iMyanmarHouse.com - Best Property Website for Myanmar
×


























Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


အိုး ဒီလိုဆိုလာရင်တော့ သိပ်ပြောခွင့်ရှိတယ် လို့ ဆိုပါရစေ …

မိန်းကလေးဘက်က ချစ်စကား စပြောပိုင်ခွင့်ရှိလား ဆိုလာရင်တော့ သိပ်ပြောခွင့်ရှိတယ် လို့ ဆိုပါရစေ ..

မြန်မာပြည်မှာ လူဖြစ်ခွင့်ရတဲ့ မိန်းကလေးတွေဟာ သိပ်ကို မွန်းကြပ်ရပါတယ်။

အထူးသဖြင့်တော့ သူတို့ရဲ့ အချစ်ရေးတွေမှာပါ။

စည်းကမ်းတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ထဲမှာ

အချစ်ကို စတင် ဖော်ပြခွင့် ရှိတာဟာ အမျိုးသားတွေသာ ဖြစ်တယ်လို့ ဆိုတာကြောင့်

သူတို့ဟာ အချစ်တွေကို မျိုသိပ်ထားရပြီး

တစ်ဖတ်သတ် အချစ်တွေကိုမွေးဖွားထားရပါတယ်။

ဒါဟာ မတရားဖူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်။

ချစ်ရသူနဲ့ ပေါင်းဖက်ချင်တာ လူတိုင်းပါ။ ချစ်တဲ့သူကို ဘယ်လောက်ချစ်ကြောင်း လူတိုင်းပြောခွင့်ရှိပါတယ်။

” ဒီလိုတော့မဖြစ်ပါဖူး ကျွန်မကတော့ ရှက်ပါတယ် ၊ သူ့ဘက်ကငြင်းမှာ ကြောက်ပါတယ် ” လို့တွေးနေရင်တော့ ရေစက်ချပြီးသာ လှူလိုက်ပါ ။

သွက်တဲ့သူက အချစ်ရေးမှာ ဆရာပါ။

အချစ်နဲ့ စစ်မှာ မတရားတာမရှိဆိုသလိုပါဘဲ။

ချစ်ရတဲ့သူကို ချစ်ကြောင်းပြောပိုင်ခွင့် ရှိပါတယ်။

သူ့ဆီက အာရုံစိုက်မှုရဖို့ အတွက် အပင်ပန်းခံ အလှတွေ ပြင်စရာမလိုပါဘူး။

ယောင်္ကျားလေးတွေက ရိုးရှင်းတဲ့ အလှကိုမက်မောပါတယ်။

သင်ရဲ့ အချစ်ကိုသာ သူသိသိသာသာ မြင်နိုင်ပါစေ။

သူပြန်ပေးလာမဲ့ အဆိုးတွေကို လည်း မမှုစေချင်ပါဘူး ။

တစ်ကယ်ချစ်တယ်ဆိုရင် လူတိုင်းမှာ ကြိုးစားပိုင်ခွင့်ရှိပါတယ် !

သင်စဉ်းစားနေချိန်မှာ သူများတွေ ပြင်ဆင်ပြီးလောက်ပါပြီ။

မြန်မြန်သာ ချစ်ရသူကို ချစ်ကြောင်းပြောပြီး အချစ်တွေ သိမ်းပိုက်လိုက်ပါ။

အချစ်စစ်နဲ့တွေ့ရတဲ့အခါ လူသားတိုင်း ပျော်ရွှင်ကြပါတယ်။ အချစ်စစ်ကို မခံစားလိုသူ၊ မရယူလိုသူ မရှိပါဘူး။

ဒါကြောင့် အချစ်စစ်သာပေးပါ..အချစ်စစ်ပြန်လာပါလိမ့်မယ်…

သူ့အကြောင်းတွေးပြီး တစ်ဖက်သတ်မခံစားနေဘဲ သင်သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြလိုက်တော့နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top