမ္ေထာင္က်ၿပီးမွ တစ္ေယာက္ကို တစ္ေယာက္ပိုခ်စ္လာတဲ့ လွ်ိဳ႕ဝွက္ခ်က္

အိမ္ေထာင္ျပဳေတာ့မယ့္ စံုတြဲေတြ အေနနဲ႔  အိမ္ေထာင္ျပဳခါနီး စဥ္းစားမိတဲ့ အေတြးက လက္ထပ္ၿပီးသြားတဲ့အခါ အခ်စ္ေတြ ရွိေနဦးမွာလား တစ္ေယာက္အေပၚ တစ္ေယာက္ ႐ိုးသြားၾကမွာလား ဆိုတဲ့ စိုးရိမ္အေတြးေလးေတြ ရွိၾကပါတယ္။

လက္ေတြ႔ အိမ္ေထာင္က်ၿပီးသြားတဲ့ စံုတြဲေတြမွာလည္း တစ္ခ်ိဳ႔ေတြက အခ်စ္ေတြ ျပယ္သြားၾကသလို တစ္ခ်ိဳ႔ေတြကလည္း အိမ္ေထာင္က်လာၿပီး ေနာက္မွာမွ တစ္ေယာက္ အေပၚတစ္ေယာက္ သမီးရည္းစား ဘဝတုန္းကထက္ေတာင္ ပိုၿပီး ခ်စ္လာၾကတာ ရွိပါတယ္။

အိမ္ေထာင္သည္ေတြ သိကိုသိထားရမယ့္ လွ်ိဳ႔ဝွက္ခ်က္ ေလးေတြရွိပါတယ္

အိမ္ေထာင္က်ၿပီးေနာက္မွာ ပိုခ်စ္လာၾကတယ္ ဆိုတဲ့ စံုတြဲေတြမွာေတာ့ အိမ္ေထာင္သည္ေတြ သိကိုသိထားရမယ့္ လွ်ိဳ႔ဝွက္ခ်က္ ေလးေတြရွိပါတယ္။ Marry ရဲ႕ စံုတြဲေလးေတြကိုလည္း အိမ္ေထာင္က်ၿပီးတဲ့အခါ တစ္ေယာက္ကို တစ္ေယာက္ပိုပိုခ်စ္လာလို႔ အားက်စရာေကာင္းတဲ့ စံုတြဲေလးျဖစ္ရေအာင္ လွ်ိဳ႕ယွက္ခ်က္ေလးေတြ အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

မ်ားမ်ားရယ္ေပးဖို႔ လိုပါတယ္

မ်ားမ်ားရယ္ပါ။ ႏွစ္ေယာက္ေတြ႔ခ်ိန္ေတြမွာ ရယ္စရာေကာင္းတဲ့ ကိစၥေတြ၊ ေပ်ာ္စရာ အျဖစ္အပ်က္ေတြ အေၾကာင္း ေျပာျပၿပီး မ်ားမ်ားရယ္ေပးဖို႔ လိုပါတယ္။အမွန္တိုင္းေျပာပါ။ လင္မယားႏွစ္ေယာက္အၾကား ေျပာဆိုေဆြးေႏြးသမွ် အေၾကာင္းအရာေတြ အားလံုး အမွန္တရားအေပၚမွာသာ အေျခခံပါေစ။
   
ကိုယ့္အိမ္ေထာက္ဘက္ရဲ႕ အေကာင္းမြန္ဆံုး အရာေတြကိုပဲ ျမင္တတ္ၾကည့္တတ္ပါေစ။ မၿပိဳင္ဆိုင္ပါနဲ႔ ။ လင္မယား ႏွစ္ေယာက္ဟာ ရဲေဘာ္ရဲဘက္အျဖစ္ လက္တြဲသြားရမယ့္ သူေတြပါ။ ၿပိဳင္ဘက္ေတြ မဟုတ္တဲ့အတြက္ အလုပ္၊ ဝင္ေငြ၊ ရာထူး အစရွိတာေတြမွာ ၿပိဳင္ဆိုင္ဖို႔ မႀကိဳးစားပါနဲ႔။

တစ္ဦးရဲ႕ ေအာင္ျမင္မႈကိို တစ္ဦးက ဂုဏ္ယူတတ္ပါေစ

တစ္ဦးရဲ႕ ေအာင္ျမင္မႈကိို တစ္ဦးက ဂုဏ္ယူတတ္ပါေစ။ ကိုယ့္အိမ္ေထာင္ဖက္ ႀကံဳေတြ႔ခဲ့ရတဲ့ ေကာင္းမြန္တဲ့ ကိစၥတိုင္း ေအာင္ျမင္မႈတိုင္း အတြက္ ကိုယ္ကပါ လႈိက္လႈိက္လွဲလွဲ ဂုဏ္ယူတတ္ဖို႔နဲ႔ ခ်ီးက်ဴးစကား ေျပာၾကားေပးဖို႔ လိုပါတယ္။

အခုေျပာျပသြားတဲ့ အခ်က္ငါးခ်က္ကို အိမ္ေထာင္က်ၿပီး စံုတြဲေလးေတြက လိုက္နာေပးမယ္ဆိုရင္ အိမ္ေထာင္ေရးမွာ ခ်စ္ျခင္းေမတၱာေတြအျပင္ တစ္ဦးအေပၚ တစ္ဦး နားလည္မႈ၊ ယံုၾကည္မႈေတြ ပိုတိုးလာၿပီး တစ္ေယာက္ကို တစ္ေယာက္ ပိုခ်စ္လာမွာ အေသအခ်ာပါပဲေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာတွေအပြင် တစ်ဦးအပေါ် တစ်ဦး နားလည်မှု၊ ယုံကြည်မှုတွေ ပိုတိုးလာပြီး တစ်ယောက်ကို တစ်ယောက် ပိုချစ်လာမှာ အသေအချာပါပဲနော်

အိမ်ထောင်ကျပြီးမှ တစ်ယောက်ကို တစ်ယောက်ပိုချစ်လာတဲ့ လျှို့ဝှက်ချက်

အိမ်ထောင်ပြုတော့မယ့် စုံတွဲတွေ အနေနဲ့  အိမ်ထောင်ပြုခါနီး စဉ်းစားမိတဲ့ အတွေးက လက်ထပ်ပြီးသွားတဲ့အခါ အချစ်တွေ ရှိနေဦးမှာလား တစ်ယောက်အပေါ် တစ်ယောက် ရိုးသွားကြမှာလား ဆိုတဲ့ စိုးရိမ်အတွေးလေးတွေ ရှိကြပါတယ်။

လက်တွေ့ အိမ်ထောင်ကျပြီးသွားတဲ့ စုံတွဲတွေမှာလည်း တစ်ချို့တွေက အချစ်တွေ ပြယ်သွားကြသလို တစ်ချို့တွေကလည်း အိမ်ထောင်ကျလာပြီး နောက်မှာမှ တစ်ယောက် အပေါ်တစ်ယောက် သမီးရည်းစား ဘဝတုန်းကထက်တောင် ပိုပြီး ချစ်လာကြတာ ရှိပါတယ်။

အိမ်ထောင်သည်တွေ သိကိုသိထားရမယ့် လျှို့ဝှက်ချက် လေးတွေရှိပါတယ်

အိမ်ထောင်ကျပြီးနောက်မှာ ပိုချစ်လာကြတယ် ဆိုတဲ့ စုံတွဲတွေမှာတော့ အိမ်ထောင်သည်တွေ သိကိုသိထားရမယ့် လျှို့ဝှက်ချက် လေးတွေရှိပါတယ်။ Marry ရဲ့ စုံတွဲလေးတွေကိုလည်း အိမ်ထောင်ကျပြီးတဲ့အခါ တစ်ယောက်ကို တစ်ယောက်ပိုပိုချစ်လာလို့ အားကျစရာကောင်းတဲ့ စုံတွဲလေးဖြစ်ရအောင် လျှို့ယှက်ချက်လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

များများရယ်ပေးဖို့ လိုပါတယ်

များများရယ်ပါ။ နှစ်ယောက်တွေ့ချိန်တွေမှာ ရယ်စရာကောင်းတဲ့ ကိစ္စတွေ၊ ပျော်စရာ အဖြစ်အပျက်တွေ အကြောင်း ပြောပြပြီး များများရယ်ပေးဖို့ လိုပါတယ်။အမှန်တိုင်းပြောပါ။ လင်မယားနှစ်ယောက်အကြား ပြောဆိုဆွေးနွေးသမျှ အကြောင်းအရာတွေ အားလုံး အမှန်တရားအပေါ်မှာသာ အခြေခံပါစေ။
   
ကိုယ့်အိမ်ထောက်ဘက်ရဲ့ အကောင်းမွန်ဆုံး အရာတွေကိုပဲ မြင်တတ်ကြည့်တတ်ပါစေ။ မပြိုင်ဆိုင်ပါနဲ့ ။ လင်မယား နှစ်ယောက်ဟာ ရဲဘော်ရဲဘက်အဖြစ် လက်တွဲသွားရမယ့် သူတွေပါ။ ပြိုင်ဘက်တွေ မဟုတ်တဲ့အတွက် အလုပ်၊ ဝင်ငွေ၊ ရာထူး အစရှိတာတွေမှာ ပြိုင်ဆိုင်ဖို့ မကြိုးစားပါနဲ့။

တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ဂုဏ်ယူတတ်ပါစေ

တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ဂုဏ်ယူတတ်ပါစေ။ ကိုယ့်အိမ်ထောင်ဖက် ကြုံတွေ့ခဲ့ရတဲ့ ကောင်းမွန်တဲ့ ကိစ္စတိုင်း အောင်မြင်မှုတိုင်း အတွက် ကိုယ်ကပါ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူတတ်ဖို့နဲ့ ချီးကျူးစကား ပြောကြားပေးဖို့ လိုပါတယ်။

အခုပြောပြသွားတဲ့ အချက်ငါးချက်ကို အိမ်ထောင်ကျပြီး စုံတွဲလေးတွေက လိုက်နာပေးမယ်ဆိုရင် အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာတွေအပြင် တစ်ဦးအပေါ် တစ်ဦး နားလည်မှု၊ ယုံကြည်မှုတွေ ပိုတိုးလာပြီး တစ်ယောက်ကို တစ်ယောက် ပိုချစ်လာမှာ အသေအချာပါပဲနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top