iMyanmarHouse.com - Best Property Website for Myanmar
×














 ရွှေအက်ဖ်အမ် ငါးနှစ် ပြည့်အထိမ်းအမှတ်ဖျော်ဖြေပွဲ တွင် လိမ္မော်သီး၊ အမွန်းတို့နှင့်တွဲ ၍ သီချင်းတစ်ပုဒ်ပါဝင်သီဆိုမည် ဖြစ်ပြီး မိန်းကလေးပရိသတ်များ အကြိုက်တွေ့နိုင်မည်ဟု ၀ိုင်းလေးက ပြောသည်။

‘‘ဒီသီချင်းလေးက အချစ်သီ ချင်းလေးပါ။ မိန်းကလေးဘက်က နေ ယောက်ျားလေးတစ်ယောက် ကို နင်မရှိရင် မဖြစ်ဘူး။ အချစ်ဆိုတာ အောက်ဆီဂျင်လိုပဲ အောက် ဆီဂျင်မရှိရင် မရဘူး။ အဲဒီလို ခိုင်းနှိုင်းထားတာပါ။ ပရိသတ်တွေ တစ်ခါတည်း နားထောင်လိုက် တာနဲ့ နားစွဲမယ့် သီချင်းလေးပါ’’ ဟု ၀ိုင်းလေးက ပြောသည်။

ထို့ပြင် မိန်းကလေးသုံးဦး ပေါင်း၍ သီဆိုခြင်းမှာလည်း ၎င်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ပါဝင်သူသုံးယောက်စလုံးက ပုံစံတစ်မျိုးစီဖြစ်သကဲ့သို့ယင်းသီချင်းကို ကိုယ်တိုင်လည်း ကြိုက်သည် ဟုဆိုသည်။

‘‘သီချင်းနာမည်က အရေး ကြီးတယ်။ ကိုဝေလရေးပေးထား တာပါ။ သီချင်းလေးက ပထမ တော့ ယောက်ျားလေးပုံစံ၊ ဒါပေ မဲ့   ညီမတို့သုံးယောက်ကိုလည်း အခွေထဲမှာပါစေချင်တယ်ဆိုလို့ အပိုဒ်လေးတွေခွဲပြီး ဆိုဖြစ်သွား တာပါ’’ဟု ၀ိုင်းလေးက ပြောသည်။

သီချင်းဆိုသည့် အစီအစဉ် ကို Miss Myanmar World ပြိုင် ပွဲမတိုင်မီ အချိန်ကတည်းက လက်ခံထားခြင်းဖြစ်၍ Miss World ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ် နေသော်လည်း နိုဝင်ဘာ ၁ ရက် တွင်   ပြုလုပ်မည့်   ဖျော်ဖြေပွဲ၌ ပါဝင်ဖျော်ဖြေသွားမည်ဟု ၀ိုင်း လေးက ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top