iMyanmarHouse.com - Best Property Website for Myanmar
×

ဇူလိုင်၂၆ရက်တွင်ပြုလုပ်ခဲ့သည့် Miss Universe Myanmar 2014 ပြိုင်ပွဲ တွင် အလှမယ် သျှားထွဋ်အိန္ဒြာမှ ရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ သည့်အလှမယ်တစ်ဦး အနေဖြင့် နိုင်ငံတကာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မည်သို့ဆက်လက်ကြိုးစားရပ်တည်သွား မည်ဆိုသည့် ခံယူချက်များနှင့်ပက်သက်ပြီး မဇ္စျိမက ပွင့်လင်းစွာမေးမြန်းခဲ့သည်။

မေး ဒီပြိုင်ပွဲကို စပြီးဝင်ပြိုင်ဖြစ်ခဲ့တာက။
  ဖြေ ဒီပြိုင်ပွဲကို မနှစ်ကတည်းက ဝင်ပြိုင်ဖို့ စီစဉ်ခဲ့တာပါ။ မနှစ်က ညီမကအရမ်းဝနေတော့ ညီမကို ညီမ အားမရသေးတဲ့အတွက်ညီမတစ်နှစ်လုံးကြိုးစားပြီးတော့မှဝင်ပြိုင်ဖြစ်ခဲ့တာ။Missတစ်ယောက်ရဲ့အရည်အချင်းလည်း မပြည့်မီသေးဘူးလို့ ခံစားရလို့ ဝင်မပြိုင်ဖြစ်ခဲ့တာ။

မေး ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲလေးတွေကရော …..။
  ဖြေ အခက်အခဲရယ်လို့တော့ မရှိပါဘူး။
ညီမကလမ်းလျှောက်တာသိပ်မလှဘူး။အဲဒါကိုလေ့ကျင့်ပေးသူတွေက လေ့ကျင့်ပေးတဲ့အတွက် ညီမ ကြိုးကြိုးစားစားနဲ့ကိုဝင်ပြိုင်ဖြစ်ခဲ့တာ။ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တာ။

မေး နိုင်ငံကိုယ်စားပြု အနေနဲ့ အမေရိကန်နိုင်ငံမှာ သွားပြိုင်ရမှာဆိုတော့မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိန်း သိမ်းဖို့ဘယ်လိုမျိုးဆောင်ရွက်သွားမှာလဲ။
  ဖြေ ညီမတို့ နိုင်ငံရဲယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးတွေ၊ သယံဇာတတွေ၊ဓလေ့ထုံးစံတွေကို ကမ္ဘာကသိအောင် မြန်မာကို ကမ္ဘာက ဒံီ့ထက်ပိုသိအောင်ဖော်ထုတ်သွားမယ်။ ပြီးတော့ ဒိုင်တွေပေးတဲ့ ဆုတစ်ဆုကို ရအောင်ယူမယ်လို့လဲရည်ရွယ်ထားတယ်။

မေး ပြိုင်ပွဲအတွေ့အကြုံက မရှိသေးတော့ အခက်အခဲတွေအတွက် ဘယ်လိုရင်ဆိုင်မယ်လို့ စဉ်းစားထားလဲ။
  ဖြေ ဘယ်သူတွေဘယ်လိုပဲပြောနေပါစေ။ ညီမကို အားပေးတဲ့ ညီမမိသားစုရယ်၊ ညီမရဲ့ Orgazination ရယ်လိုအပ်တာတွေပြင်ဆင်ဖြည့်စွက်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။

မေး ဆုရခဲ့တဲ့ အချိန်ရင်ထဲက ခံစားချက်က။
  ဖြေ မမျှော်လင့်ပဲနဲ့ဒီဆုကိုရရှိသွားတဲ့အတွက် မယုံကြည်နိုင်လောက်အောင်ဖြစ်မိတယ်။ ပြီးတော့ အရမ်း ဝမ်းသာတယ်။ ကိုယ့် မြန်မာနိုင်ငံကိုပြန်ပြီးဂုဏ်ပြုပေးရမယ့် အတွက်လည်း အရမ်း ဂုဏ်ယူပါတယ်။

မေး ဒီဆုကိုရော ဘယ်လိုမျိုးခံယူချက်တွေနဲ့ ထိန်းသိမ်း ကာကွယ်မလဲ…။
  ဖြေ ဒီဆုကို ရပြီး ကတည်းက ညီမ က အရင်ကနဲ့မတူတော့ဘူး။ အနေအထိုင်ကအစဂရုစိုက်ရမယ်။ အကောင်းဆုံးနေထိုင်သွားပါ့မယ်။ဒီလိုဖြစ်အောင်မွေးထုတ်ပေးခဲ့တဲ့ ညီမရဲ့ အော်ဂနိုက်ဇေးရှင်းကို အကောင်းဆုံးလက်တွဲပြီး ကျေးဇူးဆပ်သွားမယ်။ အစစအရာရာ သူတို့ ပြောတဲ့အတိုင်းကြိုးစားပြီး နေထိုင်သွားပါ့မယ်။

မေး မြန်မာနိုင်ငံ ကိုယ်စားပြုသွားပြိုင်ဖို့ကိုယ့်ကိုယ်ကိုယ်ပြည့်စုံပြီလို့ထင်လား။
  ဖြေ ဘာတွေလိုလဲဆိုတော့ လမ်းလျှောက်ပုံလေးကို သေသေချာချာပြန်ပြီးပြင်ရဦးမယ်။ ညီမအရပ်က ၅ ပေ ၇ လက်မ ဆိုတော့ နိုင်ငံတကာနဲ့ယှဉ်ရင်နဲနဲလိုသေးတယ်လို့ ခံစားရတယ်။ အဲဒီအတွက် ကြိုးစားရဦးမယ်။

မေး ကောလာဟလတွေရင်ဆိုင်ရရင်ဘယ်လိုဖြေရှင်းမလဲ။
  ဖြေ ညီမက ကောလာဟလတွေဖြစ်လာခဲ့ရင် မေတ္တာနဲ့ပဲပြန်ဖြေရှင်းသွားမှာပါ။ အဲဒါဆိုရင်ညီမကို အကုန်လုံး ကမေတ္တာနဲ့ပြန်ပြီး ချစ်ခင်လာကြလိမ့်မယ်။ ဝေဖန်ပြောဆိုတာတွေကို ညီမ ကိုကောင်းစေချင်လို့ ဝေဖန်ပြောဆိုတယ်လို့ပဲ မှတ်ထားပါတယ်။

မေး အမေရိကန်နိုင်ငံမှာသွားပြိုင်ရင်ဒီက အားပေးတဲ့ ပရိသတ်အတွက် ဘယ်လိုမျိုး ကတိပေးမလဲ။
  ဖြေ ညီမအကောင်းဆုံး ယှဉ်ပြိုင်သွားမယ်။ ဘာနာမည်ပျက်မှမရှိဘဲရိုးရိုးသားသားပြင်ဆင်ပြီး ပြိုင်ဆိုင်သွားပါ့မယ်။ စင်ပေါ်ကနေဒိုင်တွေ အားလုံးချစ်ခင်အောင် လုပ်ပြီး လုံးဝကို ဆုတစ်ဆု ရအောင် ကြိုးစားသွားပါ့မယ်။

Credit : Mizzima Burmese

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top