iMyanmarHouse.com - Best Property Website for Myanmar
×

သ၀န္တိုမႈက ေပ်ာ္စရာကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ဒီကိစၥကို ကၽြန္ေတာ္တို႔ ဘ၀တစ္ေလွ်ာက္လံုး တစ္ေနရာရာမွာ ၾကံဳေတြ႕ၾကရပါတယ္။ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ အျပင္လူေတြအတြက္ အရမ္းကို ၾကည္ႏူးေပ်ာ္ရႊင္စရာေကာင္းေနသည့္တိုင္ေအာင္ သ၀န္တိုမႈက ရွိတ္စပီးယားျပဇာတ္ထဲမွာ သ႐ုပ္ေဖာ္ထားတဲ့ မ်က္လံုစိမ္းနဲ႔ မေကာင္းဆိုး၀ါးတစ္ေကာင္လို ရွိေနတတ္ပါတယ္။ ေလ့လာမႈေတြအရလည္း သ၀န္တိုမႈေၾကာင့္ ဘာကိုမွ အမွားအမွန္မခြဲျခားႏိုင္ေလာက္ ျဖစ္သြားတတ္တယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ သ၀န္တိုမႈကို ရပ္တန္႔လိုက္လို႔ ရပါတယ္။ သ၀န္တိုမႈရဲ႕ ေနာက္ကြယ္က သိပၸံသေဘာတရားနဲ႔ စိတ္ပညာသေဘာတရားအခ်ိဳ႕ကို သင္သိထားမယ္ဆိုရင္ အေျဖကိုေတြ႕ရွိမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မ်က္လံုးစိမ္းနဲ႔ မေကာင္းဆိုး၀ါးကို သင့္ဘ၀ထဲက အၿပီးအပိုင္ရွင္းထုတ္ပစ္လိုက္ႏိုင္ဖို႔ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

    ၁။ မနာလို၀န္တိုမႈရဲ႕ အဓိပၸါယ္အတိအက်ကို နားလည္ပါ

တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ေတြက အထင္ႀကီးအားက်တာနဲ႔ သ၀န္တိုတာကို မကြဲျပားတတ္ၾကပါဘူး။ အထင္ႀကီးအားက်တာက အျခားတစ္ေယာက္ေယာက္ရဲ႕ရပ္တည္မႈအတိုင္း ျဖစ္ခ်င္တာျဖစ္ၿပီး မနာလို၀န္တိုတာကေတာ့ ကၽြန္ေတာ္တို႔ပိုင္ဆိုင္ထားၿပီးသားအရာကို အျခားဘယ္သူ႔ကိုမွ မေပးခ်င္တာမ်ိဳးျဖစ္ပါတယ္။ သိပၸံပညာဖက္က ခ်ဥ္းကပ္ၾကည္ရင္ေတာ့ မနာလို၀န္တိုမႈဆိုတာက လူေတြရဲ႕ စိတ္ခံစားမႈသက္သက္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ လူေတြခ်ည္းပဲေတာ့ မဟုတ္ပါဘူး။ အသိဉာဏ္နည္းတဲ့ တိရိစာၦန္ေတြမွာဆိုရင္လည္း အစားအစာ၊ အသိုက္၊ သားသမီးစတာေတြအတြက္ ၀န္တိုမႈဆိုတာရွိပါတယ္။ ေလ့လာမႈေတြအရ ပိုင္ရွင္က အျခားေခြးတစ္ေကာင္နဲ႔ အေရာတ၀င္လုပ္ေနရင္ မူလေခြးမွာ စိတ္ဖိစီးမႈျဖစ္တာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ တိရိစာၦန္ေတြရဲ႕ ခံစားခ်က္က ၀န္တိုတာလား၊ ႐ႈပ္ေထြးတာလား၊ ေၾကာက္ရြံ႕တာလားဆိုတာကို မကြဲျပားေပမယ့္ လူေတြကေတာ့ မနာလို၀န္တိုတာေသခ်ာပါတယ္။ ဒီလို သ၀န္တိုတတ္ၾကတာေၾကာင့္ပဲ ဆက္ဆံေရးထိခိုက္ပ်က္စီးရတာ ျဖစ္ပါတယ္။

    ၂။ နမိတ္လကၡဏာေတြကို သတိထားပါ။

ေယာကၤ်ားနဲ႔ မိန္းမေတြမွာ မနာလို၀န္တိုမႈကို ေဖာ္ျပတဲ့ပံုစံေတြ သိသိသာသာကြဲျပားျခားနားၾကပါတယ္။ မနာလို၀န္တိုမႈကို ခံစားေနရတဲ့ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ ႐ုပ္ရည္လွပမႈကို ျပင္ဆင္လာၾကၿပီး ႏွစ္ဦးသားဆက္ဆံေရးကိုလည္း အမ်ားသိေအာင္ခ်ျပတတ္ၾကပါတယ္။ ေယာကၤ်ားေလးေတြကေတာ့ သူတို႔ရဲ႕ အလုပ္၊ ၾကြယ္၀မႈေတြကို သိေအာင္လုပ္ေဆာင္တတ္ၾကၿပီး ခ်စ္သူမိန္းကေလးအလိုက်ေစဖို႔ အေသးအမႊားေလးေတြကအစ ေလွ်ာက္လုပ္ေပးတတ္ၾကပါတယ္။ ဒီအခ်က္ေတြကို ျမင္ေတြ႕ရတယ္ဆိုရင္ေတာ့ ႏွစ္ဦးသားစကားေျပာဖို႔ လိုေနပါၿပီ။

    ၃။ အထိခိုက္မခံတဲ့အခ်က္အလက္ေတြကို ေလ့လာသိထားဖို႔ လိုပါတယ္။

ေလ့လာမႈတစ္ခုအရ လူေတြရဲ႕အရပ္အျမင့္နဲ႔ မနာလို၀န္တိုမႈက ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။ သာမန္အရပ္အေမာင္းရွိတဲ့ မိန္းမေတြနဲ႔ အရပ္ျမင့္တဲ့အမ်ိဳးသားေတြ မနာလိုစိတ္နည္းတတ္ၾကတယ္လို႔လည္း ဆိုထားပါတယ္။ အမ်ိဳးသားေတြမွာ ငယ္ရြယ္ၿပီး ဆြဲေဆာင္မႈရွိတဲ့ ခ်စ္သူမ်ိဳးရထားရင္ မနာလို၀န္တိုစိတ္ပိုမ်ားတတ္ပါတယ္။ ေနာက္တစ္ခ်က္က မနာလို၀န္တိုစိတ္ဟာ အသက္(၂၀)ေက်ာ္အရြယ္မ်ား အမ်ားဆံုးျဖစ္တယ္ဆိုတာပါပဲ။

Glass-Ads-4

    ၄။ လိမ္လည္လွည့္စားမႈကို အဓိပါၸယ္ဖြင့္ဆိုပံုကို နားလည္ထားပါ။

အိမ္ေထာင္ဖက္ ဒါမွမဟုတ္ ခ်စ္သူအေပၚကို လွည့္စားတာကို ဘယ္လိုသတ္မွတ္လဲဆိုတာကို ေလ့လာမႈတစ္ခုအရ ေယာကၤ်ားေလးေတြက လိင္ပိုင္းဆိုင္ရာေဖာက္ျပန္တာကို လွည့္စားတယ္လို႔ သတ္မွတ္တတ္ၾကၿပီး မိန္းကေလးေတြကေတာ့ စိတ္ခံစားမႈပိုင္းဆိုင္ရာ သစၥာပ်က္ယြင္းတာကို စိတ္ပ်က္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ လွည့္စားမႈကို ဘယ္လိုသတ္မွတ္တာလဲဆိုတာကို အေက်အလည္ေဆြးေႏြးၿပီးမွာ မနာလို၀န္တိုစိတ္ကို ရွင္းထုတ္ပစ္လို႔ ရႏိုင္မွာပါ။

    ၅။ မနာလို၀န္တိုစိတ္ရဲ႕ အရင္းအျမစ္ကို သိေအာင္လုပ္ပါ။

ေလ့လာမႈတစ္ခုအရ မနာလို၀န္တိုစိတ္ဟာ မ်ိဳး႐ိုးလိုက္တယ္လို႔ ဆိုပါတယ္။ သင့္မွာ မနာလို၀န္တိုစိတ္မ်ားတဲ့ ညီအစ္ကိုေမာင္ႏွမ၊ မိဘေတြရွိမယ္ဆိုရင္ သင္ကိုယ္တိုင္မွာလည္း မနာလိုစိတ္မ်ားသူျဖစ္လာဖို႔ အခြင့္အလမ္း (၃)ခ်ိဳး(၁)ခ်ိဳးရွိပါတယ္။ ဒီလို မ်ိဳး႐ိုးေၾကာင့္ မနာလို၀န္တိုစိတ္မ်ားတာက နည္းပါတယ္။ ၀န္တိုစိတ္မ်ားရာမွာ အျခားအေၾကာင္းရင္းေတြလည္း ပါ၀င္ပတ္သက္ေနႏိုင္ပါတယ္။ စိတ္ပညာအရေျပာမယ္ဆိုရင္ မနာလို၀န္တိုမႈကို စိုးရိမ္မႈ၊ ကာကြယ္မႈနဲ႔ ၿပိဳင္ဆိုင္မႈဆိုၿပီး အပိုင္းသံုးပိုင္း ခြဲျခားႏိုင္ပါတယ္။ ဒီအပိုင္းသံုးခုမွာ ေနာက္ဆံုးတစ္ခုျဖစ္တဲ့ ကာကြယ္မႈက အသိသာဆံုးျဖစ္ပါတယ္။

    ၆။ သင့္ကို က်႐ႈံးေစမယ့္ အေတြးမွားေတြကို သတိျပဳပါ။

မနာလို၀န္တိုမႈဟာ အဆိုးျမင္စိတ္ေတြျဖစ္ေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဒီလိုေတြျဖစ္လာၿပီဆိုရင္ မနာလို၀န္တိုမႈဟာ သာမန္စိတ္ဆိုးေဒါသထြက္႐ုံ၊ ခ်စ္သူကို စိတ္မခ်႐ုံပဲ မဟုတ္ေတာ့ဘဲ ႏွစ္ဦးသားဆက္ဆံေရးကို လံုး၀ဖ်က္ဆီးပစ္လိုက္ႏိုင္သလို ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္ေတြလည္း ပ်က္သုဥ္းသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္စိတ္ေတြကို ေတာက္ေလွ်ာက္ခံစားေနရၿပီဆိုရင္ ဘယ္ကေပၚလာသလဲဆိုတာကို သိေအာင္လုပ္ၿပီး အခ်ိန္မွီဟန္႔တားရွင္းလင္းႏိုင္ဖို႔ လိုပါတယ္။

    ၇။ ထိန္းခ်ဳပ္တဲ့အျပဳအမူေတြကို ရပ္လိုက္ပါ။

သင့္ခ်စ္သူကို အခ်ိန္ျပည့္ေစာင့္ၾကည့္ေနတာ၊ သူမ ဘယ္ကိုစာပို႔လဲ၊ လူမႈကြန္ယက္မွာ ဘာေတြတင္လဲ၊ ဘယ္သူနဲ႔ ဖုန္းေျပာလဲ၊ သူမ သူငယ္ခ်င္းေတြကိုဆက္သြယ္ၿပီး ေထာက္လွမ္းတာေတြကို မလုပ္ပါနဲ႔။ ဒီလို လိုက္ထိန္းခ်ဳပ္ေနလို႔လည္း သင့္ရဲ႕မနာလို၀န္တိုစိတ္ကို ေျဖရွင္းႏိုင္မွာမဟုတ္ပါဘူး။ သင့္ခ်စ္သူအတြက္ စိတ္ညစ္စရာျဖစ္လာၿပီး အေ၀းကိုထြက္ေျပးဖို႔ တြန္းအားေပးသလိုျဖစ္ပါလိမ့္မယ္။ ဒီလိုလုပ္မယ့္အစား အတူတူထိုင္ၿပီး ေသခ်ာေဆြးေႏြးပါ။

Credit: mmgentleman
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သဝန်တိုမှုက ပျော်စရာကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး တစ်နေရာရာမှာ ကြုံတွေ့ကြရပါတယ်။ ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ အပြင်လူတွေအတွက် အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းနေသည့်တိုင်အောင် သဝန်တိုမှုက ရှိတ်စပီးယားပြဇာတ်ထဲမှာ သရုပ်ဖော်ထားတဲ့ မျက်လုံစိမ်းနဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ရှိနေတတ်ပါတယ်။ လေ့လာမှုတွေအရလည်း သဝန်တိုမှုကြောင့် ဘာကိုမှ အမှားအမှန်မခွဲခြားနိုင်လောက် ဖြစ်သွားတတ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် သဝန်တိုမှုကို ရပ်တန့်လိုက်လို့ ရပါတယ်။ သဝန်တိုမှုရဲ့ နောက်ကွယ်က သိပ္ပံသဘောတရားနဲ့ စိတ်ပညာသဘောတရားအချို့ကို သင်သိထားမယ်ဆိုရင် အဖြေကိုတွေ့ရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်လုံးစိမ်းနဲ့ မကောင်းဆိုးဝါးကို သင့်ဘဝထဲက အပြီးအပိုင်ရှင်းထုတ်ပစ်လိုက်နိုင်ဖို့ နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ မနာလိုဝန်တိုမှုရဲ့ အဓိပ္ပါယ်အတိအကျကို နားလည်ပါ

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေက အထင်ကြီးအားကျတာနဲ့ သဝန်တိုတာကို မကွဲပြားတတ်ကြပါဘူး။ အထင်ကြီးအားကျတာက အခြားတစ်ယောက်ယောက်ရဲ့ရပ်တည်မှုအတိုင်း ဖြစ်ချင်တာဖြစ်ပြီး မနာလိုဝန်တိုတာကတော့ ကျွန်တော်တို့ပိုင်ဆိုင်ထားပြီးသားအရာကို အခြားဘယ်သူ့ကိုမှ မပေးချင်တာမျိုးဖြစ်ပါတယ်။ သိပ္ပံပညာဖက်က ချဉ်းကပ်ကြည်ရင်တော့ မနာလိုဝန်တိုမှုဆိုတာက လူတွေရဲ့ စိတ်ခံစားမှုသက်သက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတွေချည်းပဲတော့ မဟုတ်ပါဘူး။ အသိဉာဏ်နည်းတဲ့ တိရိစ္ဆာန်တွေမှာဆိုရင်လည်း အစားအစာ၊ အသိုက်၊ သားသမီးစတာတွေအတွက် ဝန်တိုမှုဆိုတာရှိပါတယ်။ လေ့လာမှုတွေအရ ပိုင်ရှင်က အခြားခွေးတစ်ကောင်နဲ့ အရောတဝင်လုပ်နေရင် မူလခွေးမှာ စိတ်ဖိစီးမှုဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိရိစ္ဆာန်တွေရဲ့ ခံစားချက်က ဝန်တိုတာလား၊ ရှုပ်ထွေးတာလား၊ ကြောက်ရွံ့တာလားဆိုတာကို မကွဲပြားပေမယ့် လူတွေကတော့ မနာလိုဝန်တိုတာသေချာပါတယ်။ ဒီလို သဝန်တိုတတ်ကြတာကြောင့်ပဲ ဆက်ဆံရေးထိခိုက်ပျက်စီးရတာ ဖြစ်ပါတယ်။

    ၂။ နမိတ်လက္ခဏာတွေကို သတိထားပါ။

ယောင်္ကျားနဲ့ မိန်းမတွေမှာ မနာလိုဝန်တိုမှုကို ဖော်ပြတဲ့ပုံစံတွေ သိသိသာသာကွဲပြားခြားနားကြပါတယ်။ မနာလိုဝန်တိုမှုကို ခံစားနေရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရုပ်ရည်လှပမှုကို ပြင်ဆင်လာကြပြီး နှစ်ဦးသားဆက်ဆံရေးကိုလည်း အများသိအောင်ချပြတတ်ကြပါတယ်။ ယောင်္ကျားလေးတွေကတော့ သူတို့ရဲ့ အလုပ်၊ ကြွယ်ဝမှုတွေကို သိအောင်လုပ်ဆောင်တတ်ကြပြီး ချစ်သူမိန်းကလေးအလိုကျစေဖို့ အသေးအမွှားလေးတွေကအစ လျှောက်လုပ်ပေးတတ်ကြပါတယ်။ ဒီအချက်တွေကို မြင်တွေ့ရတယ်ဆိုရင်တော့ နှစ်ဦးသားစကားပြောဖို့ လိုနေပါပြီ။

    ၃။ အထိခိုက်မခံတဲ့အချက်အလက်တွေကို လေ့လာသိထားဖို့ လိုပါတယ်။

လေ့လာမှုတစ်ခုအရ လူတွေရဲ့အရပ်အမြင့်နဲ့ မနာလိုဝန်တိုမှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သာမန်အရပ်အမောင်းရှိတဲ့ မိန်းမတွေနဲ့ အရပ်မြင့်တဲ့အမျိုးသားတွေ မနာလိုစိတ်နည်းတတ်ကြတယ်လို့လည်း ဆိုထားပါတယ်။ အမျိုးသားတွေမှာ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ချစ်သူမျိုးရထားရင် မနာလိုဝန်တိုစိတ်ပိုများတတ်ပါတယ်။ နောက်တစ်ချက်က မနာလိုဝန်တိုစိတ်ဟာ အသက်(၂၀)ကျော်အရွယ်များ အများဆုံးဖြစ်တယ်ဆိုတာပါပဲ။

Glass-Ads-4

    ၄။ လိမ်လည်လှည့်စားမှုကို အဓိပါ္ပယ်ဖွင့်ဆိုပုံကို နားလည်ထားပါ။

အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူအပေါ်ကို လှည့်စားတာကို ဘယ်လိုသတ်မှတ်လဲဆိုတာကို လေ့လာမှုတစ်ခုအရ ယောင်္ကျားလေးတွေက လိင်ပိုင်းဆိုင်ရာဖောက်ပြန်တာကို လှည့်စားတယ်လို့ သတ်မှတ်တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ သစ္စာပျက်ယွင်းတာကို စိတ်ပျက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လှည့်စားမှုကို ဘယ်လိုသတ်မှတ်တာလဲဆိုတာကို အကျေအလည်ဆွေးနွေးပြီးမှာ မနာလိုဝန်တိုစိတ်ကို ရှင်းထုတ်ပစ်လို့ ရနိုင်မှာပါ။

    ၅။ မနာလိုဝန်တိုစိတ်ရဲ့ အရင်းအမြစ်ကို သိအောင်လုပ်ပါ။

လေ့လာမှုတစ်ခုအရ မနာလိုဝန်တိုစိတ်ဟာ မျိုးရိုးလိုက်တယ်လို့ ဆိုပါတယ်။ သင့်မှာ မနာလိုဝန်တိုစိတ်များတဲ့ ညီအစ်ကိုမောင်နှမ၊ မိဘတွေရှိမယ်ဆိုရင် သင်ကိုယ်တိုင်မှာလည်း မနာလိုစိတ်များသူဖြစ်လာဖို့ အခွင့်အလမ်း (၃)ချိုး(၁)ချိုးရှိပါတယ်။ ဒီလို မျိုးရိုးကြောင့် မနာလိုဝန်တိုစိတ်များတာက နည်းပါတယ်။ ဝန်တိုစိတ်များရာမှာ အခြားအကြောင်းရင်းတွေလည်း ပါဝင်ပတ်သက်နေနိုင်ပါတယ်။ စိတ်ပညာအရပြောမယ်ဆိုရင် မနာလိုဝန်တိုမှုကို စိုးရိမ်မှု၊ ကာကွယ်မှုနဲ့ ပြိုင်ဆိုင်မှုဆိုပြီး အပိုင်းသုံးပိုင်း ခွဲခြားနိုင်ပါတယ်။ ဒီအပိုင်းသုံးခုမှာ နောက်ဆုံးတစ်ခုဖြစ်တဲ့ ကာကွယ်မှုက အသိသာဆုံးဖြစ်ပါတယ်။

    ၆။ သင့်ကို ကျရှုံးစေမယ့် အတွေးမှားတွေကို သတိပြုပါ။

မနာလိုဝန်တိုမှုဟာ အဆိုးမြင်စိတ်တွေဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် မနာလိုဝန်တိုမှုဟာ သာမန်စိတ်ဆိုးဒေါသထွက်ရုံ၊ ချစ်သူကို စိတ်မချရုံပဲ မဟုတ်တော့ဘဲ နှစ်ဦးသားဆက်ဆံရေးကို လုံးဝဖျက်ဆီးပစ်လိုက်နိုင်သလို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေလည်း ပျက်သုဉ်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်စိတ်တွေကို တောက်လျှောက်ခံစားနေရပြီဆိုရင် ဘယ်ကပေါ်လာသလဲဆိုတာကို သိအောင်လုပ်ပြီး အချိန်မှီဟန့်တားရှင်းလင်းနိုင်ဖို့ လိုပါတယ်။

    ၇။ ထိန်းချုပ်တဲ့အပြုအမူတွေကို ရပ်လိုက်ပါ။

သင့်ချစ်သူကို အချိန်ပြည့်စောင့်ကြည့်နေတာ၊ သူမ ဘယ်ကိုစာပို့လဲ၊ လူမှုကွန်ယက်မှာ ဘာတွေတင်လဲ၊ ဘယ်သူနဲ့ ဖုန်းပြောလဲ၊ သူမ သူငယ်ချင်းတွေကိုဆက်သွယ်ပြီး ထောက်လှမ်းတာတွေကို မလုပ်ပါနဲ့။ ဒီလို လိုက်ထိန်းချုပ်နေလို့လည်း သင့်ရဲ့မနာလိုဝန်တိုစိတ်ကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ သင့်ချစ်သူအတွက် စိတ်ညစ်စရာဖြစ်လာပြီး အဝေးကိုထွက်ပြေးဖို့ တွန်းအားပေးသလိုဖြစ်ပါလိမ့်မယ်။ ဒီလိုလုပ်မယ့်အစား အတူတူထိုင်ပြီး သေချာဆွေးနွေးပါ။

Credit: mmgentleman
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top